< 사사기 19 >
1 이스라엘에 왕이 없을 그 때에 에브라임 산지 구석에 우거하는 어떤 레위 사람이 유다 베들레헴에서 첩을 취하였더니
၁ဣသရေလ ရှင်ဘုရင် မ ရှိသည်ကာလ ၊ ဧဖရိမ် တောင် ခါးပန်း ၌ တည်းခို သော လေဝိ လူ တယောက်သည်၊ ယုဒ ခရိုင် ဗက်လင် မြို့သူမိန်းမ တယောက်ကို သိမ်းယူ ၏။
2 그 첩이 행음하고 남편을 떠나 유다 베들레헴 그 아비의 집에 돌아가서 거기서 넉달의 날을 보내매
၂ထိုမိန်းမသည် လင် ကို ပြစ်မှား ၍ ဗက်လင် မြို့ မိမိ အဘ အိမ် သို့ သွား သဖြင့် လေး လ နေ လေ၏။
3 그 남편이 그 여자에게 다정히 말하고 그를 데려오고자 하여 하인 하나와 나귀 두 필을 데리고 그에게로 가매 여자가 그를 인도하여 아비의 집에 들어가니 그 여자의 아비가 그를 보고 환영하니라
၃လင် သည် သူ့ ကို ချော့မော့ ၍ ဆောင်ခဲ့ခြင်းငှါ ငယ်သား တယောက်နှင့် မြည်း နှစ် စီးပါ လျက် ထ သွား ၍ ရောက် သောအခါ၊ မယား ငယ်သည် မိမိ အဘ အိမ် ထဲသို့ ခေါ် သွင်း၍၊ အဘ သည် သမက် ကို တွေ့ မြင်လျှင် ဝမ်းမြောက် သောစိတ်ရှိ၍ သိမ်းဆည်း လေ၏။
4 그 첩장인 곧 여자의 아비가 그를 머물리매 그가 삼 일을 그와 함께 거하며 먹고 마시며 거기서 유숙하다가
၄ထိုကြောင့် သမက်သည် စား သောက် လျက် ၊ အိပ် လျက်၊ သုံး ရက် ပတ်လုံးယောက္ခမ အိမ်၌ နေ ၏။
5 나흘 만에 일찍이 일어나 떠나고자 하매 여자의 아비가 그 사위에게 이르되 떡을 조금 먹어 그대의 기력을 도운 후에 그대의 길을 행하라
၅စတုတ္တ နေ့ ရက်နံနက် စောစော ထ၍ ထွက် သွားအံ့သောငှါ ပြင်ဆင် သောအခါ ၊ ယောက္ခမက၊ မုန့် အနည်းငယ် ကို စား၍ အား ဖြည့်ပြီးမှ သွား ကြပါဟု သမက် အား ဆို သည့်အတိုင်း၊
6 두 사람이 앉아서 함께 먹고 마시매 여자의 아비가 그 사람에게 이르되 청하노니 이 밤을 여기서 유숙하여 그대의 마음을 즐겁게 하라
၆နှစ် ယောက်လုံးထိုင် ၍ စား သောက် လျက် နေကြ၏။ ယောက္ခမကလည်း၊ သဘောကျ ပါတော့။ ယနေ့ညဉ့်ကိုလည်း လွန်စေသဖြင့် ပျော်မွေ့ လျက် နေ ပါတော့ဟု သမက် အား ဆို ပြန်၍၊
7 그 사람이 일어나서 가고자 하되 첩장인의 간청으로 다시 유숙하더니
၇သမက် သည် သွား အံ့သောငှါ ထ သော်လည်း ၊ ယောက္ခမ သွေးဆောင် သဖြင့် သမက်သည် ထို အရပ်၌ အိပ် ပြန်လေ၏။
8 다섯째 날 아침에 일찍이 일어나 떠나고자 하매 여자의 아비가 이르되 청하노니 그대의 기력을 돕고 해가 기울도록 머물라 하므로 두 사람이 함께 먹고
၈ပဉ္စမ နေ့ ရက်နံနက် စောစော သွား အံ့သောငှါ ထသောအခါ ၊ ယောက္ခမက၊ အား ဖြည့်ပါဦးတော့ဟု ဆို ၍ မွန်းလွဲ သည်တိုင်အောင် နှစ် ယောက်လုံး စားသောက် လျက်နေကြ၏။
