< 민수기 20 >
1 정월에 이스라엘 자손 곧 온 회중이 신 광야에 이르러서 백성이 가데스에 거하더니 미리암이 거기서 죽으매 거기 장사하니라
၁သက္ကရာဇ်လေးဆယ်၊ ပဌမ လ ၌ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့သည်၊ ဇိန တော သို့ ရောက် ၍ ၊ ကာဒေရှ အရပ်၌ နေ ကြ၏။ ထို အရပ်၌ မိရိအံ သေ ၍ သင်္ဂြိုဟ် လေ၏။
2 회중이 물이 없으므로 모여서 모세와 아론을 공박하니라
၂ပရိသတ် တို့သောက်စရာ ရေ မ ရှိ သောကြောင့် ၊ မောရှေ နှင့် အာရုန် တဘက် ၌ စုဝေး ကြလျက်၊
3 백성이 모세와 다투어 말하여 가로되 `우리 형제들이 여호와 앞에서 죽을 때에 우리도 죽었더면 좋을 뻔 하였도다
၃ထာဝရဘုရား ရှေ့မှာ ငါ တို့အစ်ကို များသေ သောအခါ ၊ ငါတို့လည်း မသေ ပါလေ။
4 너희가 어찌하여 여호와의 총회를 이 광야로 인도하여 올려서 우리와 우리 짐승으로 다 여기서 죽게 하느냐?
၄ငါ တို့နှင့် ငါ တို့တိရစ္ဆာန် များကို သေ စေခြင်းငှါ ၊ ထာဝရဘုရား ၏ပရိသတ် ကို ဤ တော သို့ အဘယ်ကြောင့် ဆောင် ခဲ့သနည်း။
5 너희가 어찌하여 우리를 애굽에서 나오게 하여 이 악한 곳으로 인도하였느냐? 이 곳에는 파종할 곳이 없고, 무화과도 없고, 포도도 없고, 석류도 없고, 마실 물도 없도다'
၅ငါ တို့ကို အဲဂုတ္တု ပြည်မှ ထွက် စေ၍၊ ဤ ဆိုး သော အရပ် သို့ အဘယ်ကြောင့် ဆောင် ခဲ့သနည်း။ ဤအရပ် သည် လယ် လုပ်စရာမ ကောင်း၊ သင်္ဘောသဖန်း ပင်၊ စပျစ်နွယ် ပင်၊ သလဲ ပင်စိုက်စရာမကောင်း။ သောက် စရာရေ မျှ မ ရှိဟု မောရှေ ကို အပြစ်တင် ၍ ဆို ကြ၏။
6 모세와 아론이 총회 앞을 떠나 회막 문에 이르러 엎드리매 여호와의 영광이 그들에게 나타나며
၆မောရှေ နှင့် အာရုန် တို့သည် လူ အစုအဝေးမှ ထွက် ၍၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါးဝ သို့ သွား သဖြင့် ၊ ပြပ်ဝပ် လျက် နေကြစဉ်၊ ထာဝရဘုရား ၏ ဘုန်း တော်သည် ထင်ရှား လေ၏။
8 지팡이를 가지고 네 형 아론과 함께 회중을 모으고 그들의 목전에서 너희는 반석에게 명하여 물을 내라 하라 네가 그 반석으로 물을 내게 하여 회중과 그들의 짐승에게 마시울지니라
၈လှံတံတော် ကို ကိုင် ယူ၍ သင် ၏အစ်ကို အာရုန် ပါလျက်၊ ပရိသတ် များကို စုဝေး စေလော့။ သူ တို့ရှေ့မှာ ကျောက် ကိုမှာထား လော့။ ကျောက်သည် မိမိ ရေ ကိုပေး လိမ့်မည်။ ထိုသို့ သင်သည် ကျောက် ထဲက ရေ ကို ထွက် စေ၍ ၊ ပရိသတ် များနှင့် သူ တို့တိရစ္ဆာန် များတို့အား သောက် ဘို့ ရေကို ပေးရမည်ဟု၊
