< Nehemiah 11 >

1 Mwet kol elos oakwuki in Jerusalem, ac mwet saya elos susfa in sulela sie sou inmasrlon sou singoul nukewa in som ac wi muta in siti mutal Jerusalem. A sou lula nukewa elos muta in siti srisrik ac siti lulap saya.
ခေါင်း​ဆောင်​များ​သည်​ယေ​ရု​ရှ​လင်​မြို့​တွင် နေ​ထိုင်​ကြ​၏။ အ​ခြား​သူ​တို့​မူ​ကား​ဆယ် အိမ်​ထောင်​လျှင် တစ်​အိမ်​ထောင်​ကျ​သန့်​ရှင်း သော​ယေ​ရု​ရှ​လင်​မြို့​တော်​တွင်​လည်း​ကောင်း၊ ကျန်​သော​သူ​တို့​ကို​အ​ခြား​မြို့​ရွာ​များ တွင်​လည်း​ကောင်း​နေ​ထိုင်​စေ​ရန်​မဲ​ချ​၍ ဆုံး​ဖြတ်​ကြ​၏။-
2 Mwet uh kaksakin pac kutena mwet saya ma sifacna lungse muta in Jerusalem.
ယေ​ရု​ရှ​လင်​မြို့​တွင်​မိ​မိ​တို့​အ​လို​အ​လျောက် နေ​ထိုင်​သူ​တို့​အား​ပြည်​သူ​တို့​က​ချီး​ကူး ကြ​၏။-
3 In siti srisrik ac siti lulap saya ah, mwet Israel, mwet tol, mwet Levi, mwet orekma lun Tempul, ac mwet in sou lun mwet kulansap lal Solomon, elos muta yen selos sifacna in siti selos sifacna. Pa inge inen mwet kol ke kais sie ipin acn lun Judah su muta in Jerusalem:
အ​ခြား​မြို့​ရွာ​များ​တွင်​ဣ​သ​ရေ​လ​အ​မျိုး သား​များ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ် ဝင်​များ၊ ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ၊ ရှော လ​မုန်​၏​အ​စေ​ခံ​များ​မှ​ဆင်း​သက်​လာ သူ​များ​သည်​ကိုယ်​ပိုင်​အိမ်​များ​တွင်​နေ​ထိုင် ကြ​လေ​သည်။ ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သော​ယု​ဒ​ပြည် နယ်​အ​ကြီး​အ​ကဲ​များ​ကို​ဖော်​ပြ​အံ့။
4 [Mwet in sruf lun Judah]: Athaiah, wen natul Uzziah, wen natul Zechariah. Mwet matu saya in sou lal pa Amariah, Shephatiah, ac Mahalalel, su fwilin tulik natul Perez, wen natul Judah.
ယု​ဒ​အ​နွယ်​ဝင်​များ​မှာ​အောက်​ပါ​အ​တိုင်း ဖြစ်​သည်။ ဇာ​ခ​ရိ​၏​မြေး၊ သြ​ဇိ​၏​သား​အ​သာ​ယ။ သူ​၏ အ​ခြား​ဘိုး​ဘေး​များ​တွင်​ယု​ဒ​၏​သား​ဖာ​ရက် မှ​ဆင်း​သက်​သူ​အာ​မ​ရိ၊ ရှေ​ဖ​တိ​နှင့်​မ​ဟာ လေ​လ​တို့​ပါ​ဝင်​သည်။
5 Maaseiah, wen natul Baruch, wen natul Colhozeh. Mwet matu saya in sou lal pa Hazaiah, Adaiah, Joiarib, ac Zechariah, su fwilin tulik natul Shelah, wen natul Judah.
