< 에스겔 40 >
1 우리가 사로잡힌지 이십오년이요 성이 함락된 후 십사년 정월 십일 곧 그 날에 여호와의 권능이 내게 임하여 나를 데리고 이스라엘 땅으로 가시되
၁ငါတို့သည် သိမ်းသွားခြင်းကိုခံရာ သက္ကရာဇ် နှစ်ဆယ်ငါးခု၊ ပဌမလဆယ်ရက်နေ့၊ မြို့တော်ကို လုပ်ကြံ ၍၊ တဆယ်လေးနှစ်စေ့သောနေ့ တွင်၊ ထာဝရဘုရား၏ လက်တော်သည် ငါ့အပေါ်မှာရှိ၍ ထိုမြို့သို့ဆောင် သွားတော်မူ၏။
2 하나님의 이상 중에 나를 데리고 그 땅에 이르러 나를 극히 높은 산 위에 내려 놓으시는데 거기서 남으로 향하여 성읍 형상 같은 것이 있더라
၂ဘုရားသခင်၏ ဗျာဒိတ်ရူပါရုံအားဖြင့် ငါ့ကို ဣသရေလပြည်သို့ ဆောင်သွား၍၊ အလွန်မြင့်သော တောင်ပေါ်မှာ တင်ထားတော်မူ၏။ ထိုတောင်အနားမှာ တောင်ဘက်၌မြို့ပုံသဏ္ဌာန်ရှိ၏။
3 나를 데리시고 거기 이르시니 모양이 놋 같이 빛난 사람 하나가 손에 삼줄과 척량하는 장대를 가지고 문에 서서 있더니
၃ထိုအရပ်သို့ ငါ့ကိုဆောင်သွားတော်မူသောအခါ၊ ကြေးဝါကဲ့သို့ အဆင်းအရောင်ရှိသော လူတဦးသည် တိုင်းစရာ ကျူလုံးနှင့်ချည်ကြိုးကို ကိုင်လျက်မြို့တံခါးဝမှာ ရပ်နေ၏။
4 그 사람이 내게 이르되 인자야 내가 네게 보이는 그것을 눈으로 보고 귀로 들으며 네 마음으로 생각할지어다 내가 이것을 네게 보이려고 이리로 데리고 왔나니 너는 본 것을 다 이스라엘 족속에게 고할지어다 하더라
၄ထိုသူက၊ အချင်းလူသား၊ စေ့စေ့ကြည့်ရှုလော့။ စေ့စေ့နားထောင်လော့။ ငါပြလတံ့သမျှတို့ကို နှလုံးသွင်း လော့။ သင့်အား ငါပြအံ့သောငှါ သင့်ကိုဤအရပ်သို့ ဆောင်ခဲ့တော်မူပြီ၊ မြင်သမျှတို့ကိုလည်း ဣသရေလ အမျိုးအားပြရမည်ဟုဆို၏။
5 내가 본즉 집 바깥 사면으로 담이 있더라 그 사람의 손에 척량하는 장대를 잡았는데 그 장이 팔꿈치에서 손가락에 이르고 한 손바닥 넓이가 더한 자로 육 척이라 그 담을 척량하니 두께가 한 장대요 고도 한 장대며
၅အိမ်တော်ပြင်ပတ်လည်၌ တန်တိုင်းရှိ၏။ ထိုသူသည် သံတောင်အားဖြင့် အရှည်ခြောက်တောင် ရှိသော ကျူလုံးကို ကိုင်လျက်၊ ထိုတန်တိုင်းကိုတိုင်း၍ အထုကျူတပြန်၊ အမြင့်လည်း ကျူတပြန်ရှိ၏။
6 그가 동향한 문에 이르러 층계에 올라 그 문통을 척량하니 장이 한 장대요 그 문 안통의 장도 한 장대며
၆ထိုနောက်၊ အရှေ့တံခါးသို့သွား၍ လှေကားကို တက်ပြီးမှ၊ တံခါးထုပ်နှင့် တံခါးခုံကိုတိုင်း၍ အနံ ကျူတပြန်စီရှိ၏။
