< 시편 78 >

1 (아삽의 마스길) 내 백성이여, 내 교훈을 들으며 내 입의 말에 귀를 기울일지어다
ငါ​၏​အ​မျိုး​သား​တို့၊ငါ​၏​သွန်​သင်​ချက်​ကို နား​ထောင်​ကြ​လော့။ ငါ​ပြော​သည့်​စ​ကား​ကို​အာ​ရုံ​စိုက်​ကြ​လော့။
2 내가 입을 열고 비유를 베풀어서 옛 비밀한 말을 발표하리니
ဘိုး​ဘေး​တို့​ပြော​ကြား​ခဲ့​သ​ဖြင့်​ငါ​တို့ ကြား​သိ​ရ​သည့်
3 이는 우리가 들은 바요 아는 바요 우리 열조가 우리에게 전한 바라
အ​တိတ်​ကာ​လ​မှ​လျှို့​ဝှက် နက်​နဲ​သော​အ​ရာ​များ​အ​ကြောင်း​ကို သင်​တို့​အား​ငါ​စ​ကား​ပုံ​များ​ဖြင့်​ရှင်း ပြ​မည်။
4 우리가 이를 그 자손에게 숨기지 아니하고 여호와의 영예와 그 능력과 기이한 사적을 후대에 전하리로다
ယင်း​တို့​ကို​ငါ​တို့​သည်​သား​မြေး​များ​ထံ​မှ ထိမ်​ဝှက်​၍​ထား​မည်​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​နှင့်​ကြီး​မြတ်​သော အ​မှု​တော်​ကို​လည်း​ကောင်း၊ကိုယ်​တော်​ပြု​တော်​မူ​သော အံ့​သြ​ဖွယ်​ရာ​အ​မှု​တို့​ကို​လည်း​ကောင်း နောက်​လူ​မျိုး​ဆက်​အား​ဖော်​ပြ​မည်။
5 여호와께서 증거를 야곱에게 세우시며 법도를 이스라엘에게 정하시고 우리 열조에게 명하사 저희 자손에게 알게 하라 하셨으니
ကိုယ်​တော်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဥ​ပ​ဒေ​များ​ကို​လည်း​ကောင်း၊ ယာ​ကုပ်​အ​မျိုး​အ​နွယ်​တို့​အား​ပ​ညတ်​တော် များ​ကို​လည်း​ကောင်း​ပေး​အပ်​တော်​မူ​ခဲ့​၏။ ပ​ညတ်​တော်​များ​ကို​သား​မြေး​တို့​အား တစ်​ဆင့်​သွန်​သင်​ပေး​နိုင်​ကြ​ရန် ကိုယ်​တော်​သည်​ငါ​တို့​ဘိုး​ဘေး​တို့​အား မှာ​ကြား​ဆင့်​ဆို​တော်​မူ​၏။
6 이는 저희로 후대 곧 후생 자손에게 이를 알게 하고 그들은 일어나 그 자손에게 일러서
ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ၊နောက်​လူ​မျိုး​ဆက် သည် ပ​ညတ်​တော်​တို့​ကို​သိ​ရှိ​နား​လည်​လျက် မိ​မိ​တို့​၏​သား​မြေး​တို့​အား​တစ်​ဆင့်​ပြန်​၍ သွန်​သင်​ပေး​နိုင်​ကြ​စေ​ရန်​ဖြစ်​၏။
7 저희로 그 소망을 하나님께 두며 하나님의 행사를 잊지 아니하고 오직 그 계명을 지켜서
ဤ​နည်း​အား​ဖြင့်​ယင်း​သား​မြေး​တို့​သည် ဘု​ရား​သ​ခင်​ကို​ကိုး​စား​လာ​ကာ ကိုယ်​တော်​ပြု​သော​အ​မှု​အ​ရာ​တို့​ကို မ​မေ့​မ​လျော့​ဘဲ​ပ​ညတ်​တော်​တို့​ကို​အ​စဉ် စောင့်​ထိန်း​ကြ​ပေ​လိမ့်​မည်။
8 그 열조 곧 완고하고 패역하여 그 마음이 정직하지 못하며 그 심령은 하나님께 충성치 아니한 세대와 같지 않게 하려 하심이로다
သူ​တို့​သည်​ဘု​ရား​စ​ကား​ကို​နား​မ​ထောင်​ဘဲ ပုန်​ကန်​တတ်​သော​ဘိုး​ဘေး​တို့​ကဲ့​သို့​မ​ဖြစ် တော့​ပေ။ ထို​ဘိုး​ဘေး​တို့​ကား​အ​ဘယ်​အ​ခါ​က​မျှ ဘု​ရား​သ​ခင်​ကို​စွဲ​မြဲ​စွာ​ကိုး​စား​မှု​မ​ရှိ ခဲ့​ကြ။ ကိုယ်​တော်​၏​အ​ပေါ်​၌​လည်း​အ​စဉ်​အ​မြဲ သစ္စာ​မ​စောင့်​ကြ။