9 모세가 그 명대로 여호와의 앞에서 지팡이를 취하니라
၉မောရှေ အား မိန့် တော်မူသည်အတိုင်း ၊ မောရှေ သည် လှံတံတော် ကို ထာဝရဘုရား ရှေ့ တော်က ယူ ၍၊
10 모세와 아론이 총회를 그 반석 앞에 모으고 모세가 그들에게 이르되 패역한 너희여 들으라 우리가 너희를 위하여 이 반석에서 물을 내랴 하고
၁၀အာရုန် ပါလျက်၊ ပရိသတ် တို့ကို ကျောက် ရှေ့မှာ စုဝေး စေပြီးလျှင် ၊ အချင်းသူပုန် တို့၊ နားထောင် ကြလော့။ ငါတို့သည် သင် တို့အဘို့ ဤ ကျောက် ထဲက ရေ ကို ထွက် စေ ရမည်လောဟု ဆို လျက်၊
11 그 손을 들어 그 지팡이로 반석을 두번 치매 물이 많이 솟아 나오므로 회중과 그들의 짐승이 마시니라
၁၁မိမိ လက် ကို ဆန့် ၍ ကျောက် ကို လှံတံ နှင့် နှစ် ကြိမ်ရိုက် သဖြင့် ၊ ရေ သည် များစွာ ထွက် ၍ ၊ လူ ပရိသတ် တို့နှင့် တိရစ္ဆာန် တို့သည် သောက် ရကြ၏။
12 여호와께서 모세와 아론에게 이르시되 너희가 나를 믿지 아니하고 이스라엘 자손의 목전에 나의 거룩함을 나타내지 아니한 고로 너희는 이 총회를 내가 그들에게 준 땅으로 인도하여 들이지 못하리라 하시니라
၁၂ထာဝရဘုရား ကလည်း ၊ သင်တို့သည် ငါ့ ကို မ ယုံကြည် ၊ ဣသရေလ အမျိုးသား တို့ရှေ့မှာ ငါ့ ကိုမရိုမသေ ပြုသောကြောင့် ၊ ဤ ပရိသတ် တို့အား ငါပေး သော ပြည် သို့ သင်တို့သည် ပို့ဆောင် သောအခွင့်ကို မ ရကြဟု မောရှေ နှင့် အာရုန် တို့အား မိန့် တော်မူ၏။
13 이스라엘 자손이 여호와와 다투었으므로 이를 므리바 물이라 하니라 여호와께서 그들 중에서 그 거룩함을 나타내셨더라
၁၃ဣသရေလ အမျိုးသား တို့သည် ထာဝရဘုရား ကို ဆန့်ကျင်ဘက် ပြုသော်လည်း ၊ သူ တို့တွင် ရိုသေ လေးမြတ်ခြင်းကိုခံ တော်မူသောကြောင့်၊ ထို ရေသည် မေရိဘ ရေ ဖြစ်သတည်း။
14 모세가 가데스에서 에돔 왕에게 사자를 보내며 이르되 `당신의 형제 이스라엘의 말에 우리의 당한 모든 고난을 당신도 아시거니와
၁၄မောရှေ သည် ကာဒေရှ အရပ်မှ ဧဒုံ ရှင်ဘုရင် ထံသို့ သံတမန် တို့ကို စေလွှတ် ၍၊ ကိုယ်တော့် ညီ ဣသရေလ က၊ အကျွန်ုပ် တို့ တွေ့ ရသော အမှု အလုံးစုံ တည်းဟူသော၊
15 우리 열조가 애굽으로 내려갔으므로 우리가 애굽에 오래 거하였더니 애굽인이 우리 열조와 우리를 학대하였으므로
