< 스가랴 4 >

1 내게 말하던 천사가 다시 와서 나를 깨우니 마치 자는 사람이 깨우임 같더라
ငါ​နှင့်​စ​ကား​ပြော​ဆို​နေ​ခဲ့​သည့်​ကောင်း​ကင် တ​မန်​သည် တစ်​ဖန်​လာ​၍​အိပ်​ပျော်​သူ​ကို နှိုး​သ​ကဲ့​သို့​ငါ့​ကို​နှိုး​ပြီး​လျှင်၊-
2 그가 내게 묻되 네가 무엇을 보느냐 내가 대답하되 내가 보니 순금 등대가 있는데 그 꼭대기에 주발 같은 것이 있고 또 그 등대에 일곱 등잔이 있으며 그 등대 꼭대기 등잔에는 일곱 관이 있고
``အ​ဘယ်​အ​ရာ​ကို​သင်​မြင်​ပါ​သ​နည်း'' ဟု​မေး​၏။ ငါ​က​လည်း``ရွှေ​မီး​တင်​ခုံ​တစ်​ခု ကို​မြင်​ပါ​သည်။ မီး​တင်​ခုံ​တိုင်​ထိပ်​တွင်​ဆီ ခွက်​တစ်​ခု​ရှိ​ပါ​သည်။ မီး​တင်​ခုံ​ပေါ်​တွင် မီး​စာ​ခု​နစ်​စ​စီ​ရှိ​သော​မီး​ခွက်​ခု​နစ်​လုံး ရှိ​ပါ​သည်။-
3 그 등대 곁에 두 감람나무가 있는데 하나는 그 주발 우편에 있고 하나는 그 좌편에 있나이다 하고
မီး​တင်​ခုံ​၏​နံ​ဘေး​တစ်​ဖက်​တစ်​ချက်​တွင် သံ​လွင်​ပင်​တစ်​ပင်​စီ​ရှိ​ပါ​သည်'' ဟု​ဖြေ ကြား​လိုက်​လေ​သည်။-
4 내게 말하는 천사에게 물어 가로되 내 주여 이것들이 무엇이니이까?
ထို​နောက်​ငါ​သည်​ကောင်း​ကင်​တ​မန်​အား၊ အ​ရှင် ဤ​အ​ရာ​တို့​သည်​အ​ဘယ်​အ​ဖြစ်​အ​ပျက် များ​ကို​သ​ရုပ်​ဆောင်​ပါ​သ​နည်း'' ဟု​မေး​၏။
5 내게 말하는 천사가 대답하여 가로되 네가 이것들이 무엇인지 알지 못하느냐 내가 대답하되 내 주여 내가 알지 못하나이다
ကောင်း​ကင်​တ​မန်​က``သင်​မ​သိ​ပါ​သ​လော'' ဟု​ဆို​လျှင် ငါ​က​လည်း``အ​ရှင်​အ​ကျွန်ုပ်​မ သိ​ပါ'' ဟု​ပြန်​လည်​ဖြေ​ကြား​လိုက်​၏။
6 그가 내게 일러 가로되 여호와께서 스룹바벨에게 하신 말씀이 이러하니라 만군의 여호와께서 말씀하시되 이는 힘으로 되지 아니하며 능으로 되지 아니하고 오직 나의 신으로 되느니라!
ကောင်း​ကင်​တ​မန်​က​ငါ့​အား``သင်​သည်​ဇေ​ရု​ဗ ဗေ​လ​သို့​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သည့်​ဤ ဗျာ​ဒိတ်​တော်​ကို​ပြန်​ကြား​လော့။ ကိုယ်​တော်​က သူ့​အား`သင်​သည်​မိ​မိ​၏​တန်​ခိုး​စွမ်း​ရည်​အား ဖြင့်​သော်​လည်း​ကောင်း၊ စစ်​သည်​ဗိုလ်​ခြေ​အင်​အား အား​ဖြင့်​သော်​လည်း​ကောင်း​ဤ​အ​မှု​ကို​ပြု လိမ့်​မည်​မ​ဟုတ်။ ငါ​၏​ဝိ​ညာဉ်​တော်​တန်​ခိုး တော်​အား​ဖြင့်​သာ​လျှင်​ပြု​နိုင်​လိမ့်​မည်'' ဟု အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​၏။-
7 큰 산아 네가 무엇이냐 네가 스룹바벨 앞에서 평지가 되리라 그가 머릿돌을 내어 놓을 때에 무리가 외치기를 은총, 은총이 그에게 있을지어다! 하리라 하셨고
တောင်​များ​သ​ဖွယ်​ကြီး​မား​သည့်​အ​ခက် အ​ခဲ​တို့​သည်​သင်​၏​ရှေ့​မှ​ကွယ်​ပျောက်​သွား လိမ့်​မည်။ သင်​သည်​ဗိ​မာန်​တော်​ကို​ပြန်​လည် တည်​ဆောက်​ရ​လိမ့်​မည်။ တိုက်​ထောင့်​အ​ထွတ် ကျောက်​ကို​အ​ပြီး​သတ်​တပ်​ဆင်​လိုက်​သော အ​ခါ ပြည်​သူ​တို့​က`တင့်​တယ်​လှ​ပါ​ပေ​သည်၊ တင့်​တယ်​လှ​ပါ​ပေ​သည်' ဟု​ကြွေး​ကြော် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။''
