< 사무엘하 18 >
1 이에 다윗이 그 함께한 백성을 계수하고 천부장과 백부장을 그 위에 세우고
၁ဒါဝိဒ် သည် မိမိ ၌ ပါသောလူ တို့ကိုရေတွက် ၍ တထောင် အုပ်၊ တရာ အုပ်တို့ကို ခန့်ထား ၏။
2 그 백성을 내어 보낼새 삼분지 일은 요압의 수하에 삼분지 일은 스루야의 아들 요압의 동생 아비새의 수하에 붙이고 삼분지 일은 가드 사람 잇대의 수하에 붙이고 백성에게 이르되 나도 반드시 너희와 함께 나가리라
၂လူ သုံးစု တစုကို ယွာဘ ၌ ၎င်း ၊ တစုကို ဇေရုယာ သား ယွာဘ ညီ အဘိရှဲ ၌ ၎င်း၊ တစုကိုဂိတ္တိ လူ အိတ္တဲ ၌ ၎င်း အပ် ၍ ၊ ငါ့ ကိုယ်တိုင်ချီသွား မည်ဟု လူ များတို့အား မိန့် တော်မူ ၏။
3 백성들이 가로되 왕은 나가지 마소서 우리가 도망할지라도 저희는 우리에게 주의하지 아니할 터이요 우리가 절반이나 죽을지라도 우리에게 주의하지 아니할 터이라 왕은 우리 만 명보다 중하시오니 왕은 성에 계시다가 우리를 도우심이 좋으니이다
၃လူ များတို့ကလည်း ၊ ကိုယ်တိုင်ကြွ တော်မ မူပါနှင့်။ ကျွန်တော်တို့ပြေး သော်လည်း သူတို့သည်အမှုမ ထား ကြပါ။ ကျွန်တော် တို့ တဝက် သေ သော်လည်း သူတို့သည်အမှုမ ထား ကြပါ။ ကိုယ်တော်မူကား၊ ကျွန်တော် တို့ တသောင်း ထက် မြတ်တော်မူ၏။ သို့ဖြစ်၍ ကျွန်တော် တို့ကို မြို့ ထဲက မစ တော်မူလျှင်သာ၍ ကောင်းပါလိမ့်မည်ဟု လျှောက် ကြ၏။
4 왕이 저희에게 이르되 너희가 선히 여기는 대로 내가 행하리라 하고 문 곁에 서매 모든 백성이 백 명씩 천 명씩 대를 지어 나가는지라
၄ရှင်ဘုရင် ကလည်း ၊ ငါသည်သင် တို့အလို သို့ လိုက်မည်ဟု မိန့် တော်မူ၍ တံခါးဝ နား မှာ ရပ် တော်မူလျှင် ၊ လူ အပေါင်း တို့သည် တရာ တပ်၊ တထောင် တပ်အားဖြင့် ချီသွား ကြ၏။
5 왕이 요압과 아비새와 잇대에게 명하여 가로되 나를 위하여 소년 압살롬을 너그러이 대접하라 하니 왕이 압살롬을 위하여 모든 군장에게 명령할 때에 백성들이 다 들으니라
၅ရှင် ဘုရင်ကလည်း ၊ ငါ့ မျက်နှာကို ထောက်၍ ငါ့သားအဗရှလုံ ကို ဖြည်းညှင်း စွာ ပြုကြလော့ဟု ယွာဘ ၊ အဘိရှဲ ၊ အိတ္တဲ တို့ကို မှာ ထားတော်မူ၏။ ထိုသို့ ရှင် ဘုရင်သည် အဗရှလုံ အတွက် ဗိုလ်မင်း အပေါင်း တို့ကို မှာ ထား တော်မူသောအခါ ၊ လူ အပေါင်း တို့သည် ကြား ကြ၏။
6 이에 백성이 이스라엘을 치러 들로 나가서 에브라임 수풀에서 싸우더니
၆ထိုသို့ လူ များတို့သည် ဣသရေလ လူတို့ကို စစ်တိုက် အံ့သောငှါ မြို့ပြင်သို့ထွက် ၍ ဧဖရိမ် တော ၌ စစ်ပြိုင် ကြ၏။
7 거기서 이스라엘 무리가 다윗의 심복들에게 패하매 그 날 그곳에서 살륙이 커서 이만에 이르렀고
