< 이사야 54 >

1 잉태치 못하며 생산치 못한 너는 노래할지어다 구로치 못한 너는 외쳐 노래할지어다 홀로 된 여인의 자식이 남편 있는 자의 자식보다 많음이니라 여호와의 말이니라
အို ယေ​ရု​ရှ​လင်​မြို့၊သင်​သည်​သား​သ​မီး​မ​ရ သည့် အ​မျိုး​သ​မီး​နှင့်​တူ​၍​နေ​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ဝမ်း​မြောက်​ရွှင်​လန်း​စွာ သီ​ချင်း​ဆို​၍​ကြွေး​ကြော်​နိုင်​လေ​ပြီ။ ယ​ခု​သင်​သည်​ခင်​ပွန်း​ဖြစ်​သူ​၏​စွန့်​ပစ်​မှု​ကို အ​ဘယ်​အ​ခါ​၌​မျှ​မ​ခံ​ရ​ဘူး​သည့် အ​မျိုး​သ​မီး​ထက်​ပင်​ပို​၍​သား​သ​မီး​များ​ကို ရ​ရှိ​ပေ​လိမ့်​မည်။
2 네 장막터를 넓히며 네 처소의 휘장을 아끼지 말고 널리 펴되 너의 줄을 길게 하며 너의 말뚝을 견고히 할지어다
သင်​နေ​ထိုင်​သည့်​တဲ​ကို​တိုး​ချဲ့​ပါ​လော့။ တဲ​၏​ကု​လား​ကာ​များ​ကို​ဆန့်​ထုတ်​လော့၊ မ​တွန့်​ဆုတ်​နှင့်။ တဲ​ကြိုး​တို့​ကို​ရှည်​အောင်​ပြု​၍​ပန္နက်​တိုင်​များ​ကို ခိုင်​မြဲ​အောင်​ရိုက်​လော့။
3 이는 네가 좌우로 퍼지며 네 자손은 열방을 얻으며 황폐한 성읍들로 사람 살 곳이 되게 할 것임이니라
သင်​သည်​မိ​မိ​၏​နယ်​နိ​မိတ်​များ​ကို​အ​ဘက်​ဘက်​မှ တိုး​ချဲ့​ရ​လိမ့်​မည်။ ယ​ခု​အ​ခါ၊လူ​မျိုး​ခြား​တို့​နေ​ထိုင်​ရာ​ပြည်​ကို သင်​၏​အ​မျိုး​သား​တို့​သည်​ပြန်​လည်​ရ​ရှိ​ကြ​လိမ့်​မည်။ ယ​ခု​အ​ခါ​လူ​သူ​ဆိတ်​ငြိမ်​လျက်​နေ​သော​မြို့​တို့​သည် စည်​ကား​၍​လာ​လိမ့်​မည်။
4 두려워 말라 네가 수치를 당치 아니하리라 놀라지 말라 네가 부끄러움을을 보지 아니하니라 네가 네 청년 때의 수치를 잊겠고 과부 때의 치욕을 다시 기억함이 없으리니
မ​ကြောက်​နှင့်၊သင်​သည်​နောက်​တစ်​ဖန် အ​သ​ရေ​ပျက်​ရ​တော့​မည်​မ​ဟုတ်။ ရှုတ်​ချ​ခြင်း​ကို​လည်း​ခံ​ရ​လိမ့်​မည်​မ​ဟုတ်။ သင်​သည်​ငယ်​ရွယ်​စဉ်​အ​ခါ​က​သစ္စာ​မဲ့​သည့် ဇ​နီး ဖြစ်​ခဲ့​မှု​ကို​လည်း​ကောင်း၊ မု​ဆိုး​မ​အ​ဖြစ်​ဖြင့်​မ​ကြံ​တတ်​အောင်​ပင် ကိုယ်​တိုင်​ကြုံ​ခဲ့​ရ​သည်​ကို​လည်း​ကောင်း၊ မေ့​လျော့​သွား​လိမ့်​မည်။
5 이는 너를 지으신 자는 네 남편이시라 그 이름은 만군의 여호와시며 네 구속자는 이스라엘의 거룩한 자시라 온 세상의 하나님이라 칭함을 받으실 것이며
သင့်​ကို​ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​သည်၊ သင်​၏​ခင်​ပွန်း​ပ​မာ​သင့်​အား​ကြည့်​ရှု​စောင့်​ရှောက် တော်​မူ​လိမ့်​မည်။ ထို​အ​ရှင်​၏​နာ​မ​တော်​ကား၊အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​သ​တည်း။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း မြင့်​မြတ်​သော ဘု​ရား​သ​ခင်​သည်​သင့်​ကို​ကယ်​တင်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​ကမ္ဘာ​လော​က​ကို အ​စိုး​ရ​တော်​မူ​ပါ​သည်​တ​ကား။
