< 열왕기상 21 >

1 그 후에 이 일이 있으니라 이스르엘 사람 나봇이 이스르엘에 포도원이 있어 사마리아 왕 아합의 궁에서 가깝더니
ထိုနောက်မှ ယေဇရေလ မြို့သားနာဗုတ် ပိုင်သော စပျစ် ဥယျာဉ်သည် ယေဇရေလ မြို့တွင် ၊ ရှမာရိ မင်းကြီး အာဟပ် ၏နန်း တော်နား မှာ ရှိ သည်ဖြစ်၍၊
2 아합이 나봇에게 일러 가로되 네 포도원이 내 궁 곁에 가까이 있으니 내게 주어 나물 밭을 삼게 하라 내가 그 대신에 그보다 더 아름다운 포도원을 네게 줄 것이요 만일 합의하면 그 값을 돈으로 네게 주리라
အာဟပ် မင်းက၊ သင့် စပျစ် ဥယျာဉ်သည် နန်း တော်နား မှာရှိသောကြောင့် ယာ လုပ်စရာဘို့ ပေး ပါ။ သာ၍ ကောင်းသော ဥယျာဉ် ကို ငါပေး မည်။ သို့မဟုတ် သင် အလို ရှိလျှင် အဘိုး ကိုပေး မည်ဟု နာဗုတ် အား ဆို လျှင်၊
3 나봇이 아합에게 말하되 내 열조의 유업을 왕에게 주기를 여호와께서 금하실지로다 하니
နာဗုတ် က၊ ဘိုးဘေး လက်မှ အမွေခံ သောမြေကို ကိုယ်တော်အားပေး ရသောအမှုကို ထာဝရဘုရား ဆီးတား တော်မူပါစေသောဟု ပြန်လျှောက် ၏။
4 이스르엘 사람 나봇이 아합에게 대답하여 이르기를 내 조상의 유업을 왕께 줄 수 없다 함을 인하여 아합이 근심하고 답답하여 궁으로 돌아와서 침상에 누워 얼굴을 돌이키고 식사를 아니하니
ဘိုးဘေး မှ အမွေခံ သော မြေကို မ ပေး ရဟု ယေဇရေလ မြို့သားနာဗုတ် လျှောက် သော စကား ကြောင့် အာဟပ်မင်းသည် ညစ်ညူး သောစိတ် နှင့် ညှိုးငယ် လျက်၊ နန်း တော်သို့ သွား ၍ အစာ ကိုမ စား ၊ မျက်နှာ ကို လွှဲ ၍ သာလွန် ပေါ် မှာအိပ် လျက်နေ၏။
5 그 아내 이세벨이 저에게 나아와 가로되 왕의 마음에 무엇을 근심하여 식사를 아니하나이까
ခင်ပွန်း ယေဇဗေလ သည်လာ ၍ ၊ အစာ ကို မ စား နိုင်အောင် စိတ် တော်သည် အဘယ်ကြောင့် ညှိုးငယ် တော်မူသနည်းဟုမေး လျှင်၊
6 왕이 이르되 내가 이스르엘 사람 나봇에게 말하여 이르기를 네 포도원을 내게 주되 돈으로 바꾸거나 만일 네가 좋아하면 내가 그 대신에 포도원을 네게 주리라 한즉 저가 대답하기를 내가 내 포도원을 네게 주지 않겠노라 함을 인함이로라
မင်းကြီးက၊ ယေဇရေလ မြို့သားနာဗုတ် ကို ငါခေါ် ၍ သင့် စပျစ် ဥယျာဉ်ကို ရောင်း ပါ။ သို့မဟုတ် သင် အလို ရှိ လျှင် အခြားသောဥယျာဉ် ကို ငါပေး မည်ဟုဆို သော်၊ ထိုဥယျာဉ် ကို ကိုယ်တော် အား မ ပေး ရဟု ပြန်ပြော သောကြောင့် စိတ်ညှိုးငယ်သည်ဟုဆို ၏။
7 그 아내 이세벨이 저에게 이르되 왕이 이제 이스라엘 나라를 다스리시나이까 일어나 식사를 하시고 마음을 즐겁게 하소서 내가 이스르엘 사람 나봇의 포도원을 왕께 드리리이다 하고