၇ဣသရေလ လူ တို့သည် ဒါဝိဒ် ၏ကျွန် တို့ ရှေ့ မှာ ရှုံး ၍ ထို နေ့ခြင်းတွင် ကြီးစွာ သောလုပ်ကြံ ခြင်းအားဖြင့်လူနှစ် သောင်းသေကြ၏။
8 그 땅에서 사면으로 퍼져 싸웠으므로 그 날에 수풀에서 죽은 자가 칼에 죽은 자보다 많았더라
၈မြေ တပြင်လုံး အနှံ့အပြား တိုက် ကြသဖြင့် ထို နေ့၌ လူချင်းသတ်၍ သေသည်ထက် တော ၌ ဆုံးရှုံး သော သူသာ၍များ ကြ၏။
9 압살롬이 다윗의 신복과 마주치니라 압살롬이 노새를 탔는데 그 노새가 큰 상수리나무 번성한 가지 아래로 지날 때에 압살롬의 머리털이 그 상수리나무에 걸리매 저가 공중에 달리고 그 탔던 노새는 그 아래로 빠져 나간지라
၉ဒါဝိဒ် ၏ ကျွန် တို့သည် အဗရှလုံ ကိုတွေ့ ကြ၏။ သူသည်မြည်း ကို စီး လျက် ပင်မြည်း သည် ကြီး သော သပိတ် ပင်အကိုင်း အခက်အောက် သို့ဝင် ၍၊ အဗရှလုံ ၏ ခေါင်း သည်သပိတ် ပင်၌ ငြိ သဖြင့် ၊ မိုဃ်း နှင့် မြေကြီး စပ်ကြား မှာ တွဲလွဲဆွဲ လျက်နေ၍ ၊ မြည်း သည် အလိုအလျောက်သွား လေ၏။
10 한 사람이 보고 요압에게 고하여 가로되 내가 보니 압살롬이 상수리나무에 달렸더이다
၁၀မြင် သော သူ တယောက် သည် ယွာဘ ထံသို့ သွား၍၊ သပိတ် ပင်၌ အဗရှလုံ ဆွဲ နေသည်ကို ကျွန်တော်မြင် ခဲ့သည်ဟု ကြားပြော လျှင်၊
11 요압이 그 고한 사람에게 이르되 네가 보고 어찌하여 당장에 쳐서 땅에 떨어뜨리지 아니하였느뇨 내가 네게 은 열 개와 띠 하나를 주었으리라
၁၁ယွာဘ က၊ သင်သည် မြင် ခဲ့သည်မှန်လျှင် အဘယ်ကြောင့် သူ့ ကို ထိုး ၍ မြေကြီး ပေါ်သို့ မ ချခဲ့ သနည်း။ ထိုသို့ပြုလျှင် ငွေ အကျပ်တဆယ် နှင့် ခါးစည်း ကို ငါပေး ပြီဟု ပြောဆို သော်၊
12 그 사람이 요압에게 대답하되 내가 내 손에 은 천 개를 받는다 할지라도 나는 왕의 아들에게 손을 대지 아니하겠나이다 우리가 들었거니와 왕이 당신과 아비새와 잇대에게 명하여 이르시기를 삼가 누구든지 소년 압살롬을 해하지 말라 하셨나이다
၁၂ထိုသူက ကျွန်တော်သည် ကိုယ် လက် ၌ ငွေ အခွက်တဆယ်ကို ပင်ခံရသော်လည်း ရှင်ဘုရင် ၏သား ကို မ ပြု နိုင်ပါ။ အကြောင်းမူကား ၊ ကျွန်တော် တို့ကြား သည့် အတိုင်း ရှင်ဘုရင်က၊ ငါ့မျက်နှာကိုထောက်၍ ငါ့သား အဗရှလုံ ကို စောင့်မ ကြလော့ဟု ကိုယ်တော် နှင့် အဘိရှဲ ၊ အိတ္တဲ တို့ကို မှာထား တော်မူပြီ။
13 아무 일도 왕 앞에는 숨길 수 없나니 내가 만일 거역하여 그 생명을 해하였다면 당신도 나를 대적하였으리이다
၁၃ကျွန်တော်ပြု မိလျှင် ကိုယ်ကိုလှည့်စား ၍ ကိုယ် အသက် ရှုံးပါပြီ။ ရှင်ဘုရင် မ သိသော အမှု တစုံတခု မျှမ ရှိ။ ကိုယ်တော် သည်လည်း ကျွန်တော်တစ်ဘက် ၌ နေ ပါလိမ့်မည်ဟု ပြောဆို သော်၊