၁၅အကျွန်ုပ် တို့ဘိုးဘေး သည် အဲဂုတ္တု ပြည်သို့ သွား ၍ အကျွန်ုပ်တို့ သည်အဲဂုတ္တု ပြည် မှာ ကာလ ကြာမြင့် စွာနေ သဖြင့် ၊ အဲဂုတ္တု လူတို့သည် အကျွန်ုပ် တို့နှင့် ဘိုးဘေး များကို ညှဉ်းဆဲ ကြောင်း၊
16 우리가 여호와께 부르짖었더니 우리 소리를 들으시고 천사를 보내사 우리를 애굽에서 인도하여 내셨나이다 이제 우리가 당신의 변방 모퉁이 한 성읍 가데스에 있사오니
၁၆အကျွန်ုပ်တို့သည် ထာဝရဘုရား ကို အော်ဟစ် သောအခါ ၊ ကောင်းကင်တမန် ကို စေလွှတ် ၍ ၊ အကျွန်ုပ် တို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူကြောင်းကို ကိုယ်တော်သိ ပါ၏။ ယခု မှာ အကျွန်ုပ် တို့သည် ကိုယ်တော် ၏ နိုင်ငံ အစွန်အနား ၊ ကာဒေရှ အရပ်၌ ရှိကြပါ၏။
17 청컨대 우리로 당신의 땅을 통과하게 하소서 우리가 밭으로나 포도원으로나 통과하지 아니하고 우물물도 공히 마시지 아니하고 우리가 왕의 대로로만 통과하고 당신의 지경에서 나가기까지 좌편으로나 우편으로 치우치지 아니하리이다 한다 하라' 하였더니
၁၇ကိုယ်တော့် ပြည် အလယ် ၌ရှောက် ၍ သွားပါရစေ။ လယ်ယာ များ၊ စပျစ် ဥယျာဉ်များကို မ နင်း ပါ။ တွင်း ရေ ကိုလည်း မ သောက် ပါ။ ကိုယ်တော့် ပြည်နယ် ကို မ လွန် မှီတိုင်အောင်၊ လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့ မ လွှဲ ၊ မင်း လမ်း သို့သာ ရှောက် လိုက်ပါမည်ဟု တောင်းပန်စေ၏။
18 에돔 왕이 대답하되 `너는 우리 가운데로 통과하지 못하리라 내가 나가서 칼로 너를 맞을까 염려하라'
၁၈ဧဒုံ ကလည်း ၊ သင်သည် ငါ့ ပြည်အလယ် ၌ မ ရှောက် မသွားရ။ ရှောက်သွားလျှင်၊ ထား လက်နက်နှင့် ဆီးတား မည်ဟု ပြန်ပြော ၏။
19 이스라엘 자손이 이르되 `우리가 대로로 통과하겠고 우리나 우리 짐승이 당신의 물을 마시면 그 값을 줄 것이라 우리가 도보로 통과할 뿐인즉 아무 일도 없으리이다' 하나
၁၉ဣသရေလ အမျိုးသား တို့ကလည်း ၊ မင်း လမ်းသို့ သာ ရှောက် လိုက်ပါမည်။ ကိုယ်တိုင် မှစ၍တိရစ္ဆာန် တို့ သည် ကိုယ်တော့် ရေ ကို သောက် လျှင် အဘိုး ကိုပေး ပါမည်။ အခြားသောအမှု ကို မ ပြုဘဲ၊ ခြေ ဖြင့် သွား ရုံမျှသာ ပြုပါမည်ဟု ဆို သော်လည်း၊
20 그는 가로되 `너는 지나가지 못하리라' 하고 에돔 왕이 많은 백성을 거느리고 나와서 강한 손으로 막으니
၂၀ဧဒုံ က၊ သင်သည် ရှောက် ၍မ သွားရဟုဆို လျက် ၊ များစွာ သော ဗိုလ်ခြေ အလုံးအရင်း နှင့်တကွဆီးတား ခြင်းငှါ ထွက်လာ ၏။
21 에돔 왕이 이같이 이스라엘의 그 경내로 통과함을 용납지 아니하므로 이스라엘이 그들에게서 돌이키니라