9 에브라임 자손은 병기를 갖추며 활을 가졌으나 전쟁의 날에 물러갔도다
လေး​မြား​ကို​ကိုင်​စွဲ​တိုက်​ခိုက်​ကြ​သော ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​သည်​စစ်​ပွဲ​ဝင်​ရ​သော​နေ့​၌ ထွက်​ပြေး​ကြ​ကုန်​၏။
10 저희가 하나님의 언약을 지키지 아니하고 그 율법 준행하기를 거절하며
၁၀သူ​တို့​သည်​ဘု​ရား​သ​ခင်​နှင့်​မိ​မိ​တို့​ပြု​ထား​သည့် ပ​ဋိ​ညာဉ်​ကို​မ​စောင့်​ထိန်း​ကြ။ ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​ကို​လိုက်​နာ​ရန် ငြင်း​ဆန်​ကြ​၏။
11 여호와의 행하신 것과 저희에게 보이신 기사를 잊었도다
၁၁သူ​တို့​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော အ​မှု​အ​ရာ​များ​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ပြု​တော်​မူ​သော​ထူး​ဆန်း​သည့် နိ​မိတ်​လက္ခ​ဏာ​များ​ကို​လည်း​ကောင်း​မေ့​လျော့ ကြ​လေ​ကုန်​ပြီ။
12 옛적에 하나님이 애굽 땅 소안 들에서 기이한 일을 저희 열조의 목전에서 행하셨으되
၁၂အီ​ဂျစ်​ပြည်​ဇော​န​လွင်​ပြင်​တွင်​သူ​တို့​၏ ဘိုး​ဘေး​တို့​၏​မျက်​မှောက်​၌ ထာ​ဝ​ရ​ဘု​ရား​သည်​ထူး​ဆန်း​သည့်​နိ​မိတ် လက္ခ​ဏာ​များ​ကို​ပြ​တော်​မူ​၏။
13 저가 바다를 갈라 물을 무더기 같이 서게 하시고 저희로 지나게 하셨으며
၁၃ကိုယ်​တော်​သည်​ပင်​လယ်​ကို​နှစ်​ခြမ်း​ကွဲ​စေ​၍ ရေ​ကို​စု​ပုံ​စေ​ပြီး​လျှင်​သူ​တို့​အား ဖြတ်​ကူး​စေ​တော်​မူ​၏။
14 낮에는 구름으로 온 밤에는 화광으로 인도하셨으며
၁၄နေ့​အ​ချိန်​၌​ကိုယ်​တော်​သည်​မိုး​တိမ်​တိုက် အား​ဖြင့်​လည်း​ကောင်း၊ တစ်​ည​ပတ်​လုံး​မီး​အ​လင်း​ရောင် အား​ဖြင့်​လည်း​ကောင်း​သူ​တို့​အား​လမ်း​ပြ ပို့​ဆောင်​တော်​မူ​၏။
15 광야에서 반석을 쪼개시고 깊은 수원에서 나는 것 같이 저희에게 물을 흡족히 마시우셨으며
၁၅ကိုယ်​တော်​သည်​တော​ကန္တာ​ရ​တွင် ကျောက်​ဆောင်​ကို​ခွဲ​၍​နက်​ရှိုင်း​ရာ​မှ​ရေ​ကို ထို​သူ​တို့​အား​တိုက်​တော်​မူ​၏။
16 또 반석에서 시내를 내사 물이 강 같이 흐르게 하셨으나
၁၆ကိုယ်​တော်​သည်​ကျောက်​ဆောင်​မှ စမ်း​ရေ​ထွက်​စေ​လျက်​မြစ်​သ​ဖွယ် စီး​ဆင်း​စေ​တော်​မူ​၏။
17 저희는 계속하여 하나님께 범죄하여 황야에서 지존자를 배반하였도다
၁၇သို့​ရာ​တွင်​သူ​တို့​သည်​ဘု​ရား​သ​ခင်​အား ပြစ်​မှား​မြဲ​ပြစ်​မှား​လျက် အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​အ​ရှင်​ကို သဲ​ကန္တာ​ရ​တွင်​ပုန်​ကန်​ကြ​၏။
18 저희가 저희 탐욕대로 식물을 구하여 그 심중에 하나님을 시험하였으며
၁၈သူ​တို့​သည်​စား​လို​သည့်​အ​စား​အ​စာ​ကို တောင်း​ဆို​ခြင်း​အား​ဖြင့်​တ​မင်​သက်​သက် ဘု​ရား​သ​ခင်​အား​သွေး​စမ်း​ကြ​၏။
