< 신명기 5 >
1 모세가 온 이스라엘을 불러 그들에게 이르되 이스라엘아 오늘 내가 너희 귀에 말하는 규례와 법도를 듣고 그것을 배우며 지켜 행하라
၁တဖန် မောရှေ သည် ဣသရေလ အမျိုးသားအပေါင်း တို့ကိုခေါ် ၍ ၊ အိုဣသရေလ အမျိုးသားတို့၊ ယနေ့ သင် တို့အား ငါ ဟောပြော သော စီရင် ထုံးဖွဲ့ချက်တို့ကို သင်တို့သည် သွန်သင် ၍ ကျင့် ခြင်းငှာ သတိ ပြုမည် အကြောင်းနားထောင် ကြလော့။
2 우리 하나님 여호와께서 호렙 산에서 우리와 언약을 세우셨나니
၂ငါ တို့ဘုရား သခင်ထာဝရဘုရား သည် ဟောရပ် တောင်၌ ငါ တို့နှင့် ပဋိညာဉ် ပြု တော်မူ၏။
3 이 언약은 여호와께서 우리 열조와 세우신 것이 아니요 오늘날 여기 살아 있는 우리 곧 우리와 세우신 것이라
၃ထို ပဋိညာဉ် တရားကို ထာဝရဘုရား သည် ငါ တို့ ဘိုးဘေး များနှင့် သာ ပြု တော်မူသည်မ ဟုတ်။ ယနေ့ ပင် အသက်ရှင် ၍ ဤ အရပ် ၌ ရှိသမျှ သော ငါ တို့နှင့် ပြုတော်မူ၏။
4 여호와께서 산 위 불 가운데서 너희와 대면하여 말씀하시매
၄ထာဝရဘုရား သည် တောင် ပေါ် မှာ မီး ထဲက သင် တို့နှင့် မျက်နှာ ချင်းဆိုင်၍ မိန့် မြွက်တော်မူ၏။
5 그 때에 너희가 불을 두려워하여 산에 오르지 못하므로 내가 여호와와 너희 중간에 서서 여호와의 말씀을 너희에게 전하였노라 여호와께서 가라사대
၅ထိုအခါ သင်တို့သည် မီး ကိုကြောက် ၍ တောင် ပေါ် သို့ မ တက် ဝံ့သောကြောင့် ၊ ငါ သည် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ခြင်းငှာ ၊ ထာဝရဘုရား နှင့် သင် တို့စပ်ကြား မှာ ရပ် နေ၏။
6 나는 너를 애굽 땅에서 종 되었던 집에서 인도하여 낸 너희 하나님 여호와로라
၆မိန့်မြွက်တော်မူသောစကားဟူမူကား၊ ငါ သည် သင့် ကို ကျွန် ခံနေရာ အဲဂုတ္တု ပြည် မှ ကယ်နှုတ် ဆောင်ယူခဲ့ ပြီးသော သင် ၏ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
7 나 외에는 위하는 신들을 네게 있게 말지니라
၇ငါ မှတပါး အခြား သောဘုရား ကို မ ကိုးကွယ် နှင့်။
8 너는 자기를 위하여 새긴 우상을 만들지 말고 위로 하늘에 있는 것이나 아래로 땅에 있는 것이나 땅 밑 물 속에 있는 것의 아무 형상이든지 만들지 말며
၈အထက် မိုဃ်း ကောင်းကင်၌ ၎င်း၊ အောက် အရပ် မြေကြီး ပေါ် ၌၎င်း၊ မြေကြီး အောက် ရေ ထဲ ၌၎င်း ရှိသော အရာ နှင့် ပုံ သဏ္ဍာန်တူစွာ ရုပ်တု ဆင်းတုကို ကိုယ် အဘို့ မ လုပ် နှင့်။
9 그것들에게 절하지 말며 그것들을 섬기지 말라 나 여호와 너의 하나님은 질투하는 하나님인즉 나를 미워하는 자의 죄를 갚되 아비로부터 아들에게로 삼 사대까지 이르게 하거니와
၉ဦး မ ချ၊ ဝတ် မ ပြုနှင့်။ အကြောင်း မူကား၊ သင် ၏ဘုရား သခင်၊ ငါ ထာဝရဘုရား သည် သင်၌ အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ ငါ့ ကိုမုန်း သောသူတို့ ၏ အမျိုးအစဉ်အဆက်၊ တတိယ အဆက်၊ စတုတ္ထ အဆက်တိုင်အောင် ၊ အဘ တို့၏ အပြစ် ကို သား တို့၌ ဆပ် ပေးစီရင်သောဘုရား၊
