< 예레미야 41 >
1 칠월에 왕의 종친 엘리사마의 손자 느다냐의 아들 왕의 장관 이스마엘이 열 사람과 함께 미스바로 가서 아히감의 아들 그다랴에게 이르러 미스바에서 함께 떡을 먹다가
၁သတ္တမလ၌ဘုရင်ခံမင်း၏အရာရှိကြီး တစ်ဦးဖြစ်သူဧလိရှမာ၏မြေး၊ နာသနိ ၏သား၊ မင်းမျိုးမင်းနွယ်တစ်ဦးဖြစ်သူ ဣရှမေလသည်လူဆယ်ယောက်နှင့်အတူ ဂေဒလိအားတွေ့ဆုံရန် မိဇပါမြို့သို့လာ ၏။ သူတို့သည်အတူတကွမိဇပါမြို့တွင် စားသောက်လျက်နေကြစဉ်၊-
2 느다냐의 아들 이스마엘과 그와 함께 한 열 사람이 일어나서 바벨론 왕의 그 땅 총독으로 세운 바 사반의 손자 아히감의 아들 그다랴를 칼로 쳐죽였고
၂နသနိ၏သားဣရှမေလနှင့်သူ၏လူဆယ် ယောက်သည် မိမိတို့ဋ္ဌားများကိုဆွဲထုတ်ပြီး နောက် ပြည်နယ်ဘုရင်ခံအဖြစ်ဗာဗုလုန် ဘုရင်ခန့်ထားသည့်ဂေဒလိကိုခုတ်သတ် ကြကုန်၏။-
3 이스마엘이 또 미스바에서 그다랴와 함께한 모든 유다인과 거기 있는 갈대아 군사를 죽였더라
၃ဣရှမေလသည်မိဇပါမြို့တွင်ဂေဒလိ နှင့်အတူရှိနေသည့်ယုဒအမျိုးသားများ နှင့် ထိုအရပ်တွင်ရှိသမျှသောဗာဗုလုန် စစ်သူရဲတို့ကိုလည်းသတ်ဖြတ်လေသည်။
4 그가 그다랴를 죽인 지 이틀이 되었어도 이를 아는 사람이 없었더라
၄နောက်တစ်နေ့၌ဂေဒလိအားလုပ်ကြံမှု ကို အဘယ်သူမျှမသိသေးမီ၊-
5 때에 사람 팔십 명이 그 수염을 깎고 옷을 찢고 몸을 상하고 손에 소제물과 유향을 가지고 세겜과 실로와 사마리아에서부터 와서 여호와의 집으로 나아가려 한지라
၅ရှေခင်၊ ရှိလောနှင့်ရှမာရိမြို့တို့မှလူရှစ် ဆယ်တို့ရောက်ရှိလာကြ၏။ သူတို့သည်မုတ် ဆိတ်များကိုရိတ်ပြီးလျှင် မိမိတို့၏အဝတ် များကိုဆွဲဆုတ်ကာကိုယ်ခန္ဓာကိုလည်းထိရှ ၍ထားကြ၏။ သူတို့သည်ဗိမာန်တော်တွင် ပူဇော်ရန်ပူဇော်သကာနှင့်နံ့သာပေါင်း ကိုဆောင်ယူလာကြလေသည်။-
6 느다냐의 아들 이스마엘이 그들을 영접하러 미스바에서 나와서 울며 행하다가 그들을 만나 아히감의 아들 그다랴에게로 가자 하여
၆သို့ဖြစ်၍ဣရှမေလသည် သူတို့အားကြို ဆိုရန်မိဇပါမြို့မှထွက်ခွာပြီးလျှင် တစ် လမ်းလုံးငိုကြွေးလျက်သွား၏။ သူသည် ထိုသူတို့နှင့်တွေ့ဆုံမိသောအခါသူတို့ အား``ဂေဒလိထံသို့လာရောက်ကြပါ'' ဟုခေါ်ဖိတ်လေသည်။-
7 그들이 성 중앙에 이를 때에 느다냐의 아들 이스마엘이 자기와 함께 한 사람들로 더불어 그들을 죽여 구덩이에 던지니라
၇ထိုသူတို့မြို့တွင်းသို့ရောက်ရှိသည်နှင့်တစ် ပြိုင်နက် ဣရှမေလနှင့်သူ၏ငယ်သားတို့ သည် ထိုသူတို့အားသတ်၍အလောင်းများ ကိုရေတွင်းထဲသို့ပစ်ချကြ၏။
8 그 중에 열 사람은 이스마엘에게 이르기를 우리가 밀과 보리와 기름과 꿀을 밭에 감추었으니 우리를 죽이지 말라 하였으므로 그가 그치고 그들을 그 형제와 함께 죽이지 아니하였더라
၈သို့ရာတွင်ထိုလူစုအနက်လူဆယ်ယောက် က``အကျွန်ုပ်တို့အားမသတ်ပါနှင့်။ အကျွန်ုပ် တို့မှာလယ်ကွက်များတွင်ဝှက်ထားသည့်ဂျုံ၊ မုယော၊ သံလွင်ဆီနှင့်ပျားရည်များရှိပါ သည်'' ဟုပြောသဖြင့်ဣရှမေလသည်သူ တို့အားမသတ်ဘဲအသက်ချမ်းသာခွင့် ပေးလေသည်။-
9 이스마엘이 그다랴에게 속한 사람들을 죽이고 그 시체를 던진 구덩이는 아사 왕이 이스라엘 왕 바아사를 두려워하여 팠던 것이라 느다냐의 아들 이스마엘이 그 죽인 시체로 거기 채우고
