< یەکەم ساموئێل 15 >
ساموئێل بە شاولی گوت: «یەزدان منی نارد بۆ ئەوەی تۆ وەک پاشایەک دەستنیشان بکەم لەسەر ئیسرائیلی گەلەکەی. جا ئێستا گوێت لە فەرمایشتی یەزدان بێت، | 1 |
၁ရှမွေလသည်ရှောလုအား``ထာဝရဘုရား သည်မိမိ၏လူစုဣသရေလအမျိုးသား တို့၏ဘုရင်အဖြစ် သင့်အားဘိသိက်ပေးရန် ငါ့ကိုစေလွှတ်တော်မူ၏။ သို့ဖြစ်၍အနန္တ တန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူ သောစကားကိုနားထောင်လော့။-
یەزدانی سوپاسالار ئەمە دەفەرموێت:”سزای عەمالێقییەکان دەدەم لەسەر ئەوەی بە ئیسرائیلیان کرد، کاتێک لەسەر ڕێگا لە دژیان وەستان کە لە میسر هاتنە دەرەوە. | 2 |
၂ဣသရေလအမျိုးသားတို့သည်အီဂျစ် ပြည်မှထွက်လာသောအခါ အာမလက် အမျိုးသားတို့ကဆီးတားကြ၏။ ထို့ကြောင့် ကိုယ်တော်သည်သူတို့အားဒဏ်ခတ်တော် မူမည်။-
ئێستاش بڕۆ گورز لە عەمالێقییەکان بوەشێنە، هەموو ئەوەی هەیانە بە تەواوی قڕیان بکە، دەستیان لێ مەپارێزە و بیانکوژە، پیاو و ژن و منداڵ و شیرەخۆرە، گا و مەڕ و وشتر و گوێدرێژ.“» | 3 |
၃သင်သည်အာမလက်အမျိုးသားတို့အားသွား ရောက်တိုက်ခိုက်လော့။ သူတို့၏ပစ္စည်းဥစ္စာရှိ သမျှကိုဖျက်ဆီးပစ်ရမည်။ တစ်စုံတစ်ခု မျှမကျန်စေနှင့်။ ရှိသမျှယောကျာ်း၊ မိန်းမ၊ ကလေးသူငယ်၊ နို့စို့များအပြင်ရှိသမျှ သိုး၊ နွား၊ ကုလားအုတ်၊ မြည်းများကိုသုတ် သင်ဖျက်ဆီးပစ်လော့'' ဟုဆို၏။-
جا شاول سوپاکەی بانگکرد و لە تەلائیم کۆی کردنەوە، دوو سەد هەزار پیادە و دە هەزار پیاوی یەهودا. | 4 |
၄ရှောလုသည်တေလိမ်မြို့တွင်မိမိ၏စစ် သည်တပ်သားအပေါင်းကိုစုရုံး၍ကြည့် ရှုစစ်ဆေးရာ ဣသရေလနယ်မှတပ်သား နှစ်သိန်းနှင့်ယုဒနယ်မှတပ်သားတစ် သောင်းရှိသတည်း။-
ئینجا شاول چوو بۆ شاری عەمالێق و لە شیوەکەدا خۆی مات کرد، | 5 |
၅ထိုနောက်သူသည်မိမိစစ်သူရဲများနှင့် အတူ အာမလက်မြို့သို့ချီတက်၍ခြောက် သွေ့နေသောမြစ်ဝှမ်းတွင်တပ်စခန်းချ လျက်နေ၏။-
بە قێنییەکانی گوت: «بڕۆن و دوورەپەرێز بن و لەنێو عەمالێقییەکان بچنە دەرەوە، نەوەک ئێوەش لەگەڵ ئەواندا لەناو ببەم، چونکە ئێوە چاکەتان لەگەڵ هەموو نەوەی ئیسرائیلدا کردووە، کاتێک لە میسرەوە سەرکەوتن.» جا قێنییەکان خۆیان لە عەمالێقییەکان دوورەپەرێز گرت. | 6 |
