< Psalm 147 >
1 Kaksakin LEUM GOD! Wo in yuk on in kaksak nu sin God lasr; Ma fal ac mwe insewowo in kaksakinyuk El.
၁ထာဝရဘုရားအားထောမနာပြုကြလော့။ ငါတို့၏ဘုရားအားထောမနာ သီချင်းဆိုခြင်းသည်မွန်မြတ်ပါပေသည်။ ကိုယ်တော်ကိုထောမနာပြုရခြင်းသည် မှန်ကန်လျောက်ပတ်ဖွယ်ကောင်းပါပေသည်။
2 LEUM GOD El sifilpa musaeak Jerusalem; El sifilpa folokonma mwet sruoh.
၂ထာဝရဘုရားသည်ယေရုရှလင်မြို့ကို ပြန်လည်ထူထောင်လျက်တိုင်းတစ်ပါးတွင် နေကြရသူ ဣသရေလအမျိုးသားတို့အားပြန်လည် ခေါ်ဆောင်လာတော်မူ၏။
3 El akkeye inse su musalla Ac pwelah kinet kaclos.
၃စိတ်နှလုံးကြေကွဲသူတို့ကိုနှစ်သိမ့်စေတော် မူ၍ သူတို့၏ဒဏ်ရာဒဏ်ချက်များကိုပတ်စည်း တော်မူ၏။
4 El pakiya pisen itu uh Ac El sang inen kais sie selos.
၄ကိုယ်တော်သည်ကြယ်တာရာများ၏အရေ အတွက်ကို သတ်မှတ်တော်မူ၍ကြယ်တစ်လုံးစီကိုနာမည် မှည့်ခေါ်တော်မူ၏။
5 Leum lasr El fulat ac ku; Lalmwetmet lal tia ku in srikeyuki.
၅ငါတို့၏ဘုရားရှင်သည်ကြီးမြတ်တော်မူ၍ တန်ခိုးနှင့်ပြည့်စုံတော်မူ၏။ ကိုယ်တော်၏ဉာဏ်ပညာတော်ကိုတိုင်းထွာ၍ မရနိုင်ပါ။
6 El tulokunulosyak su pilesreyuk, Ac itungya mwet koluk nu infohk uh.
၆ကိုယ်တော်သည်နိမ့်ကျသူတို့ကိုထူပင့်တော် မူ၍ ယုတ်မာသူတို့ကိုမူမြေသို့တိုင်အောင်လဲကျ စေတော်မူ၏။
7 Yuk on in kaksak nu sin LEUM GOD; Srital ke harp nu sin God lasr.
၇ထောမနာသီချင်းများကိုဆို၍ထာဝရ ဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းကြလော့။ စောင်းကိုတီး၍ဂီတသံဖြင့်ငါတို့ဘုရား အား ဂုဏ်တော်ကိုချီးမွမ်းကြလော့။
8 El asroelik pukunyeng inkusrao; El supwama af nu faclu Ac El oru tuh mah in kap fin inging uh.
၈ကိုယ်တော်သည်ကောင်းကင်ပြင်ကိုမိုးတိမ် များဖြင့် ဖုံးလွှမ်းတော်မူ၏။ ကမ္ဘာမြေကြီးပေါ်သို့မိုးရွာစေတော်မူ၍ တောင်ကုန်းများတွင်မြက်များကိုပေါက်စေ တော်မူ၏။
9 El sang nu sin kosro ma nalos, Ac kite won raven fusr ke elos pang.
၉ကိုယ်တော်သည်တိရစ္ဆာန်များအား အစာရေစာကိုပေးတော်မူ၏။ ကျီးသားငယ်တို့အော်သောအခါ ကျွေးမွေးတော်မူ၏။
10 LEUM GOD El tia insewowo ke horse ku, El tia pac engankin mwet mweun pulaik;
၁၀ကိုယ်တော်သည်ခွန်အားကြီးမားသောမြင်းတို့ ကိုသော်လည်းကောင်း၊ ရဲစွမ်းသတ္တိရှိသောစစ်သည်တို့ကိုလည်းကောင်း နှစ်သက်တော်မူသည်မဟုတ်။
