< Genesis 27 >

1 In pacl se inge Isaac el matuoh ac mutawauk in sulonginla. El sapla solalma Esau, wen se ma matu natul, ac fahk nu sel, “Wen nutik!” Esau el topuk, “Nga inge.”
ဣ​ဇာက်​သည်​အို​မင်း​လာ​၍​မျက်​စိ​မ​မြင်​တော့ ချေ။ သူ​သည်​သား​အ​ကြီး​ဧ​သော​ကို``သား'' ဟု​ခေါ်​လျှင်​ဧ​သော​က၊ ``ရှိ​ပါ​သည်​အ​ဖ'' ဟု​ပြန်​ဖြေ​၏။
2 Isaac el fahk, “Kom liye lah nga matuoh ac apkuran in misa.
ထို​အ​ခါ​ဣ​ဇာက်​က``ငါ​သည်​ယ​ခု​အို​လှ​ပြီ။ မ​ကြာ​မီ​သေ​ရ​မည်။-
3 Us mwe pisr nutum an ac sruokma soko kosro inima an nak.
သင်​သည်​လေး​နှင့်​မြား​ကို​ယူ​၍​တော​ထဲ​သို့ သွား​ပြီး​လျှင် ငါ့​အ​တွက်​အ​မဲ​ရှာ​ဖွေ​ခဲ့​ပါ။-
4 Orauk kain in mongo yuyu se ma nga lungsena kang ah, ac use nu yuruk. Nga ac mongo tari, na nga fah akinsewowoyekomla meet liki nga misa.”
ငါ​ကြိုက်​နှစ်​သက်​သော​အ​မဲ​ဟင်း​လျာ​ကို​ချက် ၍​ငါ့​ထံ​သို့​ယူ​ခဲ့​ပါ။ ထို​ဟင်း​ကို​ငါ​စား​ပြီး လျှင်​ငါ​မ​သေ​မီ​သင့်​အား​ကောင်း​ချီး​ပေး​မည်'' ဟု​မှာ​ကြား​လေ​သည်။
5 Ke pacl se Isaac el kaskas nu sel Esau inge, Rebecca el lohng na. Ouinge ke Esau el illa som in sruh kosro,
ဣ​ဇာက်​က​ဧ​သော​အား ထို​သို့​မှာ​ကြား​နေ​စဉ် ရေ​ဗက္က​သည်​နား​ထောင်​လျက်​ရှိ​၏။ ထို့​ကြောင့် ဧသော​အ​မဲ​ပစ်​ထွက်​သွား​သော​အ​ခါ၊-
6 Rebecca el fahk nu sel Jacob, “Nga lohng lah ingena papa tomom fahk nu sel Esau ange:
ရေ​ဗက္က​သည်​ယာ​ကုပ်​ကို​ခေါ်​၍``သင့်​အ​ဖ က​ဧ​သော​အား၊-
7 ‘Use soko kosro inima an ac akmolyela nak. Tukun nga ac mongo tari, na nga ac akinsewowoye kom ye mutun LEUM GOD meet liki nga misa.’”
`အ​မဲ​ပစ်​၍​ငါ့​အ​တွက်​ဟင်း​ချက်​ခဲ့​ပါ။ ငါ စား​ပြီး​လျှင်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ သင့် အား​ငါ​မ​သေ​မီ​ကောင်း​ချီး​ပေး​မည်' ဟု​မှာ ကြား​သည်​ကို​ငါ​ကြား​ပြီ။-
8 Rebecca el tafwela ac fahk, “Wen nutik, porongo akwoye ac oru ma nga fahk uh.
သို့​ဖြစ်​၍​ငါ့​သား၊ ငါ့​စ​ကား​ကို​နား​ထောင် ၍​ငါ​ပြော​သ​မျှ​အ​တိုင်း​ပြု​လုပ်​လော့။-
9 Fahla nu ke un kosro uh, ac srela lukwa nani fusr na fact an. Use ngan tuh akmolyela ac orala kain mongo se ma papa tomom el arulana lungse yohk ah.