6 여호와께서 너를 부르시되 마치 버림을 입어 마음에 근심하는 아내 곧 소시에 아내 되었다가 버림을 입은 자에게 함 같이 하실 것임이니라 네 하나님의 말씀이니라
အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊သင်​တို့​သည်၊ ခင်​ပွန်း​ဖြစ်​သူ​စွန့်​ပစ်​သ​ဖြင့်၊အ​လွန်​စိတ်​ဒုက္ခ ရောက်​လျက်​နေ​သည့်​ဇ​နီး​ငယ်​တစ်​ဦး​နှင့်​တူ​ကြ​၏။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို ပြန်​လည်​ခေါ်​ယူ​တော်​မူ​ပါ​၏။
7 내가 잠시 너를 버렸으나 큰 긍휼로 너를 모을 것이요
``ငါ​သည်​သင်​တို့​အား​ခေတ္တ​မျှ​စွန့်​ပယ်​ခဲ့​သော်​လည်း နက်​နဲ​သည့်​မေတ္တာ​ဖြင့်​ပြန်​လည်​သိမ်း​ပိုက်​မည်။
8 내가 넘치는 진노로 내 얼굴을 네게서 잠시 가리웠으나 영원한 자비로 너를 긍휼히 여기리라 네 구속자 여호와의 말이니라
ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့်​သင်​တို့​ထံ​မှ မျက်​နှာ​လွှဲ​၍​နေ​ခဲ့​၏။ သို့​ရာ​တွင်​မေတ္တာ​တော်​ကို​သင်​တို့​အား​ထာ​ဝ​စဉ် ငါ​ပြ​မည်'' ဟု သင်​တို့​ကို​ကယ်​တင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ပါ​၏။
9 이는 노아의 홍수에 비하리로다 내가 다시는 노아의 홍수로 땅 위에 범람치 않게 하리라 맹세한 것 같이 내가 다시는 너를 노하지 아니하며 다시는 너를 책망하지 아니하기로 맹세하였노니
``ငါ​သည်​ကမ္ဘာ​မြေ​ကြီး​ကို​နောက်​တစ်​ဖန် ရေ​လွှမ်း​မိုး​စေ​လိမ့်​မည်​မ​ဟုတ်​ဟု နော​ဧ​၏​လက်​ထက်​၌​က​တိ​ပြု​ခဲ့​၏။ သင်​တို့​အား​နောက်​တစ်​ဖန် အ​မျက်​ထွက်​တော်​မူ​လိမ့်​မည်​မ​ဟုတ်​ကြောင်း ယ​ခု​ငါ​က​တိ​ပြု​ပါ​၏။ ငါ​သည်​သင်​တို့​အား​ပြစ်​တင်​ဆုံး​မ​မှု​နှင့် အ​ပြစ်​ဒဏ်​ခတ်​မှု​ကို​ပြု​လိမ့်​မည်​မ​ဟုတ်​ပါ။
10 산들은 떠나며 작은 산들은 옮길지라도 나의 인자는 네게서 떠나지 아니하며 화평케 하는 나의 언약은 옮기지 아니하리라 너를 긍휼히 여기는 여호와의 말이니라
၁၀တောင်​ကြီး​တောင်​ငယ်​တို့​သည်​ပြို​ကွဲ ပျက်​စီး​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​အ​ပေါ်​၌​ထား​ရှိ​သည့် ငါ​၏​မေတ္တာ​တော်​သည်​အ​ဘယ်​အ​ခါ​၌​မျှ ပျက်​သုဉ်း​လိမ့်​မည်​မ​ဟုတ်။ ငြိမ်း​ချမ်း​ရေး​ဆိုင်​ရာ​က​တိ​တော်​ကို​ငါ​သည် အ​စဉ်​တည်​မြဲ​စေ​မည်'' ဟု သင်​တို့​ကို​ချစ်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ပါ​၏။
11 너 곤고하며 광풍에 요동하여 안위를 받지 못한 자여 보라 내가 화려한 채색으로 네 돌 사이에 더하며 청옥으로 네 기초를 쌓으며