19 그 뿐 아니라 하나님을 대적하여 말하기를 하나님이 광야에서 능히 식탁을 준비하시랴
၁၉``ဘု​ရား​သ​ခင်​သည်​တော​ကန္တာ​ရ​တွင်​ငါ​တို့​အား အ​စား​အ​စာ​ကို​ပေး​နိုင်​ပါ​မည်​လော။
20 저가 반석을 쳐서 물을 내시매 시내가 넘쳤거니와 또 능히 떡을 주시며 그 백성을 위하여 고기를 예비하시랴 하였도다
၂၀ကျောက်​ဆောင်​ကို​ကိုယ်​တော်​ရိုက်​လိုက်​သော အ​ခါ အ​ရှိန်​ပြင်း​သည့်​ချောင်း​သ​ဖွယ်​ရေ​ထွက်​လာ သည်​မှာ မှန်​ပါ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​ငါ​တို့​အား​အ​စား​အ​စာ​ကို ကျွေး​နိုင်​ပါ​မည်​လော။ မိ​မိ​၏​လူ​စု​တော်​အား​အ​မဲ​သား​ကို​ပေး​နိုင် ပါ​မည်​လော'' ဟု​ဆို​၍ ဘု​ရား​သ​ခင်​အား​မ​ကျေ​နပ်​သည့်​စ​ကား​ကို ပြော​ဆို​ကြ​၏။
21 그러므로 여호와께서 듣고 노하심이여 야곱을 향하여 노가 맹렬하며 이스라엘을 향하여 노가 올랐으니
၂၁ထို​သူ​တို့​၏​စ​ကား​ကို​ကြား​တော်​မူ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​ထွက်​တော်​မူ​၍ မိ​မိ​လူ​စု​တော်​အား​မီး​ဘေး​သင့်​စေ​တော်​မူ​၏။ သူ​တို့​သည်​ကိုယ်​တော်​ကို​အား​မ​ကိုး။ ကိုယ်​တော်​ကယ်​တော်​မူ​မည်​ကို​လည်း​မ​ယုံ ကြည်​ကြ။ အ​မျက်​တော်​သည်​ပို​မို​ပြင်း​ထန်​လာ​၏။
22 이는 하나님을 믿지 아니하며 그 구원을 의지하지 아니한 연고로다
၂၂
23 그러나 저가 오히려 위의 궁창을 명하시며 하늘 문을 여시고
၂၃သို့​သော်​လည်း​ကိုယ်​တော်​သည်​အ​ထက် ကောင်း​ကင်​အား​မိန့်​မြွက်​တော်​မူ​၏။ ကောင်း​ကင်​တံ​ခါး​များ​အား​ဖွင့်​ရန် အ​မိန့်​ပေး​တော်​မူ​၏။
24 저희에게 만나를 비같이 내려 먹이시며 하늘 양식으로 주셨나니
၂၄ကိုယ်​တော်​သည်​သူ​တို့​စား​ရန်​မန္န​မုန့်​မိုး​ရွာ​စေ တော်​မူ​၏။ သူ​တို့​စား​သုံး​ရန်​ကောင်း​ကင်​မှ​ဆန်​စ​ပါး​ကို ချ​ပေး​တော်​မူ​၏။
25 사람이 권세 있는 자의 떡을 먹음이여 하나님이 식물을 충족히 주셨도다
၂၅ထို့​ကြောင့်​သူ​တို့​သည်​ကောင်း​ကင်​တ​မန်​တို့​၏ အ​စား​အ​စာ​ကို​စား​ကြ​ရ​၏။ ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​အ​ဝ​ကျွေး​တော်​မူ​၏။
26 저가 동풍으로 하늘에서 일게 하시며 그 권능으로 남풍을 인도하시고
၂၆ထို့​အ​ပြင်​ကိုယ်​တော်​သည် အ​ရှေ့​လေ​ကို​တိုက်​စေ​ပြီး​နောက်​တန်​ခိုး​တော်​အား​ဖြင့် တောင်​လေ​ကို​လှုပ်​ရှား​စေ​တော်​မူ​၏။
27 저희에게 고기를 티끌같이 내리시니 곧 바다 모래 같은 나는 새라
၂၇ထို​နောက်​ပင်​လယ်​ကမ်း​ခြေ​သဲ​လုံး​နှင့်​အ​မျှ များ​ပြား​သော​ငှက်​တို့​ကို မိ​မိ​၏​လူ​စု​တော်​အား​ချ​ပေး​တော်​မူ​၏။
28 그 진중에 떨어지게 하사 그 거처에 둘리셨도다
