< 여호수아 7 >

1 이스라엘 자손들이 바친 물건을 인하여 범죄하였으니 이는 유다 지파 세라의 증손 삽디의 손자 갈미의 아들 아간이 바친 물건을 취하였음이라 여호와께서 이스라엘 자손들에게 진노하시니라
ဣ​သ​ရေ​လ​အမျိုး​သား​တို့​သည်​ဖျက်​ဆီး​ရ မည့်​ပစ္စည်း​တစ်​စုံ​တစ်​ခု​ကို​မျှ​မ​ယူ​ရ​ဟူ သော ထာ​ဝ​ရ​ဘု​ရား​၏​တား​မြစ်​ချက်​ကို အာ​ခန်​ဆို​သူ​သည်​မ​နာ​ခံ​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား​ပြင်း​စွာ​သော​အ​မျက်​တော်​ထွက်​တော် မူ​၏။ (အာ​ခန်​သည်​ယု​ဒ​အ​နွယ်​ဝင်​ဇေ​ရ မိ​သား​စု​ထဲ​မှ​ဇာ​ဗ​ဒိ​၏​မြေး၊ ကာ​မိ​၏ သား​ဖြစ်​သည်။)
2 여호수아가 여리고에서 사람을 벧엘 동편 벧아웬 곁에 있는 아이로 보내며 그들에게 일러 가로되 '올라가서 그 땅을 정탐하라' 하매 그 사람들이 올라가서 아이를 정탐하고
ယော​ရှု​သည်​ဗေ​သ​လ​မြို့​အ​ရှေ့​ဘက်၊ ဗေ​သ ဝင်​မြို့​အ​နီး​တွင်​တည်​ရှိ​သော​အာ​ဣ​မြို့ အ​ခြေ​အ​နေ​ကို​ထောက်​လှမ်း​ရန် လူ​အ​ချို့ တို့​ကို​ယေ​ရိ​ခေါ​မြို့​မှ​စေ​လွှတ်​လိုက်​လေ သည်။-
3 여호수아에게로 돌아와서 그에게 이르되 `백성을 다 올라가게 말고 이삼천명만 올라가서 아이를 치게 하소서 그들은 소수니 모든 백성을 그리로 보내어 수고롭게 마소서' 하므로
သူ​တို့​သည်​ယင်း​သို့​ထောက်​လှမ်း​ပြီး​နောက် ယော​ရှု​ထံ​သို့​ပြန်​လာ​ပြီး​လျှင်``အာ​ဣ​မြို့ ကို​အ​ကျွန်ုပ်​တို့​အား​လုံး​ချီ​တက်​တိုက်​ခိုက် ရန်​မ​လို​ပါ။ လူ​နှစ်​ထောင်​သုံး​ထောင်​ခန့်​စေ လွှတ်​လျှင်​လုံ​လောက်​ပါ​၏။ စစ်​တပ်​တစ်​တပ် လုံး​စေ​လွှတ်​ရန်​မ​လို​အပ်​ပါ။ ထို​မြို့​သည် မြို့​ကြီး​မ​ဟုတ်​ပါ'' ဟူ​၍​ပြန်​ကြား​ကြ လေ​သည်။-
4 백성중 삼천명쯤 그리로 올라갔다가 아이 사람 앞에서 도망하니
ထို့​ကြောင့်​ဣ​သ​ရေ​လ​အမျိုး​သား​သုံး​ထောင် ခန့်​သည် မြို့​ကို​ချီ​တက်​တိုက်​ခိုက်​ကြ​၏။ သို့ ရာ​တွင်​စစ်​ရေး​နိမ့်​သ​ဖြင့်​ဆုတ်​ခွာ​ခဲ့​ရ လေ​သည်။-
5 아이 사람이 그들의 삼십 륙인쯤 죽이고 성문 앞에서부터 스바림까지 쫓아와서 내려가는 비탈에서 쳤으므로 백성의 마음이 녹아 물 같이 된지라
အာ​ဣ​မြို့​သား​တို့​သည်​မြို့​တံ​ခါး​မှ​ကျောက် ကျင်း​များ​ရှိ​ရာ​အ​ရပ်​သို့​တိုင်​အောင် ဣ​သ ရေ​လ​အ​မျိုး​သား​တို့​နောက်​သို့​လိုက်​၍​တိုက် ခိုက်​ကြ​ရာ​တောင်​ကုန်း​အ​ဆင်း​၌ ဣ​သ​ရေ​လ အမျိုး​သား​သုံး​ဆယ့်​ခြောက်​ယောက်​ခန့်​ကို သတ်​ဖြတ်​လိုက်​ကြ​လေ​သည်။ သို့​ဖြစ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အ​လွန် စိတ်​ပျက်​အား​လျော့​ကြ​ကုန်​၏။