14 요압이 가로되 나는 너와 같이 지체할 수 없다 하고 손에 작은 창 셋을 가지고 가서 상수리나무 가운데서 아직 살아 있는 압살롬의 심장을 찌르니
၁၄ယွာဘ က၊ သင် နှင့်အတူ ငါမ နေ အားဟု ဆို လျက် လှံယဉ် သုံး စင်း ကိုကိုင်ယူ ၍ သပိတ် ပင်အလယ် ၌ အသက် ရှင်လျက်ရှိသောအဗရှလုံ ၏ နှလုံး ကို ထုတ်ချင်းခပ် ထိုးလေ၏။
15 요압의 병기를 맡은 소년 열이 압살롬을 에워싸고 쳐 죽이니라
၁၅လက်နက် ဆောင် လုလင် တကျိပ် တို့သည်လည်း ဝိုင်း ၍ အဗရှလုံ ကို အသေ သတ်ကြ၏။
16 요압이 나팔을 불어 백성들로 그치게 하니 저희가 이스라엘을 따르지 아니하고 돌아오니라
၁၆ယွာဘ သည်လည်း တံပိုး မှုတ် ၍ လူ တို့ကို ဆီးတား သဖြင့် ဣသရေလ လူတို့ကို လိုက် ရာမှ ပြန်လာ ကြ၏။
17 무리가 압살롬을 옮겨다가 수풀 가운데 큰 구멍에 던지고 그 위에 심히 큰 돌무더기를 쌓으니라 온 이스라엘 무리가 각기 장막으로 도망하니라
၁၇အဗရှလုံ ကိုလည်း ယူ ၍ တော ၌ နက် သော မြေတွင်း ထဲသို့ ချ ပြီးမှ ကျောက် ပုံ ကြီး ကို ပုံထား ကြ၏။ ဣသရေလ လူအပေါင်း တို့သည် အသီးအသီး မိမိ တို့ အိမ် သို့ ပြေး ကြ၏။
18 압살롬이 살았을 때에 자기를 위하여 한 비석을 가져 세웠으니 이는 저가 자기 이름을 전할 아들이 없음을 한탄함이라 그러므로 자기 이름으로 그 비석을 이름하였으며 그 비석이 왕의 골짜기에 있고 이제까지 압살롬의 기념비라 일컫더라
၁၈အဗရှလုံ သည် အသက် ရှင်စဉ် အခါ၊ ငါ ၏နာမ သည် မ ပျောက်အမြဲတည်မည်အကြောင်း ၊ သား မ ရှိဟု ဆို လျက် ရှင်ဘုရင် ချိုင့် တွင် ကိုယ် အဘို့ ကျောက်တိုင် ကို စိုက် ၍ မိမိ နာမ ဖြင့်သမုတ် သောကြောင့် ၊ ယနေ့ တိုင်အောင် အဗရှလုံ အောင်တိုင် ဟူ၍တွင် သတည်း၊
19 사독의 아들 아히마아스가 가로되 청컨대 나로 빨리 왕에게 가서 여호와께서 왕의 원수 갚아 주신 소식을 전하게 하소서
၁၉ထိုအခါ ဇာဒုတ် ၏သား အဟိမတ် က၊ ထာဝရဘုရား သည် ရှင် ဘုရင်၏ ရန်သူ တို့ကို အပြစ်အလျောက်စီရင် တော်မူကြောင်း ကို ကျွန်တော်ပြေး ၍ သိတင်း ကြားလျှောက်ပါရစေဟု အခွင့်တောင်း လျှင်၊
20 요압이 저에게 이르되 너는 오늘 소식을 전하는 자가 되지 말고 다른 날에 전할 것이니라 왕의 아들이 죽었나니 네가 오늘날 소식을 전하지 못하리라 하고
၂၀ယွာဘ က၊ ယနေ့ သင် သည် သိတင်းမ ကြား မလျှောက်ရ။ အခြား သောနေ့ ၌ ကြားလျှောက် ရမည်။ ရှင်ဘုရင် ၏ သား တော်သေ သောကြောင့် ယနေ့ သင်သည် သိတင်း မ ကြားမလျှောက်ရဟု ဆို ပြီးမှ၊
21 구스 사람에게 이르되 네가 가서 본 것을 왕께 고하라 하매 구스 사람이 요압에게 절하고 달음질하여 가니