ကော​လ​ဟော​ဇ​၏​မြေး၊ ဗာ​ရုတ်​၏​သား​မာ​သေ​ယ။ သူ​၏​အ​ခြား​ဘိုး​ဘေး​များ​တွင်​ရှေ​လ​၏​သား ယု​ဒ​မှ​ဆင်း​သက်​သူ​ဟ​ဇာ​ယ၊ အ​ဒါ​ယ၊ ယော​ယ​ရိပ်​နှင့်​ဇာ​ခ​ရိ​တို့​ပါ​ဝင်​သည်။
6 Mwet pulaik angfoko onngoul oalkosr sin fwilin tulik natul Perez, elos muta in Jerusalem.
ဖ​ရက်​၏​သား​မြေး​များ​အ​နက်​သူ​ရဲ​ကောင်း လေး​ရာ​ခြောက်​ဆယ်​ရှစ်​ယောက်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​ကြ​၏။
7 [Mwet in sruf lun Benjamin]: Sallu, wen natul Meshullam, wen natul Joed. Mwet matu saya in sou lal pa Pedaiah, Kolaiah, Maaseiah, Ithiel, ac Jeshaiah.
ဗင်္ယာ​မိန်​အ​နွယ်​ဝင်​များ​မှာ​အောက်​ပါ အ​တိုင်း​ဖြစ်​၏။ ယော​ဒ​၏​မြေး၊ မေ​ရှု​လံ​၏​သား​သလ္လု။ သူ ၏​အ​ခြား​ဘိုး​ဘေး​များ​တွင်​ပေ​ဒါ​ယ၊ ကော​လာ​ယ၊ မာ​သေ​ယ၊ ဣ​သေ​လ၊ ယေ​ရှာ​ယ တို့​ပါ​ဝင်​သည်။
8 Gabbai ac Sallai, sou fototo nu sel Sallu. Pisen mwet Benjamin nukewa su muta in Jerusalem pa eufoko longoul oalkosr.
သလ္လု​၏​ဆွေ​မျိုး​ရင်း​ခြာ​များ​ဖြစ်​ကြ​သော ဂဗ္ဗဲ​နှင့်​သလ္လဲ။ စု​စု​ပေါင်း ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ကိုး​ရာ​နှစ်​ဆယ့် ရှစ်​ယောက်​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​နေ ထိုင်​ကြ​၏။-
9 Joel, wen natul Zichri, pa mwet kol lalos, ac Judah, wen natul Hassenuah, pa akluo yal in kol siti sac.
ဇိ​ခ​ရိ​၏​သား​ယော​လ​သည်​သူ​တို့​၏​ခေါင်း ဆောင်​ဖြစ်​၍ သေ​နွာ​၏​သား​ယု​ဒ​သည်​ဒု​တိ​ယ ခေါင်း​ဆောင်​ဖြစ်​၏။
10 [Mwet Tol]: Jedaiah, wen natul Joiarib, ac Jachin.
၁၀ယဇ်​ပု​ရော​ဟိတ်​များ​မှာ​အောက်​ပါ​အ​တိုင်း ဖြစ်​၏။ ယော​ယ​ရိပ်​၏​သား​ယေ​ဒါ​ယ၊ ယာ​ခိန်။
11 Seraiah, wen natul Hilkiah, wen natul Meshullam. Mwet matu saya in sou lal pa Zadok, Meraioth, ac Ahitub, su Mwet Tol Fulat.
၁၁မေ​ရှု​လံ​၏​မြေး၊ ဟိ​လ​ခိ​၏​သား​စ​ရာ​ယ။ သူ​၏​ဘိုး​ဘေး​များ​တွင်​ဇာ​ဒုတ်၊ မ​ရာ​ယုတ် နှင့်​ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ဟိ​တုပ်​တို့​ပါ ဝင်​သည်။-
12 Inmasrlon sou se inge, mwet oalfoko longoul luo pa kulansap in Tempul. Adaiah, wen natul Jeroham, wen natul Pelaliah. Mwet matu saya in sou lal pa Amzi, Zechariah, Pashhur, ac Malchijah.
