< 느헤미야 8 >
1 이스라엘 자손이 그 본성에 거하였더니 칠월에 이르러는 모든 백성이 일제히 수문 앞 광장에 모여 학사 에스라에게 여호와께서 이스라엘에게 명하신 모세의 율법책을 가지고 오기를 청하매
၁သတ္တမလရောက်မှ၊ မြို့ရွာအရပ်ရပ်၌နေသော ဣသရေလ အမျိုးသားလူအပေါင်းတို့သည် လာ၍ ရေတံခါးလမ်းတွင် စည်းဝေးကြ၏။ ဣသရေလအမျိုး၌ ထာဝရဘုရားထားတော်မူသော မောရှေပညတ္တိကျမ်း စာကို ဆောင်ခဲ့ပါဟု ကျမ်းတတ်ဆရာ ဧဇရကို တောင်း သည်အတိုင်း၊
2 칠월 일일에 제사장 에스라가 율법책을 가지고 남자, 여자 무릇 알아 들을만한 회중 앞에 이르러
၂နားထောင်နားလည်နိုင်သမျှသော ပရိသတ် ယောက်ျား မိန်းမတို့ ရှေ့သို့ သတ္တမလ ပဌမနေ့ရက်တွင်၊ ပညတ္တိကျမ်းစာကို ယဇ်ပုရောဟိတ် ဧဇရသည် ဆောင်ခဲ့ ၍၊
3 수문 앞 광장에서 새벽부터 오정까지 남자, 여자 무릇 알아 들을만한 자의 앞에서 읽으매 뭇백성이 그 율법책에 귀를 기울였는데
၃နားလည်နိုင်သောသူ၊ ယောက်ျားမိန်းမတို့ ရှေ့မှာ နံနက်အချိန်မှ စ၍ မွန်းတည့်အချိန်တိုင်အောင် ရေတံခါးလမ်းတွင် ဘတ်ရွတ်လေ၏။ လူအပေါင်းတို့သည် ပညတ္တိကျမ်းစကားကို စေ့စေ့နားထောင်ကြ၏။
4 때에 학사 에스라가 특별히 지은 나무 강단에 서매 그 우편에 선 자는 맛디댜와 스마와 아나야와 우리야와 힐기야와 마아세야요 그 좌편에 선 자는 브다야와 미사엘과 말기야와 하숨과 하스밧다나와 스가랴와 므술람이라
၄သူတို့လုပ်ကြသော တရားဟောရာသစ်သား ပလ္လင်ပေါ်မှာ၊ ကျမ်းတတ်ဆရာဧဇရသည် ရပ်၍ မတ္တိသ၊ ရှေမ၊ အနာယ၊ ဥရိယ၊ ဟိလခိ၊ မာသေယတို့သည် လက်ျာဘက်၌၎င်း၊ ပေဒါယ၊ မိရှေလ၊ မာလခိ၊ ဟာရှုံ၊ ဟာရှဗဒါန၊ ဇာခရိ၊ မေရှုလံတို့သည် လက်ဝဲဘက်၌၎င်း ရပ်နေကြ၏။
5 학사 에스라가 모든 백성 위에 서서 저희 목전에 책을 펴니 책을 펼 때에 모든 백성이 일어서니라
၅ထိုသို့ ဧဇရသည် လူအပေါင်းတို့ထက်သာ၍ မြင့်လျက်၊ လူအပေါင်းတို့ရှေ့မှာ ကျမ်းစာကို ဖွင့်သောအခါ၊ ဠူအပေါင်းတို့သည် ထကြ၏။
6 에스라가 광대하신 하나님 여호와를 송축하매 모든 백성이 손을 들고 아멘 아멘 응답하고 몸을 굽혀 얼굴을 땅에 대고 여호와께 경배하였느니라
၆ဧဇရသည် မြတ်စွာဘုရားသခင် ထာဝရဘုရား ကို ကောင်းကြီးပေး၏။ လူအပေါင်းတို့က အာမင်၊ အာမင်ဟု လက်တို့ကို ချီလျက်၊ ဝန်ခံ၍ ဦးချပြပ်ဝပ်လျက် ထာဝရဘုရားကို ကိုးကွယ်ကြ၏။
7 예수아와 바니와 세레뱌와 야민과 악굽과 사브대와 호디야와 마아세야와 그리다와 아사랴와 요사밧과 하난과 블라야와 레위 사람들이 다 그 처소에 섰는 백성에게 율법을 깨닫게 하는데