7 그 문간에 문지기 방들이 있는데 각기 장이 한 장대요 광이 한 장대요 매방 사이 벽이 오 척이며 안 문통의 장이 한 장대요 그 앞에 현관이 있고 그 앞에 안 문이 있으며
၇အခန်းငယ်တို့သည် တခန်းနှင့်တခန်း ငါး တောင်ကွာလျက် အလျားကျူတပြန်၊ အနံလည်း ကျူတပြန်စီရှိကြ၏။
8 그가 또 안 문의 현관을 척량하니 한 장대며
၈အတွင်းတံခါးခုံလည်း အနံကျူတပြန်ရှိ၏။
9 안 문의 현관을 또 척량하니 팔 척이요 그 문 벽은 이 척이라 그 문의 현관이 안으로 향하였으며
၉တံခါးမုတ်ကိုလည်း တိုင်း၍အလျားရှစ်တောင် ရှိ၏။ မုတ်တိုင်အမြင့် နှစ်တောင်စီရှိ၏။ တံခါးမုတ်သည် တံခါးအတွင်းဘက်၌ ရှိသတည်း။
10 그 동문간의 문지기 방은 좌편에 셋이 있고 우편에 셋이 있으니 그 셋이 각각 한 척수요 그 좌우편 벽도 다 한 척수며
၁၀အရှေ့တံခါး တဘက်တချက်၌ အခန်းငယ် သုံးခန်းစီရှိ၍၊ အလျားအနံတညီတည်း၊ တဘက်တချက်၌ တိုင်အမြင့်လည်း တညီတည်းရှိကြ၏။
11 또 그 문통을 척량하니 광이 십 척이요 장이 십삼 척이며
၁၁တံခါးဝကိုလည်းတိုင်း၍ အနံဆယ်တောင်၊ အမြင့်တဆယ်သုံးတောင်ရှိ၏။
12 방 앞에 퇴가 있는데 이편 퇴도 일 척이요 저편 퇴도 일 척이며 그 방은 이편도 육 척이요 저편도 육 척이며
၁၂အခန်းငယ်တို့ရှေ့မှာ တဘက်တချက်၌ ကြမ်း ပြင်အနံတတောင်ရှိ၏။ တဘက်တချက်၌ရှိသော အခန်းငယ်တို့သည် အလျားအနံခြောက်တောင်စီရှိ၏။
13 그가 그 문간을 척량하니 이 방 지붕 가에서 저 방 지붕 가까지 광이 이십오 척인데 방 문은 서로 반대되었으며
၁၃ထိုနောက်၊ အခန်းငယ်အမိုးစွန်းတခုမှသည် တခုတိုင်အောင် တိုင်း၍အကျယ်နှစ်ဆယ်ငါးတောင်ရှိ၏။ တံခါးတို့သည် မျက်နှာချင်းဆိုင်ကြ၏။
14 그가 또 현관을 척량하니 광이 이십 척이요 현관 사면에 뜰이 있으며
၁၄တံခါးပတ်လည် တန်တိုင်းအတွင်း၊ ထောင့်တိုင် အထိ၊ အတောင်ခြောက်ဆယ်ကျယ်အောင် တိုင်များကို ထားလေ၏။
15 바깥 문통에서부터 안 문 현관 앞까지 오십 척이며
၁၅ပြင်တံခါးဝမှသည် အတွင်းတံခါးမုတ်ဝတိုင် အောင် အတောင်ငါးဆယ်ရှိ၏။
16 문지기 방에는 각각 닫힌 창이 있고 문안 좌우편에 있는 벽 사이에도 창이 있고 그 현관도 그러하고 그 창은 안 좌우편으로 벌여 있으며 각 문 벽 위에는 종려나무를 새겼더라
၁၆အခန်းများ၊ တံခါးအတွင်းပတ်လည်တိုင်များ၊ တံခါးမုတ်များ အတွင်းဘက်၌ ကျဉ်းသောပြတင်းပေါက် များရှိ၏။ တိုင်များ၌စွနပလွပင်ပုံထုလျက်ရှိ၏။