၁၁``အို ယေ​ရု​ရှ​လင်​မြို့၊ဒုက္ခ​ရောက်​လျက်၊ အား​ကိုး​ရာ​မဲ့​ဖြစ်​ကာ၊ နှစ်​သိမ့်​မည့်​သူ မ​ရှိ​သည့်​မြို့၊ ငါ​သည်​သင်​၏​အုတ်​မြစ်​များ​ကို​အ​ဖိုး​တန် ကျောက်​များ​ဖြင့်​ပြန်​လည်​တည်​ဆောက်​မည်။
12 홍보석으로 네 성첩을 지으며 석류석으로 네 성문을 만들고 네 지경을 다 보석으로 꾸밀 것이며
၁၂သင်​၏​ပြ​အိုး​များ​ကို​ပတ္တ​မြား​ဖြင့်​လည်း​ကောင်း၊ သင်​၏​တံ​တိုင်း​တို့​ကို​ကျောက်​မျက်​ရ​တ​နာ များ​ဖြင့်​လည်း​ကောင်း၊ သင်​၏​နံ​ရံ​များ​ကို​အ​ဖိုး​တန်​ရ​တ​နာ များ​ဖြင့်​လည်း​ကောင်း၊ပြန်​လည်​တည်​ဆောက်​မည်။
13 네 모든 자녀는 여호와의 교훈을 받을 것이니 네 자녀는 크게 평강할 것이며
၁၃``သင်​၏​လူ​တို့​အား​ငါ​ကိုယ်​တိုင်​ဆုံး​မ​သွန်​သင်​မည်။ သင်​၏​သား​သ​မီး​တို့​အား​ချမ်း​သာ​ကြွယ်​ဝ​မှု​နှင့် ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ငါ​ပေး​မည်။
14 너는 의로 설 것이며 학대가 네게서 멀어질 것인즉 네가 두려워 아니할 것이며 공포 그것도 너를 가까이 못할 것이라
၁၄သင်​သည်​သူ​တော်​ကောင်း​တ​ရား​တွင်​အ​ခြေ​ခံ သ​ဖြင့် တည်​တံ့​ခိုင်​မြဲ​လိမ့်​မည်။ နှိပ်​စက်​ညှင်း​ဆဲ​မှု၊ထိတ်​လန့်​တုန်​လှုပ်​မှု​တို့​နှင့် ကင်း​ဝေး​ရ​လိမ့်​မည်။
15 그들이 모일지라도 나로 말미암지 아니한 것이니 누구든지 모여 너를 치는 자는 너를 인하여 패망하리라
၁၅အ​ကယ်​၍​သင့်​အား​ထိ​ပါး​တိုက်​ခိုက်​လာ​သူ တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​မူ၊ ထို​သူ​သည်​ငါ​၏​ခွင့်​ပြု​ချက်​ကို​ရ​ရှိ​လိမ့်​မည်​မ​ဟုတ်။ သင့်​အား​စစ်​ပြိုင်​လာ​သူ​မှန်​သ​မျှ​သည် ကျ​ဆုံး​ရ​ကြ​လိမ့်​မည်။
16 숯불을 불어서 자기가 쓸만한 기계를 제조하는 장인도 내가 창조하였고 파괴하며 진멸하는 자도 내가 창조하였은즉
၁၆``မီး​ကို​မွှေး​၍​လက်​နက်​များ​ကို​ပြု​လုပ်​သူ ပန်း​ပဲ​ဆ​ရာ​ကို​ငါ​ဖန်​ဆင်း​၏။ သတ်​ဖြတ်​ရန်​အ​တွက်​ထို​လက်​နက်​များ​ကို အ​သုံး​ပြု​သူ​စစ်​သူ​ရဲ​ကို​လည်း​ငါ​ဖန်​ဆင်း​၏။
17 무릇 너를 치려고 제조된 기계가 날카롭지 못할 것이라 무릇 일어나 너를 대적하여 송사하는 혀는 네게 정죄를 당하리니 이는 여호와의 종들의 기업이요 이는 그들이 내게서 얻은 의니라 여호와의 말이니라
၁၇သို့​ရာ​တွင်​အ​ဘယ်​လက်​နက်​မျှ​သင့်​အား​အ​နာ​တ​ရ ဖြစ်​စေ​နိုင်​လိမ့်​မည်​မဟုတ်။ သင်​သည်​မိ​မိ​အား​ပြစ်​တင်​စွပ်​စွဲ​သူ​မှန်​သ​မျှ​ကို ပြန်​လည်​ချေ​ပ​နိုင်​လိမ့်​မည်။ ငါ​သည်​မိ​မိ​၏​အ​စေ​ခံ​များ​ကာ​ကွယ်​စောင့်​ရှောက်​ရန် အောင်​ပွဲ​ကို​ပေး​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​တော်​မူ​သော စ​ကား​ပင်​ဖြစ်​သ​တည်း။

< 이사야 54 >

A Dove is Sent Forth from the Ark
A Dove is Sent Forth from the Ark