၇ယောရှု၊ ဗာနိ၊ ရှေရဘိ၊ ယာမိန်၊ အက္ကုပ်၊ ရှဗ္ဗေသဲ၊ ဟောဒိယ၊ မာသေယ၊ ကေလိတ၊ အာဇရိ၊ ယောဇဗဒ်၊ ဟာနန်၊ ပေလာယအစ ရှိသော လေဝိသားတို့သည်လည်း လူများတို့အား ပညတ္တိကျမ်းစာအနက်ကို ပြန်ကြားကြ၏။ လူများတို့သည်လည်း မိမိတို့နေရာ၌ နေကြ၏။
8 하나님의 율법책을 낭독하고 그 뜻을 해석하여 백성으로 그 낭독하는 것을 다 깨닫게 하매
၈ထိုသို့ဘုရားသခင်၏ ပညတ္တိကျမ်းစာကို သေချာစွာ ဘတ်ရွတ်၍ အနက်ကိုပြန်သဖြင့်၊ လူများ နားလည်စေခြင်းငှါ ပြုကြ၏။
9 백성이 율법의 말씀을 듣고 다 우는지라 총독 느헤미야와 제사장 겸 학사 에스라와 백성을 가르치는 레위 사람들이 모든 백성에게 이르기를 오늘은 너희 하나님 여호와의 성일이니 슬퍼하지 말며 울지 말라 하고
၉လူအပေါင်းတို့သည် ပညတ္တိကျမ်းစကားကို ကြားသောအခါ ငိုကြွေးကြသည်ဖြစ်၍၊ ပြည်အုပ်မင်း နေဟမိ၊ ကျမ်းတတ်ဆရာ ယဇ်ပုရောဟိတ် ဧဇရ၊ လူများ တို့အား သွန်သင်သော လေဝိသားတို့က၊ ဤသည်နေ့ရက် သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားအဘို့ သန့်ရှင်းသော နေ့ဖြစ်၏။ ငိုကြွေးမြည်တမ်းခြင်းကို မပြုကြနှင့်။
10 느헤미야가 또 이르기를 너희는 가서 살찐 것을 먹고 단 것을 마시되 예비치 못한 자에게는 너희가 나누어 주라 이 날은 우리 주의 성일이니 근심하지 말라 여호와를 기뻐하는 것이 너희의 힘이니라 하고
၁၀သွားကြလော့၊ မြိန်စွာသော အစာကိုစားကြ လော့။ ချိုသော အရည်ကိုသောက်ကြလော့။ ဆင်းရဲသော သူတို့အား ဝေမျှကြလော့။ ဤသည်နေ့ရက်သည် ငါတို့ ဘုရားရှင်အဘို့ သန့်ရှင်း၏။ ဝမ်းမနည်းကြနှင့်၊ ထာဝရ ဘုရားပေးတော်မူသောအခွင့်နှင့် အားယူ၍ ဝမ်းမြောက် ကြလော့ဟု လူအပေါင်းတို့အား ဆိုကြ၏။
11 레위 사람들도 모든 백성을 정숙케하여 이르기를 오늘은 성일이니 마땅히 종용하고 근심하지 말라 하매
၁၁ထိုသို့ လေဝိသားတို့က၊ ဤသည်နေ့ရက်သည် သန့်ရှင်းသော နေ့ဖြစ်သောကြောင့် တိတ်ဆိတ်စွာ နေကြ လော့။ ဝမ်းနည်းမနေကြနှင့်ဟု ဆို၍ လူအပေါင်းတို့ကို ငြိမ်းစေကြ၏။
12 모든 백성이 곧 가서 먹고 마시며 나누어 주고 크게 즐거워하였으니 이는 그 읽어 들린 말을 밝히 앎이니라
၁၂လူအပေါင်းတို့သည် ဟောပြောသော စကား များကို နားလည်သောကြောင့်၊ စားသောက်ခြင်း၊ သူတပါး တို့အား ဝေမျှခြင်း၊ အလွန်ပျော်မွေ့ခြင်းကို ပြုအံ့သောငှါ သွားကြ၏။