၆သူသည်ကေနိအမျိုးသားများအား``သင်တို့ သည်ဣသရေလအမျိုးသားတို့အီဂျစ်ပြည် မှထွက်လာကြစဉ်အခါက သူတို့အား ကျေးဇူးပြုခဲ့ကြပါ၏။ သို့ဖြစ်၍သင်တို့ အားငါမသတ်မိစေရန် အာမလက်အမျိုး သားတို့ထံမှတိမ်းရှောင်သွားကြလော့'' ဟု ကြိုတင်သတိပေးထား၏။ ထို့ကြောင့်ကေနိ အမျိုးသားတို့သည်တိမ်းရှောင်သွားကြ လေသည်။
ئینجا شاول لە عەمالێقییەکانی دا، لە حەڤیلایەوە هەتا شوور کە لە ڕۆژهەڵاتی میسرە. | 7 |
၇ရှောလုသည်ဟဝိလမြို့မှအီဂျစ်ပြည်၏ အရှေ့ဘက်၌ရှိသော ရှုရမြို့တိုင်အောင်အာ မလက်အမျိုးသားတို့အားလိုက်လံတိုက် ခိုက်လေသည်။-
هەروەها ئەگاگی پاشای عەمالێقییەکانی بە زیندوویی گرت و هەموو گەلەکەی بە شمشێر بە تەواوی قڕکرد. | 8 |
၈သူသည်အာမလက်ဘုရင်အာဂတ်ကိုလက်ရ ဖမ်းဆီးမိ၏။ လူအပေါင်းတို့ကိုမူသုတ်သင် ပစ်၏။-
بەڵام شاول و سوپاکە دەستیان لە ئەگاگ پاراست، هەروەها باشترینی مەڕوماڵات و گاوگۆتاڵ و دابەستە و هەموو ئەوەی باش بوو نەیانویست بە تەواوی قڕیان بکەن، بەڵام هەموو ئەو ماڵەی بێ نرخ و لاواز بوو بە تەواوی قڕیان کرد. | 9 |
၉သို့ရာတွင်ရှောလုနှင့်သူ၏တပ်သားတို့သည် အာဂတ်ကို အသက်ချမ်းသာပေး၍အဆူဖြိုး ဆုံးသောသိုးနွားများ၊ အလှဆုံးသောနွား သူငယ်သိုးသူငယ်များနှင့် ကောင်းမွန်သည့် အရာရှိသမျှတို့ကိုမဖျက်မဆီးကြ။ အသုံးမဝင်သောအရာ၊ တန်ဖိုးမရှိသော အရာများကိုသာလျှင်ဖျက်ဆီးပစ်ကြ လေသည်။
ئینجا فەرمایشتی یەزدان هات بۆ ساموئێل و فەرمووی: | 10 |
၁၀ထာဝရဘုရားသည်ရှမွေလအား``ရှောလုကို ဘုရင်ခန့်မိသည်မှာမှားလေစွ။ သူသည်ငါ့အား ကျောခိုင်းကာငါ၏အမိန့်တော်တို့ကိုလွန်ဆန် ခဲ့လေပြီ'' ဟုမိန့်တော်မူ၏။ ရှမွေလသည် ဒေါသထွက်၏။ သူသည်တစ်ညဥ့်လုံးထာဝရ ဘုရားအားလျှောက်လဲအသနားခံပြီးနောက်၊-
«خەفەتبارم لەوەی کە شاولم کردە پاشا، چونکە لێم هەڵگەڕاوەتەوە و فەرمانەکانی منی بەجێنەگەیاند.» جا ساموئێل دڵتەنگ بوو، بە درێژایی ئەو شەوە هاواری بۆ یەزدان کرد. | 11 |
၁၁
بەیانی زوو ساموئێل بۆ بینینی شاول هەستا، جا بە ساموئێل ڕاگەیەنرا: «شاول چوو بۆ کارمەل و ئەوەتا تاوەرێکی یادەوەری بۆ خۆی داناوە، سووڕاوەتەوە و پەڕیوەتەوە و دابەزیوە بۆ گلگال.» | 12 |
