< 예레미야애가 3 >

1 여호와의 노하신 매로 인하여 고난 당한 자는 내로다
ငါသည် ဘုရားသခင်၏ အမျက်တော်ကြိမ်လုံး အောက်၌ ဆင်းရဲခြင်းကို ခံရသောသူဖြစ်၏။
2 나를 이끌어 흑암에 행하고 광명에 행치 않게 하셨으며
ငါ့ကိုသွေးဆောင်၍ အလင်းသို့မပို့၊ မှောင်မိုက် ထဲသို့ ပို့ဆောင်တော်မူ၏။
3 종일토록 손을 돌이켜 자주 자주 나를 치시도다
အကယ်စင်စစ်ငါ့ကို တနေ့လုံးအထပ်ထပ် ဒဏ်ခတ်တော်မူ၏။
4 나의 살과 가죽을 쇠하게 하시며 나의 뼈를 꺾으셨고
ငါ့အရေနှင့်အသားကို ဆွေးရိစေ၍ ငါ့အရိုး တို့ကိုလည်း ချိုးတော်မူ၏။
5 담즙과 수고를 쌓아 나를 에우셨으며
ငါ့တဘက်၌ တပ်တည်၍ခါးသောအရာ၊ ပင်ပန်းစရာအကြောင်းတို့နှင့် ပိုင်းတော်မူ၏။
6 나로 흑암에 거하게 하시기를 죽은지 오랜 자 같게 하셨도다
သေလွန်သောသူတို့ကို ပြုတတ်သကဲ့သို့၊ ငါ့ကို မိုက်သောအရပ်၌ ထားတော်မူ၏။
7 나를 둘러 싸서 나가지 못하게 하시고 나의 사슬을 무겁게 하셨으며
ငါမထွက်နိုင်အောင် ဝင်းခတ်၍၊ လေးသော သံကြိုးနှင့် ချည်နှောင်တော်မူ၏။
8 내가 부르짖어 도움을 구하나 내 기도를 물리치시며
ထိုမျှမကငါသည် ကြွေးကြော်အော်ဟစ်၍ ဆုတောင်းသော်လည်း ငြင်းပယ်တော်မူ၏။
9 다듬은 돌을 쌓아 내 길을 막으사 내 첩경을 굽게 하셨도다
ငါသွားရာလမ်းကို ကျောက်ထရံနှင့်ပိတ်၍၊ ကောက်သောလမ်းဖြင့် သွားစေတော်မူ၏။
10 저는 내게 대하여 엎드리어 기다리는 곰과 은밀한 곳의 사자 같으사
၁၀ငါ့ကို ချောင်းမြောင်းသောဝက်ဝံကဲ့သို့၎င်း၊ မထင်ရှားသော အရပ်၌နေသော ခြင်္သေ့ကဲ့သို့၎င်း ဖြစ် တော်မူ၏။
11 나의 길로 치우치게 하시며 내 몸을 찢으시며 나로 적막하게 하셨도다
၁၁ငါ့ကိုလမ်းလွဲစေပြီးလျှင် အပိုင်းပိုင်းဖြတ်၍ ဖျက်ဆီးတော်မူ၏။
12 활을 당기고 나로 과녁을 삼으심이여
၁၂လေးတော်ကိုတင်၍ ပစ်စရာစက်အရာ၌ ငါ့ကို ထားတော်မူ၏။
13 전동의 살로 내 허리를 맞추셨도다
၁၃မြှားတော်တို့ကိုလည်း၊ ငါ့ကျောက်ကပ်ကို ခွင်း စေတော်မူ၏။
14 나는 내 모든 백성에게 조롱거리 곧 종일토록 그들의 노랫거리가 되었도다
၁၄ငါသည်ငါ၏လူတို့တွင် ကဲ့ရဲ့စရာအကြောင်းနှင့် တနေ့လုံး သီချင်းဆိုစရာအကြောင်း ဖြစ်ပါသည်တကား။
15 나를 쓴 것으로 배불리시고 쑥으로 취하게 하셨으며
၁၅ခါးသောဆေးနှင့်ငါ့ကိုဖြည့်၍၊ ဒေါနနှင့်ယစ်မူး စေတော်မူ၏။