9 그 사람이 첩과 하인으로 더불어 일어나 떠나고자 하매 그 첩장인 곧 여자의 아비가 그에게 이르되 보라 이제 해가 저물어가니 청컨대 이 밤도 유숙하라 보라 해가 기울었느니라 그대는 여기서 유숙하여 그대의 마음을 즐겁게 하고 내일 일찍이 그대의 길을 행하여 그대의 집으로 돌아가라
၉ထိုသူသည် မယားငယ် နှင့် ငယ်သား ကို ခေါ်၍ သွား အံ့သောငှါ ထ ပြန်သောအခါ ၊ သူ ၏ ယောက္ခမ ဖြစ်သော ထိုမိန်းမ ၏ အဘ က၊ ကြည့် ပါ၊ မိုဃ်းချုပ် လုပြီ။ ယနေ့ညဉ့် ကိုလည်း လွန်စေပါတော့။ နေ့ အချိန် ကုန် လုပြီ။ ဤ အရပ်၌ အိပ် ၍ ပျော်မွေ့ လျက်နေပါတော့။ နက်ဖြန် နံနက်စောစော ထ၍ ကိုယ် နေရာ အရပ်သို့ သွား တော့ဟု ဆို သော်လည်း၊
10 그 사람이 다시 밤을 지내고자 아니하여 일어나 떠나서 여부스 맞은편에 이르렀으니 여부스는 곧 예루살렘이라 안장 지운 나귀 둘과 첩이 그와 함께 하였더라
၁၀သမက် သည် ထိုညဉ့် ကို မ လွန်စေဘဲ ထ သွား ၍ ကုန်းနှီး တင်သော မြည်း နှစ် စီးနှင့် မယားငယ် လည်း ပါ လျက် ယေရုရှလင် မြို့တည်းဟူသောယေဗုတ် မြို့အနီး သို့ ရောက် လေ၏။
11 그들이 여부스에 가까웠을 때에 해가 지려 하는지라 종이 주인에게 이르되 청컨대 우리가 돌이켜 여부스 사람의 이 성읍에 들어가서 유숙하사이다
၁၁ထိုမြို့ အနီး သို့ ရောက်သောအခါ ၊ မိုဃ်းချုပ် သောကြောင့်ငယ်သား က၊ နားထောင်ပါတော့။ ယေဗုသိ လူနေရာ ဤ မြို့ သို့ ဝင် ၍ အိပ် ကြကုန်အံ့ဟု သခင် အား ဆို သော်၊
12 주인이 그에게 이르되 우리가 돌이켜 이스라엘 자손에게 속하지 아니한 외인의 성읍으로 들어갈 것이 아니니 기브아로 나아가리라 하고
၁၂သခင် က၊ ဣသရေလ အမျိုးမ ဟုတ်၊ တပါး အမျိုးသားနေသောမြို့ သို့ မ ဝင် ၊ ဂိဗာ မြို့သို့ သွား ဦးမည်။
13 또 그 종에게 이르되 우리가 기브아나 라마 중 한 곳에 나아가 거기서 유숙하자 하고
၁၃ဂိဗာ မြို့၊ ရာမ မြို့ အစရှိ သော တစုံတခု သောအရပ် ၌ ညဉ့် ကိုလွန်စေခြင်းငှါသွား ကြကုန်အံ့ဟု ငယ်သား အား ဆို လျက်၊
14 모두 앞으로 행하더니 베냐민에 속한 기브아에 가까이 이르러는 해가 진지라
၁၄ခရီး သွားပြန်၍ ဗင်္ယာမိန် ခရိုင် ဂိဗာ မြို့အနီး သို့ ရောက်သောအခါ နေ ဝင် လေ၏။
15 기브아에 가서 유숙하려고 그리로 돌이켜 들어가서 성읍 거리에 앉았으나 그를 집으로 영접하여 유숙케 하는 자가 없었더라
၁၅ဂိဗာ မြို့မှာ ညဉ့် ကို လွန်စေမည်အကြံနှင့် မြို့ ထဲသို့ဝင် ၍ အဘယ်သူ မျှ ဧည့် မခံသေးသောကြောင့် လမ်း မှာ ထိုင် နေ၏။
16 이미 저물매 한 노인이 밭에서 일하다가 돌아오니 그 사람은 본래 에브라임 산지 사람으로서 기브아에 우거하는 자요 그곳 사람들은 베냐민 사람이더라
၁၆ဂိဗာ မြို့သားတို့သည် ဗင်္ယာမိန် အမျိုးသားဖြစ်ကြ၏။ သို့ရာတွင်တည်းခို သော ဧဖရိမ် တောင် သား လူ အို တယောက်ရှိသည်ဖြစ်၍၊ ထိုသူ သည် ညဦး ယံ၌ လယ် လုပ် ရာမှ လာ စဉ်၊