၁၂နံနက်စောစော၌ရှောလုကိုရှာရန်ထွက်ခွာ သွား၏။ ရှောလုသည်ကရမေလမြို့သို့သွား ၍ မိမိအတွက်အမှတ်တရကျောက်တိုင်ကို တည်ဆောက်ကြောင်း၊ ထိုမှတစ်ဆင့်ဂိလဂါလ မြို့သို့ထွက်ခွာသွားကြောင်းရှမွေလကြား သိရ၏။-
جا ساموئێل هات بۆ لای شاول، شاول پێی گوت: «با بەرەکەتی یەزدانت لەسەر بێت، من فەرمانی یەزدانم بەجێگەیاند.» | 13 |
၁၃ရှမွေလသည်ရှောလုရှိသည့်အရပ်သို့ ရောက်သော်ရှောလုက``ကိုယ်တော်အားထာဝရ ဘုရားကောင်းချီးပေးတော်မူပါစေသော။ အကျွန်ုပ်သည်ထာဝရဘုရား၏အမိန့်တော် ကိုနာခံခဲ့ပါပြီ'' ဟုဆို၍ကြိုဆို၏။
بەڵام ساموئێل گوتی: «ئەی باعەباعی ئەو مەڕانە چییە لە گوێمدا دێت، ئەی بۆڕەبۆڕی ئەو مانگایانە چییە دەیبیستم؟» | 14 |
၁၄ရှမွေလက``ယင်းသို့ဖြစ်ပါမူအဘယ် ကြောင့်သိုးနွားတို့အော်မြည်သံကိုငါကြား ရပါသနည်း'' ဟုမေး၏။
شاولیش وەڵامی دایەوە: «لەلای عەمالێقییەکانەوە هێناویانە، ئەوانەیە کە گەل لە باشەکان دەستیان لێ پاراست، لە مەڕ و مانگا، بۆ ئەوەی بۆ یەزدانی پەروەردگارت سەری ببڕن، ئەوانی دیکەشمان بە تەواوی قڕکرد.» | 15 |
၁၅ရှောလုက``အကျွန်ုပ်၏လူတို့သည်ထိုသိုး နွားများကိုအာမလက်အမျိုးသားတို့ထံ မှသိမ်းယူခဲ့ကြပါ၏။ သူတို့သည်အဆူ ဖြိုးဆုံးသောသိုးနွားတို့ကို အရှင်ဘုရားသခင်ထာဝရဘုရားအားယဇ်ပူဇော်ရန် ထားရှိကြပါ၏။ အခြားကျန်ရှိသည့် အရာများကိုမူလုံးဝဖျက်ဆီး လိုက်ကြပါပြီ'' ဟုဖြေကြား၏။
ئینجا ساموئێل بە شاولی گوت: «بێدەنگ بە! با ئەوەت پێ ڕابگەیەنم کە یەزدان دوێنێ شەو چی پێ فەرمووم.» ئەویش گوتی: «پێم بڵێ.» | 16 |
၁၆ရှမွေလက``နားထောင်လော့။ ထာဝရဘုရား သည် ငါ့အားယမန်နေ့ညကအဘယ်သို့ မိန့်တော်မူသည်ကိုသင့်အားငါဖော်ပြမည်'' ဟုဆိုလျှင်ရှောလုက``အမိန့်ရှိပါ'' ဟုဆို၏။
ساموئێل گوتی: «هەرچەندە لەبەرچاوی خۆت بچووکیت، ئایا نەبوویت بە سەرۆکی هۆزەکانی ئیسرائیل؟ ئایا یەزدان دەستنیشانی نەکردیت ببیتە پاشای ئیسرائیل؟ | 17 |
၁၇ရှမွေလက``သင်သည်မိမိကိုယ်ကိုသေး နုတ်သူဟုယူဆသော်လည်း သင်သည်ဣသ ရေလအနွယ်တို့၏ခေါင်းဆောင်ဖြစ်ချေသည်။ ထာဝရဘုရားသည်သင့်အားဣသရေလ ဘုရင်အဖြစ်ဘိသိက်ပေးတော်မူခဲ့၏။-
یەزدان بە ئەرکێک ڕەوانەی کردیت و فەرمووی:”بڕۆ عەمالێقییە گوناهبارەکان بە تەواوی قڕ بکە و لە دژیان بجەنگە هەتا لەناودەچن.“ | 18 |