၁၂ဤ​သား​ချင်း​စု​မှ​လူ​စု​စု​ပေါင်း​ရှစ်​ရာ​နှစ် ဆယ့်​နှစ်​ယောက်​တို့​သည်​ဗိ​မာန်​တော်​တွင် အ​မှု​ထမ်း​ကြ​၏။ ပေ​လ​လိ​၏​မြေး၊ ယေ​ရော​ဟံ​၏​သား​အ​ဒါ​ယ။ သူ​၏​ဘိုး​ဘေး​များ​တွင်​အာ​မ​ဇိ၊ ဇာ​ခ​ရိ၊ ပါ​ရှု​ရ၊ မာ​လ​ခိ​တို့​ပါ​ဝင်​သည်။-
13 Mwet luofoko angngaul luo in sou lulap se inge elos sifen sou. Amashsai, wen natul Azarel, wen natul Ahzai. Mwet matu saya in sou lal pa Meshillemoth ac Immer.
၁၃ဤ​သား​ချင်း​စု​မှ​လူ​ပေါင်း​နှစ်​ရာ​လေး​ဆယ် နှစ်​ယောက်​တို့​သည်​အိမ်​ထောင်​ဦး​စီး​များ​ဖြစ် ကြ​၏။ အ​ဟ​ဇိ​၏​မြေး၊အာ​ဇ​ရေ​လ​၏​သား​အာ​မ​ရှဲ။ သူ​၏​ဘိုး​ဘေး​များ​တွင်​မေ​ရှိ​လ​မုတ်​နှင့် ဣ​မေ​ရ​တို့​ပါ​ဝင်​သည်။-
14 Mwet siofok longoul oalkosr in sou se inge elos mwet mweun pulaik. Mwet kol lalos pa Zabdiel, wen nutin sie sou pwengpeng.
၁၄ဤ​သား​ချင်း​စု​တွင်​ထူး​ချွန်​သော​စစ်​သူ​ရဲ တစ်​ရာ​နှစ်​ဆယ့်​ရှစ်​ယောက်​ရှိ​၏။ သူ​တို့​၏​ခေါင်း ဆောင်​မှာ​အ​ရေး​ပါ​အ​ရာ​ရောက်​သည့်​အိမ် ထောင်​စု​ဝင် ဇာ​ဗ​ဒေ​လ​ဖြစ်​၏။
15 [Mwet Levi]: Shemaiah, wen natul Hasshub, wen natul Azrikam. Mwet matu saya in sou lal pa Hashabiah ac Bunni.
၁၅လေ​ဝိ​အ​နွယ်​ဝင်​များ​မှာ​အောက်​ပါ​အ​တိုင်း ဖြစ်​၏။ အာ​ဇ​ရိ​ကံ​၏​မြေး၊ ဟာ​ရှုပ်​၏​သား​ရှေ​မာ​ယ။ သူ​၏​ဘိုး​ဘေး​များ​တွင်​ဟာ​ရှ​ဘိ​နှင့်​ဗုန္နိ​တို့ ပါ​ဝင်​သည်။
16 Shabbethai ac Jozabad, mwet Levi eteyuk ac elos pa liaung orekma likin Tempul.
၁၆ဗိ​မာန်​တော်​အ​ပြင်​မှု​ကြီး​ကြပ်​သူ​လေ​ဝိ အ​နွယ်​ဝင်​အ​ကြီး​အ​ကဲ​များ​ဖြစ်​ကြ​သော ရှဗ္ဗေ​သဲ​နှင့်​ယော​ဇ​ဗဒ်။
17 Mattaniah, wen natul Mica, wen natul Zabdi, sie mwet in fita lal Asaph. El kol mwet on lun Tempul ke elos alullul ke pre in sang kulo. Bakbukiah, su mwet kasru lal Mattaniah. Abda, wen natul Shammua, wen natul Galal, sie mwet in fwilin tulik natul Jeduthun.