16 조약돌로 내 이를 꺾으시고 재로 나를 덮으셨도다
၁၆ကျောက်စရစ်ကိုကျွေး၍ ငါ့သွားတို့ကို ချိုးတော် မူ၏။ မီးဖိုပြာနှင့် ဖုံးတော်မူ၏။
17 주께서 내 심령으로 평강을 멀리 떠나게 하시니 내가 복을 잊어버렸음이여
၁၇ငါ၏ဝိညာဉ်ကို ချမ်းသာနှင့်ဝေးစွာ ရွေ့တော်မူ သောကြောင့်၊ ငါသည် မင်္ဂလာအကြောင်းကို မေ့လျော့ ၏။
18 스스로 이르기를 나의 힘과 여호와께 대한 내 소망이 끊어졌다 하였도다
၁၈သို့ဖြစ်၍၊ ငါသည် ထာဝရဘုရားရှေ့တော်၌ အစွမ်းသတ္တိနှင့် မြော်လင်စရာအကြောင်း ပျက်လေပြီဟု ဆိုရ၏။
19 내 고초와 재난 곧 쑥과 담즙을 기억하소서!
၁၉အကျွန်ုပ်ခံရသော ဆင်းရဲငြိုငြင်ခြင်းကို၎င်း၊ ဒေါနနှင့် သည်းခြေအရည်ကို၎င်း အောက်မေ့တော်မူပါ။
20 내 심령이 그것을 기억하고 낙심이 되오나
၂၀ဧကန်အမှန်အောက်မေ့တော်မူလိမ့်မည်။
21 중심에 회상한즉 오히려 소망이 있사옴은
၂၁ထိုသို့အကျွန်ုပ်၏ စိတ်နှလုံးသည် ဆင်ခြင်၍ သတိရသောအခါ မြော်လင့်စရာအခွင့်ရှိပါ၏။
22 여호와의 자비와 긍휼이 무궁하시므로 우리가 진멸되지 아니함이니이다
၂၂ထာဝရဘုရားသည် သနားတော်မူ၍ ကရုဏာ တော်သည် မကုန်သောကြောင့် ငါတို့သည် ဆုံးရှုံးခြင်းသို့ မရောက်ဘဲနေကြ၏။
23 이것이 아침마다 새로우니 주의 성실이 크도소이다
၂၃နံနက်တိုင်းကရုဏာတော်အသစ်ကို ခံရကြ၏။ သစ္စာတော်သည် ကြီးမြတ်ပါ၏။
24 내 심령에 이르기를 여호와는 나의 기업이시니 그러므로 내가 저를 바라리라 하도다
၂၄ငါ့ဝိညာဉ်၏ သဘောဟူမူကား၊ ထာဝရဘုရား သည် ငါ၏အဘို့ ဖြစ်တော်မူ၏။ ထိုကြောင့်၊ ကိုယ်တော် ကို ငါမြော်လင့်ပါ၏။
25 무릇 기다리는 자에게나 구하는 영혼에게 여호와께서 선을 베푸시는 도다
၂၅ကိုယ်တော်ကို မြော်လင့်သောသူနှင့် ကိုယ်တော် ကို ရှာသောသူ၏ စိတ်ဝိညာဉ်အား ထာဝရဘုရားသည် ကျေးဇူးပြုတော်မူ၏။
26 사람이 여호와의 구원을 바라고 잠잠히 기다림이 좋도다
၂၆ကယ်တင်တော်မူမည်ဟု မြော်လင့်လျက်၊ ငြိမ်ဝပ်စွာ စောင့်၍ နေကောင်း၏။
27 사람이 젊었을 때에 멍에를 메는 것이 좋으니
၂၇လူသည်အသက်ပျိုစဉ်အခါ ထမ်းဘိုးကို ထမ်း ကောင်း၏။
28 혼자 앉아서 잠잠할 것은 주께서 그것을 메우셨음이라
၂၈ထမ်းဘိုးကို တင်တော်မူသောကြောင့် တယောက်တည်းထိုင်၍ ငြိမ်ဝပ်စွာနေစေ။
29 입을 티끌에 댈지어다 혹시 소망이 있을지로다