၂၈ယင်း​ငှက်​တို့​သည်​တပ်​စ​ခန်း​အ​လယ်​တဲ​ရှင်​များ ပတ်​လည်​တွင်​ကျ​ကြ​၏။
29 저희가 먹고 배불렀나니 하나님이 저희 소욕대로 주셨도다
၂၉သို့​ဖြစ်​၍​လူ​တို့​သည်​ကျေ​နပ်​အောင်​စား​ရ​ကြ​၏။ ဘု​ရား​သ​ခင်​သည်​လည်း​သူ​တို့​စား​လို​သော အ​စား​အ​စာ​ကို​ကျွေး​တော်​မူ​၏။
30 저희가 그 욕심에서 떠나지 아니하고 저희 식물이 아직 그 입에 있을 때에
၃၀သို့​ရာ​တွင်​သူ​တို့​သည်​ရောင့်​ရဲ​မှု​မ​ရ​နိုင်။
31 하나님이 저희를 대하여 노를 발하사 저희 중 살진 자를 죽이시며 이스라엘의 청년을 쳐 엎드러뜨리셨도다
၃၁ဘု​ရား​သ​ခင်​သည်​သူ​တို့​အား အ​မျက်​ထွက်​တော်​မူ​သ​ဖြင့်​အ​သန်​စွမ်း​ဆုံး လက်​ရွေး​စင်​ဣ​သ​ရေ​လ​လူ​ငယ်​လူ​ရွယ် များ​ကို သေ​ဒဏ်​သင့်​စေ​တော်​မူ​၏။
32 그럴지라도 저희가 오히려 범죄하여 그의 기사를 믿지 아니하였으므로
၃၂ဤ​အ​ဖြစ်​အ​ပျက်​အ​ပေါင်း​နှင့်​တွေ့​ကြုံ​ရ​သော်​လည်း လူ​တို့​သည်​အ​ပြစ်​ကူး​မြဲ​ကူး​လျက်​နေ​ကြ​၏။ ကိုယ်​တော်​သည်​ထူး​ဆန်း​သော နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​တော်​မူ​သော်​လည်း သူ​တို့​သည်​ကိုယ်​တော်​ကို​မ​ကိုး​စား​ကြ။
33 하나님이 저희 날을 헛되이 보내게 하시며 저희 해를 두렵게 지내게 하셨도다
၃၃သို့​ဖြစ်​၍​ကိုယ်​တော်​သည်​သူ​တို့​အား ထွက်​သက်​ဝင်​သက်​တ​မျှ​တစ်​ခ​ဏ​ချင်း​၌ အ​သက်​ဆုံး​ရှုံး​စေ​တော်​မူ​၏။ သူ​တို့​၏​ဘ​ဝ​ကို​ရုတ်​တ​ရက်​ကျ​ရောက်​သည့် ဘေး​အန္တ​ရာယ်​ကြောင့်​နိ​ဂုံး​ချုပ်​စေ​တော်​မူ​၏။
34 하나님이 저희를 죽이실 때에 저희가 그에게 구하며 돌이켜 하나님을 간절히 찾았고
၃၄သို့​ရာ​တွင်​ထို​သူ​အ​ချို့​တို့​ကို​ကိုယ်​တော် သေ​စေ​တော်​မူ​သော်​လည်း ကြွင်း​ကျန်​သော​သူ​တို့​မူ​ကား​အ​ထံ​တော်​သို့ ပြန်​လာ​ကြ​၏။ သူ​တို့​သည်​နောင်​တ​ရ​လျက်​စိတ်​အား​ထက် သန်​စွာ ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​ကုန်​၏။
35 하나님이 저희의 반석이시요 지존하신 하나님이 저희 구속자이심을 기억하였도다
၃၅ဘု​ရား​သ​ခင်​သည်​မိ​မိ​တို့​အား ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​သော ကျောက်​တောင်​သ​ဖွယ်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​အ​ရှင်​သည် မိ​မိ​တို့​အား​ကူ​မ​ရန်​ကြွ​လာ​တော်​မူ​ကြောင်း ကို​လည်း​ကောင်း​သူ​တို့​သည်​သ​တိ​ရ​ကြ​ကုန်​၏။
36 그러나 저희가 입으로 그에게 아첨하며 자기 혀로 그에게 거짓을 말하였으니
၃၆သို့​ရာ​တွင်​သူ​တို့​သည်​ကိုယ်​တော်​အား​နှုတ်​ဖြင့် မြှောက်​ပင့်​ပြော​ဆို​၍ လျှာ​ဖြင့်​လိမ်​လည်​လျှောက်​ထား​ကြ​၏။
37 이는 하나님께 향하는 저희 마음이 정함이 없으며 그의 언약에 성실치 아니하였음이로다