၁၈ယုတ်မာသောထိုအာမလက်အမျိုးသားတို့ အား သုတ်သင်ပစ်ရန်အမိန့်ပေး၍သင့်ကိုစေ လွှတ်ခဲ့၏။ ကိုယ်တော်သည်သူတို့အားတစ် ယောက်မကျန်သတ်ဖြတ်ပြီးသည်တိုင်အောင် စစ်တိုက်ရန်မှာကြားတော်မူခဲ့၏။-
ئیتر بۆچی گوێڕایەڵی یەزدان نەبوویت و پەلاماری دەستکەوتەکەت دا و لەبەرچاوی یەزداندا ئەم خراپەیەت کرد؟» | 19 |
၁၉သင်သည်အဘယ်ကြောင့်ကိုယ်တော်၏အမိန့် တော်ကိုမနာခံပါသနည်း။ အဘယ်ကြောင့် လက်ရပစ္စည်းများကိုမက်မက်မောမောသိမ်း ယူကာ ထာဝရဘုရားမနှစ်သက်သော အမှုကိုပြုဘိသနည်း'' ဟုဆို၏။
شاولیش بە ساموئێلی گوت: «من گوێڕایەڵی یەزدان بووم و ئەو ئەرکەم بەجێهێنا کە پێی سپاردم، ئەگاگی پاشای عەمالێقم هێنا و عەمالێقییەکانم بە تەواوی قڕکرد. | 20 |
၂၀ရှောလုက``အကျွန်ုပ်သည်အမှန်ပင်ထာဝရ ဘုရား၏အမိန့်တော်ကိုနာခံခဲ့ပါ၏။ ကိုယ် တော်စေခိုင်းတော်မူသည့်အတိုင်းသွားရောက် ၍အာဂတ်မင်းကိုခေါ်ဆောင်ခဲ့ပါ၏။ အာမ လက်အမျိုးသားအပေါင်းကိုလည်းသုတ် သင်ပစ်ခဲ့ပါ၏။-
جەنگاوەران لە دەستکەوتەکە مەڕ و مانگایان برد، باشترینی تەرخانکراوەکان بۆ خودا، تاکو لە گلگال بۆ یەزدانی پەروەردگارت سەری ببڕن.» | 21 |
၂၁သို့ရာတွင်အကျွန်ုပ်၏လူတို့သည်မိမိတို့ လက်ရအဆူဖြိုးဆုံးသိုးနွားများကိုမ သတ်ဘဲ အရှင်၏ဘုရားသခင်ထာဝရ ဘုရားအားယဇ်ပူဇော်ရန် ဤဂိလဂါလ မြို့သို့ယူဆောင်ခဲ့ကြပါ၏'' ဟုပြန်လည် ဖြေကြား၏။
بەڵام ساموئێل گوتی: «ئایا یەزدان دڵخۆشە بە قوربانی سووتاندن و سەربڕدراوەکان یان بە گوێڕایەڵبوون بۆ فەرمایشتی یەزدان؟ گوێڕایەڵی لە سەربڕین باشترە، سەرنجدانیش لە چەوری بەرانەکان. | 22 |
၂၂ရှမွေလက``ထာဝရဘုရားသည်မီးရှို့ ရာယဇ်အစရှိသည့်ပူဇော်သကာများ ဆက်သမှုနှင့် မိမိ၏အမိန့်တော်နာခံ မှုတို့အနက်မည်သည်ကိုပို၍နှစ်သက်တော် မူပါသနည်း။ နာခံခြင်းသည်အဆူဖြိုး ဆုံးသိုးကိုယဇ်ပူဇော်ခြင်းထက်ပို၍မြတ်၏။-
یاخیبوون وەک گوناهی فاڵگرتنەوەیە، کەللەڕەقی تاوان و بتپەرستییە. لەبەر ئەوەی فەرمایشتی یەزدانت ڕەتکردەوە، ئەویش لە پاشایەتی ڕەتی کردوویتەوە.» | 23 |