17 노인이 눈을 들어 성읍 거리에 행객이 있는 것을 본지라 노인이 묻되 그대는 어디로 가며 어디서 왔느뇨
၁၇မြော် ကြည့်၍ ၊ မြို့ လမ်း မှာ ဧည့်သည် တယောက် ရှိသည်ကိုမြင် လျှင် ၊ သင်သည် အဘယ် အရပ်သို့ သွား သနည်း၊ အဘယ် အရပ်က လာ သနည်းဟုမေး သော်၊
18 그가 그에게 이르되 우리는 유다 베들레헴에서 에브라임 산지 구석으로 가나이다 나는 그곳 사람으로서 유다 베들레헴에 갔다가 이제 여호와의 집으로 가는 중인데 나를 자기 집으로 영접하는 사람이 없나이다
၁၈ကျွန်ုပ် တို့သည် ယုဒ ခရိုင်ဗက်လင် မြို့မှ ဧဖရိမ် တောင် ခါးပန်း သို့ သွား ၏။ ကျွန်ုပ် သည် ဧဖရိမ်တောင် သားဖြစ်၏။ ဗက်လင် မြို့သို့ ခဏသွား ပြီးမှ ယခုထာဝရဘုရား ၏ အိမ် တော်သို့ သွား ၏။ အဘယ်သူ မျှ ဧည့် မခံသေး။
19 우리에게는 나귀들에게 먹일 짚과 보리가 있고 나와 당신의 여종과 당신의 종 우리들과 함께한 소년의 먹을 양식과 포도주가 있어 무엇이든지 부족함이 없나이다
၁၉သို့ရာတွင်မြည်း ဘို့ မြက် ခြောက်နှင့် အခြားကျွေး စရာရှိ ၏။ ကိုယ် နှင့် ကိုယ်တော် ကျွန်မ လိုက်လာသော ငယ်သား ဘို့ မုန့် နှင့် စပျစ်ရည် ရှိ ၏။ တစုံတခု မျှ မလို ပါဟု ပြောဆို ၏။
20 노인이 가로되 그대는 안심하라 그대의 모든 쓸 것은 나의 담책이니 거리에서는 자지 말라 하고
၂၀လူ အို ကလည်း ၊ သင် ၌ ချမ်းသာ ရှိပါစေသော။ သင် လို သမျှ သည် ငါ့ တာ ရှိစေတော့။ လမ်း မှာ ညဉ့် ကို မ လွန်စေနှင့်ဟုဆို လျက်
21 그를 데리고 자기 집에 들어가서 나귀에게 먹이니 그들이 발을 씻고 먹고 마시니라
၂၁၊မိမိ အိမ် သို့ ခေါ် သွင်း၍ မြည်း တို့ကို ကျွေး လေ၏။ သူတို့သည် ခြေ ကို ဆေး ၍ စား သောက် ကြ၏။
22 그들이 마음을 즐겁게 할 때에 그 성읍의 비류들이 그 집을 에워 싸고 문을 두들기며 집 주인 노인에게 말하여 가로되 네 집에 들어온 사람을 끌어내라 우리가 그를 상관하리라
၂၂ထိုသို့ ပျော်မွေ့ လျက်နေကြသောအခါ ၊ ထိုမြို့ သား အဓမ္မ လူ အချို့တို့သည် အိမ် ကို ဝိုင်း ၍ တံခါး ကို ရိုက် ကြ၏။ အိမ်ရှင် လူအို ကိုလည်းခေါ် ၍၊ သင့် အိမ် သို့ ဝင် သောယောက်ျား နှင့် ငါတို့သည် ဆက်ဆံ လိုသည်ဖြစ်၍ ၊ ထုတ် ခဲ့လော့ဟု ဆို ကြ၏။
23 집 주인 그 사람이 그들에게로 나와서 이르되 아니라 내 형제들아 청하노니 악을 행치 말라 이 사람이 내 집에 들었으니 이런 망령된 일을 행치 말라
၂၃အိမ်ရှင် သည်လည်း ထွက် ၍ ၊ ညီအစ်ကို တို့၊ ဆိုး သောအမှုကို မ ပြုပါနှင့်။ ဤ သူ သည် အကျွန်ုပ် အိမ် ၌ တည်းခို သောသူဖြစ်၍ အဓမ္မ မ ပြု ကြပါနှင့်။