10 나를 사랑하고 내 계명을 지키는 자에게는 천대까지 은혜를 베푸느니라
၁၀ငါ့ ကိုချစ် ၍ ငါ့ ပညတ် တို့ကိုကျင့် သောသူတို့ ၏ အမျိုးအစဉ်အဆက် အထောင် အသောင်းတိုင်အောင် ကရုဏာ ကို ပြ သောဘုရား ဖြစ်၏။
11 너는 너의 하나님 여호와의 이름을 망령되이 일컫지 말라 나 여호와는 나의 이름을 망령되이 일컫는 자를 죄 없는 줄로 인정치 아니하리라
၁၁သင် ၏ဘုရား သခင်ထာဝရဘုရား ၏ နာမတော် ကို မုသာ နှင့် ဆိုင်၍ မ မြွက် မဆိုနှင့်။ အကြောင်း မူကား၊ နာမ တော်ကို မုသာ နှင့် ဆိုင်၍ မြွက်ဆို သောသူ ကို အပြစ်မရှိဟု ထာဝရဘုရား မှတ် တော်မ မူ။
12 여호와 너의 하나님이 네게 명한 대로 안식일을 지켜 거룩하게 하라
၁၂သင် ၏ဘုရားသခင် ထာဝရဘုရား မှာ ထား တော်မူသည်အတိုင်း ၊ ဥပုသ် နေ့ ကို သန့်ရှင်း စေခြင်းငှာ ၊ ထိုနေ့ရက်ကို စောင့် လော့။
13 엿새 동안은 힘써 네 모든 일을 행할 것이나
၁၃ခြောက် ရက် ပတ်လုံးအလုပ် မျိုး ကို ကြိုးစား ၍ လုပ်ဆောင် လော့။
14 제칠일은 너의 하나님 여호와의 안식인즉 너나 네 아들이나 네 딸이나 네 남종이나 네 여종이나 네 소나 네 나귀나 네 모든 육축이나 네 문 안에 유하는 객이라도 아무 일도 하지 말고 네 남종이나 네 여종으로 너 같이 안식하게 할지니라
၁၄သတ္တမ နေ့ရက် သည် သင် ၏ဘုရားသခင် ထာဝရဘုရား ၏ ဥပုသ် နေ့ဖြစ်၏။ ထိုနေ့၌ သင် မှစ၍သင် ၏သား သမီး ၊ ကျွန် ယောက်ျား မိန်းမ ၊ နွား မြည်း အစရှိသောသင် ၏တိရစ္ဆာန် ၊ သင် ၏တံခါး အတွင်း ၌ နေသော ဧည့်သည် အာဂန္တုသည် အလုပ် မ လုပ် ရ။ သင် သည် ငြိမ်ဝပ်စွာ နေသကဲ့သို့ ၊ သင် ၏ကျွန် ယောက်ျား မိန်းမ တို့သည် ငြိမ်ဝပ် စွာ နေရကြမည်။
15 너는 기억하라 네가 애굽 땅에서 종이 되었더니 너의 하나님 여호와가 강한 손과 편 팔로 너를 거기서 인도하여 내었나니 그러므로 너의 하나님 여호와가 너를 명하여 안식일을 지키라 하느니라
၁၅သင်သည် အဲဂုတ္တု ပြည် ၌ ကျွန် ခံ ကြောင်း ကို၎င်း ၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် အားကြီး သော လက်ရုံး တော်ကို ဆန့် ၍ ၊ ထို ပြည်မှ သင့် ကို နှုတ်ဆောင် တော်မူကြောင်း ကို၎င်းအောက်မေ့ လော့။ ထို အကြောင်းကြောင့်၊ သင်သည် ဥပုပ် နေ့ကို စောင့် ရမည်ဟု သင် ၏ ဘုရားသခင် ထာဝရဘုရား မှာ ထားတော်မူ၏။
16 너는 너의 하나님 여호와의 명한 대로 네 부모를 공경하라 그리하면 너의 하나님 여호와가 네게 준 땅에서 네가 생명이 길고 복을 누리리라
၁၆သင် ၏ဘုရားသခင် ထာဝရဘုရား ပေး သနား တော်မူသောပြည် ၌ သင် သည် အသက်တာ ရှည် ၍ ကောင်းစား ရမည်အကြောင်း ၊ သင် ၏ဘုရားသခင် ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ သင်၏ မိဘ ကို ရိုသေ စွာပြုလော့။
၁၈သူ့မယားကိုမ ပြစ်မှား နှင့်။
၁၉သူ့ဥစ္စာကို မ ခိုး နှင့်။