ခင်ပွန်း ယေဇဗေလ က၊ ကိုယ်တော် သည် ဣသရေလ နိုင်ငံကို အစိုးရ တော်မူသည် မဟုတ်လော။ ထ ၍ ရွှင်လန်း သောစိတ် နှင့် စားတော်ခေါ် ပါ။ ကျွန်မ သည် ယေဇရေလ မြို့သားနာဗုတ် ၏ စပျစ် ဥယျာဉ်ကို ဆက် ပါမည် ဟုဆို သည်အတိုင်း၊
8 아합의 이름으로 편지들을 쓰고 그 인을 쳐서 그 성에서 나봇과 함께 사는 장로와 귀인들에게 보내니
အာဟပ် မင်း၏ အခွင့်နှင့် စာ ရေး ၍ တံဆိပ် တော်နှင့် ခတ် ပြီးမှ ၊ နာဗုတ် နေ ရာမြို့ ၌ သူနှင့်အတူ နေသောအသက် ကြီးသူနှင့် မှူးမတ် များထံသို့ ပေး လိုက် လေ၏။
9 그 편지 사연에 이르기를 금식을 선포하고 나봇을 백성 가운데 높이 앉힌 후에
စာ ချက်ဟူမူကား ၊ အစာရှောင် ရာအချိန်ကို ကြွေးကြော် ၍ ၊ နာဗုတ် ကို လူ များရှေ့ မှာ မြှောက်ထား ကြလော့။
10 비류 두 사람을 그 앞에 마주 앉히고 저에게 대하여 증거하기를 네가 하나님과 왕을 저주하였다 하게 하고 곧 저를 끌고 나가서 돌로 쳐 죽이라 하였더라
၁၀သူ့ ရှေ့ မှာ အဓမ္မ လူ နှစ် ယောက်ကိုထား ၍ ၊ သင်သည် ဘုရားသခင် နှင့် ရှင် ဘုရင်ကိုစွန့်ပယ် ပြီဟု သက်သေခံ ပါလေစေ။ သို့ပြီးမှ သူ့ ကို ထုတ် ၍ သေ စေခြင်းငှါ ကျောက်ခဲ နှင့်ပစ်ကြလော့ဟု ပါသတည်း။
11 그 성 사람 곧 그 성에 사는 장로와 귀인들이 이세벨의 분부 곧 저가 자기들에게 보낸 편지에 쓴 대로 하여
၁၁ယေဇဗေလ ပေး လိုက်သော စာ ၌ ပါသည် အတိုင်း ၊ နာဗုတ်နေ သော မြို့သား အသက်ကြီး သူနှင့် မှူးမတ် တို့သည် ပြု လျက်၊
12 금식을 선포하고 나봇을 백성 가운데 높이 앉히매
၁၂အစာရှောင် ရာအချိန်ကို ကြွေးကြော် ၍ နာဗုတ် ကို လူ များရှေ့ မှာ မြှောက်ထား ကြ၏။
13 때에 비류 두 사람이 들어와서 그 앞에 앉고 백성 앞에서 나봇에게 대하여 증거를 지어 이르기를 나봇이 하나님과 왕을 저주하였다 하매 무리가 저를 성 밖으로 끌고 나가서 돌로 쳐 죽이고
၁၃အဓမ္မ လူ နှစ် ယောက်သည် လာ ၍ သူ့ ရှေ့ မှာ ထိုင် လျက် ၊ နာဗုတ် သည် ဘုရားသခင် နှင့် ရှင်ဘုရင် ကို စွန့်ပယ် ပြီဟု လူ များရှေ့ တွင် နာဗုတ် တဘက်၌ သက်သေခံ ကြလျှင် ၊ နာဗုတ်ကို မြို့ ပြင် သို့ ထုတ် ၍ သေ အောင် ကျောက်ခဲ နှင့် ပစ် ကြ၏။
14 이세벨에게 통보하기를 나봇이 돌에 맞아 죽었나이다 하니
၁၄ထိုအခါ နာဗုတ် သည် ကျောက်ခဲ နှင့် ပစ်ခြင်း ကိုခံရ၍ သေ ပါပြီဟု ယေဇဗေလ ထံသို့ စေလွှတ် ၍ ကြားလျှောက် ကြ၏။
15 이세벨이 나봇이 돌에 맞아 죽었다 함을 듣고 아합에게 이르되 일어나서 그 이스르엘 사람 나봇이 돈으로 바꾸어 주기를 싫어하던 포도원을 취하소서 나봇이 살아 있지 아니하고 죽었나이다