၁၇ဇာ​ဗ​ဒိ​၏​မြေး၊ မိက္ခာ​၏​သား​မ​ဿ​နိ။ သူ​သည် အာ​သပ်​မှ​ဆင်း​သက်​လာ​သူ​ဖြစ်​၏။ သူ​သည် ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ဆု​တောင်း​ပတ္ထ​နာ သီ​ချင်း​ကို​သီ​ဆို​ရာ​တွင်​ဗိ​မာန်​တော်​သီ ချင်း​အ​ဖွဲ့​ခေါင်း​ဆောင်​အ​ဖြစ်​ဆောင်​ရွက် သူ​ဖြစ်​၏။ မ​ဿ​နိ​၏​လက်​ထောက်​ဗာ​က​ဗု​ကိ။ ဂ​လာ​လ​၏​မြေး၊ ရှ​မွာ​၏​သား​သြ​ဗ​ဒိ။ သူ သည်​ယေ​ဒု​သုန်​မှ​ဆင်း​သက်​လာ​သူ​ဖြစ်​၏။
18 Pisen mwet Levi nukewa su muta in siti mutal Jerusalem pa luofoko oalngoul akosr.
၁၈လေ​ဝိ​အ​နွယ်​ဝင်​စု​စု​ပေါင်း​နှစ်​ရာ​ရှစ်​ဆယ် လေး​ယောက်​တို့​သည်​သန့်​ရှင်း​သော​ယေ​ရု ရှ​လင်​မြို့​တော်​တွင်​နေ​ထိုင်​ကြ​လေ​သည်။
19 [Mwet topang ke mutunoa lun Tempul]: Akkub, Talmon, ac mwet wialos, elos mwet siofok itngoul luo nufon.
၁၉ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ​မှာ​အောက် ပါ​အ​တိုင်း​ဖြစ်​သည်။ အက္ကုပ်၊တာ​လ​မုန်​နှင့်​သူ​၏​ဆွေ​မျိုး​များ​ဖြစ် ၍​စု​စု​ပေါင်း​တစ်​ရာ​ခု​နစ်​ဆယ်​နှစ်​ယောက် ရှိ​သ​တည်း။
20 Mwet lula sin mwet Israel, ac mwet lula sin mwet tol ac mwet Levi, elos muta yen selos sifacna in siti srisrik ac siti lulap saya in Judah.
၂၀ကျန်​ဣ​သ​ရေ​လ​အ​မျိုး​သား​များ၊ ပု​ရော​ဟိတ် များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ​သည်​အ​ခြား ယု​ဒ​မြို့​ရွာ​တို့​တွင်​ကိုယ်​ပိုင်​မြေ​ရာ​တွင်​နေ ထိုင်​ကြ​၏။
21 Mwet orekma lun Tempul elos muta ke ipin acn se Jerusalem pangpang Ophel, ac orekma ye kolyuk lal Ziha ac Gishpa.
၂၁ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ​သည် ယေ​ရု ရှ​လင်​မြို့​သြ​ဖေ​လ​ဟု​အ​မည်​တွင်​သော အ​ရပ်​တွင်​နေ​ထိုင်​၍ ဇိ​ဟ​နှင့်​ဂိ​သ​ပ​တို့ ၏​ကွပ်​ကဲ​မှု​အောက်​တွင်​အ​လုပ်​လုပ်​ကြ လေ​သည်။
22 Mwet se ma liyaung mwet Levi su muta in Jerusalem pa Uzzi, wen natul Bani, wen natul Hashabiah. Mwet matu saya in sou lal pa Mattaniah ac Mica, ac el ma in sou lulap lun Asaph. Sou se inge pa fosrngakin on ke pacl in alu ke Tempul.