6 여호수아가 옷을 찢고 이스라엘 장로들과 함께 여호와의 궤 앞에서 땅에 엎드려 머리에 티끌을 무릅쓰고 저물도록 있다가
ယော​ရှု​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း ဆောင်​တို့​သည်​ဝမ်း​နည်း​စိတ်​ပျက်​လျက် မိ​မိ တို့​၏​အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​၍ ထာ​ဝ​ရ ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​တွင်​ဝမ်း နည်း​သည့်​အ​နေ​ဖြင့် မိ​မိ​တို့​၏​ဦး​ခေါင်း ပေါ်​မှာ​မြေ​မှုန့်​တင်​လျက်​ညဦး​တိုင်​အောင် ပျပ်​ဝပ်​လျက်​နေ​ကြ​၏။-
7 여호수아가 가로되 `슬프도소이다, 주 여호와여! 어찌하여 이 백성을 인도하여 요단을 건너게 하시고 우리를 아모리 사람의 손에 붙여 멸망시키려 하셨나이까? 우리가 요단 저 편을 족하게 여겨 거하였더면 좋을 뻔 하였나이다
ယော​ရှု​က``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ် တို့​ကို​အ​ဘယ်​ကြောင့်​ယော်​ဒန်​မြစ်​ကို​ဖြတ် ကူး​စေ​တော်​မူ​ပါ​သ​နည်း။ အာ​မော​ရိ​အ​မျိုး သား​တို့​လက်​သို့​အပ်​ရန်​လော။ သေ​ကြေ​ပျက်​စီး စေ​ရန်​လော။ အ​ကျွန်ုပ်​တို့​သည်​ယော်ဒန်​မြစ်​တစ် ဘက်​ကမ်း​၌​သာ​နေ​ထိုင်​ခဲ့​လျှင်​ကောင်း​ပါ မည်။-
8 주여! 이스라엘이 그 대적 앞에서 돌아섰으니 내가 무슨 말을 하오리이까?
အို ထာ​ဝ​ရ​ဘု​ရား၊ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​ရန်​သူ​များ​ထံ​မှ​နောက်​သို့ ဆုတ်​ပြေး​လာ​ရ​ပြီ​ဖြစ်​ခြင်း​ကြောင့် အ​ကျွန်ုပ် သည်​မည်​သို့​ပြော​ရ​ပါ​မည်​နည်း။-
9 가나안 사람과 이 땅 모든 거민이 이를 듣고 우리를 둘러싸고 우리 이름을 세상에서 끊으리니 주의 크신 이름을 위하여 어떻게 하시려나이까?'
ခါ​နာန်​အမျိုး​သား​မှ​စ​၍​ဤ​ပြည်​ရှိ​လူ အ​ပေါင်း​တို့​သည် ထို​သ​တင်း​ကို​ကြား​သ​ဖြင့် အ​ကျွန်ုပ်​တို့​ကို​ဝိုင်း​၍ တစ်​ယောက်​မျှ​မ​ကျန် အောင်​သတ်​ဖြတ်​ကြ​ပါ​လိမ့်​မည်။ ထို​အ​ခါ ကိုယ်​တော်​၏​ဘုန်း​တန်​ခိုး​တော်​ကို လူ​တို့ အ​ထင်​မ​သေး​ကြ​စေ​ခြင်း​ငှာ​မည်​သို့ ပြု​တော်​မူ​ပါ​မည်​နည်း'' ဟု​လျှောက်​ထား လေ​၏။
10 여호와께서 여호수아에게 이르시되 일어나라! 어찌하여 이렇게 엎드렸느냐?