၂၉မြော်လင့်စရာအခွင့်ရှိကောင်းရှိလိမ့်မည်ဟု ထင်လျက်၊ မိမိနှုတ်ကို မြေမှုန့်၌ကပ်စေ။
30 때리는 자에게 뺨을 향하여 수욕으로 배불릴지어다
၃၀ရိုက်သောသူအား မိမိပါးကိုပေး၍၊ ကဲ့ရဲ့ပြစ်တင် ခြင်းနှင့်ပြည့်ဝစေ။
31 이는 주께서 영원토록 버리지 않으실 것임이며
၃၁အကြောင်းမူကား၊ ထာဝရဘုရားသည် အစဉ် စွန့်ပစ်တော်မမူတတ်။
32 저가 비록 근심케 하시나 그 풍부한 자비대로 긍휼히 여기실 것임이니라
၃၂ဝမ်းနည်းစေတော်မူသော်လည်း၊ ကရုဏာတော် များပြားသည်နှင့်အညီ သနားတော်မူလိမ့်မည်။
33 주께서 인생으로 고생하며 근심하게 하심이 본심이 아니시로다
၃၃ဆင်းရဲစေချင်သော စိတ်နှင့်လူသားတို့ကို ညှဉ်းဆဲ၍ ဝမ်းနည်းစေတော်မူသည်မဟုတ်။
34 세상에 모든 갇힌 자를 발로 밟는 것과
၃၄ချုပ်ထားသော ပြည်သားအပေါင်းတို့ကို ခြေနှင့် နင်းကြိတ်ခြင်းအမှု၊
35 지극히 높으신 자의 얼굴 앞에서 사람의 재판을 굽게 하는 것과
၃၅လူခံထိုက်သောတရားကို အမြင့်ဆုံးသော ဘုရား မျက်မှောက်၌ ဖျက်ခြင်းအမှု၊
36 사람의 송사를 억울케 하는 것은 다 주의 기쁘게 보시는 것이 아니로다
၃၆သူတပါးကိုမတရားသဖြင့် ရှုံးစေခြင်းအမှုတို့ကို ထာဝရဘုရားနှစ် သက်တော်မမူ။
37 주의 명령이 아니면 누가 능히 말하여 이루게 하라
၃၇ထာဝရဘုရားမှာထားတော်မမူဘဲ၊ အဘယ်သူ သည် ပြော၍တစုံတခုကို ဖြစ်စေနိုင်သနည်း။
38 화, 복이 지극히 높으신 자의 입으로 나오지 아니하느냐
၃၈အမြင့်ဆုံးသော ဘုရား၏နှုတ်ထွက်ရှိသည် အတိုင်း အမင်္ဂလာနှင့် အမင်္ဂလာဖြစ်တတ်သည် မဟုတ် လော။
39 살아 있는 사람은 자기 죄로 벌을 받나니 어찌 원망하랴
၃၉အသက်ရှင်သောလူသတ္တဝါသည် အဘယ် ကြောင့် မြည်တမ်းရမည်နည်း။ မိမိဒုစရိုက်အပြစ်ကြောင့် မြည်တမ်းရမည်လော။
40 우리가 스스로 행위를 조사하고 여호와께로 돌아가자
၄၀ငါတို့သည်ကိုယ်လိုက်သောလမ်းတို့ကို စစ်ကြော စုံစမ်း၍၊ ထာဝရဘုရားထံတော်သို့ ပြန်သွားကြကုန်အံ့။
41 마음과 손을 아울러 하늘에 계신 하나님께 들자
၄၁ကောင်းကင်ဘုံ၌ရှိတော်မူသော ဘုရားသခင့် ထံတော်သို့ နှလုံးနှင့်လက်တို့ကို ချီကြွကြကုန်အံ့။
42 우리의 범죄함과 패역함을 주께서 사하지 아니하시고
၄၂အကျွန်ုပ်တို့သည် ပြစ်မှား ပုန်ကန်မိပါပြီ။ ကိုယ်တော်သည် အပြစ်လွှတ်တော်မမူပါ။