၂၁ထိုသို့ ဧဒုံ သည် သူ ၏ပြည် အလယ် ၌ရှောက်သွား သော အခွင့်ကို ဣသရေလ အား မ ပေး သောကြောင့် ၊ ဣသရေလ သည် လွှဲရှောင် လေ၏။
22 이스라엘 자손 곧 온 회중이 가데스에서 진행하여 호르산에 이르렀더니
၂၂ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့ သည် ကာဒေရှ အရပ်မှ ပြောင်း ၍ ဟောရ တောင် သို့ ရောက် ကြ၏။
23 여호와께서 에돔 땅 변경 호르산에서 모세와 아론에게 말씀하시니라 가라사대
၂၃ဧဒုံ ပြည် စွန် နား၊ ဟောရ တောင် ပေါ်မှာ ထာဝရဘုရား သည် မောရှေ နှင့် အာရုန် တို့ကို ခေါ်၍၊
24 아론은 그 열조에게로 돌아가고 내가 이스라엘 자손에게 준 땅에는 들어가지 못하리니 이는 너희가 므리바 물에서 내 말을 거역한 연고니라
၂၄သင်တို့သည် မေရိဘ စမ်းရေ နားမှာ ငါ့ စကား ကို ဆန့်ကျင် သောကြောင့် ၊ ဣသရေလ အမျိုးသား တို့အား ငါပေး သော ပြည် သို့ အာရုန် သည် မ ဝင် ရ။ မိမိ လူမျိုး စည်းဝေး ရာသို့ သွားရမည်။
25 너는 아론과 그 아들 엘르아살을 데리고 호르산에 올라
၂၅သို့ဖြစ်၍အာရုန် နှင့် သူ ၏သား ဧလာဇာ ကို ခေါ် ၍ ဟောရ တောင် ပေါ်သို့ဆောင် သွားပြီးလျှင် ၊
26 아론의 옷을 벗겨 그 아들 엘르아살에게 입히라 아론은 거기서 죽어 그 열조에게로 돌아가리라
၂၆အာရုန် ၏အဝတ် ကို ချွတ် ၍ သူ ၏သား ဧလာဇာ ကို ဝတ် စေပြီးမှ ၊ အာရုန် သည် ထို အရပ်၌သေ ၍ မိမိလူမျိုးစည်းဝေး ရာသို့ သွားရမည်ဟု၊
27 모세가 여호와의 명을 좇아 그들과 함께 회중의 목전에서 호르산에 오르니라
၂၇မိန့် တော်မူသည်အတိုင်း ၊ မောရှေ ပြု ၍ ၊ သူတို့ သည် ပရိသတ် အပေါင်း တို့ရှေ့မှာ ဟောရ တောင် ပေါ်သို့ တက် ကြ၏။
28 모세가 아론의 옷을 벗겨 그 아들 엘르아살에게 입히매 아론이 그 산꼭대기에서 죽으니라 모세와 엘르아살이 산에서 내려오니
၂၈မောရှေ သည် အာရုန် ၏အဝတ် ကို ချွတ် ၍ သား ဧလာဇာ ကို ဝတ် စေပြီးမှ ၊ အာရုန် သည် တောင် ထိပ် ၌ သေ လေ၏။ မောရှေ နှင့် ဧလာဇာ တို့သည် တောင် ပေါ်က ဆင်းလာ ကြ၏။
29 온 회중 곧 이스라엘 온 족속이 아론의 죽은 것을 보고 위하여 삼십일을 애곡하였더라
၂၉အာရုန် သည် အနိစ္စ ရောက်ကြောင်း ကို ပရိသတ် အပေါင်း တို့သည် သိမြင် သောအခါ ၊ ဣသရေလ အမျိုးသား ရှိသမျှ တို့သည်၊ အာရုန် အတွက် အရက် သုံးဆယ် ပတ်လုံး ငိုကြွေး မြည်တမ်းခြင်းကို ပြုကြ၏။