17 그가 나를 데리고 바깥 뜰에 들어가니 뜰 삼면에 박석 깔린 땅이 있고 그 박석 깔린 땅 위에 여러 방이 있는데 모두 삼십이며
၁၇ထိုနောက်၊ ငါ့ကိုပြင်တန်တိုင်းထဲသို့ သွင်း၍ အခန်းများကို ငါမြင်၏။ ကျောက်ခင်းလည်းရှိ၏။ ကျောက်ခင်းအပေါ်မှာ အခန်းသုံးဆယ် ရှိ၏။
18 그 박석 깔린 땅의 위치는 각 문간의 좌우편인데 그 광이 문간 길이와 같으니 이는 아래 박석 땅이며
၁၈တံခါးများအစဉ်အတိုင်းလိုက်၍၊ တံခါးအနားမှာ ရှိသော ကျောက်ခင်းသည် အောက်ကျောက်ခင်းဖြစ်၏။
19 그가 아래 문간 앞에서부터 안 뜰 바깥 문간 앞까지 척량하니 그 광이 일백 척이며 동편과 북편이 일반이더라
၁၉ထိုနောက်၊ အောက်တံခါးဦးမှသည် အတွင်း တန်းတိုင်းပြင်ဘက် ဦးတိုင်အောင်တိုင်း၍၊ အရှေ့မျက်နှာ ၌ အတောင်တရာကွာ၏။
20 그가 바깥 뜰 북향한 문간의 장광을 척량하니
၂၀တဖန်မြောက်မျက်နှာသို့ ခေါ်သွား၍၊ ပြင် တန်တိုင်းမြောက်ဘက်သို့ မျက်နှာပြုသောတံခါးအမြင့်နှင့် အနံကိုတိုင်းလေ၏။
21 장이 오십 척이요 광이 이십오 척이며 문지기 방이 이편에도 셋이요 저편에도 셋이요 그 벽과 그 현관도 먼저 척량한 문간과 같으며
၂၁အခန်းတို့သည် တဘက်တချက်၌ သုံးခန်းစီ ရှိ၏။ တိုင်များ၊ မုတ်များတို့သည် အရင်တံခါးကဲ့သို့ဖြစ်၍၊ အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ်ငါးတောင်ရှိ၏။
22 그 창과 현관의 장, 광과 종려나무가 다 동향한 문간과 같으며 그 문간으로 올라가는 일곱 층계가 있고 그 안에 현관이 있으며
၂၂ပြတင်းပေါက်၊ မုတ်၊ စွန်ပလွံပင်များတို့သည် အရှေ့တံခါးကဲ့သို့ ဖြစ်ကြ၏။ လှေကားခုနစ်ထစ်ဖြင့် တံခါးသို့တက်ရ၏။ မုတ်တို့သည် လှေကားနှင့် တတန်း တည်း ရှိကြ၏။
23 안 뜰에도 북편 문간과 동편 문간과 마주 대한 문간들이 있는데 그가 이 문간에서 맞은편 문간까지 척량하니 일백 척이더라
၂၃အရှေ့ဘက်၌ရှိသကဲ့သို့ မြောက်တံခါး မျက်နှာ ချင်းဆိုင်အတွင်း တန်တိုင်းတံခါးဝရှိ၏။ တံခါဝတခုနှင့် တခု အတောင်တရာကွာ၏။
24 그가 또 나를 이끌고 남으로 간즉 남향한 문간이 있는데 그 벽과 현관을 척량하니 먼저 척량한 것과 같고
၂၄ထိုနောက်၊ တောင်မျက်နှာသို့ခေါ်သွား၍ တောင်တံခါးကို ငါမြင်၏။ တိုင်များ၊ မုတ်များကိုတိုင်း၍ အရင်ပမာဏနှင့်တညီတည်း ရှိကြ၏။
25 그 문간과 현관 좌우에 있는 창도 먼저 말한 창과 같더라 그 문간의 장이 오십 척이요 광이 이십오 척이며