၂၃ကိုယ်တော်အားပုန်ကန်ခြင်းသည်စုံးအတတ် ကဲ့သို့ဆိုးရွား၍ မောက်မာထောင်လွှားခြင်း သည်လည်းရုပ်တုကိုကိုးကွယ်ခြင်းကဲ့သို့ ပင်အပြစ်ကြီး၏။ သင်သည်ထာဝရဘုရား ၏အမိန့်တော်ကိုပယ်သောကြောင့် ကိုယ်တော် သည်သင့်ကိုဘုရင်အဖြစ်မှပယ်တော်မူ ပြီ'' ဟုဆို၏။
ئینجا شاول بە ساموئێلی گوت: «گوناهم کرد. سەرپێچی فەرمانی یەزدان و قسەی تۆم کرد، چونکە لە گەل ترسام و بە قسەی ئەوانم کرد. | 24 |
၂၄ထိုအခါရှောလုက``မှန်ပါ၏။ အကျွန်ုပ်သည် အပြစ်ကူးလွန်မိပါပြီ။ အကျွန်ုပ်သည်ထာဝရ ဘုရား၏အမိန့်တော်ကိုလည်းကောင်း၊ အရှင်၏ ညွှန်ကြားချက်များကိုလည်းကောင်းလွန်ဆန်မိ ပါပြီ။ မိမိ၏လူတို့ကိုကြောက်သဖြင့် အကျွန်ုပ် သည်သူတို့၏ဆန္ဒအတိုင်းပြုမိပါ၏။-
ئێستاش تکایە لە گوناهم خۆشبە و لەگەڵمدا بگەڕێوە، بۆ ئەوەی کڕنۆش بۆ یەزدان ببەم.» | 25 |
၂၅သို့ရာတွင်ထာဝရဘုရားအားအကျွန်ုပ်ဝတ် ပြုကိုးကွယ်ခွင့်ရစေရန် အရှင်သည်အကျွန်ုပ် ၏အပြစ်ကိုဖြေလွှတ်၍ အကျွန်ုပ်နှင့်အတူ ဂိလဂါလမြို့သို့လိုက်ခဲ့ပါရန်အကျွန်ုပ် တောင်းပန်ပါ၏'' ဟုဆိုလေ၏။
بەڵام ساموئێل بە شاولی گوت: «لەگەڵتدا ناگەڕێمەوە، چونکە فەرمایشتی یەزدانت ڕەتکردەوە، یەزدانیش وەک پاشای ئیسرائیل ڕەتی کردوویتەوە.» | 26 |
၂၆ရှမွေလကလည်း``သင်နှင့်ငါမပြန်။ သင်သည် ထာဝရဘုရား၏အမိန့်တော်ကိုပယ်သော ကြောင့် ကိုယ်တော်သည်သင့်ကိုဣသရေလ ဘုရင်အဖြစ်မှပယ်တော်မူပြီ'' ဟုဆို၏။
کاتێک ساموئێل ئاوڕی دایەوە بۆ ئەوەی بڕوات، شاول دامێنی کەواکەی گرت و دڕا. | 27 |
၂၇ထိုနောက်ရှမွေလသည်လှည့်၍ထွက်ခွာမည်ပြု သောအခါ ရှောလုသည်သူ၏ဝတ်လုံကိုဆွဲ ကိုင်လိုက်သဖြင့်ဝတ်လုံစုတ်သွားလေသည်။-
ساموئێلیش پێی گوت: «یەزدان ئەمڕۆ پاشایەتی ئیسرائیلی لێت دابڕی و دای بە نزیکەکەت کە لە تۆ باشترە. | 28 |
၂၈ရှမွေလက``ထာဝရဘုရားသည်ယနေ့ပင် ဣသရေလနိုင်ငံကိုသင့်ထံမှဆွဲယူကာ သင့်ထက်ကောင်းမြတ်သူတစ်ဦး၏လက်သို့ ပေးအပ်တော်မူလေပြီ။-
هەروەها شکۆی ئیسرائیل درۆ ناکات و بڕیاری ناگۆڕێت، چونکە ئەو مرۆڤ نییە تاکو بڕیاری بگۆڕێت.» | 29 |
၂၉ဣသရေလအမျိုးသားတို့၏မြင့်မြတ်သော ဘုရားသည်မုသားကိုသုံးတော်မမူ။ စိတ်တော် ကိုလည်းပြောင်းလဲတော်မမူ။ ကိုယ်တော်သည် လူကဲ့သို့မိမိ၏စိတ်တော်ကိုပြောင်းလဲတော် မူသည်မဟုတ်'' ဟုဆို၏။