၁၅ထိုအကြောင်းကို ယေဇဗေလ သည် ကြား လျှင် ၊ ယေဇရေလ မြို့သားနာဗုတ် မ ရောင်းလိုသော စပျစ် ဥယျာဉ်ကို ထ ၍ သိမ်းယူ တော်မူပါ။ နာဗုတ် အသက် မ ရှိ၊ သေ ပါပြီဟု ဆို ၏။
16 아합이 나봇의 죽었다 함을 듣고 곧 일어나 이스르엘 사람 나봇의 포도원을 취하러 그리로 내려 갔더라
၁၆နာဗုတ် သေ ကြောင်း ကို အာဟပ် သည် ကြား လျှင် ၊ ယေဇရေလ မြို့သားနာဗုတ် ၏ စပျစ် ဥယျာဉ်ကို သိမ်းယူ ခြင်းငှါ ထ သွား ၏။
17 여호와의 말씀이 디셉 사람 엘리야에게 임하여 가라사대
၁၇ထိုအခါ တိရှဘိ မြို့သားဧလိယ သို့ ရောက် လာသောထာဝရဘုရား ၏နှုတ်ကပတ် တော်က၊
18 너는 일어나 내려가서 사마리아에 거하는 이스라엘 왕 아합을 만나라 저가 나봇의 포도원을 취하러 그리로 내려갔나니
၁၈သင်သည်ရှမာရိ မြို့၌ နေသော ဣသရေလ ရှင်ဘုရင် အာဟပ် ကို ကြိုဆို အံ့သောငှါ ထ သွား လော့။ သူသည်နာဗုတ် ၏ စပျစ် ဥယျာဉ်ကို သိမ်းယူ ခြင်းငှါ သွား ၍ ယခုဥယျာဉ်၌ရှိ ၏။
19 너는 저에게 말하여 이르기를 여호와의 말씀이 네가 죽이고 또 빼앗았느냐 하셨다 하고 또 저에게 이르기를 여호와의 말씀이 개들이 나봇의 피를 핥은 곳에서 개들이 네 피 곧 네 몸의 피도 핥으리라 하셨다 하라
၁၉ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင်သည် လူအသက်ကိုသတ် ၍ သူ့ဥစ္စာကို သိမ်းယူ ပြီလော။ တဖန် မိန့် တော်မူသည်ကား၊ ခွေး တို့သည် နာဗုတ် အသွေး ကို လျက် သော အရပ် ၌ သင့် အသွေး ကိုပင် လျက် ကြ လိမ့်မည်ဟု မိန့် တော်မူကြောင်းကို ဆင့်ဆို လော့ဟု မှာထား တော်မူ၏။
20 아합이 엘리야에게 이르되 나의 대적이여 네가 나를 찾았느냐 대답하되 내가 찾았노라 네가 스스로 팔려 여호와 보시기에 악을 행하였으므로
၂၀အာဟပ် ကလည်း ၊ အချင်းရန်သူ ၊ ငါ နှင့်တွေ့ ပြီ လောဟု ဧလိယ အား ဆို လျှင် ၊ ဧလိယကသင်သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု လို၍ ကိုယ် ကို ရောင်း သောကြောင့် သင်နှင့်ငါတွေ့ ပြီ။
21 여호와의 말씀이 내가 재앙을 네게 내려 너를 쓸어 버리되 네게 속한 남자는 이스라엘 가운데 매인 자나 놓인 자를 다 멸할 것이요
၂၁ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင့် အပေါ် သို့ ဘေးဥပဒ် ရောက် စေမည်။ ဣသရေလ မြို့ရွာ၌ ချုပ်ထား သောသူဖြစ်စေ ၊ အလွတ် ပြေးသောသူဖြစ်စေ၊ အာဟပ် အမျိုး ယောက်ျား များကိုပယ်ဖြတ် မည်။
22 또 네 집으로 느밧의 아들 여로보암의 집처럼 되게 하고 아히야의 아들 바아사의 집처럼 되게 하리니 이는 네가 나의 노를 격동하고 이스라엘로 범죄케 한 까닭이니라 하셨고