၃၇သူ​တို့​သည်​ကိုယ်​တော်​အား​သစ္စာ​မ​စောင့်​ကြ။ ကိုယ်​တော်​နှင့်​ပြု​ထား​သည့်​ပ​ဋိ​ညာဉ်​ကို​လည်း မ​စောင့်​မ​ထိန်း။
38 오직 하나님은 자비하심으로 죄악을 사하사 멸하지 아니하시고 그 진노를 여러번 돌이키시며 그 분을 다 발하지 아니하셨으니
၃၈သို့​သော်​လည်း​ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​လူ​စု​အား က​ရု​ဏာ​ထား​တော်​မူ​၏။ သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​၍ သူ​တို့​အား​ဆုံး​ပါး​ပျက်​စီး​စေ​တော်​မ​မူ။ ကိုယ်​တော်​သည်​ကြိမ်​ဖန်​များ​စွာ​မိ​မိ​၏​ဒေါ​သ​ကို ချုပ်​တည်း​တော်​မူ​၍ သူ​တို့​ပေါ်​တွင်​အ​မျက်​မ​ထွက်​ဘဲ​နေ​တော် မူ​၏။
39 저희는 육체 뿐이라 가고 다시 오지 못하는 바람임을 기억하셨음이로다
၃၉ထို​သူ​တို့​ကား​လူ​သား​များ​သာ​ဖြစ်​ကြောင်း၊ အ​နီး​မှ​ဖြတ်​၍​တိုက်​ကာ ပျောက်​ကွယ်​သွား​တတ်​သော​လေ​ကဲ့​သို့ ဖြစ်​ကြောင်း​ကို​သ​တိ​ရ​တော်​မူ​၏။
40 저희가 광야에서 그를 반항하며 사막에서 그를 슬프시게 함이 몇번인고
၄၀သူ​တို့​သည်​တော​ကန္တာ​ရ​တွင်​ကြိမ်​ဖန်​များ​စွာ ကိုယ်​တော်​အား​ပုန်​ကန်​ခဲ့​ကြ​၏။ ကြိမ်​ဖန်​များ​စွာ​ကိုယ်​တော်​အား​စိတ်​မ​ချမ်း​မ​သာ ဖြစ်​စေ​ခဲ့​ကြ​ပါ​သည်​တ​ကား။
41 저희가 돌이켜 하나님을 재삼 시험하며 이스라엘의 거룩한 자를 격동하였도다
၄၁သူ​တို့​သည်​အ​ဖန်​တ​လဲ​လဲ​ဘု​ရား​သ​ခင်​အား သွေး​စမ်း​လျက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော ဘု​ရား​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ကြ​၏။
42 저희가 그의 권능을 기억지 아니하며 대적에게서 구속하신 날도 생각지 아니하였도다
၄၂သူ​တို့​သည်​ကိုယ်​တော်​၌​မ​ဟာ​တန်​ခိုး​တော် ရှိ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း မိ​မိ​တို့​အား​ရန်​သူ​တို့​လက်​မှ ကိုယ်​တော်​ကယ်​တော်​မူ​ခဲ့​သော​အ​ချိန် ကာ​လ​ကို​လည်း​ကောင်း၊ အီ​ဂျစ်​ပြည်​ဇော​န​လွင်​ပြင်​တွင်​အံ့​သြ​ဖွယ် အ​မှု​အ​ရာ​များ​နှင့် ထူး​ဆန်း​သော​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ တော်​မူ ခဲ့​ကြောင်း​ကို​လည်း​ကောင်း​သ​တိ​မ​ရ​ကြ။
43 그 때에 하나님이 애굽에서 그 징조를, 소안 들에서 그 기사를 나타내사
၄၃
44 저희의 강과 시내를 피로 변하여 저희로 마실수 없게 하시며
၄၄အီ​ဂျစ်​ပြည်​သူ​ပြည်​သား​တို့​မ​သောက်​မ​သုံး နိုင်​ကြ​စေ​ရန် ချောင်း​များ​မြစ်​များ​မှ​ရေ​တို့​ကို​ကိုယ်​တော် သည် သွေး​အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​တော်​မူ​၏။
45 파리 떼를 저희 중에 보내어 물게 하시고 개구리를 보내어 해하게 하셨으며