၁၀ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​အား``ထ​လော့။ အ​ဘယ်​ကြောင့်​မြေ​ပေါ်​တွင်​ပျပ်​ဝပ်​၍​နေ သ​နည်း။-
11 이스라엘이 범죄하여 내가 그들에게 명한 나의 언약을 어기었나니 곧 그들이 바친 물건을 취하고 도적하고 사기하여 자기 기구 가운데 두었느니라
၁၁ဣ​သ​ရေ​လ​အမျိုး​သား​တို့​သည်​အ​ပြစ် ကူး​လွန်​ခဲ့​ကြ​ပြီ။ သူ​တို့​သည်​ငါ​ပေး​သော အ​မိန့်​ကို​မ​လိုက်​နာ​ကြ။ သူ​တို့​သည်​ဖျက် ဆီး​ပစ်​ရ​မည့်​ပစ္စည်း​အ​ချို့​ကို​သိမ်း​ယူ​ထား ကြ​ပြီ။ ထို​ပစ္စည်း​များ​ကို​ခိုး​ယူ​၍​မု​သား ပြော​ဆို​လျက်​မိ​မိ​တို့​၏​ပစ္စည်း​များ​နှင့် ရော​နှော​ထား​ကြ​ပြီ။-
12 그러므로 이스라엘 자손들이 자기 대적을 능히 당치 못하고 그 앞에서 돌아섰나니 이는 자기도 바친 것이 됨이라 그 바친 것을 너희 중에서 멸하지 아니하면 내가 다시는 너희와 함께 있지 아니하리라
၁၂ထို​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရန်​သူ​များ​ကို​ယှဉ်​ပြိုင်​၍​မ​တိုက်​နိုင်​ကြ။ သူ တို့​ကိုယ်​တိုင်​ဖျက်​ဆီး​ခြင်း​ခံ​ရ​မည့်​သူ​များ ဖြစ်​၍ ရန်​သူ​များ​ထံ​မှ​ဆုတ်​ခွာ​ခဲ့​ရ​ကြ​၏။ သင်​တို့​ကို​မ​ယူ​ရ​ဟု​ငါ​ပညတ်​သော်​လည်း သင်​တို့​ယူ​ထား​သော​ပစ္စည်း​များ​ကို​ဖျက်​ဆီး မ​ပစ်​လျှင် ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော် မူ​မည်​မ​ဟုတ်။-
13 너는 일어나서 백성을 성결케 하여 이르기를 너희는 스스로 성결케 하여 내일을 기다리라 이스라엘의 하나님 여호와의 말씀에 이스라엘아! 너의 중에 바친 물건이 있나니 네가 그 바친 물건을 너의 중에서 제하기 전에는 너의 대적을 당치 못하리라
၁၃ထ​လော့၊ လူ​တို့​ကို​သန့်စင်​ခြင်း​ဝတ်​ပြု​စေ ပြီး​လျှင် နက်​ဖြန်​နေ့​၌​ငါ​၏​ရှေ့​တော်​သို့ ဝင်​ရန်​အ​သင့်​ရှိ​ကြ​စေ။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား ဤ​သို့​မိန့်​တော်​မူ​ကြောင်း​ပြော​ကြား လော့။ `ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့၊ ဖျက်​ဆီး​ပစ်​ရ​မည်​ဟု​ငါ​ပ​ညတ်​ထား သော​ပစ္စည်း​အ​ချို့​သင်​တို့​တွင်​ရှိ​၏။ ထို​ပစ္စည်း များ​ကို​သင်​တို့​မ​ဖျက်​ဆီး​သ​မျှ​ကာ​လ ပတ်​လုံး​သင်​တို့​သည်​ရန်​သူ​များ​ကို​မ​ခံ မ​ရပ်​နိုင်။-
14 아침에 너희는 너희 지파대로 가까이 나아오라 여호와께 뽑히는 지파는 그 족속대로 가까이 나아올 것이요 여호와께 뽑히는 족속은 그 가족대로 가까이 나아올 것이요 여호와께 뽑히는 가족은 각 남자대로 가까이 나아올 것이며
၁၄သို့​ဖြစ်​၍​နက်​ဖြန်​နေ့​နံ​နက်​၌​သင်​တို့​သည် အ​နွယ်​အ​လိုက်​ထွက်​လာ​ကြ​ရ​မည်။ မဲ​ကျ သော​အ​နွယ်​သည်​သား​ချင်း​စု​အ​လိုက်​ရှေ့ သို့​ထွက်​လာ​ရ​မည်။ မဲ​ကျ​သော​မိ​သား​စု သည်​တစ်​ဦး​ချင်း​ရှေ့​သို့​ထွက်​လာ​ရ​မည်။-