24 보라 여기 내 처녀 딸과 이 사람의 첩이 있은즉 내가 그들을 끌어 내리니 너희가 그들을 욕보이든지 어찌하든지 임의로 하되 오직 이 사람에게는 이런 망령된 일을 행치 말라 하나
၂၄အကျွန်ုပ် ၌ သမီး ကညာ ရှိပါ၏။ သူ ၏မယားငယ် လည်း ရှိပါ၏။ သူ တို့ကို ထုတ် ၍ ပေးပါမည်။ သူ တို့ကို ရှုတ်ချ ကြပါ။ အလို ရှိသည်အတိုင်း ပြု ကြပါ။ ဤ ယောက်ျား ၌ ဤ မျှလောက်ဆိုး သောအမှု ကို မ ပြု ပါနှင့်ဟု တောင်းပန် သော်လည်း၊
25 무리가 듣지 아니하므로 그 사람이 자기 첩을 무리에게로 붙들어내매 그들이 그에게 행음하여 밤새도록 욕보이다가 새벽 미명에 놓은지라
၂၅သူတို့သည် နား မ ထောင်သောကြောင့် ၊ လေဝိလူ သည် မိမိ မယားငယ် ကို ထုတ် ၍အပ် သဖြင့် ၊ သူတို့သည် တညဉ့် လုံး အဓမ္မ ပြု၍ နံနက် တိုင်အောင် ရှုတ်ချ ပြီးမှ အာရုဏ် တက် မှ လွှတ် လိုက်ကြ၏။
26 동틀 때에 여인이 그 주인의 우거한 그 사람의 집 문에 이르러 엎드러져 밝기까지 거기 누웠더라
၂၆အာရုဏ် တက်သောအခါ ၊ မိန်းမ သည် လာ ၍ မိမိ သခင် နေရာ အိမ် တံခါး ရှေ့မှာ မိုဃ်းလင်း သည် တိုင်အောင် လဲ နေ၏။
27 그의 주인이 일찍이 일어나 집 문을 열고 떠나고자 하더니 그 여인이 집 문에 엎드러지고 그 두 손이 문지방에 있는 것을 보고
၂၇နံနက် အချိန်ရောက်မှ သူ ၏ သခင် သည် ထ ၍ အိမ် တံခါး ကို ဖွင့် သဖြင့် ၊ ခရီး သွား အံ့သောငှါ ထွက် သောအခါ ၊ မယားငယ် သည် အိမ် တံခါး ရှေ့မှာလဲ ၍ တံခါး ခုံကို လက် တင်လျက် ရှိသည် မြင် သော်၊
28 그에게 이르되 일어나라 우리가 떠나가자 하나 아무 대답이 없는지라 이에 그 시체를 나귀에 싣고 행하여 자기 곳에 돌아가서
၂၈ထ လော့။ သွား ကြကုန်အံ့ဟု ဆို သော်လည်း သူသည် ပြန် မ ပြောဘဲနေ၏။ ထိုအခါ ယောက်ျားသည် သူ့ ကို မြည်း ပေါ် မှာ တင် သဖြင့် မိမိ နေရာ သို့ သွား လေ၏။
29 그 집에 이르러서는 칼을 취하여 첩의 시체를 붙들어 그 마디를 찍어 열두 덩이에 나누고 그것을 이스라엘 사방에 두루 보내매
၂၉မိမိ အိမ် သို့ ရောက် သောအခါ ထား ကိုယူ ၍ မယားငယ် အကောင်ကို အရိုး နှင့်တကွဆယ် နှစ် ပိုင်း ပိုင်း ၍ ဣသရေလ ပြည် တရှောက်လုံး သို့ ပေး လိုက်လေ၏။
30 그것을 보는 자가 다 가로되 이스라엘 자손이 애굽 땅에서 나온 날부터 오늘날까지 이런 일은 행치도 아니하였고 보지도 못하였도다 생각하고 상의한 후에 말하자 하니라
၃၀သိမြင် သောသူ အပေါင်း တို့က၊ ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တု ပြည် က ထွက် သောနေ့ မှစ၍ ယနေ့ တိုင်အောင် ဤ ကဲ့သို့ သောအမှုကို အဘယ်သူမျှမ ပြု၊ တခါမျှမ ဖြစ် စဖူး။ ဆင်ခြင် ၍ တိုင်ပင် စီရင် ကြလော့ဟု ပြောဆို ကြ၏။