၄၅ကိုယ်​တော်​သည်​သူ​တို့​အား​အ​တိ​ဒုက္ခ​ပေး​သည့် ယင်​ရဲ​များ​ကို​လည်း​ကောင်း၊ သူ​တို့​၏​လယ်​ယာ​များ​ကို​ဖျက်​ဆီး​ကြ​သည့် ဖား​များ​ကို​လည်း​ကောင်း​သူ​တို့​ထံ​သို့​စေ လွှတ်​တော်​မူ​၏။
46 저희의 토산물을 황충에게 주시며 저희의 수고한 것을 메뚜기에게 주셨으며
၄၆သူ​တို့​၏​ကောက်​ပဲ​သီး​နှံ​များ​ကို​စား​ပစ်​ရန်​နှင့် လယ်​ယာ​များ​ကို​ဖျက်​ဆီး​ပစ်​ရန်​နှံ​ကောင်​များ​ကို စေ​လွှတ်​တော်​မူ​၏။
47 저희 포도나무를 우박으로, 저희 뽕나무를 서리로 죽이셨으며
၄၇သူ​တို့​၏​စ​ပျစ်​နွယ်​များ​ကို​မိုး​သီး​အား​ဖြင့် လည်း​ကောင်း၊ သ​ဖန်း​ပင်​များ​ကို​ဆီး​နှင်း​ခဲ​အား​ဖြင့်​လည်း​ကောင်း ဖျက်​ဆီး​ပစ်​တော်​မူ​၏။
48 저희 가축을 우박에, 저희 양떼를 번갯불에 붙이셨으며
၄၈သူ​တို့​၏​ကျွဲ​နွား​တိ​ရစ္ဆာန်​များ​ကို မိုး​သီး​အား​ဖြင့်​လည်း​ကောင်း၊ သိုး​အုပ်​ဆိတ်​အုပ်​များ​ကို​မိုး​ကြိုး အား​ဖြင့်​လည်း​ကောင်း​ဖျက်​ဆီး​ပစ်​တော်​မူ​၏။
49 그 맹렬한 노와 분과 분노와 고난 곧 벌하는 사자들을 저희에게 내려 보내셨으며
၄၉ကိုယ်​တော်​သည်​သူ​တို့​အား​ပြင်း​ထန်​သော အ​မျက်​တော်​ထွက်​တော်​မူ​၏။ အ​မျက်​တော်​သည်​သေ​မင်း​၏​တ​မန်​များ​သ​ဖွယ် သူ​တို့​အား​ဒဏ်​ခတ်​တော်​မူ​၏။
50 그 노를 위하여 치도하사 저희 혼의 사망을 면케 아니하시고 저희 생명을 염병에 붙이셨으며
၅၀ကိုယ်​တော်​သည်​အ​မျက်​တော်​ကို​ချုပ်​တည်း​တော်​မ​မူ။ ထို​သူ​တို့​၏​အ​သက်​ကို​လည်း​ချမ်း​သာ​ပေး တော်​မ​မူ။ သူ​တို့​အား​ကပ်​ရော​ဂါ​အား​ဖြင့်​သေ​ကြေ​ပျက်​စီး စေ​တော်​မူ​၏။
51 애굽에서 모든 장자 곧 함의 장막에 있는 그 기력의 시작을 치셨으나
၅၁ကိုယ်​တော်​သည်​အီ​ဂျစ်​ပြည်​ရှိ​အိမ်​ထောင်​စု​အ​ပေါင်း​မှ သား​ဦး​တို့​ကို​သေ​စေ​တော်​မူ​၏။
52 자기 백성을 양 같이 인도하여 내시고 광야에서 양떼같이 지도하셨도다
၅၂ထို​နောက်​ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​ကို သိုး​ထိန်း​သ​ဖွယ်​ရှေ့​ဆောင်​ကာ​တော​ကန္တာ​ရ​ကို ဖြတ်​၍​ပို့​ဆောင်​တော်​မူ​၏။
53 저희를 안전히 인도하시니 저희는 두려움이 없었으나 저희 원수는 바다에 엄몰되었도다
၅၃ကိုယ်​တော်​သည်​သူ​တို့​အား​ဘေး​မဲ့​လုံ​ခြုံ​စွာ ပို့​ဆောင်​တော်​မူ​သည်​ဖြစ်​၍​သူ​တို့​သည် မ​ကြောက်​မ​လန့်​ကြ။ သို့​ရာ​တွင်​ပင်​လယ်​ရေ​သည်​သူ​တို့​၏​ရန်​သူ​များ​ကို လွှမ်း​မိုး​လေ​၏။
54 저희를 그 성소의 지경 곧 그의 오른손이 취하신 산으로 인도하시고
၅၄ကိုယ်​တော်​သည်​သူ​တို့​အား​မိ​မိ​၏​သန့်​ရှင်း မြင့်​မြတ်​သည့်​ပြည်​တော်​သို့​လည်း​ကောင်း၊ ကိုယ်​တော်​တိုင်​သိမ်း​ပိုက်​တော်​မူ​ခဲ့​သည့် တောင်​တော်​သို့​လည်း​ကောင်း​ပို့​ဆောင်​တော် မူ​၏။