8 여호와의 말씀이 또 내게 임하여 가라사대
ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​အ​ခြား​နှုတ် က​ပတ်​တော်​တစ်​ပါး​သည် ငါ​၏​ထံ​တော် သို့​ရောက်​ရှိ​လာ​ပြန်​၏။-
9 스룹바벨의 손이 이 전의 지대를 놓았은즉 그 손이 또한 그것을 마치리라 하셨나니 만군의 여호와께서 나를 너희에게 보내신 줄을 네가 알리라 하셨느니라
ကိုယ်​တော်​က၊``ဇေ​ရု​ဗ​ဗေ​လ​သည်​ဗိ​မာန် တော်​အုတ်​မြစ်​ကို​ချ​ထား​ပြီး​လေ​ပြီ။ သူ သည်​ထို​အ​ဆောက်​အ​ဦး​ကို​လက်​စ​သတ် ရ​ပေ​လိမ့်​မည်။ ယင်း​သို့​လက်​စ​သတ်​သော အ​ခါ​၌​ငါ​၏​လူ​မျိုး​တော်​သည် မိ​မိ​တို့ ထံ​သို့​သင့်​ကို​စေ​လွှတ်​ခဲ့​သူ​မှာ အ​နန္တ​တန်​ခိုး ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​ကြောင်း​သိ​ရှိ ကြ​လိမ့်​မည်။-
10 작은 일의 날이라고 멸시하는 자가 누구냐? 이 일곱은 온 세상에 두루 행하는 여호와의 눈이라 다림줄이 스룹바벨의 손에 있음을 보고 기뻐하리라
၁၀သူ​သည်​ဗိ​မာန်​တော်​ဆောက်​လုပ်​ရာ​တွင် တိုး တက်​မှု​နှေး​ကွေး​သည့်​အ​တွက်​စိတ်​ပျက်​ကြ သော်​လည်း ဗိ​မာန်​တော်​ကို​ဇေ​ရု​ဗ​ဗေ​လ​သည် ချိန်​ကြိုး​ကိုင်​လျက် ဆက်​လက်​တည်​ဆောက်​လျက် နေ​ကြောင်း​ကို​တွေ့​မြင်​ရ​သော​အ​ခါ​၌​မူ ဝမ်း​မြောက်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ကောင်း​ကင်​တ​မန်​က​ငါ့​အား``မီး​ခွက်​ခု​နစ် ခု​သည်​ကမ္ဘာ​မြေ​ကြီး​တစ်​ခု​လုံး​ကို​တွေ့ မြင်​နိုင်​သော ထာ​ဝ​ရ​ဘု​ရား​၏​မျက်​စိ ခု​နစ်​လုံး​ဖြစ်​၏'' ဟု​ပြော​၏။
11 내가 그에게 물어 가로되 등대 좌우의 두 감람나무는 무슨 뜻이니이까? 하고
၁၁ထို​အ​ခါ​ငါ​သည်​သူ့​အား``မီး​တင်​ခုံ​၏ တစ်​ဖက်​တစ်​ချက်​တွင်​ရှိ​သော​သံ​လွင်​ပင် နှစ်​ပင်​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကား​အ​ဘယ် သို့​နည်း။-
12 다시 그에게 물어 가로되 금 기름을 흘려내는 두 금관 옆에 있는 이 감람나무 두 가지는 무슨 뜻이니이까?
၁၂သံ​လွင်​ဆီ​များ​ကျ​ဆင်း​ရာ​ရွှေ​ပြွန်​နှစ်​လုံး ၏​နံ​ဘေး​တွင်​ရှိ​သော​သံ​လွင်​ခက်​နှစ်​ခု​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​မှာ​လည်း​အ​ဘယ်​နည်း'' ဟု မေး​၏။
13 그가 내게 대답하여 가로되 네가 이것이 무엇인지 알지 못하느냐? 대답하되 내 주여 알지 못하나이다
၁၃သူ​က​ငါ့​အား``သင်​မ​သိ​ပါ​သ​လော'' ဟု ဆို​လျှင်၊ ငါ​က​လည်း`အ​ရှင်​အ​ကျွန်ုပ်​မ​သိ​ပါ' ဟု ပြန်​လည်​ဖြေ​ကြား​လိုက်​၏။
14 가로되 이는 기름 발리운 자 둘이니 온 세상의 주 앞에 모셔 섰는 자니라 하더라
၁၄ထို​အ​ခါ​ကောင်း​ကင်​တ​မန်​က``ဤ​အ​ရာ တို့​သည်​ကမ္ဘာ​မြေ​ပြင်​တစ်​ခု​လုံး​ကို​အ​စိုး ရ​သော​အ​ရှင်၊ ဘု​ရား​သ​ခင်​၏​အ​မှု​တော် ကို​ထမ်း​ဆောင်​ရန်​ကိုယ်​တော်​ရွေး​ချယ်​ဘိ​သိက် ပေး​တော်​မူ​သော​သူ​နှစ်​ဦး​ဖြစ်​၏'' ဟု​ဆို လေ​သည်။

< 스가랴 4 >