၂၁ကုရှိ အား သင်မြင် သမျှကိုသွား ၍ ရှင်ဘုရင် အား ကြားလျှောက် လော့ဟုဆို သည်အတိုင်း ၊ ကုရှိ သည် ယွာဘ အား ဦးညွှတ် ၍ ပြေး လေ၏။
22 사독의 아들 아히마아스가 다시 요압에게 이르되 청컨대 아무쪼록 나로 또한 구스 사람의 뒤를 따라 달음질하게 하소서 요압이 가로되 내 아들아 왜 달음질하려 하느냐 이 소식으로 인하여는 상을 받지 못하리라 하되
၂၂တဖန် ဇာဒုတ် သား အဟိမတ် က၊ သို့သော်လည်း ကျွန်တော် သည် ကုရှိ နောက် မှာ ပြေး ပါရစေဟု အခွင့်တောင်း ပြန်လျှင် ၊ ယွာဘ က ငါ့ သား ဝမ်းမြောက် စရာ သိတင်းမ ဟုတ်သည်ဖြစ်၍ အဘယ်ကြောင့် ပြေး သွားချင် သနည်းဟု ဆို သော်လည်း၊
23 저가 아무쪼록 달음질하겠노라 하는지라 요압이 가로되 그리하라 하니 아히마아스가 들길로 달음질하여 구스 사람보다 앞서니라
၂၃ပြေး ပါရစေဟု တဖန် အခွင့်တောင်း သောကြောင့် ပြေး လော့ဟုအခွင့်ပေး၏။ ထိုအခါ အဟိမတ် သည် လွင်ပြင် လမ်း ၌ပြေး ၍ ကုရှိ ကိုလွန် လေ၏။
24 때에 다윗이 두 문 사이에 앉았더라 파수꾼이 성문루에 올라가서 눈을 들어 보니 어떤 사람이 홀로 달음질하는지라
၂၄ဒါဝိဒ် သည် မြို့တံခါး နှစ် ထပ်ကြား မှာထိုင် ၍နေ၏။ ကင်းစောင့် တယောက်သည် မြို့ရိုး တံခါး အပေါ်ပြအိုးမိုး အောက်သို့ တက် ၍ မြော် ကြည့် သဖြင့် လူ တယောက် တည်းပြေး လာသည်ကို မြင် သောအခါ၊
25 파수꾼이 외쳐 왕께 고하매 왕이 가로되 저가 만일 혼자면 그 입에 소식이 있으리라 할 때에 저가 차차 가까이 오니라
၂၅ရှင်ဘုရင် အား ဟစ် ၍ လျှောက် လေ၏။ ရှင် ဘုရင်ကလည်း ၊ တယောက် တည်းဖြစ်လျှင် သိတင်း ပါလိမ့်မည်ဟု အမိန့် ရှိ၏။ ထိုသူသည် ပြေးလာ ၍ အနီး သို့ ရောက်သောအခါ၊
26 파수꾼이 본즉 한 사람이 또 달음질하는지라 문지기에게 외쳐 이르되 보라 한 사람이 또 혼자 달음질한다 하니 왕이 가로되 저도 소식을 가져오느니라
၂၆ကင်းစောင့် သည်လည်း အခြား သောသူ ပြေး လာသည်ကိုမြင် ၍ ၊ အခြားသောသူ တယောက် တည်း ပြေး လာပါသည်ဟု တံခါး သို့ လှည့်၍ ဟစ် လျှင် ၊ ရှင် ဘုရင်က ထိုသူ ၌လည်း သိတင်း ပါလိမ့်မည်ဟု အမိန့် ရှိ၏။
27 파수꾼이 가로되 나 보기에는 앞선 사람의 달음질이 사독의 아들 아히마아스의 달음질과 같으니이다 왕이 가로되 저는 좋은 사람이니 좋은 소식을 가져 오느니라
၂၇ကင်းစောင့် ကလည်း ၊ ရှေ့ လာသောသူ ၏ပြေး ခြင်းသည် ဇာဒုတ် သား အဟိမတ် ပြေး ခြင်းနှင့် တူသည် ကို ကျွန်တော် ထင် ပါသည်ဟု လျှောက် သော် ၊ ရှင် ဘုရင်က သူသည် လူ ကောင်း ဖြစ်၏။ ကောင်း သော သိတင်း ပါလိမ့်မည်ဟု အမိန့် ရှိပြန်၏။