၂၂ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သူ​လေ​ဝိ​အ​နွယ် ဝင်​တို့​ကို ကွပ်​ကဲ​အုပ်​ချုပ်​သူ​မှာ​ဟာ​ရှ​ဘိ​၏ မြေး၊ ဗာ​နိ​၏​သား​သြ​ဇိ​ဖြစ်​၏။ သူ​၏​ဘိုး​ဘေး များ​တွင်​မ​ဿ​နိ​နှင့်​မိက္ခာ​တို့​ပါ​ဝင်​၏။ သူ​သည် ဗိ​မာန်​တော်​ဝတ်​ပြု​ကိုး​ကွယ်​မှု​ဆိုင်​ရာ​ဂီ​တ တာ​ဝန်​ခံ​ဖြစ်​သည့်​အာ​သပ်​သား​ချင်း​စု ဝင်​ဖြစ်​ပေ​သည်။-
23 Oasr oakwuk fulat orekla tuh kais sie sou in kol on ke Tempul ke kais sie len.
၂၃သား​ချင်း​စု​တို့​သည်​ဗိ​မာန်​တော်​တွင်​သီ​ဆို တီး​မှုတ်​မှု​ကို နေ့​စဉ်​အ​ဘယ်​သို့​အ​လှည့် ကျ​ဦး​ဆောင်​ရ​ကြ​မည်​ကို​ဖော်​ပြ​သည့် ဘု​ရင့်​ညွှန်​ကြား​ချက်​များ​ရှိ​၏။
24 Pethahiah, wen natul Meshezabel, in sou lal Zerah ac sruf lun Judah, el mwet aolyen mwet Jew nu sin tokosra Persia.
၂၄ယု​ဒ​အ​နွယ်၊ ဇာ​ရ​သား​ချင်း​စု​ဝင်၊ မေ​ရှ​ဇ ဗေ​လ​၏​သား​ပေ​သ​ဟိ​သည်​ဣ​သ​ရေ​လ အ​မျိုး​တို့​အ​မှု​အ​ရေး​ရှိ​သ​မျှ​နှင့်​ဆိုင် ၍ ပေ​ရ​သိ​ဘု​ရင်​မင်း​အ​ပါး​တော်​တွင် ခ​စား​ခဲ့​၏။
25 Pus mwet muta ke acn apkuran nu ke ima lalos. Elos su ma in sruf lal Judah muta Kiriath Arba, Dibon, ac Jekabzeel, ac ke inkul ma oan apkuran nu ke acn inge.
၂၅လူ​အ​မြောက်​အ​မြား​ပင်​မိ​မိ​တို့​လယ်​ယာ များ​အ​နီး​ရှိ​မြို့​တို့​တွင်​နေ​ထိုင်​ကြ​လေ သည်။ ယု​ဒ​အ​နွယ်​ဝင်​တို့​သည်​ကိ​ရ​ယ သာ​ဘ​မြို့၊ ဒိ​ဘုန်​မြို့​နှင့်​ယေ​ကပ်​ဇေ​လ​မြို့ တို့​၌​လည်း​ကောင်း၊ ထို​မြို့​များ​အ​နီး​ရှိ ကျေး​ရွာ​များ​၌​လည်း​ကောင်း​နေ​ထိုင်​ကြ​၏။-
26 Elos oayapa muta in siti lun Jeshua, Moladah, Bethpelet,
၂၆သူ​တို့​သည်​ယေ​ရွှ၊ မော​လ​ဒ၊ ဗက်​ပါ​လက်၊-
27 ac Hazarshual, ac in Beersheba ac inkul ma rauneak acn we.