43 진노로 스스로 가리우시고 우리를 군축하시며 살륙하사 긍휼을 베풀지 아니하셨나이다
၄၃အမျက်တော်ထွက်၍ မျက်နှာလွှဲတော်မူ၏။ တဖန်အကျွန်ုပ်တို့ကိုလိုက်၍ ကရုဏာမရှိဘဲ ကွပ်မျက် တော်မူ၏။
44 주께서 구름으로 스스로 가리우사 기도로 상달치 못하게 하시고
၄၄အကျွန်ုပ်တို့ ပဌနာစကားသည် အထံတော်သို့ မပေါက်နိုင်အောင်၊ မိုဃ်းတိမ်ဖြင့်ကိုယ်ကို ကွယ်ကာ တော်မူ၏။
45 우리를 열방 가운데서 진개와 폐물을 삼으셨으므로
၄၅အကျွန်ုပ်တို့ကိုလူမျိုးတို့တွင် လှည်းပစ်သော တန်မြက်ချေး အမှိုက်ကဲ့သို့၎င်း၊ ရွံစရာအရာကဲ့သို့၎င်း ဖြစ်စေတော်မူ၏။
46 우리의 모든 대적이 우리를 향하여 입을 크게 벌렸나이다
၄၆ရန်သူအပေါင်းတို့သည် အကျွန်ုပ်တို့တဘက်၌ နှုတ်ကိုဖွင့်ကြပါ၏။
47 두려움과 함정과 잔해와 멸망이 우리에게 임하였도다
၄၇အကျွန်ုပ်တို့သည် ကြောက်လန့်ဘွယ်သော အရာထဲသို့၎င်း၊ တွင်းထဲသို့၎င်း၊ သုတ်သင်ပယ်ရှင်း ဖျက်ဆီးခြင်းထဲသို့၎င်း ရောက်ကြပါပြီ။
48 처녀 내 백성의 파멸을 인하여 내 눈에 눈물이 시내처럼 흐르도다
၄၈ငါ၏လူမျိုးသတို့သမီးပျက်စီးသောကြောင့်၊
49 내 눈의 흐르는 눈물이 그치지 아니하고 쉬지 아니함이여
၄၉ငါမျက်စိသည်မြစ်ရေဖြစ်၍ စီးလျက်ရှိ၏။
50 여호와께서 하늘에서 살피시고 돌아보시기를 기다리는도다
၅၀ထာဝရဘုရားသည် ကောင်းကင်က ငုံ့ကြည့်၍ ရှုမှတ်တော်မမူမှီတိုင်အောင်၊ ငါ့မျက်ရည်သည် ကျ၍ အစဉ်မပြတ် ယိုစီးလျက်ရှိ၏။
51 나의 성읍의 모든 여자를 인하여 내 눈이 내 심령을 상하게 하는도다
၅၁ငါ၏မြို့သမီးအပေါင်းတို့အတွက်ကြောင့်၊ ငါမျက်စိသည် ငါ့နှလုံးကို ပူစေတတ်၏။
52 무고히 나의 대적이 된 자가 나를 새와 같이 심히 쫓도다
၅၂အကြောင်းမရှိဘဲ ငါ့ကိုရန်ပြုသောသူတို့သည် ငှက်ကိုလိုက်၍ ရှာသကဲ့သို့ ငါ့ကိုလိုက်၍ ရှာကြ၏။
53 저희가 내 생명을 끊으려고 나를 구덩이에 넣고 그 위에 돌을 던짐이여
၅၃မြေတွင်း၌ ငါ့အသက်ကို ဖြတ်၍ ငါ့အပေါ်မှာ ကျောက်ကို တင်ထားကြ၏။
54 물이 내 머리에 넘치니 내가 스스로 이르기를 이제는 멸절되었다 하도다
၅၄ငါ့ခေါင်းကို ရေလွှမ်းမိုးသည်ဖြစ်၍၊ ငါသည် ဆုံးရှုံးပြီဟု ဆိုရ၏။
55 여호와여, 내가 심히 깊은 구덩이에서 주의 이름을 불렀나이다
၅၅အိုထာဝရဘုရား၊ နက်သော မြေတွင်းထဲက အကျွန်ုပ်သည် ကိုယ်တော်၏နာမကို ခေါ်ပါ၏။