ဆိတ်​အုပ်​ရှိ​ရာ​သို့​သွား​ပြီး​လျှင် ဆူ​ဖြိုး​သော ဆိတ်​ငယ်​နှစ်​ကောင်​ကို​ရွေး​ယူ​ခဲ့​လော့။ ငါ​သည် သင့်​ဖ​ခင်​ကြိုက်​နှစ်​သက်​သော​ဟင်း​ကို​ချက် ပေး​မည်။-
10 Kom ku in usla nu yorol elan kang, elan mau akinsewowoyekomla meet liki el misa.”
၁၀ထို​အ​မဲ​ဟင်း​ကို​သူ့​ထံ​သို့​ယူ​သွား​လော့။ သူ မ​သေ​မီ သင့်​အား​ကောင်း​ချီး​ပေး​လိမ့်​မည်'' ဟု ဆို​လေ​၏။
11 Tusruktu Jacob el fahk nu sin nina kial, “Kom etu na lah manol Esau unacna, a monuk fwel.
၁၁ယာ​ကုပ်​က``အစ်​ကို​ဧ​သော​သည်​အ​မွေး​ထူ သော​သူ​ဖြစ်​ပြီး ကျွန်​တော်​မှာ​အ​သား​အ​ရေ ချော​မွတ်​သူ​ဖြစ်​ပါ​၏။-
12 Papa el ac tuh kahl monuk ac konauk lah nga kiapwel. Ac fin ange, ac tia akinsewowoyeyuk nga, a el ac selngaiyuwi.”
၁၂ဖ​ခင်​က​ကျွန်​တော်​အား​စမ်း​သပ်​ကြည့်​မိ​၍ သူ့​အား​လှည့်​ဖြား​ကြောင်း​သိ​လျှင် ကျွန်​တော် ကောင်း​ချီး​မင်္ဂလာ​ကို​ခံ​ရ​မည့်​အ​စား​ကျိန် စာ​သင့်​ခြင်း​ကို​ခံ​ရ​ပါ​မည်'' ဟု​မိ​ခင်​အား ပြန်​ပြော​လေ​၏။
13 Nina kial ah fahk, “Wen nutik, lela kutena selnga nu sum an in oan fuk. Oru na ma nga fahk uh. Fahla use nani an.”
၁၃ငါ့​သား၊ သင်​ခံ​ရ​မည့်​ကျိန်​စာ​သင့်​ခြင်း​ကို ငါ​ခံ​ရ​ပါ​စေ။ ငါ​ပြော​သည့်​အ​တိုင်း​ဆိတ် များ​ကို​သာ​ငါ့​ထံ​သို့​ယူ​ခဲ့​ပါ'' ဟု​မိခင် က​ဆို​လေ​၏။-
14 Ouinge el som sruokya nani uh, ac use nu yurin nina kial, ac el orala kain mongo se ma papa sac arulana lungse ah.
၁၄ယာ​ကုပ်​သည်​သွား​၍​ဆိတ်​များ​ကို​မိ​ခင်​ထံ​သို့ ယူ​ဆောင်​ခဲ့​သ​ဖြင့် ရေ​ဗက္က​သည်​ဣ​ဇာက်​ကြိုက် နှစ်​သက်​သော​အ​မဲ​ဟင်း​ကို​ချက်​လေ​သည်။-
15 Na Rebecca el srukak nuknuk se ma wo emeet lal Esau su oan yorol in lohm uh, ac sang nokmulang Jacob.
၁၅ထို​နောက်​သူ​သည်​မိ​မိ​အိမ်​တွင်​သိမ်း​ဆည်း ထား​သော​ဧ​သော​၏​အ​ကောင်း​ဆုံး​အ​ဝတ် ကို​ယာ​ကုပ်​အား​ဝတ်​ဆင်​ပေး​၏။-
16 El sang kulun nani uh nu fin paol Jacob, oayapa nu fin acn ma tia unacna ke kawal.
၁၆သူ​၏​လက်​မောင်း​များ​နှင့်​အ​မွေး​မ​ပေါက်​သော လည်​ပင်း​တို့​တွင်​ဆိတ်​သား​ရေ​ကို​ပတ်​စည်း ပေး​၏။-
17 Na el sang mwe mongo yuyu sac, ac bread ma el munanla nu sel.
၁၇ထို​နောက်​ချက်​ပြီး​သော​အ​မဲ​ဟင်း​နှင့်​ဖုတ် ထား​သော​မုန့်​တို့​ကို​ယာ​ကုပ်​အား​ပေး​၏။
18 Na Jacob el som nu yurin papa tumal ah, ac fahk, “Papa!” El topuk, “Nga inge. Su kac sumtal ingan?”
၁၈ယာ​ကုပ်​သည်​သူ​၏​ဖ​ခင်​ထံ​သို့​သွား​၍``အ​ဖ'' ဟု​ခေါ်​လျှင်၊ ဣ​ဇာက်​က``သား'' ဟု​ထူး​ပြီး​လျှင်``သား​ကြီး လော၊ သား​ငယ်​လော'' ဟု​မေး​လေ​၏။
19 Jacob el fahk, “Nga Esau, wen matu nutum. Ma kom sap ngan orala nom ah pa inge. Tukakek mongoi, kom in tari akinsewowoyeyula.”