15 바친 물건을 가진 자로 뽑힌 자를 불사르되 그와 그 모든 소유를 그리하라 이는 여호와의 언약을 어기고 이스라엘 가운데서 망령 된 일을 행하였음이라 하셨다 하라
၁၅ထို​နောက်​ဖျက်​ဆီး​ရ​မည့်​ပစ္စည်း​ခိုး​သူ​ဟု မဲ​ကျ​သူ​သည် ငါ​၏​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖျက် ၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​ရှက် တ​ကွဲ​အ​ကျိုး​နည်း​ဖြစ်​စေ​သော​ကြောင့်​သူ နှင့်​တ​ကွ​သူ​၏​မိ​သား​စု​ကို​လည်း​ကောင်း၊ သူ​ပိုင်​သ​မျှ​သော​ပစ္စည်း​များ​ကို​လည်း​ကောင်း မီး​ရှို့​ဖျက်​ဆီး​ပစ်​ရ​မည်' '' ဟု​မိန့်​ကြား တော်​မူ​၏။
16 이에 여호수아가 아침 일찌기 일어나서 이스라엘을 그 지파대로 가까이 나아오게 하였더니 유다 지파가 뽑혔고
၁၆နောက်​တစ်​နေ့​နံနက်​စော​စော​တွင်​ယော​ရှု​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​နွယ် အ​လိုက်​ရှေ့​တော်​သို့​ထွက်​စေ​ရာ​ယု​ဒ အ​နွယ်​မဲ​ကျ​လေ​၏။-
17 유다 족속을 가까이 나아오게 하였더니 세라 족속이 뽑혔고 세라족속의 각 남자를 가까이 나아오게 하였더니 삽디가 뽑혔고
၁၇ယု​ဒ​အ​နွယ်​မှ​သား​ချင်း​စု​တို့​ရှေ့​တော်​သို့ ထွက်​လာ​သော​အ​ခါ ဇေ​ရ​သား​ချင်း​စု​မဲ​ကျ လေ​၏။ ဇေ​ရ​သား​ချင်း​စု​မှ​မိ​သား​စု​များ ရှေ့​တော်​သို့​ထွက်​စေ​ရာ​ဇာ​ဗ​ဒိ​မိ​သား​စု​ကို မဲ​ကျ​လေ​၏။-
18 삽디의 가족 각 남자를 가까이 나아오게 하였더니 유다 지파 세라의 증손이요 삽디의 손자요 갈미의 아들인 아간이 뽑혔더라
၁၈ဇာ​ဗ​ဒိ​၏​မိ​သား​စု​မှ​တစ်​ဦး​ချင်း​ရှေ့​တော် သို့​ထွက်​လာ​စေ​သည့်​အ​ခါ အာ​ခန်​ဆို​သူ မဲ​ကျ​လေ​၏။ သူ​သည်​ကာ​မိ​၏​သား၊ ဇာ​ဗ​ဒိ ၏​မြေး​ဖြစ်​သည်။-
19 여호수아가 아간에게 이르되 `내 아들아 청하노라 이스라엘의 하나님 여호와께 영광을 돌려 그 앞에 자복하고 네 행한 일을 내게 고하라 그 일을 내게 숨기지 말라'
၁၉ယော​ရှု​က​သူ့​အား``ငါ့​သား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ရှေ့​တော်​တွင်​မှန်​ရာ​ကို​ပြော​၍​ဝန်​ခံ လော့။ သင်​ပြု​ခဲ့​သည့်​အ​မှု​ကို​မ​ထိမ်​မ​ချန် ဘဲ​ငါ့​အား​ထုတ်​ဖော်​ပြော​ကြား​လော့'' ဟု ဆို​လေ​၏။
20 아간이 여호수아에게 대답하여 가로되 `참으로 나는 이스라엘 하나님 여호와께 범죄하여 여차 여차히 행하였나이다
၂၀ထို​အ​ခါ​အာခန်​က``အ​ကျွန်ုပ်​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​မိ​ခဲ့​ကြောင်း​ဝန်​ခံ​ပါ သည်။-
21 내가 노략한 물건 중에 시날산의 아름다운 외투 한벌과 은 이백 세겔과 오십 세겔중의 금덩이 하나를 보고 탐내어 취하였나이다 보소서! 이제 그 물건들을 내 장막 가운데 땅 속에 감추었는데 은은 그 밑에 있나이다'
၂၁အ​ကျွန်ုပ်​တို့​သိမ်း​ယူ​ခဲ့​သော​ပစ္စည်း​များ​ထဲ တွင်​လှ​ပ​သော​ဗာ​ဗု​လုန်​ဝတ်​ရုံ၊ ငွေ​ချိန်​ငါး ပေါင်​ခန့်​နှင့်​အ​ချိန်​တစ်​ပေါင်​ကျော်​ခန့်​ရှိ သော​ရွှေ​ချောင်း​ကို​တွေ့​ရ​၍ လို​ချင်​မက်​မော လှ​သ​ဖြင့်​ယူ​မိ​ပါ​သည်။ အ​ကျွန်ုပ်​၏​တဲ​ထဲ တွင်​ငွေ​ကို​အောက်​ဆုံး​၌​ထား​၍​မြှုပ်​ထား ပါ​သည်'' ဟု​ယော​ရှု​အား​လျှောက်​ထား​လေ​၏။
