< 역대하 21 >

1 여호사밧이 그 열조와 함께 자매 그 열조와 함께 다윗 성에 장사되고 그 아들 여호람이 대신하여 왕이 되니라
ယောရှဖတ် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ သူတို့နှင့်အတူ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်ယဟောရံ သည် ခမည်းတော် အရာ၌ နန်း ထိုင်၏။
2 여호사밧의 아들 여호람의 아우 아사랴와 여히엘과 스가랴와 아사랴와 미가엘과 스바댜는 다 유다 왕 여호사밧의 아들이라
ယုဒရှင်ဘုရင် ယောရှဖတ် သား ၊ ယဟောရံညီဟူမူကား ၊ အာဇရိ ၊ ယေယလေ ၊ ဇာခရိ ၊ အာဇရိ ၊ မိက္ခေလ ၊ ရှေဖတိ တည်း။
3 그 부친이 저희에게는 은금과 보물과 유다 견고한 성읍들을 선물로 후히 주었고 여호람은 장자인고로 왕위를 주었더니
ခမည်းတော် သည်များစွာ သော ရွှေ ငွေ ဥစ္စာ ရတနာနှင့်တကွ ယုဒ ပြည်၌ ခိုင်ခံ့ သောမြို့ တို့ကို သူ တို့ အား ပေး ၏။ နိုင်ငံ ကိုကား ၊ သားဦး ယဟောရံ အား ပေး ၏။
4 여호람이 그 부친의 위에 올라 세력을 얻은 후에 그 모든 아우와 이스라엘 방백 중 몇 사람을 칼로 죽였더라
ယဟောရံ သည် ခမည်းတော် နိုင်ငံ ၌ တည် သောအခါ ၊ ကိုယ်ကိုခိုင်ခံ့ စေ၍ ၊ ညီ တော်အပေါင်း တို့ကို၎င်း ၊ ဣသရေလ မှူးတော် မတ်တော်တချို့တို့ကို၎င်း ၊ ထား နှင့် သတ် လေ၏။
5 여호람이 위에 나아갈 때에 나이 삼십이 세라 예루살렘에서 팔 년을 치리하니라
ယဟောရံ သည် အသက် သုံးဆယ် နှစ် နှစ်ရှိသော်၊ နန်း ထိုင်၍ ယေရုရှလင် မြို့၌ ရှစ် နှစ် စိုးစံ လေ၏။
6 저가 이스라엘 왕들의 길로 행하여 아합의 집과 같이 하였으니 이는 아합의 딸이 그 아내가 되었음이라 저가 여호와 보시기에 악을 행하였으나
အာဟပ် သမီး နှင့်စုံဘက် သဖြင့် ၊ ဣသရေလ ရှင် ဘုရင်တို့လိုက် ရာ လမ်း သို့ အာဟပ် အမျိုး ကဲ့သို့ လိုက် ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၏။
7 여호와께서 다윗의 집을 멸하기를 즐겨하지 아니하셨음은 이전에 다윗으로 더불어 언약을 세우시고 또 다윗과 그 자손에게 항상 등불을 주겠다고 허하셨음이더라
သို့ရာတွင် ထာဝရဘုရား သည် ဒါဝိဒ် အစ ရှိသော သား မြေးတို့၏ မီးခွက် ကို အစဉ် ထွန်းလင်းစေမည်ဟု ဂတိတော်ရှိ၍၊ ဒါဝိဒ် နှင့် ပဋိညာဉ် ဖွဲ့ တော်မူသောကြောင့် ၊ သူ၏အမျိုး ကို မ ဖျက်ဆီး ဘဲ ထားတော်မူ၏။
8 여호람 때에 에돔이 배반하여 유다의 수하에서 벗어나 자기 위에 왕을 세운고로
ထိုမင်း လက်ထက် ၌၊ ဧဒုံ ပြည်သားတို့သည် ယုဒ ရှင်ဘုရင်ကို ပုန်ကန် ၍၊ ကိုယ်အမျိုးသားကို ရှင် ဘုရင်အရာ၌ ချီးမြှောက် ကြ၏။
9 여호람이 장관들과 모든 병거를 거느리고 출정하였더니 밤에 일어나서 자기를 에워싼 에돔 사람과 그 병거의 장관들을 쳤더라
ယဟောရံ မင်းသည် မှူးမတ် များ၊ ရထား စီးသူရဲများအပေါင်း တို့နှင့်တကွ စစ်ချီ ၍ ၊ ညဉ့် အခါ ဝိုင်း သော ဧဒုံ လူများ၊ ရထား အုပ် များကို လုပ်ကြံ လေ၏။
10 이와 같이 에돔이 배반하여 유다의 수하에서 벗어났더니 오늘날까지 그러하였으며 그 때에 립나도 배반하여 여호람의 수하에서 벗어났으니 이는 저가 그 열조의 하나님 여호와를 버렸음이더라
၁၀သို့သော်လည်း ၊ ဧဒုံ ပြည်သား တို့ သည် ယနေ့ တိုင်အောင် ယုဒ ရှင်ဘုရင်ကိုပုန်ကန် ကြ၏။ ထိုကာလ၌၊ လိဗန ပြည်သည်လည်း ပုန်ကန် ၏။ အကြောင်း မူကား၊ ယဟောရံ သည် ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို စွန့် ၍၊
11 여호람이 또 유다 여러 산에 산당을 세워 예루살렘 거민으로 음란하듯 우상을 섬기게 하고 또 유다를 미혹케 하였으므로