၁၉ယာ​ကုပ်​က``ကျွန်​တော်​သည်​သား​ကြီး​ဧ​သော ဖြစ်​ပါ​သည်။ ဖ​ခင်​မှာ​ကြား​သည့်​အ​တိုင်း​ဆောင် ရွက်​ပြီး​ပါ​ပြီ။ ယ​ခု​ထ​၍​ကျွန်​တော်​ယူ​ခဲ့​သော အ​မဲ​ဟင်း​ကို​သုံး​ဆောင်​ပြီး​လျှင်​ကျွန်​တော် အား​ကောင်း​ချီး​ပေး​ပါ'' ဟု​ပြော​လေ​သည်။
20 Isaac el fahk nu sin wen natul, “Ku kom oru fuka tuh kom arulana sa konauk?” Jacob el fahk, LEUM GOD lom El kasreyu konauk.”
၂၀ဣ​ဇာက်​က``ငါ့​သား၊ အ​မဲ​ကောင်​အ​ရ​မြန်​လှ ပါ​တ​ကား'' ဟု​ဆို​၏။ ယာ​ကုပ်​က``အ​ဖ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​စောင်​မ​ခြင်း​ကြောင့်​အ​မဲ​ကောင်​ကို အ​မြန်​ရ​ပါ​သည်'' ဟု​ပြန်​ဖြေ​၏။
21 Isaac el fahk nu sel Jacob, “Kaluku ngan kahlkomi. Pwayena lah kom pa Esau?”
၂၁ထို​အ​ခါ​ဣ​ဇာက်​က``ငါ​သင့်​ကို​စမ်း​ကြည့်​နိုင် ရန်​အ​နား​သို့​တိုး​လာ​ပါ။ သင်​သည်​ဧသော အ​မှန်​ပင်​ဖြစ်​ပါ​သ​လော'' ဟု​မေး​လေ​သည်။-
22 Jacob el kalukyang nu yurin papa tumal ah, na Isaac el kahlilya ac fahk, “Pusrem oana pusracl Jacob, a poum paol Esau.”
၂၂ယာ​ကုပ်​သည်​ဖခင်​အ​နား​သို့​ချဉ်း​ကပ်​လာ​သော် ဖ​ခင်​က​လက်​နှင့်​သူ့​ကို​စမ်း​သပ်​ပြီး​လျှင်``သင် ၏​အ​သံ​မှာ​ယာ​ကုပ်​၏​အ​သံ၊ သင်​၏​လက်​များ သည်​ကား​ဧ​သော​၏​လက်​များ​ပင်​ဖြစ်​သည်'' ဟု ဆို​လေ​၏။-
23 El tiana akilenul Jacob, mweyen paol oana paol Esau. El akola elan akinsewowoyal,
၂၃သူ​၏​လက်​တို့​သည်​ဧ​သော​၏​လက်​များ​ကဲ့​သို့ အ​မွေး​ထူ​သော​ကြောင့်​ဖ​ခင်​သည်​ယာ​ကုပ် ဖြစ်​မှန်း​မ​ရိပ်​မိ​ချေ။ သူ့​အား​ကောင်း​ချီး​မ ပေး​မီ၊-
24 na el sifilpa siyuk, “Ku pwayena kom pa Esau?” Ac el topuk, “Aok, pwaye.”
၂၄``သင်​သည်​အ​ကယ်​ပင်​ဧ​သော​ဖြစ်​သ​လော'' ဟု​မေး​ပြန်​၏။ ယာ​ကုပ်​က``ဟုတ်​ပါ​သည်'' ဟု​ဖြေ​၏။
25 Isaac el fahk, “Kolma mongo an nu yuruk ngan kang. Nga ac mongo tari, na nga fah akinsewowoyekomla.” Jacob el kolang nu yorol, ac el oayapa sang wain nimal.