28 아히마아스가 외쳐 왕께 말씀하되 평안하옵소서 하고 왕의 앞에서 얼굴을 땅에 대고 절하여 가로되 왕의 하나님 여호와를 찬양하리로소이다 그 손을 들어 내 주 왕을 대적하는 자들을 붙여 주셨나이다
၂၈အဟိမတ် ကလည်း ၊ ချမ်းသာ ရပါ၏ဟုဟစ် လျက် ရှင်ဘုရင် ရှေ့ မြေ ပေါ် မှာ ပြပ်ဝပ် လျက် ၊ အရှင် မင်းကြီး ကို ပုန်ကန်သောလူ တို့ကို အပ် တော်မူသော ကိုယ်တော် ၏ဘုရား သခင်ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်းဟု လျှောက် လေ၏။
29 왕이 가로되 소년 압살롬이 잘 있느냐 아히마아스가 대답하되 요압이 왕의 종 나를 보낼 때에 크게 소동하는 것을 보았사오나 무슨 일인지 알지 못하였나이다
၂၉ရှင် ဘုရင်ကလည်း ၊ ငါ့သား အဗရှလုံ သည် ဘေး လွတ်၏လောဟု မေး တော်မူလျှင် အဟိမတ် က၊ အရှင်မင်းကြီး ၏ ကျွန် ယွာဘ သည် ကိုယ်တော် ကျွန် ကိုစေလွှတ် သောအခါရုန်းရင်းခတ် ခြင်းအမှုကို ကျွန်တော် မြင် သော်လည်း သေချာစွာမ သိ ရပါဟု လျှောက် သော်၊
30 왕이 가로되 물러나 곁에 서 있으라 하매 물러나서 섰더라
၃၀ရှင် ဘုရင်က၊ ဤ အနားမှာ ရွှေ့ ၍နေ လော့ဟု မိန့် တော်မူသည်အတိုင်း သူသည်ရွှေ့ ၍ နေ လေ၏။
31 구스 사람이 이르러 고하되 내 주 왕께 보할 소식이 있나이다 여호와께서 오늘날 왕을 대적하던 모든 원수를 갚으셨나이다
၃၁တဖန် ကုရှိ ရောက် လာ၍ အရှင် မင်းကြီး ၊ သိတင်း ပါပါ၏။ ကိုယ်တော် ကို ပုန်ကန် သော သူအပေါင်း တို့ကို ထာဝရဘုရား သည် ထိုသူ၏ အပြစ်အလျောက်ယနေ့ စီရင် တော်မူပြီဟု လျှောက် လျှင်၊
32 왕이 구스 사람에게 묻되 소년 압살롬이 잘 있느냐 구스 사람이 대답하되 내 주 왕의 원수와 일어나서 왕을 대적하는 자들은 다 그 소년과 같이 되기를 원하나이다
၃၂ရှင် ဘုရင်က၊ ငါ့သား အဗရှလုံ သည် ဘေး လွတ် ၏လော ဟု မေး တော်မူသော်၊ ကုရှိ က အရှင် မင်းကြီး ၏ ရန်သူ များ၊ ကိုယ်တော် ကို ညှဉ်းဆဲ ခြင်းငှါ ပုန်ကန် သောသူများအပေါင်း တို့သည် ထိုလုလင် ကဲ့သို့ ဖြစ် ကြ ပါစေသောဟု ပြန်လျှောက် လေ၏။
33 왕의 마음이 심히 아파 문루로 올라가서 우니라 저가 올라갈 때에 말하기를 내 아들 압살롬아 내 아들 내 아들 압살롬아 내가 너를 대신하여 죽었더면, 압살롬 내 아들아 내 아들아 하였더라
၃၃ရှင် ဘုရင်သည် အလွန်ကြင်နာ သောစိတ် ရှိသဖြင့် မြို့တံခါး အပေါ် ၌ရှိသောတဲသို့ တက် ၍ တက်စဉ်တွင်၊ အိုငါ့ သား အဗရှလုံ ၊ ငါ့ သား ၊ ငါ့ သား အဗရှလုံ ၊ သင့် ကိုယ်စား ငါ မသေ ပါလေတကား။ အိုအဗရှလုံ ၊ ငါ့ သား ၊ ငါ့ သား ဟု ငိုကြွေး လေ၏။