၂၇ဟာ​ဇာ​ရွာ​လ၊ ဗေ​ရ​ရှေ​ဘ​မြို့​နှင့်​ထို​မြို့​တို့ ၏​အ​နီး​အ​နား​ဝန်း​ကျင်​ရှိ​ကျေး​ရွာ​များ ၌​လည်း​နေ​ထိုင်​ကြ​လေ​သည်။-
28 Elos muta in siti Ziklag, ac in Meconah ac inkul ma apkuran nu Meconah,
၂၈သူ​တို့​သည်​ဇိ​က​လတ်​မြို့၊ မေ​ကော​န​မြို့​နှင့် ထို​မြို့​အ​နီး​ကျေး​ရွာ​များ​တွင်​လည်း​ကောင်း၊-
29 in Enrimmon, Zorah, Jarmuth,
၂၉အင်​ရိမ္မုန်​မြို့၊ ဇာ​ရ​မြို့၊ ယာ​မုတ်​မြို့၊
30 Zanoah, Adullam, ac inkul ma apkuran nu ke acn inge. Elos muta in Lachish ac ke ima ma apkuran nu we, ac in Azekah ac inkul ma rauneak. Kalmac pa mwet Judah elos muta ke acn inmasrlon Beersheba layen eir nwe ke Infahlfal Hinnom layen epang.
၃၀ဇာ​နော​မြို့၊အ​ဒုံ​လံ​မြို့​နှင့်​ထို​မြို့​များ​အ​နီး ရှိ​ကျေး​ရွာ​များ​တွင်​လည်း​ကောင်း၊ လာ​ခိ​ရှ မြို့​နှင့်​အ​နီး​အ​နား​ရှိ​လယ်​ယာ​များ၊ အ​ဇေ ကာ​မြို့​နှင့်​အ​နီး​အ​နား​ရှိ​ကျေး​ရွာ​များ တွင်​လည်း​ကောင်း​နေ​ထိုင်​ကြ​၏။ အ​ချုပ်​အား ဖြင့်​ဆို​သော်​ယု​ဒ​ပြည်​သူ​တို့​သည်​တောင် ဘက်​ရှိ​ဗေ​ရ​ရှေ​ဘ​မြို့​နှင့်​မြောက်​ဘက်​ဟိန္နုံ ချိုင့်​ဝှမ်း​စပ်​ကြား​ရှိ​နယ်​မြေ​တွင်​နေ​ထိုင် ကြ​သ​တည်း။
31 Mwet in sruf lun Benjamin elos muta in Geba, Michmash, Ai, Bethel, ac inkul ma apkuran nu we,
၃၁ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​သည်​ဂေ​ဗ​မြို့၊ မိတ် မတ်​မြို့၊ အာ​ဣ​မြို့၊ ဗေ​သ​လ​မြို့​နှင့်​အ​နီး အ​နား​ရှိ​ကျေး​ရွာ​များ​တွင်​လည်း​ကောင်း၊-
32 Anathoth, Nob, Anaiah,
၃၂အာ​န​သုတ်​မြို့၊ နော​ဗ​မြို့၊ အာ​န​နိ​မြို့၊- ဟာ​ဇော်​မြို့၊ ရာ​မ​မြို့၊ ဂိတ္တိမ်​မြို့၊- ဟာ​ဒိဒ်​မြို့၊ ဇေ​ဘိုင်​မြို့၊ နေ​ဗလ္လတ်​မြို့၊ လော​ဒ​မြို့၊သြ​နော​မြို့​နှင့်​လက်​မှု​ပ​ညာ သည်​ချိုင့်​ဝှမ်း​တွင်​လည်း​ကောင်း​နေ​ထိုင်​ကြ​၏။-
33 Hazor, Ramah, Gittaim,
၃၃
34 Hadid, Zeboim, Neballat,
၃၄
35 Lod, ac Ono, ac ke Infahlfal lun Mwet Tufahl.
၃၅
36 Kutu u lun mwet Levi su tuh muta in acn lun Judah mokleyukla elos in muta yurin mwet Benjamin.
၃၆ယု​ဒ​နယ်​မြေ​တွင်​နေ​ထိုင်​ခဲ့​သူ​လေ​ဝိ​အ​နွယ် ဝင်​အ​ချို့​တို့​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​များ နှင့်​အ​တူ​နေ​ထိုင်​ရ​ကြ​လေ​သည်။

< Nehemiah 11 >