၂၅ထို​အ​ခါ​ဣ​ဇာက်​က``အ​မဲ​ဟင်း​ကို​ယူ​ခဲ့​ပါ။ ငါ​စား​ပြီး​လျှင်​သင့်​အား​ကောင်း​ချီး​ပေး​မည်'' ဟု​ဆို​လေ​၏။ ယာ​ကုပ်​သည်​ဖခင်​ထံ​သို့​ဟင်း ကို​ယူ​ခဲ့​၏။ ဖ​ခင်​သောက်​ရန်​စ​ပျစ်​ရည်​ကို လည်း​ယူ​ခဲ့​၏။-
26 Na papa tumal ah fahk nu sel, “Kaluku, wen nutik, ac ngokya mutuk.”
၂၆ထို​နောက်​ဖ​ခင်​က``ငါ့​သား၊ အ​နား​သို့​တိုး လာ​၍​ငါ့​ကို​နမ်း​လော့​ဟု​ခိုင်း​၏။-
27 Ac ke el kalukyang in ngok mutal, Isaac el ngokak nuknuk lal, ouinge el akinsewowoyalla. Ac el fahk, “Foulin wen nutik uh loslos oana foulin ima ma LEUM GOD El akinsewowoye.
၂၇ယာ​ကုပ်​သည်​ဖ​ခင်​ထံ​ချဉ်း​ကပ်​၍​နမ်း​လိုက် သော​အ​ခါ ဣ​ဇာက်​သည်​သူ​၏​အ​ဝတ်​များ​ကို အ​နံ့​ခံ​လျက်``ငါ့​သား​၏​အ​နံ့​သည်​ထာ​ဝ​ရ ဘု​ရား​ကောင်း​ချီး​ပေး​သော​လယ်​၏​ရ​နံ့​ကဲ့ သို့​သင်း​ကြိုင်​ပါ​၏။-
28 God Elan asot nu sum aunfong inkusrao me, ac akkasrupye fohkon acn in ima lom! Ac lela Elan akpusye wheat ac wain lom!
၂၈ဘု​ရား​သ​ခင်​သည်​သင့်​အား​မိုး​ကောင်း​ကင်​မှ နှင်း​ကို​ပေး​တော်​မူ​၍ သင်​၏​လယ်​များ​ကို​မြေ သြ​ဇာ​ထက်​သန်​တော်​မူ​စေ​သ​တည်း။ ကိုယ်​တော် သည်​သင့်​အား​ကောက်​ပဲ​သီး​နှံ​နှင့်​စ​ပျစ်​ရည် များ​စွာ​ပေး​သ​နား​တော်​မူ​စေ​သ​တည်း။-
29 Mutunfacl puspis in kulansap nu sum, ac mwet uh in faksufi ye motom. Lela kom in leum fin sou lom nukewa, ac fwilin tulik nutin nina kiom in akfulatye kom. Lela elos su selngawi kom in selngawiyuk, ac elos su akinsewowoye kom in akinsewowoyeyuk.”
၂၉တိုင်း​နိုင်​ငံ​တို့​သည်​သင်​၏​အ​စေ​ကို​ခံ​ရ​ကြ စေ​သ​တည်း။ လူ​မျိုး​အ​ပေါင်း​တို့​သည်​သင့်​အား ဦး​ညွှတ်​ရ​ကြ​စေ​သ​တည်း။ သင်​သည်​ဆွေ​မျိုး သား​ချင်း​တို့​ကို​ကြီး​စိုး​ရ​စေ​သ​တည်း။ သင်​၏ အ​မိ​အ​ဆက်​အ​နွယ်​တို့​သည်​သင့်​အား​ဦး​ညွှတ် ရ​ကြ​စေ​သ​တည်း။ သင့်​အား​ကျိန်​စာ​သင့်​သော သူ​တို့​ကို​ကျိန်​စာ​သင့်​စေ​သ​တည်း။ သင့်​အား ကောင်း​ချီး​ပေး​သူ​တို့​သည်​ကောင်း​ချီး​ခံ​စား ရ​ကြ​စေ​သ​တည်း'' ဟု​ကောင်း​ချီး​ပေး​လေ ၏။
30 Isaac el akinsewowoyela Jacob tari, na Jacob el tuyak som. Tia paht na Esau, tamulel lal, el foloko liki sruh kosro lal.