၂၅အရင်ပြတင်းပေါက်ကဲ့သို့ ပြတင်းပေါက်များ၊ မုတ်များရှိ၍၊ အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ်ငါး တောင်ရှိ၏။
26 또 그리로 올라가는 일곱 층계가 있고 그 안에 현관이 있으며 또 이편, 저편 문 벽 위에 종려나무를 새겼으며
၂၆လှေကား ခုနစ်ထစ်ဖြင့် တံခါးသို့တက်ရ၏။ မုတ်တို့သည် လှေကားနှင့် တတန်းတည်းရှိကြ၏။ တဘက်တချက်တိုင်များ၌ စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။
27 안 뜰에도 남향한 문간이 있는데 그가 남향한 그 문간에서 맞은편 문간까지 척량하니 일백 척이더라
၂၇တောင်မျက်နှာ၌ အတွင်းတန်တိုင်တံခါးဝရှိ၏။ ထိုမျက်နှာ၌ တံခါးဝတခုမှသည် တခုတိုင်အောင်တိုင်း၍ အတောင်တရာကွား၏။
28 그가 나를 데리고 그 남문으로 말미암아 안 뜰에 들어가서 그 남문간을 척량하니 척수는
၂၈တဖန်အတွင်းတန်တိုင်းထဲသို့တောင် တံခါးဖြင့် သွင်း၍၊ အရင် ပမာဏနှင့်အညီ ထိုတံခါးကိုတိုင်းလေ၏။
29 장이 오십 척이요 광이 이십오 척이며 그 문지기 방과 벽과 현관도 먼저 척량한 것과 같고 그 문간과 그 현관 좌우에도 창이 있으며
၂၉အခန်းငယ်များ၊ တိုင်များ၊ မုတ်များတို့သည် အရင်ပမာဏနှင့်တညီတည်း ရှိကြ၏။ တံခါးဝပတ်လည် ၌၎င်း၊ မုတ်များ၌၎င်းပြတင်းပေါက်ရှိ၍၊ အလျားအတောင် ငါးဆယ်၊ အနံနှစ်ဆယ်ငါးတောင်ရှိ၏။
30 그 사면 현관의 장은 이십오 척이요 광은 오 척이며
၃၀ပတ်လည်၌ရှိသော မုတ်တို့သည်လည်း အလျား အတောင်နှစ်ဆယ်ငါးတောင်၊ အနံငါးတောင်ရှိ၏။
31 현관이 바깥 뜰로 향하였고 그 문 벽 위에도 종려나무를 새겼으며 그 문간으로 올라가는 여덟 층계가 있더라
၃၁မုတ်တို့သည် ပြင်တန်တိုင်သို့မျက်နှာပြု၍၊ တိုင် များအပေါ်မှာ စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။ လှေကား ရှစ်ထစ်ဖြင့်တက်ရ၏။
32 그가 나를 데리고 안 뜰 동편으로 가서 그 문간을 척량하니 척수는
၃၂အရှေ့ဘက်၌လည်း အတွင်းတန်တိုင်းထဲသို့ သွင်း၍၊ ထိုတံခါးကို အရင်ပမာဏနှင့်အညီ တိုင်းလေ၏။
33 장이 오십 척이요 광이 이십오 척이며 그 문지기 방과 벽과 현관이 먼저 척량한 것과 같고 그 문간과 그 현관 좌우에도 창이 있으며
၃၃အခန်းငယ်များ၊ တိုင်များ၊ မုတ်များတို့သည် အရင်ပမာဏနှင့် တညီတည်းရှိကြ၏။ တံခါးဝပတ်လည် ၌၎င်း၊ မုတ်များ၌၎င်း ပြတင်းပေါက်ရှိ၍၊ အလျား အတောင်ငါးဆယ်၊ အနံနှစ်ဆယ်ငါးတောင်ရှိ၏။