55 또 열방을 저희 앞에서 쫓아 내시며 줄로 저희 기업을 분배하시고 이스라엘 지파로 그 장막에 거하게 하셨도다
၅၅မိ​မိ​၏​လူ​စု​တော်​ရှေ့​သို့​ချီ​တက်​လာ​ကြ​သော​အ​ခါ ချဉ်း​နင်း​ဝင်​ရောက်​မည့်​ပြည်​၌​နေ​ထိုင်​ကြ​သူ​တို့​ကို နှင်​ထုတ်​တော်​မူ​၏။ ဣသ​ရေ​လ​အ​နွယ်​တို့​အား​ထို​ပြည်​ကို​ခွဲ​ဝေ သတ်​မှတ် ပေး​တော်​မူ​ပြီး​လျှင် ထို​အ​ရပ်​အ​သီး​သီး​တွင်​အ​တည်​တ​ကျ နေ​ထိုင်​စေ​တော်​မူ​၏။
56 그럴지라도 저희가 지존하신 하나님을 시험하며 반항하여 그 증거를 지키지 아니하며
၅၆သို့​ရာ​တွင်​သူ​တို့​သည်​အ​နန္တ​တန်​ခိုး​ရှင် ဘု​ရား​သ​ခင်​အား​ပုန်​ကန်​၍​သွေး​စမ်း​ကြ​၏။ သူ​တို့​သည်​ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့​ကို မ​စောင့်​မ​ထိန်း​ကြ။
57 저희 열조같이 배반하고 궤사를 행하여 속이는 활 같이 빗가서
၅၇မိ​မိ​တို့​ဘိုး​ဘေး​များ​နည်း​တူ​သစ္စာ​ဖောက်​၍ ပုန်​ကန်​ကြ​၏။ သူ​တို့​ကား​လေး​မှ​ပစ်​ထုတ်​လိုက်​သည့် လိမ်​ကောက်​နေ​သော​မြား​သ​ဖွယ်​စိတ်​မ​ချ​ရ သူ​များ​ဖြစ်​၏။
58 자기 산당으로 그 노를 격동하며 저희 조각한 우상으로 그를 진노케 하였으매
၅၈သူ​တို့​သည်​မိစ္ဆာ​နတ်​ဘု​ရား​တို့​ကို​ဝတ်​ပြု ကိုး​ကွယ်​ရာ ဌာ​န​များ​ထား​ရှိ​ခြင်း​အား​ဖြင့်​ကိုယ်​တော်​အား အ​မျက်​ထွက်​စေ​ကြ​၏။ ရုပ်​တု​များ​အား​ဖြင့်​ကိုယ်​တော်​အား ဒေါ​သ​ထွက်​စေ​ကြ​၏။
59 하나님이 들으시고 분내어 이스라엘을 크게 미워하사
၅၉မိ​မိ​၏​လူ​စု​တော်​ယင်း​သို့​ပြု​ကြ​သည်​ကို တွေ့​မြင်​တော်​မူ​သော​အ​ခါ ကိုယ်​တော်​သည်​အ​မျက်​ထွက်​လျက်​သူ​တို့​အား လုံး​လုံး​စွန့်​ပစ်​တော်​မူ​၏။
60 실로의 성막 곧 인간에 세우신 장막을 떠나시고
၆၀ငါ​တို့​တွင်​ကိန်း​ဝပ်​တော်​မူ​ရာ​ရှိ​လော​မြို့​ရှိ တဲ​တော်​ကို ကိုယ်​တော်​သည်​စွန့်​ပစ်​တော်​မူ​၏။
61 그 능력된 자를 포로에 붙이시며 자기 영광을 대적의 손에 붙이시고
၆၁တန်​ခိုး​တော်​နှင့်​ဘုန်း​အ​သ​ရေ​တော်​အ​ထိမ်း အ​မှတ် ဖြစ်​သော​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​လည်း ရန်​သူ​တို့​အား​သိမ်း​ယူ​ခွင့်​ပြု​တော်​မူ​၏။
62 그 백성을 또 칼에 붙이사 그의 기업에게 분내셨으니
၆၂ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​အား အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် သူ​တို့​ကို​သတ်​ဖြတ်​ရန်​ရန်​သူ​တို့​အား အ​ခွင့် ပေး​တော်​မူ​၏။
63 저희 청년은 불에 살라지고 저희 처녀에게는 혼인 노래가 없으며