၃၀ဣ​ဇာက်​သည်​ယာ​ကုပ်​အား​ကောင်း​ချီး​ပေး​ပြီး​၍ ဖ​ခင်​ထံ​မှ​ယာ​ကုပ်​ထွက်​သွား​သည့်​ခ​ဏ​အ​တွင်း သူ​၏​အစ်​ကို​ဧ​သော​သည်​အ​မဲ​လိုက်​ရာ​မှ ပြန်​ရောက်​လာ​၏။-
31 El oayapa akmolyela mwe mongo na yuyu ac usla nu yurin papa tumal. Ac el fahk, “Papa, tukakek kang kutu ikwen kosro nga us tuku nom inge, kom in tari akinsewowoyeyula.”
၃၁သူ​သည်​လည်း​စား​ဖွယ်​ကောင်း​သော​အမဲ​ဟင်း​လျာ ကို​ချက်​ပြီး​လျှင်​ဖ​ခင်​ထံ​သို့​ယူ​ခဲ့​လေ​သည်။ ထို​နောက်``အ​ဖ၊ ကျွန်​တော်​ယူ​ခဲ့​သော​အ​မဲ ဟင်း​ကို​ထ​၍​သုံး​ဆောင်​ပါ။ သုံး​ဆောင်​ပြီး လျှင်​ကျွန်​တော်​အား​ကောင်း​ချီး​ပေး​ပါ'' ဟု ဆို​လေ​၏။
32 Ac Isaac el siyuk, “Ku su kom an?” Ac Esau el fahk, “Nga Esau, wounse mukul nutum.”
၃၂ဣ​ဇာက်​က``သင်​မည်​သူ​နည်း'' ဟု​မေး​၏။ ဧ​သော​က``ကျွန်​တော်​သည်​ဖ​ခင်​၏​သား​ကြီး ဧ​သော​ဖြစ်​ပါ​သည်'' ဟု​ပြန်​ဖြေ​၏။
33 Manol Isaac nufon rarrarak, ac el siyuk, “Fin angan, ac su sruhk uniya kosro soko use nak ah? Nga mongo tufahna tari na pa kom utyak. Nga sang nufon mwe insewowo luk nu sel, ac inge ac ma na lal nwe tok.”
၃၃ထို​အ​ခါ​ဣ​ဇာက်​သည်​တစ်​ကိုယ်​လုံး​ဆတ်​ဆတ် တုန်​လျက်``အ​မဲ​ကောင်​ကို​ရ​၍​ငါ့​ထံ​သို့​ဟင်း ယူ​ခဲ့​သူ​ကား​မည်​သူ​နည်း။ သင်​မ​ရောက်​မီ​ငါ သည်​ဟင်း​ကို​စား​ပြီး​ပြီ။ ထို​သူ​အား​လည်း ကောင်း​ချီး​ပေး​ခဲ့​ပြီ။ ငါ​ကောင်း​ချီး​ပေး​ခဲ့ သည့်​အ​တိုင်း​သူ​ခံ​စား​ရ​မည်'' ဟု​ဆို​လေ သည်။
34 Ke Esau el lohng ma inge, el liksreni tung ac wowoyak, ac fahk, “Papa, akinsewowoyeyu pac!”
၃၄ဧ​သော​သည်​ထို​စ​ကား​ကို​ကြား​ရ​လျှင်​မ​ခံ မ​ရပ်​နိုင်​အောင်​ခံ​စား​ရ​သ​ဖြင့်``အို အ​ဖ၊ ကျွန်​တော့် အား​လည်း​ကောင်း​ချီး​ပေး​ပါ​ဦး'' ဟု​အ​သံ​ကျယ် စွာ​အော်​ဟစ်​တောင်း​ပန်​လေ​၏။
35 Isaac el fahk, “Tamulel lom el tuku ac kiapweyula. El eisla tari mwe insewowo lom.”
၃၅ဣ​ဇာက်​က``သင့်​ညီ​လာ​၍​ငါ့​ကို​လိမ်​လည်​လှည့်​ဖြား လေ​ပြီ။ သူ​သည်​သင်​ခံ​စား​ရ​မည့်​ကောင်း​ချီး​ကို ယူ​သွား​ပြီ'' ဟု​ဖြေ​ကြား​လေ​သည်။
36 Esau el fahk, “Pacl luola el aklalfonyeyu. Fal in pangpang inel Jacob. El eisla wal lun wounse luk, ac inge el eisla pac mwe insewowo luk. Ya wangin na pwaye mwe insewowo lula kom filiya luk?”