20 네 이웃에 대하여 거짓 증거하지도 말지니라
၂၀ကိုယ် နှင့်စပ်ဆိုင် သောသူ တဘက် ၌ မ မှန်သော သက်သေ ကို မ ခံ နှင့်။
21 네 이웃의 아내를 탐내지도 말지니라 네 이웃의 집이나 그의 밭이나 그의 남종이나 그의 여종이나 그의 소나 그의 나귀나 무릇 네 이웃의 소유를 탐내지 말지니라
၂၁ကိုယ် နှင့်စပ်ဆိုင် သောသူ ၏မယား ကို တပ်မက် သောစိတ် မ ရှိစေနှင့်။ ကိုယ် နှင့်စပ်ဆိုင် သောသူ ၏အိမ် ၊ လယ်ယာ ၊ ကျွန် ယောက်ျား မိန်းမ ၊ နွား မြည်း မှစ၍ ကိုယ် နှင့်စပ်ဆိုင် သောသူ ၏ ဥစ္စာ တစုံ တခုမျှ တပ်မက် လိုချင်သောစိတ် မ ရှိစေနှင့်ဟု မိန့်တော်မူ၏။
22 여호와께서 이 모든 말씀을 산 위 불 가운데, 구름 가운데, 흑암 가운데서 큰 음성으로 너희 총회에 이르신 후에 더 말씀하지 아니하시고 그것을 두 돌판에 써서 내게 주셨느니라
၂၂ထို စကား တော်ကို ထာဝရဘုရား သည် တောင် ပေါ် မှာ မီး ၊ မိုဃ်းတိမ် ၊ ထူထပ် သော မှောင်မိုက်ထဲက ကြီးစွာ သောအသံ နှင့် သင် တို့စည်းဝေးရာ ပရိသတ် အပေါင်း တို့အား မိန့် မြွက်တော်မူ၏။ ထပ် ၍မိန့်မြွက် တော်မမူ။ ထိုစကားတော်ကိုလည်း ကျောက် ပြား နှစ် ပြား ပေါ် မှာရေး ၍ ငါ ၌ အပ် တော်မူ၏။
23 산이 불에 타며 캄캄한 가운데서 나오는 그 소리를 너희가 듣고 너희 지파의 두령과 장로들이 내게 나아와
၂၃သင် တို့သည် မှောင်မိုက် ထဲက စကား သံကို ကြား ၍ ၊ တောင်ထိပ် သည် မီး လောင် လျက်ရှိသောအခါ ၊ သင် တို့မျိုးနွယ် တို့၌ မင်း ဖြစ်သောသူ၊ အသက်ကြီး သူတို့ သည် ငါ့ ထံသို့ ချဉ်းကပ် ၍၊
24 말하되 우리 하나님 여호와께서 그 영광과 위엄을 우리에게 보이시매 불 가운데서 나오는 음성을 우리가 들었고 하나님이 사람과 말씀하시되 그 사람이 생존하는 것을 오늘날 우리가 보았나이다
၂၄အကျွန်ုပ် တို့ ဘုရားသခင် ထာဝရဘုရား သည် ဘုန်း တန်ခိုး အာနုဘော်တော်ကို အကျွန်ုပ် တို့အား ပြ တော်မူပြီ။ မီး ထဲက စကားတော်အသံ ကို အကျွန်ုပ်တို့သည် ကြား ရပါပြီ။ ဘုရားသခင် သည် လူ နှင့် နှုတ်ဆက် တော်မူ သော်လည်း ၊ လူသည် အသက်ရှင် သေးသည်ကို၊ ယနေ့ ၌ အကျွန်ုပ်တို့သည် သိမြင် ရပါပြီ။
25 이제 우리가 죽을 까닭이 무엇이니이까 이 큰 불이 우리를 삼킬 것이요 우리가 우리 하나님 여호와의 음성을 다시 들으면 죽을 것이라
၂၅အကျွန်ုပ်တို့သည် အဘယ် ကြောင့်ယခု သေ ရပါ မည်နည်း။ ဤ ကြီးစွာ သောမီး ဖြင့် အကျွန်ုပ်တို့သည် ဆုံးရှုံး ပါလိမ့်မည်။ အကျွန်ုပ် တို့ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသောအသံ တော်ကိုတဖန် ကြား ရလျှင် သေ ရပါလိမ့်မည်။
26 무릇 육신을 가진 자가 우리처럼 사시는 하나님의 음성이 불 가운데서 발함을 듣고 생존한 자가 누구니이까
၂၆အသက်ရှင် တော်မူသောဘုရားသခင် သည်မီး ထဲက မိန့် မြွက်တော်မူ သောအသံ တော်ကို အကျွန်ုပ် တို့ ကြားရ သကဲ့သို့ အဘယ် လူ သတ္တဝါသည် ကြား ၍ အသက်ရှင် သနည်း။