34 그 현관이 바깥 뜰로 향하였고 그 이편, 저편 문 벽 위에도 종려나무를 새겼으며 그 문간으로 올라가는 여덟 층계가 있더라
၃၄မုတ်တို့သည် ပြင်တန်တိုင်သို့ မျက်နှာပြု၍၊ တဘက်တချက်တိုင်များပေါ်မှာစွန်ပလွံပင် ပုံထုလျက် ရှိ၏။ လှေကားရှစ်ထစ်ဖြင့် တက်ရ၏။
35 그가 또 나를 데리고 북문에 이르러 척량하니 척수는
၃၅တဖန် မြောက်တံခါးသို့ ခေါ်သွား၍ အရင် ပမာဏနှင့်အညီ တိုင်းလေ၏။
36 장이 오십 척이요 광이 이십오 척이며 그 문지기 방과 벽과 현관이 다 그러하여 그 좌우에도 창이 있으며
၃၆အခန်းငယ်များတိုင်များ၊ မုတ်များ၊ ပတ်လည်၌ ပြတင်းပေါက်များတို့နှင့် ပြည့်စုံ၍၊ အလျာအတောင် ငါးဆယ်၊ အနံနှစ်ဆယ်ငါးတောင်ရှိ၏။
37 그 현관이 바깥 뜰로 향하였고 그 이편, 저편 문 벽 위에도 종려나무를 새겼으며 그 문간으로 올라가는 여덟 층계가 있더라
၃၇မုတ်တို့သည် ပြင်တန်တိုင်းသို့မျက်နှာပြု၍၊ တဘက်တချက်တိုင်များအပေါ်မှာ စွန်ပလွံပင်ပုံ ထုလျက် ရှိ၏။ လှေကားရှစ်ထစ်ဖြင့်တက်ရ၏။
38 그 문 벽 곁에 문이 있는 방이 있는데 그것은 번제물을 씻는 방이며
၃၈မီးရှို့သော ယဇ်ကောင်ကိုရေနှင့် ဆေးကြော စရာအခန်းများ၊ အခန်းဝင်ဝများတို့သည် ထိုတံခါးမုတ်၌ ရှိကြ၏။
39 그 문의 현관 이편에 상 둘이 있고 저편에 상 둘이 있으니 그 위에서 번제와 속죄제와 속건제의 희생을 잡게 한 것이며
၃၉မီးရှို့ရာယဇ်၊ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာ ယဇ်ကောင်ကို သတ်စရာဘို့၊ တံခါးမုတ်အတွင်း တဘက် တချက်၌ စာပွဲနှစ်ခုစီရှိကြ၏။
40 그 북문 바깥 곧 입구로 올라가는 곳 이편에 상 둘이 있고 문의 현관 저편에 상 둘이 있으니
၄၀မြောက်တံခါးဝသို့ တက်ရာတံခါးမုတ်၊ ပြင် အနားတဘက်တချက်၌လည်း စားပွဲနှစ်ခုစီရှိသည်ဖြစ်၍၊
41 문 곁 이편에 상이 넷이 있고 저편에 상이 넷이 있어 합이 여덟 상이라 그 위에서 희생을 잡는 소용이며
၄၁တံခါးဝတဘက်တချက်၌ ယဇ်ကောင်ကို သတ်စရာစားပွဲလေးခုစီ၊ ပေါင်းရှစ်ခုရှိကြ၏။
42 또 다듬은 돌로 만들어서 번제에 쓰는 상 넷이 있는데 각 장이 일 척 반이요 광이 일 척 반이요 고가 일 척이라 번제의 희생을 잡을 때에 쓰는 기구가 그 위에 놓였으며