၃၆ဧ​သော​က``သူ​သည်​ကျွန်​တော်​အား​နှစ်​ကြိမ်​တိုင် တိုင်​ယာ​ကုပ်​ဟူ​သော​နာ​မည်​နှင့်​လိုက်​အောင်​လှည့် စား​ခဲ့​ပါ​ပြီ။ သူ​သည်​ကျွန်​တော်​၏​သား​ဦး​အ​ရာ ကို​တစ်​ကြိမ်၊ ယ​ခု​တစ်​ဖန်​ကျွန်​တော်​ခံ​စား​ရ မည့်​ကောင်း​ချီး​ကို​တစ်​ကြိမ်​ယူ​သွား​ပါ​ပြီ။ ကျွန်​တော်​အ​ဖို့​ကောင်း​ချီး​တစ်​ပါး​ပါး​မ​ကျန် ပါ​သ​လော'' ဟု​ဖ​ခင်​အား​မေး​လေ​၏။
37 Isaac el topuk, “Nga orala tari elan leum fom, ac tuh mwet wial nukewa fah mwet kulansap lal. Nga sang nu sel wheat ac wain. Inge, wen nutik, wangin ma nga ku in oru nu sum!”
၃၇ဣ​ဇာက်​က``ငါ​သည်​သူ့​အား​သင်​၏​အ​ရှင်​သ​ခင် ဖြစ်​စေ​ပြီ။ ဆွေ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​ကို လည်း​သူ​၏​အ​စေ​ကို​ခံ​စေ​ပြီ။ သူ့​အား​ကောက်​ပဲ သီး​နှံ​နှင့်​စ​ပျစ်​ရည်​တို့​ဖြင့်​ကြွယ်​ဝ​ပြည့်​စုံ​စေ ပြီ။ သို့​ဖြစ်​လျှင်​ငါ့​သား​သင့်​အ​တွက်​မည်​သို့ ဆောင်​ရွက်​ပေး​နိုင်​ပါ​သ​နည်း'' ဟု​ပြန်​ဖြေ​လေ ၏။
38 Esau el sifil pacna kwafe nu sin papa tumal ah, ac fahk, “Ya mwe insewowo sefanna lom, papa? Akinsewowoyeyu pac!” Na el sifilpa tung.
၃၈ဧ​သော​က``အို အ​ဖ၊ ဖ​ခင်​ထံ​၌​ပေး​စ​ရာ ကောင်း​ချီး​မင်္ဂ​လာ​တစ်​ပါး​မျှ​မ​ကျန်​ပါ သ​လော။ ကျွန်​တော့်​ကို​လည်း​ကောင်း​ချီး​မင်္ဂလာ ပေး​ပါ​ဦး'' ဟု​ဖ​ခင်​အား​ဆက်​လက်​တောင်း​ပန် ၍​ငို​ကြွေး​လေ​၏။
39 Na Isaac el fahk nu sel, “Wangin aunfong nu sum inkusrao me, Wangin acn wo ke ima uh lom.
၃၉ထို​အ​ခါ​ဣ​ဇာက်​က၊ ``သင့်​လယ်​များ​သည်​မြေ​သြ​ဇာ​မ​ရှိ၊မိုး ကောင်း​ကင်​မှ နှင်း​ကို​လည်း​မ​ရ​နိုင်။
40 Cutlass nutum pa ac sot enenu lom, Ac kom fah kulansupu tamulel lom. Tusruktu kom fin tuyak lainul, Kom ac fah pisrla liki ye nununku lal.”
၄၀သင်​သည်​ကိုယ့်​ဋ္ဌား​ဖြင့်​အ​သက်​မွေး​ရ​မည်။ သင်​၏​ညီ​အ​စေ​ကို​ခံ​ရ​မည်။ သို့​ရာ​တွင်​သင်​သည်​ကြိုး​ပမ်း​အား​ထုတ်​လျှင်၊ သူ​၏​အ​ချုပ်​အ​နှောင်​မှ​လွတ်​မြောက်​လိမ့်​မည်'' ဟု​ဆို​လေ​၏။
41 Esau el arulana srungalla Jacob, mweyen papa tumal ah tuh sang mwe insewowo ah nu sel. Ac el nunku sel sifacna, “Akuranna sun pacl in eoksra ke misa lal papa. Fin safla, na nga ac unilya Jacob.”