22 이에 여호수아가 사자를 보내매 그의 장막에 달려가 본즉 물건이 그의 장막 안에 감취었는데 은은 그 밑에 있는지라
၂၂ထို​အ​ခါ​ယော​ရှု​သည်​လူ​အ​ချို့​ကို​စေ​ခိုင်း သ​ဖြင့် သူ​တို့​သည်​အာ​ခန်​၏​တဲ​သို့​ပြေး​သွား ကြ​၏။ တဲ​အ​တွင်း​၌​အာ​ခန်​ထုတ်​ဖော်​ပြော​ပြ သည့်​အ​တိုင်း​ဖျက်​ဆီး​ရ​မည့်​ပစ္စည်း​များ​ကို တွေ့​ရ​ကြ​လေ​သည်။-
23 그들이 그것을 장막 가운데서 취하여 여호수아와 이스라엘 모든 자손에게로 가져오매 그들이 그것을 여호와 앞에 놓으니라
၂၃သူ​တို့​သည်​ထို​ပစ္စည်း​များ​ကို​ယော​ရှု​နှင့်​ဣ​သ ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ထံ​သို့​ယူ​ဆောင် ခဲ့​၍ ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင်​ချ​ထား ကြ​သည်။-
24 여호수아가 이스라엘 모든 사람으로 더불어 세라의 아들 아간을 잡고 그 은과, 외투와, 금덩이와, 그 아들들과, 딸들과, 소들과, 나귀들과, 양들과, 장막과, 무릇 그에게 속한 모든 것을 이끌고 아골 골짜기로 가서
၂၄ယော​ရှု​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည်​အာ​ခန်​နှင့်​တ​ကွ​ငွေ၊ ဝတ်​ရုံ​နှင့်​ရွှေ ချောင်း​ကို​လည်း​ကောင်း၊ သူ​၏​သား​သ​မီး​များ၊ သိုး၊ နွား၊ မြည်း၊ တဲ​နှင့်​သူ​ပိုင်​ပစ္စည်း​ရှိ​သ​မျှ တို့​ကို​လည်း​ကောင်း​ဒုက္ခ​ချိုင့်​ဝှမ်း​သို့​ခေါ် ဆောင်​သွား​ကြ​လေ​သည်။-
25 여호수아가 가로되 `네가 어찌하여 우리를 괴롭게 하였느뇨? 여호와께서 오늘날 너를 괴롭게 하시리라'하니 온 이스라엘이 그를 돌로 치고 그것들도 돌로 치고 불사르고
၂၅ယော​ရှု​က​အာ​ခန်​အား``သင်​သည်​အ​ဘယ် ကြောင့်​ငါ​တို့​အား​ဒုက္ခ​ရောက်​စေ​သ​နည်း။ ယ​ခု​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား​ဒုက္ခ ရောက်​စေ​တော်​မူ​မည်'' ဟု​ဆို​လေ​၏။ ထို​နောက် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် အာ​ခန်​ကို​ကျောက်​ခဲ​ဖြင့်​ပစ်​၍​သတ်​ကြ​၏။ သူ​၏​မိ​သား​စု​ကို​လည်း​ကျောက်​ခဲ​ဖြင့်​ပစ် ၍​သတ်​ပြီး​လျှင် သူ​၏​ပစ္စည်း​များ​နှင့်​အ​တူ မီး​ရှို့​လိုက်​ကြ​၏။-
26 그 위에 돌 무더기를 크게 쌓았더니 오늘날까지 있더라 여호와께서 그 극렬한 분노를 그치시니 그러므로 그곳 이름을 오늘날까지 '아골 골짜기'라 부르더라
၂၆သူ​၏​အ​လောင်း​ပေါ်​တွင်​ကျောက်​ခဲ​ပုံ​ကြီး ကို​ပုံ​ထား​ကြ​၏။ ထို​ကျောက်​ပုံ​ကြီး​ကို ယ​နေ့​တိုင်​အောင်​တွေ့​မြင်​နိုင်​သည်။ ထို​အ​ဖြစ် အ​ပျက်​ကို​အ​စွဲ​ပြု​၍​ထို​အ​ရပ်​ကို`ဒုက္ခ ချိုင့်​ဝှမ်း' ဟု​ယ​နေ့​တိုင်​ခေါ်​တွင်​ကြ​သည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက် တော်​ပြေ​လေ​၏။

< 여호수아 7 >