56 주께서 이미 나의 음성을 들으셨사오니 이제 나의 탄식과 부르짖음에 주의 귀를 가리우지 마옵소서
၅၆အကျွန်ုပ်ခေါ်သံကို ကြားတော်မူသည်ဖြစ်၍၊ အကျွန်ုပ်ညည်းတွားအော်ဟစ်သောအခါ နားတော်ကို လွှဲတော်မမူပါနှင့်။
57 내가 주께 아뢴 날에 주께서 내게 가까이 하여 가라사대 두려워 말라 하셨나이다
၅၇အကျွန်ုပ်သည် ကိုယ်တော်ကို ဟစ်ခေါ်သော အခါ၊ ကိုယ်တော်သည် ချဉ်းကပ်တော်မူ၍၊ မကြောက်နှင့် ဟု မိန့်တော်မူပြီ။
58 주여, 주께서 내 심령의 원통을 펴셨고 내 생명을 속하셨나이다
၅၈အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ် အသက်နှင့် ဆိုင်သောအမှုကိုစောင့်၍ ရွေးနှုတ်တော်မူပြီ။
59 여호와여, 나의 억울을 감찰하셨사오니 나를 위하여 신원하옵소서
၅၉အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ် ခံရသော ညှဉ်းဆဲခြင်းကို မြင်တော်မူပြီ။ အကျွန်ုပ်အဘို့ တရားစီရင်တော်မူပါ။
60 저희가 내게 보수하며 나를 모해함을 주께서 다 감찰하셨나이다
၆၀သူတို့သည် အကျွန်ုပ်ကို ရန်ငြိုးဖွဲ့သမျှနှင့် မကောင်းသော အကြံရှိသမျှကို ကိုယ်တော်မြင်တော်မူပြီ။
61 여호와여, 저희가 나를 훼파하며 나를 모해하는것
၆၁အိုထာဝရဘုရား၊ သူတို့ကဲ့ရဲ့သောအကြောင်း နှင့်မကောင်း သောအကြံရှိသမျှကို၎င်း၊
62 곧 일어나 나를 치는 자의 입술에서 나오는 것과 종일 모해하는 것을 들으셨나이다
၆၂အကျွန်ုပ်တဘက်၌ ထသောသူတို့၏ အပြစ်တင် ခြင်း၊ အကျွန်ုပ်တဘက်၌ တနေ့လုံးကြံစည်ခြင်းကို၎င်း ကိုယ်တော်ကြားတော်မူပြီ။
63 저희가 앉든지 서든지 나를 노래하는 것을 주여, 보옵소서
၆၃သူတို့ထိုင်ခြင်း၊ ထခြင်းကိုကြည့်ရှုတော်မူပါ။ အကျွန်ုပ်သည် သူတို့သီချင်းဆိုစရာအကြောင်းဖြစ်ပါ၏။
64 여호와여, 주께서 저의 손으로 행한 대로 보응하사
၆၄အိုထာဝရဘုရား၊ သူတို့ကျင့်သော အကျင့်နှင့် အလျောက်အကျိုးအပြစ်ကို ဆပ်ပေးတော်မူပါ။
65 그 마음을 강퍅하게 하시고 저주를 더하시며
၆၅သူတို့စိတ်နှလုံးကိုခိုင်မာစေ၍ ကျိန်တော်မူပါ။
66 진노로 저희를 군축하사 여호와의 천하에서 멸하시리이다
၆၆အမျက်တော်ထွက်၍ သူတို့ကို ညှဉ်းဆဲသဖြင့်၊ ထာဝရဘုရား၏ မိုဃ်းကောင်းကင်အောက်မှ သုတ်သင် ပယ်ရှင်းတော်မူပါ။

< 예레미야애가 3 >