၄၁ယာ​ကုပ်​သည်​ဖခင်​ထံ​မှ​ကောင်းချီး​မင်္ဂလာ​ကို ခံ​ရ​သ​ဖြင့် ဧ​သော​သည်​သူ့​အား​ရန်​ငြိုး​ထား ၏။ ဧ​သော​က``ဖ​ခင်​အ​နိစ္စ​ရောက်​လျှင်​ရောက် ခြင်း​ယာ​ကုပ်​ကို​ငါ​သတ်​ပစ်​မည်'' ဟု​ကြုံး ဝါး​လေ​၏။
42 Tusruktu ke Rebecca el lohng ke akoo lal Esau ah, el sapla solalma Jacob ac fahk nu sel, “Esau tamulel lom, el akoo in foloksak nu sum ac unikomi.
၄၂ရေ​ဗက္က​သည်​ဧ​သော​၏​အ​ကြံ​ကို​ကြား​သိ​ရ သ​ဖြင့် ယာ​ကုပ်​ကို​ခေါ်​၍``သင့်​အစ်​ကို​ဧ​သော သည်​သင့်​အား​လက်​စား​ချေ​သတ်​ပစ်​ရန်​အ​ကြံ ထုတ်​လျက်​ရှိ​သည်။-
43 Wen nutik, inge kom oru ma nga fahk uh. Fahla ingena nwe yorol Laban tamulel luk in acn Haran,
၄၃ငါ့​သား၊ ငါ​ပြော​သည့်​အ​တိုင်း​ပြု​လုပ်​လော့။ ခါ​ရန် မြို့​၌​နေ​ထိုင်​သော​ငါ​၏​အစ်​ကို​လာ​ဗန်​ထံ​သို့ ယ​ခု​ချက်​ချင်း​သွား​ရန်​ပြင်​လော့။-
44 ac muta yorol nwe ke na kasrkusrak lun tamulel lom ohula
၄၄သင်​၏​အစ်​ကို​စိတ်​ပြေ​၍​သင်​သူ့​အား​ပြု​မိ သ​မျှ​ကို​မေ့​ပျောက်​သည့်​အ​ချိန်​အ​ထိ​သူ့​ထံ ၌​ခေတ္တ​တည်း​ခို​နေ​ထိုင်​လော့။-
45 ac el mulkunla ma kom oru nu sel inge. Tok nga ac fah supwaot sie mwet in folokinkomme. Mwe mea wen luo nutik in tukenina wanginla ke len sefanna?”
၄၅ထို​အ​ချိန်​ရောက်​လျှင်​ငါ​သည်​သင့်​ထံ​သို့​လူ စေ​လွှတ်​၍​ပြန်​လည်​ခေါ်​ဆောင်​မည်။ ငါ​သည် တစ်​နေ့​ချင်း​တွင်​သား​နှစ်​ယောက်​စ​လုံး​ကို အ​ဆုံး​မ​ခံ​နိုင်'' ဟု​ဆို​လေ​၏။
46 Rebecca el fahk nu sel Isaac, “Nga keokla sin mutan Hit kial Esau inge. Jacob el fin payukyak pac sin sie mutan Hit, ac mansis pacna ngan tari misa.”
၄၆ရေ​ဗက္က​က​ဣ​ဇာက်​အား``ကျွန်​မ​သည်​ဧ​သော​၏ အ​မျိုး​ချင်း​မ​တူ​သော​မ​ယား​များ​ကြောင့် သေ ချင်​အောင်​စိတ်​ညစ်​ရ​သည်။ အ​ကယ်​၍​ယာ​ကုပ် သည်​ဤ​အ​ရပ်​၌​ရှိ​သော ဟိတ္တိ​အ​မျိုး​သ​မီး တစ်​ဦး​ဦး​နှင့်​အိမ်​ထောင်​ကျ​မည်​ဆို​လျှင် ကျွန်​မ​အ​သက်​ရှင်​မ​နေ​နိုင်​တော့​ပါ'' ဟု ပြော​လေ​၏။

< Genesis 27 >