၆၃ငယ်​ရွယ်​သူ​အ​မျိုး​သား​တို့​သည်​စစ်​ပွဲ​တွင် ကျ​ဆုံး​ကုန်​သ​ဖြင့်​ငယ်​ရွယ်​သူ အ​မျိုး​သ​မီး​တို့​နှင့်​လက်​ထပ်​ထိမ်း​မြား​မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ​တော့​ပေ။
64 저희 제사장들은 칼에 엎드러지고 저희 과부들은 애곡하지 못하였도다
၆၄ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဋ္ဌား​ဘေး​ဖြင့် သေ​ဆုံး​သွား​ကြ​ကုန်​၏။ သူ​တို့​၏​မု​ဆိုး​မ​များ​သည်​ငို​ကြွေး​မြည်​တမ်း​ခွင့် မ​ရ​ကြ။
65 때에 주께서 자다가 깬 자 같이 포도주로 인하여 외치는 용사 같이 일어나사
၆၅နောက်​ဆုံး​၌​ထာ​ဝ​ရ​ဘု​ရား​သည်​အိပ်​ရာ​မှ နိုး​ထ​သူ​ကဲ့​သို့​လည်း​ကောင်း စ​ပျစ်​ရည်​အ​ရှိန်​ဖြင့်​စိတ်​တက်​ကြွ​လာ​သော သူ​ရဲ​ကဲ့​သို့​လည်း​ကောင်း​နိုး​ထ​တော်​မူ​၏။
66 그 대적들을 쳐 물리쳐서 길이 욕되게 하시고
၆၆မိ​မိ​၏​ရန်​သူ​များ​ကို​ထာ​ဝ​စဉ်​အ​ရှက်​ကွဲ အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​၏။
67 또 요셉의 장막을 싫어 버리시며 에브라임 지파를 택하지 아니하시고
၆၇သို့​ရာ​တွင်​ကိုယ်​တော်​သည်​ယော​သပ်​၏​သား​မြေး တို့​ကို ပစ်​ပယ်​တော်​မူ​၏။ ဧ​ဖ​ရိမ်​အ​မျိုး​အ​နွယ်​ကို​ရွေး​ချယ်​တော်​မ​မူ။
68 오직 유다 지파와 그 사랑하시는 시온산을 택하시고
၆၈သူ​တို့​ကို​ရွေး​ချယ်​မည့်​အ​စား၊ယု​ဒ အ​မျိုး​အ​နွယ်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​လွန်​စွာ​ချစ်​မြတ်​နိုး​သည့် ဇိ​အုန်​တောင်​တော်​ကို​လည်း​ကောင်း ရွေး​ချယ်​တော်​မူ​၏။
69 그 성소를 산의 높음 같이, 영원히 두신 땅 같이 지으셨으며
၆၉ထို​တောင်​တော်​ပေါ်​တွင်​ကောင်း​ကင်​ဘုံ​ရှိ​အိမ်​တော်​နှင့် တူ​သော​ဗိ​မာန်​တော်​ကို​တည်​ဆောက်​တော်​မူ​၏။ ထို​ဗိ​မာန်​တော်​ကို​ကမ္ဘာ​မြေ​ကြီး​ကဲ့​သို့ ကာ​လ​ခပ်​သိမ်း​တည်​တံ့​ခိုင်​မြဲ​စေ​တော်​မူ​၏။
70 또 그 종 다윗을 택하시되 양의 우리에서 취하시며
၇၀ကိုယ်​တော်​သည်​မိ​မိ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ကို ရွေး​ချယ်​တော်​မူ​၏။ သိုး​များ​ကို​ထိန်း​ကျောင်း​ရာ​မှ​သူ့​ကို​ခေါ်​ယူ တော်​မူ​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရင်၊ ဘု​ရား​သ​ခင်​လူ​စု​တော်​ကို​စောင့်​ထိန်း​သော သိုး​ထိန်း​အ​ဖြစ်​ခန့်​ထား​တော်​မူ​၏။
71 젖 양을 지키는 중에서 저희를 이끄사 그 백성인 야곱 그 기업인 이스라엘을 기르게 하셨더니
၇၁
72 이에 저가 그 마음의 성실함으로 기르고 그 손의 공교함으로 지도하였도다
၇၂ဒါ​ဝိဒ်​မင်း​သည်​သိုး​ထိန်း​အ​ဖြစ်​နှင့်​ထို​သူ​တို့​အား ကိုယ်​ကျိုး​စွန့်​ကာ​စောင့်​ရှောက်​ကြည့်​ရှု​၍ လိမ္မာ​ကျွမ်း​ကျင်​စွာ​ရှေ့​ဆောင်​လမ်းပြ​လေ​သည်။

< 시편 78 >