၂၂ငါ့အမျက် ကို နှိုးဆော်သောအပြစ်နှင့် ဣသရေလ အမျိုးကို ပြစ်မှား စေသောအပြစ်ကြောင့် ၊ သင့် အမျိုး ကို နေဗတ် ၏သား ယေရောဗောင် အမျိုး နှင့် အဟိယ ၏ သား ဗာရှာ အမျိုး ကဲ့သို့ ငါဖြစ် စေမည်။
23 이세벨에게 대하여도 여호와께서 말씀하여 가라사대 개들이 이스르엘 성 곁에서 이세벨을 먹을지라
၂၃ယေဇဗေလ အမှုမှာ ထာဝရဘုရား မိန့် တော်မူသည် ကား၊ ယေဇရေလ မြို့ရိုး နား မှာ ခွေး တို့သည် ယေဇဗေလ ကို စား ကြလိမ့်မည်။
24 아합에게 속한 자로서 성읍에서 죽은 자는 개들이 먹고 들에서 죽은 자는 공중의 새가 먹으리라 하셨느니라 하니
၂၄အာဟပ် အမျိုးသည် မြို့ ထဲမှာ သေ လျှင်ခွေး စား လိမ့်မည်။ မြို့ပြင် မှာ သေ လျှင် မိုဃ်း ကောင်းကင်ငှက် စား လိမ့်မည်ဟု မိန့်တော်မူကြောင်းကို အာဟပ်အား ဆင့်ဆို ၏။
25 예로부터 아합과 같이 스스로 팔려 여호와 보시기에 악을 행한 자가 없음은 저가 그 아내 이세벨에게 충동되었음이라
၂၅အာဟပ် နှင့် တူသော သူတယောက် မျှမရှိ။ ခင်ပွန်း ယေဇဗေလ သည် တိုက်တွန်း သဖြင့်၊ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု လို၍ ကိုယ်ကို ရောင်း သော သူဖြစ်၏။
26 저가 여호와께서 이스라엘 자손 앞에서 쫓아내신 아모리 사람의 모든 행한 것 같이 우상에게 복종하여 심히 가증하게 행하였더라
၂၆ထာဝရဘုရား သည် ဣသရေလ အမျိုးရှေ့ မှ နှင်ထုတ် တော်မူသော အာမောရိ အမျိုးသားပြု သမျှ အတိုင်း ၊ ရုပ်တု ဆင်းတုကို ဆည်းကပ် ၍ စက်ဆုပ် ရွံရှာဘွယ်အမှုကိုပြု၏။
27 아합이 이 모든 말씀을 들을 때에 그 옷을 찢고 굵은 베로 몸을 동이고 금식하고 굵은 베에 누우며 행보도 천천히 한지라
၂၇သို့ရာတွင် ဧလိယဆင့်ဆိုသော စကား တော်ကို ကြား လျှင် ၊ မိမိ အဝတ် ကို ဆုတ် ၍ လျှော်တေ အဝတ်ကို ဝတ် ၏။ အစာရှောင် ခြင်း၊ လျှော်တေ အဝတ်၌ အိပ် ခြင်း ကို ပြု၍ ဖြည်းဖြည်း သွား လာ၏။
28 여호와의 말씀이 디셉 사람 엘리야에게 임하여 가라사대
၂၈ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် တိရှဘိ မြို့သားဧလိယ သို့ ရောက် လာသည်ကား၊
29 아합이 내 앞에서 겸비함을 네가 보느냐 저가 내 앞에서 겸비함을 인하여 내가 재앙을 저의 시대에 내리지 아니하고 그 아들의 시대에야 그 집에 재앙을 내리리라 하셨더라
၂၉အာဟပ် သည် ငါ့ ရှေ့ မှာနှိမ့်ချ သည်ကို မြင် ပြီ လော။ ထိုသို့ငါ့ ရှေ့ မှာနှိမ့်ချ သောကြောင့် ၊ သူ့ လက်ထက် ၌ ထိုဘေးဥပဒ် ကို ငါမ ရောက် စေ။ သူ့ သား လက်ထက် ၌ သူ့ အမျိုး အပေါ် သို့ရောက် စေမည်ဟု မိန့် တော်မူ၏။

< 열왕기상 21 >