شاولیش گوتی: «ئێستا گوناهم کردووە، تکایە لەبەردەم پیرانی گەلەکەم و لەبەردەم ئیسرائیلدا ڕێزم لێبنێ، لەگەڵمدا بگەڕێوە تاکو کڕنۆش بۆ یەزدانی پەروەردگارت ببەم.» | 30 |
၃၀ရှောလုက``အကျွန်ုပ်သည်အပြစ်ကူးလွန်မိပါ ပြီ။ သို့ရာတွင်ယုတ်စွအဆုံးအကျွန်ုပ်၏အမျိုး သားခေါင်းဆောင်များရှေ့၌လည်းကောင်း၊ ဣသရေလ အမျိုးသားတစ်ရပ်လုံး၏ရှေ့၌လည်းကောင်း အကျွန်ုပ် ၏ဂုဏ်အသရေမပျက်စေဘဲ အကျွန်ုပ်သည်အရှင် ၏ဘုရားသခင်ထာဝရဘုရားအားဝတ်ပြုကိုး ကွယ်နိုင်ရန်အကျွန်ုပ်နှင့်အတူအရှင်ပြန်၍ လိုက်ခဲ့ပါ'' ဟုတောင်းပန်၏။-
ئینجا ساموئێل بەدوای شاولدا گەڕایەوە، شاول کڕنۆشی بۆ یەزدان برد. | 31 |
၃၁ထိုကြောင့်ရှမွေလသည်သူနှင့်အတူဂိလဂါလ မြို့သို့လိုက်သွား၏။ ရှောလုသည်လည်းထာဝရ ဘုရားကိုဝတ်ပြုကိုးကွယ်လေ၏။
پاشان ساموئێل گوتی: «ئەگاگی پاشای عەمالێقم بۆ بهێننە ئێرە.» ئەگاگیش بە متمانەوە چوو بۆ لای و گوتی: «بێگومان تاڵی مەرگ ڕەوییەوە.» | 32 |
၃၂ရှမွေလက``အာဂတ်မင်းကိုငါ့ထံသို့ခေါ်ခဲ့ လော့'' ဟုဆို၏။ အာဂတ်က``သေဘေးသည် အလွန်ဆိုးရွားပါသည်တကား'' ဟုတစ်ကိုယ် တည်းစဉ်းစားကာတုန်လှုပ်လျက်ရှမွေလထံ သို့လာ၏။-
بەڵام ساموئێل گوتی: «وەک چۆن شمشێرەکەت ژنانی وەجاخکوێر کرد، ئاواش دایکت وەجاخکوێر دەبێت.» ئینجا ساموئێل لە گلگال لەبەردەم یەزدان ئەگاگی پارچەپارچە کرد. | 33 |
၃၃ထိုအခါရှမွေလက``သင်၏ဋ္ဌားဖြင့်မိခင် အများပင် မိမိတို့၏သားများကိုဆုံးရှုံးခဲ့ရ ကြ၏။ သို့ဖြစ်၍ယခုသင့်မိခင်သည်လည်းသူ ၏သားဆုံးရှုံးရပေတော့အံ့'' ဟုဆိုကာအာ ဂတ်အားဂိလဂါလမြို့ယဇ်ပလ္လင်ရှေ့တွင်အ ပိုင်းပိုင်းခုတ်ဖြတ်လိုက်လေသည်။
پاشان ساموئێل چوو بۆ ڕامە و شاولیش سەرکەوت بۆ ماڵەکەی لە گیڤعای شاولدا. | 34 |
၃၄ထိုနောက်ရှမွေလသည်ရာမမြို့သို့သွား ၏။ ရှောလုမင်းသည်လည်းဂိလဂါလနန်း တော်သို့ပြန်လေ၏။-
ئیتر ساموئێل هەتا ڕۆژی مردنی نەگەڕایەوە بۆ بینینی شاول، هەرچەندە شیوەنیشی بۆ دەگێڕا. یەزدانیش خەفەتبار بوو کە شاولی کردە پاشای ئیسرائیل. | 35 |
၃၅ရှမွေလသည်အသက်ရှင်သမျှကာလပတ် လုံး နောင်အဘယ်အခါမျှမင်းကြီးနှင့်မတွေ့ ရတော့ချေ။ သို့ရာတွင်သူသည်ရှောလုအတွက် များစွာဝမ်းနည်းမိ၏။ ထာဝရဘုရားသည် လည်းရှောလုအား ဣသရေလဘုရင်အဖြစ် ခန့်ထားမိခဲ့သည့်အတွက်စိတ်မချမ်းမသာ ဖြစ်တော်မူ၏။