13 그 이튿날 뭇백성의 족장들과 제사장들과 레위 사람들이 율법의 말씀을 밝히 알고자 하여 학사 에스라의 곳에 모여서
၁၃ဒုတိယနေ့ရက်တွင်၊ အဆွေအမျိုးသူကြီးများတို့ နှင့်တကွ ယဇ်ပုရောဟိတ် လေဝိသားတို့သည် ပညတ္တိ ကျမ်းစကားကို နားလည်အံ့သောငှါ၊ ကျမ်းတတ်ဆရာ ဧဇရထံ၌ စည်းဝေးကြ၏။
14 율법책을 본즉 여호와께서 모세로 명하시기를 이스라엘 자손은 칠월 절기에 초막에 거할지니라 하였고
၁၄သတ္တမလပွဲကိုခံကြစဉ်၊ ဣသရေအမျိုးသား အပေါင်းတို့သည် သစ်ခက်တဲ၌ နေရကြမည်ဟု မောရှေ အားဖြင့် ထာဝရဘုရားထားတော်မူသော ပညတ္တိ ကျမ်းစာ၌ ရေးထားကြောင်းကို တွေ့ကြ၏။
15 또 일렀으되 모든 성읍과 예루살렘에 공포하여 이르기를 너희는 산에 가서 감람나무 가지와 들 감람나무 가지와 화석류나무 가지와 종려나무 가지와 기타 무성한 나무 가지를 취하여 기록한 바를 따라 초막을 지으라 하라 하였는지라
၁၅ထိုစကားကို ကြားသောအခါ၊ ကျမ်းစာ၌ ပါသည်အတိုင်း သစ်ခက်တဲတို့ကိုလုပ်ခြင်းငှါ တောင်သို့ သွားကြ။ သံလွင်ခက်၊ ထင်းရူးခက်၊ မုရတုခက်၊ စွန်ပလွံ ခက် အစရှိသော ထူထပ်သောအခက် အလက်မျိုးတို့ကို ဆောင်ခဲ့ကြဟု ယေရုရှလင်မြို့မှစ၍ ခပ်သိမ်းသော မြို့ရွာတို့၌ ကြော်ငြာကြ၏။
16 백성이 이에 나가서 나무 가지를 취하여 혹은 지붕 위에, 혹은 뜰안에, 혹은 하나님의 전 뜰에, 혹은 수문 광장에, 혹은 에브라임 문 광장에 초막을 짓되
၁၆လူများတို့သည် ထွက်သွား၍၊ သစ်ခက်တို့ကို ဆောင်ခဲ့ပြီးလျှင် အိမ်မိုးပေါ်မှာ၎င်း၊ မိမိဝင်းထဲ၊ ဗိမာန် တော်တန်တိုင်းထဲမှာ၎င်း၊ ရေတံခါးလမ်းနှင့် ဧဖရိမ်တံခါး လမ်းမှာ၎င်း သစ်ခက်တဲများကို လုပ်ကြ၏။
17 사로잡혔다가 돌아온 회 무리가 다 초막을 짓고 그 안에 거하니 눈의 아들 여호수아 때로부터 그 날까지 이스라엘 자손이 이같이 행함이 없었으므로 이에 크게 즐거워하며
၁၇ထိုသို့သိမ်းသွားခြင်းကို ခံရရာထဲကထွက်လာ သော ပရိသတ်အပေါင်းတို့သည် သစ်ခက်တဲတို့ကို လုပ်၍ ထိုင်နေကြ၏။ နုန်သား ယောရှုလက်ထက်မှစ၍ ဣသ ရေလအမျိုးသားတို့သည် တခါမျှ ထိုသို့မပြုကြ။ အလွန် ဝမ်းမြောက်လျက်နေကြ၏။
18 에스라는 첫날부터 끝날까지 날마다 하나님의 율법책을 낭독하고 무리가 칠 일 동안 절기를 지키고 제팔일에 규례를 따라 성회를 열었느니라
၁၈ပဌမနေ့မှစ၍ နောက်ဘုရားသခင်၏ ပညတ္တိ ကျမ်းစာကို ဘတ်ရွတ်ကြ၏။ ထိုပွဲကို ခုနစ်ရက်ပတ်လုံး ခံကြ၏။ ရှစ်ရက်မြောက်သောနေ့၌ တရားတော်အတိုင်း ဓမ္မပွဲကိုလည်းခဲ့ကြ၏။