၄၂မီးရှို့ရာယဇ်ဘို့ စားပွဲလေးခုတို့သည် ဆစ်သော ကျောက်ဖြင့်ပြီး၍၊ အလျားတတောင်တထွာ၊ အနံ တတောင်တထွာ၊ အမြင့်တတောင်ရှိ၏။ ထို စားပွဲပေါ်မှာ မီးရှို့ရာယဇ်ကောင်ကို သတ်စရာတန်ဆာများကို တင်ထားရကြ၏။
43 현관 안에는 길이가 손바닥 넒이 만한 갈고리가 사면에 박혔으며 상들에는 희생의 고기가 있더라
၄၃စားပွဲအပေါ်ပတ်လည်၌ အကျယ်လက်တဝါး ရှိသော အနားပတ် တပ်လျက်ရှိ၍၊ ပူဇော်စရာယဇ်သား ကို တင်ထားရကြ၏။
44 안 문안 안 뜰에는 방 둘이 있는데 북문 곁에 있는 방은 남으로 향하였고 남문 곁에 있는 방은 북으로 향하였더라
၄၄အတွင်းတံခါးပြင်မှာ အတွင်းတန်တိုင်း၌ အခန်း နှစ်ခုကို ငါမြင်၏။ တခန်းကား၊ မြောက်တံခါးအနားမှာ ရှိ၍ တောင်ဘက်သို့ မျက်နှာပြု၏။ တခန်းကား၊ တောင် တံခါးအနားမှာရှိ၍ မြောက်ဘက်သို့ မျက်နှာပြု၏။
45 그가 내게 이르되 남향한 이 방은 성전을 수직하는 제사장들의 쓸 것이요
၄၅တောင်ဘက်သို့မျက်နှာပြုသော ဤအခန်းကား၊ အိမ်တော် အမှုကိုဆောင်သော ယဇ်ပုရောဟိတ် နေစရာ ဘို့၊
46 북향한 방은 제단을 수직하는 제사장들의 쓸 것이라 이들은 레위의 후손 중 사독의 자손으로서 여호와께 가까이 나아가 수종드는 자니라 하고
၄၆မြောက်ဘက်သို့မျက်နှာပြုသော ဤအခန်းကား၊ ယဇ်ပုလ္လင်အမှုကို ဆောင်သောယဇ်ပုရောဟိတ် နေစရာ ဘို့ဖြစ်၏။ ထိုသူတို့ကား၊ ထာဝရဘုရားထံတော်သို့ ချဉ်းကပ်၍ အမှုတော်ကို ဆောင်စေခြင်းငှါ၊ လေဝိသား တို့တွင် ရွေးကောက်သောဇာဒုတ်သားပေတည်းဟု ငါ့အား ပြောဆို၏။
47 그가 또 그 뜰을 척량하니 장이 일백 척이요 광이 일백 척이라 네모 반듯하며 제단은 전 앞에 있더라
၄၇ထိုအခါ တန်တိုင်းကိုတိုင်း၍ အလျားအတောင် တရာ၊ အနံအတောင်တရာ စတုရန်းရှိ၏။ ယဇ်ပလ္လင် သည် အိမ်တော်ရှေ့မှာ တည်၏။
48 그가 나를 데리고 전문 현관에 이르러 그 문의 좌우 벽을 척량하니 광이 이편도 오 척이요 저편도 오 척이며 두께가 문 이편도 삼 척이요 문 저편도 삼 척이며
၄၈အိမ်တော်ဦးသို့ခေါ်၍ တံခါးဝနှစ်ဘက်ကို တိုင်းလျှင်၊ အကျယ်ငါးတောင်စီရှိ၏။ တံခါးရွက်နှစ်ဘက်၊ အနံသုံးတောင်စီရှိ၏။
49 그 현관의 광은 이십 척이요 장은 십일 척이며 문간으로 올라가는 층계가 있고 문 벽 곁에는 기둥이 있는데 하나는 이편에 있고 하나는 저편에 있더라
၄၉အိမ်တော်ဦးအလျားကား အတောင်နှစ်ဆယ်၊ အနံကားတဆယ်တတောင်ရှိ၏။ လှေကားဆယ်ထစ်ဖြင့် တက်ရ၏။ အိမ်တော်ဦအနား၊ တဘက်တချက်၌ တိုင်တလုံးစီတည်လျက်ရှိ၏။