၉မိမိသတ်ဖြတ်လိုက်သူတို့၏အလောင်းများ ကိုဣရှမေလပစ်ချသည့်ရေတွင်းကား အလွန်ကြီး၍ ဣသရေလဘုရင်ဗာရှာ၏ဘေး မှခုခံကာကွယ်ရန် အာသမင်းတူးထားသည့် ရေတွင်းဖြစ်သတည်း။ ဣရှမေလသည်မိမိ သတ်ဖြတ်လိုက်သည့်လူသေအလောင်းများ ဖြင့်ထိုတွင်းကိုပြည့်စေ၏။-
10 미스바에 남아 있는 왕의 딸들과 모든 백성 곧 시위대장 느부사라단이 아히감의 아들 그다랴에게 위임하였던 바 미스바에 남아 있는 모든 백성을 사로잡되 곧 느다냐의 아들 이스마엘이 그들을 사로잡고 암몬 자손에게로 가려 하여 떠나니라
၁၀ထိုနောက်ဣရှမေလသည် ဂေဒလိ၏စောင့် ရှောက်မှုကိုခံယူစေရန် တပ်မှူးနေဗုဇာရဒန် အပ်နှံထားသည့်ဘုရင့်သမီးတော်များနှင့် မိဇပါမြို့တွင်ကျန်ရှိနေသေးသူအပေါင်း တို့အားဖမ်းဆီးချုပ်နှောင်ပြီးလျှင် သုံ့ပန်း များအဖြစ်ဖြင့်အမ္မုန်ပြည်ရှိရာသို့ခေါ် ဆောင်သွားလေသည်။
11 가레아의 아들 요하난과 그와 함께 있는 모든 군대장관이 느다냐의 아들 이스마엘의 행한 모든 악을 듣고
၁၁ဣရှမေလကူးလွန်သည့်ရာဇဝတ်မှုများ အကြောင်းကို ကာရာ၏သားယောဟနန်နှင့် တပ်မတော်ခေါင်းဆောင်များကြားသိကြ သောအခါ၊-
12 모든 사람을 데리고 느다냐의 아들 이스마엘과 싸우러 가다가 기브온 큰 물가에서 그를 만나매
၁၂မိမိတို့တပ်သားများကိုခေါ်၍ ဣရှမေလ ကိုတိုက်ခိုက်ရန်ထွက်သွားကြရာဂိဘောင်မြို့ အနီးရေကန်ကြီးတွင်သူ့အားလိုက်၍မီ ကြ၏။-
13 이스마엘과 함께 있던 모든 백성이 가레아의 아들 요하난과 그와 함께 한 모든 군대장관을 보고 기뻐한지라
၁၃ဣရှမေလ၏သုံ့ပန်းများသည်ယောဟနန် ကိုလည်းကောင်း၊ သူနှင့်ပါလာသည့်တပ်မ တော်ခေါင်းဆောင်များကိုလည်းကောင်း မြင် သောအခါဝမ်းမြောက်ကြကုန်လျက်၊-
14 이에 미스바에서 이스마엘에게 포로되었던 그 모든 백성이 돌이켜 가레아의 아들 요하난에게로 돌아가니
၁၄ယောဟနန်ရှိရာသို့လှည့်၍ပြေးလာကြလေ သည်။-
15 느다냐의 아들 이스마엘이 여덟 사람과 함께 요하난을 피하여 암몬 자손에게로 가니라
၁၅သို့ရာတွင်ဣရှမေလနှင့် သူ၏လူရှစ်ယောက်တို့ မူကား ယောဟနန်ထံမှတိမ်းရှောင်ကာအမ္မုန် ပြည်သို့လွတ်မြောက်သွားကြ၏။
16 가레아의 아들 요하난과 그와 함께하는 모든 군대장관이 느다냐의 아들 이스마엘이 아히감의 아들 그다랴를 죽이고 미스바에서 잡아간 모든 남은 백성 곧 군사와 여인과 유아와 환관을 기브온에서 빼앗아 가지고 돌아와서
၁၆ဂေဒလိအားသတ်ပြီးနောက်မိဇပါမြို့မှ သုံ့ပန်းများအဖြစ် ဣရှမေလခေါ်ဆောင် လာသောစစ်သူရဲများ၊ အမျိုးသမီးများ၊ ကလေးသူငယ်များနှင့်မိန်းမစိုးများအား ယောဟနန်နှင့်သူ၏တပ်မှူးများကထိန်း သိမ်းစောင့်ရှောက်ထားကြ၏။-
17 애굽으로 가려 하여 떠나 베들레헴 근처에 있는 게롯김함에 머무렀으니
၁၇သူတို့သည်ဂိဘောင်မြို့မှယောဟနန်ဆောင် ယူလာသူအပေါင်းတို့အားထိန်းသိမ်းစောင့် ရှောက်ကာထွက်ခွာလာကြပြီးလျှင် ဗက်လင် မြို့အနီးခိမဟံစခန်း၌ရပ်နားကြ၏။ သူ တို့သည်ဗာဗုလုန်အမျိုးသားတို့၏ဘေး မှကင်းဝေးကြစေရန်အီဂျစ်ပြည်သို့ သွားကြ၏။-
18 이는 느다냐의 아들 이스마엘이 바벨론 왕의 그 땅 총독으로 세운 아히감의 아들 그다랴을 죽였으므로 그들이 갈대아인을 두려워함이었더라
၁၈ဣရှမေလသည်ယုဒဘုရင်ခံအဖြစ် ဗာဗုလုန်ဘုရင်ခန့်ထားခဲ့သူဂေဒလိအား သတ်ဖြတ်ခဲ့သည့်အတွက် သူတို့သည်ဗာဗု လုန်အမျိုးသားတို့ကိုကြောက်ကြ၏။