27 당신은 가까이 나아가서 우리 하나님 여호와의 하시는 말씀을 다 듣고 우리 하나님 여호와의 당신에게 이르시는 것을 다 우리에게 전하소서 우리가 듣고 행하겠나이다 하였느니라
၂၇ကိုယ်တော် သည် အနီးအပါးသို့ ချဉ်း သွား၍ ၊ အကျွန်ုပ် တို့ဘုရားသခင် ထာဝရဘုရား မိန့် တော်မူသမျှ ကို နားထောင် တော်မူပါ။ အကျွန်ုပ် တို့ဘုရား သခင်ထာဝရဘုရား သည် ကိုယ်တော် အား မိန့် တော်မူသမျှ ကို ဆင့်ဆို တော်မူပါ။ အကျွန်ုပ်တို့သည် နားထောင် ၍ ပြု ပါမည်ဟု လျှောက်ဆိုကြ၏။
28 여호와께서 너희가 내게 말할 때에 너희의 말하는 소리를 들으신지라 여호와께서 내게 이르시되 이 백성이 네게 말하는 그 말소리를 내가 들은즉 그 말이 다 옳도다
၂၈ထိုသို့ သင် တို့သည် ငါ့ အား လျှောက် သော စကား ကို ထာဝရဘုရား ကြား တော်မူ၏။ ထာဝရဘုရား ကလည်း ၊ ဤ လူမျိုး သည် သင့် အား လျှောက် သော စကား သံ ကို ငါကြား ရပြီ။ လျှောက် လေသမျှ သော စကား သည် လျောက်ပတ် ပေ၏။
29 다만 그들이 항상 이같은 마음을 품어 나를 경외하며 나의 모든 명령을 지켜서 그들과 그 자손이 영원히 복받기를 원하노라
၂၉သူ တို့နှင့် သား မြေးအစဉ် အဆက်တို့သည် ချမ်းသာ ရမည်အကြောင်း ၊ ငါ့ ကို ကြောက်ရွံ့ ၍ ငါ ပညတ် သမျှ တို့ကို အစဉ် စောင့်ရှောက် ချင်သောစိတ် နှင့် ပြည့်စုံ ကြပါစေသော။
30 가서 그들에게 각기 장막으로 돌아가라 이르고
၃၀တဲ များသို့ ပြန် သွား ကြလော့ဟု သူ တို့အား ပြော လော့။
31 너는 여기 내 곁에 섰으라 내가 모든 명령과 규례와 법도를 네게 이르리니 너는 그것을 그들에게 가르쳐서 내가 그들에게 기업으로 주는 땅에서 그들로 이를 행하게 하라 하셨나니
၃၁သင် မှာမူကား ၊ ဤ အရပ်၌ ငါ့ အနားမှာ ရပ် နေ လော့။ သူ တို့အား ငါ အပိုင် ပေး သော ပြည် ၌ သူတို့ကျင့် ဘို့ရာ သင်သည် သူ တို့အား သွန်သင် ရသော စီရင် ထုံးဖွဲ့ ချက်၊ ပညတ် တရားအလုံးစုံ တို့ကို ငါ မြွက်ဆိုမည်ဟု ငါ့အား မိန့်တော်မူ၏။
32 그런즉 너희 하나님 여호와께서 너희에게 명령하신 대로 너희는 삼가 행하여 좌로나 우로나 치우치지 말고
၃၂သို့ဖြစ်၍ သင် တို့၏ ဘုရားသခင် ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ သင် တို့သည် ကျင့် အံ့သောငှာ စောင့် နေရကြမည်။ လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့ မ လွှဲ မရှောင်ရကြ။
33 너희 하나님 여호와께서 너희에게 명하신 모든 도를 행하라 그리하면 너희가 삶을 얻고 복을 얻어서 너희의 얻은 땅에서 너희의 날이 장구하리라
၃၃သင်တို့ဝင်စား လတံ့သော ပြည် ၌ သင် တို့သည် သေဘေး လွတ်လျက် ချမ်းသာ ရ၍ ၊ အသက်တာ ရှည်မည် အကြောင်း ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား မှာ ထားတော်မူသော လမ်း အပေါင်း တို့၌ ရှောက်သွား ရကြမည်။