11 Ac El insewowo selos su akfulatyal, Ac lulalfongi ke lungse kawil lal.
၁၁သို့ရာတွင်မိမိအားကြောက်ရွံ့ရိုသေသူများ၊ ခိုင်မြဲသောမေတ္တာတော်ကိုကိုးစားသူများ ကို နှစ်သက်တော်မူပေသည်။
12 Kaksakin LEUM GOD, O Jerusalem! Kaksakin God lom, O Zion!
၁၂အို ယေရုရှလင်မြို့၊ထာဝရဘုရားအား ထောမနာပြုလော့။ အို ဇိအုန်မြို့၊သင်၏ဘုရားကိုထောမနာပြု လော့။
13 El akkeye mutunpot lom, Ac El akinsewowoye mwet lom.
၁၃ကိုယ်တော်သည်သင်၏မြို့တံခါးကိုခိုင်ခံ့ စေတော်မူ၍ သင်၏မြို့သူမြို့သားတို့ကိုကောင်းချီးပေး တော်မူ၏။
14 El taran masrol ke facl sum tuh in misla; El akkihpye kom ke wheat na wowo.
၁၄ကိုယ်တော်သည်သင်၏မြို့တံခါးကိုဘေးမဲ့ လုံခြုံစွာထားတော်မူ၍ သင့်အားအကောင်းဆုံးသောဂျုံဆန်ဖြင့် ရောင့်ရဲစေတော်မူ၏။
15 El sang sie sap ku nu sin faclu, Ac ma El fahk uh sa in orekla.
၁၅ကိုယ်တော်သည်ကမ္ဘာမြေကြီးအား အမိန့်ပေးတော်မူ၏။ ထိုအမိန့်တော်အတိုင်းလျင်မြန်စွာဖြစ် ပျက်လာ၏။
16 El oralik snow oana sie kaot, Ac El oralik aunfong oana kutkut.
၁၆ကိုယ်တော်သည်သိုးမွေးသဖွယ်ထူထပ်သော မိုးပွင့်များကိုကျစေတော်မူ၍ ပြာမှုန့်သဖွယ်ဆီးနှင်းခဲများကိုကြဲချ တော်မူ၏။
17 El supwama af yohk kosra oana fikar; Wangin mwet ku in muteng mihsrisr kac.
၁၇ကိုယ်တော်သည်မိုးသီးများကိုမုန့်ကျိုး မုန့်ပဲ့များသဖွယ်ကျစေတော်မူ၏။ ကိုယ်တော်ရှင်စေလွှတ်တော်မူလိုက်သည့် အအေးဋ္ဌာတ်ကိုအဘယ်သူမျှမခံ နိုင်ပေ။
18 Na El sang sap ku lal, ac ice uh kofelik; El supwama eng, ac kof uh asrla.
၁၈ထိုနောက်ကိုယ်တော်သည်အမိန့်ပေးတော်မူသဖြင့် ရေခဲသည်အရည်ပျော်လေ၏။ လေကိုတိုက်စေတော်မူသဖြင့် ရေသည်စီးဆင်းလေ၏။
19 El fahkak kas lal nu sin mwet lal — Mwe luti lal ac ma sap lal nu sin Israel.
၁၉ကိုယ်တော်သည်နှုတ်ကပတ်တော်ကိုမိမိ လူစုတော်အားလည်းကောင်း၊ အထုံးအဖွဲ့တော်နှင့်ပညတ်တော်များကို ဣသရေလအားလည်းကောင်းပေးအပ်တော် မူ၏။
20 El tia oru ouinge nu sin kutena mutunfacl saya. Elos tia etu ma sap lal. Kaksakin LEUM GOD!
၂၀ကိုယ်တော်သည်အခြားလူမျိုးတို့အတွက် ဤသို့ပြုတော်မမူ။ သူတို့သည်ကိုယ်တော်၏ပညတ်တော်များကို မသိရကြ။ ထာဝရဘုရားအားထောမနာပြုကြလော့။