၁၁ယုဒ တောင် တို့ အပေါ် မှာ၊ မြင့် သောအရပ်တို့ကို တည် လုပ်သဖြင့် ၊ ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သား တို့ သည် တပါးအမျိုးသားတို့၏ ဘုရားနှင့် မှားယွင်းရမည် အကြောင်း၊ အနိုင်အထက်ပြုသတည်း။
12 선지자 엘리야가 여호람에게 글을 보내어 가로되 왕의 조상 다윗의 하나님 여호와의 말씀이 네가 네 아비 여호사밧의 길과 유다 왕 아사의 길로 행치 아니하고
၁၂ပရောဖက် ဧလိယ ပေးလိုက်သောစာ သည် ထိုမင်း ထံ သို့ရောက် သဖြင့် ၊ သင့် အဘ ဒါဝိဒ် ၏ ဘုရားသခင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် သည် ခမည်းတော် ယောရှဖတ် လမ်း နှင့် ယုဒ ရှင်ဘုရင် အာသ လမ်း သို့ မ လိုက်၊
13 오직 이스라엘 열왕의 길로 행하여 유다와 예루살렘 거민으로 음란하듯 우상을 섬기게 하기를 아합의 집과 같이 하며 또 너의 아비 집에서 너보다 선한 아우들을 죽였으니
၁၃ဣသရေလ ရှင် ဘုရင်တို့ လမ်း သို့ လိုက် သောကြောင့် ၎င်း၊ အာဟပ် အမျိုး မှားယွင်း သည်နည်းတူ ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သား တို့သည်၊ တပါးအမျိုးသားတို့ ၏ ဘုရားနှင့်မှားယွင်းရမည် အကြောင်းပြုသောကြောင့်၎င်း၊ ကိုယ် ထက် သာ၍ကောင်း သော ညီရင်း တို့ကိုသတ် သောကြောင့် ၎င်း ၊
14 여호와가 네 백성과 네 자녀와 네 아내들과 네 모든 재물을 큰 재앙으로 치리라
၁၄ထာဝရဘုရား သည် သင် ၏လူ များ၊ သင် ၏သား မယား များ၊ သင် ၏ဥစ္စာ ရှိသမျှ ကို ကြီးစွာ သောဘေး ဖြင့် ဒဏ်ခတ် တော်မူမည်။
15 또 너는 창자에 중병이 들고 그 병이 날로 중하여 창자가 빠져나오리라 하셨다 하였더라
၁၅သင့် အူ သည် တနေ့ ထက်တနေ့ထွက် အောင် ၊ ဝမ်း ထဲ ၌ပြင်းစွာ သောအနာ ရောဂါစွဲလိမ့်မည်ဟု စာ၌ပါသတည်း။
16 여호와께서 블레셋 사람과 구스에서 가까운 아라비아 사람의 마음을 격동시키사 여호람을 치게 하셨으므로
၁၆ထိုနောက်မှ ၊ ထာဝရဘုရား သည် ဖိလိတ္တိ လူ၊ ကုရှ ပြည်နှင့်နီးသော အာရပ် လူတို့ကို၊ ယဟောရံ မင်း တစ်ဘက် နှိုးဆော် တော်မူသဖြင့်၊
17 그 무리가 올라와서 유다를 침노하여 왕궁의 모든 재물과 그 아들들과 아내들을 탈취하였으므로 말째 아들 여호아하스 외에는 한 아들도 남지 아니하였더라
၁၇သူတို့ သည် ယုဒ ပြည်သို့ ချီ လာ၍ လုပ်ကြံ ကြ၏။ နန်းတော် ၌ တွေ့ သမျှ သောဥစ္စာ များနှင့် ရှင်ဘုရင် ၏ သား မယား များတို့ကို သိမ်းသွား ကြသဖြင့် ၊ အထွေး ဆုံး သောသား အာခဇိမှတပါး ၊ တယောက် မျှမကျန်ကြွင်း။
18 이 모든 일 후에 여호와께서 여호람을 치사 능히 고치지 못할 병이 그 창자에 들게 하셨으므로
၁၈နောက်တဖန် မ ပျောက် နိုင်သောဝမ်း နာ ဖြင့် ထာဝရဘုရား သည် ဒဏ်ခတ် တော်မူ၏။
19 여러 날 후 이 년만에 그 창자가 그 병으로 인하여 빠져나오매 저가 그 심한 병으로 죽으니 백성이 그 열조에게 분향하던 것 같이 저에게 분향하지 아니하였으며
၁၉ရှင်ဘုရင်သည် တာရှည် စွာနာ ၍ ၊ နှစ် နှစ်စေ့ သောအခါ၊ အနာ ပြင်းထန် သောကြောင့် ၊ အူ ထွက် ၍ အသက် ချုပ်လေ၏။ ပြည်သား တို့ သည်ဘိုး တော် ဘေးတော်တို့အဘို့ မီးရှို့ ခြင်းကိုပြု သကဲ့သို့ ၊ ထိုမင်း အဘို့ မ ပြု။
20 여호람이 삼십이 세에 즉위하고 예루살렘에서 팔 년을 치리하다가 아끼는 자 없이 세상을 떠났으며 무리가 저를 다윗 성에 장사하였었으나 열왕의 묘실에는 두지 아니하였더라
၂၀ယဟောရံ သည် အသက်သုံးဆယ် နှစ် နှစ်ရှိ သော် ၊ နန်း ထိုင်၍ ယေရုရှလင် မြို့၌ ရှစ် နှစ် စိုးစံ ပြီးမှ ၊ အဘယ်သူမျှ မ နှမြော ဘဲသေ သွား၏။ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် သော်လည်း ၊ ရှင် ဘုရင်တို့ သင်္ချိုင်း ၌ မ သင်္ဂြိုဟ်ကြ။

< 역대하 21 >