< 예레미야 40 >
1 시위대장 느부사라단이 예루살렘과 유다 포로를 바벨론으로 옮기는 중에 예레미야도 잡혀 사슬로 결박되어 가다가 라마에서 해방된 후에 말씀이 여호와께로서 예레미야에게 임하니라
၁ကိုယ်ရံတော် မှူး နေဗုဇာရဒန် သည် ယေရမိ ကို တဖန် သိမ်းသွား၍ ရာမ မြို့၌ လွှတ် သောနောက် ၊ ထာဝရဘုရား ထံ တော်မှ နှုတ်ကပတ် တော်သည် ရောက် လာသည်အရာမှာ၊ ဗာဗုလုန် မြို့သို့ သိမ်းသွား ခြင်းကို ခံရသောယုဒ ပြည်သူ၊ ယေရုရှလင် မြို့သားအပေါင်း တို့နှင့်အတူ၊ ယေရမိ သည်သံကြိုး နှင့် ချည်နှောင် ခြင်းကို ခံရသောအခါ၊
2 시위대장이 예레미야를 불러다가 이르되 네 하나님 여호와께서 이 곳에 재앙을 선포하시더니
၂ကိုယ်ရံတော် မှူးသည် သူ့ ကိုခေါ် ၍ ၊ သင် ၏ ဘုရား သခင်ထာဝရဘုရား သည် ဤ ပြည် ၌ ရောက်သော အမှု ကို ခြိမ်း တော်မူနှင့်ပြီ။
3 여호와께서 그 말씀하신 대로 행하셨으니 이는 너희가 여호와께 범죄하고 그 목소리를 청종치 아니하였으므로 이 일이 너희에게 임한 것이니라
၃ခြိမ်း တော်မူသည်အတိုင်း လည်း၊ အမှုကို ရောက် စေ၍ စီရင် တော်မူပြီ။ သင်တို့သည် အမိန့် တော်ကို နား မထောင်၊ ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၊ ဤ အမှု သည် သင် တို့အပေါ် သို့ ရောက် လေပြီ။
4 보라 내가 오늘 네 손의 사슬을 풀어 너를 해방하노니 만일 네가 나와 함께 바벨론으로 가는 것을 선히 여기거든 오라 내가 너를 선대하리라 만일 나와 함께 바벨론으로 가는 것을 좋지 않게 여기거든 그만 두라 보라 온 땅이 네 앞에 있나니 네가 선히 여기는 대로 가하게 여기는 곳으로 갈지니라
၄ယခု မှာ သင့် လက် ၌ ချည်နှောင်လျက်ရှိသောသံကြိုး ကို ငါချွတ် မည်။ ငါ နှင့် အတူ ဗာဗုလုန် မြို့သို့ လိုက်လာ ခြင်းငှါ အလို ရှိလျှင် လိုက် လာပါ။ ငါသည် ကောင်းမွန်စွာ ကြည့်ရှု မည်။ ငါ နှင့် အတူ ဗာဗုလုန် မြို့သို့ လိုက် ခြင်းငှါ အလို မရှိလျှင် မ လိုက်နှင့်။ တပြည် လုံး သည် သင့် ရှေ့မှာ ရှိ ၏။ အကြင်အရပ်သို့သွားကောင်း သည်ဟု စိတ်ထင်လျှင်၊ ထို အရပ်တည်းဟူသောစိတ် ရောက်ရာအရပ် သို့ သွား ပါလော့ဟုဆို၏။
5 예레미야가 아직 돌이키기 전에 그가 다시 이르되 너는 바벨론 왕이 유다 성읍들의 총독으로 세우신 사반의 손자 아히감의 아들들 그다랴에게로 돌아가서 그와 함께 백성 중에 거하거나 너의 가하게 여기는 곳으로 가거나 할지니라 하고 그 시위대장이 그에게 양식과 선물을 주어 보내매
၅ယေရမိသည်ကိုယ်ရံတော်မှူးထံမှ မထွက်မှီ၊ ကိုယ်ရံတော်မှူးက၊ ဗာဗုလုန် ရှင် ဘုရင်သည် ယုဒ ပြည်နယ် တွင် ၊ မြို့အုပ်အရာ၌ခန့်ထားတော်မူသောရှာဖန် ၏သား ဖြစ်သော အဟိကံ ၏သား ဂေဒလိ ထံ သို့ပြန်၍၊ ပြည်သား များနှင့်အတူ နေ ပါလော့။ သို့မဟုတ် ၊ စိတ် ရှိသည်အတိုင်း သွား ပါလော့ဟုဆိုလျက်၊ စားစရိတ် နှင့် လက်ဆောင် ကိုပေး ၍ လွှတ် လိုက်လေ၏။
6 예레미야가 미스바로가서 아히감의 아들 그다랴에게로 나아가서 그 땅에 남아 있는 백성 중에서 그와 함께 거하니라
၆ထိုအခါ ယေရမိ သည် အဟိကံ သား ဂေဒလိ ရှိရာ မိဇပါ မြို့သို့ သွား ၍ ၊ ပြည် ၌ ကျန်ကြွင်း သေးသောသူ တို့ နှင့် အတူ နေ လေ၏။
7 들에 있는 군대장관들과 그들의 사람들이 바벨론 왕이 아히감의 아들 그다랴를 이 땅 총독으로 세우고 남녀와 유아와 바벨론으로 옮기지 아니한 빈민을 그에게 위임하였다 함을 듣고
၇ဗာဗုလုန် ရှင် ဘုရင်သည် အဟိကံ သား ဂေဒလိ ကိုပြည် အုပ် အရာ၌ ခန့် ထား၍ ၊ ဗာဗုလုန် မြို့သို့ သိမ်းယူ ရာ၌မ ပါသော ယောက်ျား မိန်းမ သူငယ် ဆင်းရဲသား အချို့ တို့ကို သူ ၌ အပ် ကြောင်း ကို၊ တော မှာ ရှိသော တပ်မှူး တို့ နှင့် စစ်သူရဲ များတို့သည် ကြား သိကြသောအခါ ၊
8 그들 곧 느다냐의 아들 이스마엘과 가레아의 두 아들 요하난과 요나단과 단후멧의 아들 스라야와 느도바 사람 에배의 아들들과 마아가 사람의 아들 여사냐와 그들의 사람들이 미스바로 가서 그다랴에게 이르니
၈နာသနိ သား ဣရှမေလ ၊ ကာရာ သား ယောဟနန် နှင့် ယောနသန် ၊ တာနုမက် သား စရာယ ၊ နေတောဖတ် အမျိုး၊ ဧဖဲ ၏သား များ၊ မာခသိ အမျိုးသားယေဇနိ တို့ သည် မိမိ လူ များနှင့်တကွဂေဒလိ ရှိရာမိဇပါ မြို့သို့ လာ ၍ ၊
9 사반의 손자 아히감의 아들 그다랴가 그들과 그들의 사람들에게 맹세하며 가로되 너희는 갈대아인 섬기기를 두려워하지 말고 이 땅에 거하여 바벨론 왕을 섬기라 그리하면 너희에게 유익하리라
၉ရှာဖန် ၏သား ဖြစ်သော အဟိကံ ၏သား ဂေဒလိ က၊ ခါလဒဲ မင်း၏အမှု ကို ဆောင်ရွက်ရမည် အခွင့်ကို မ စိုးရိမ် ကြနှင့်။ ဤပြည် ၌ နေ ၍ ဗာဗုလုန် ရှင်ဘုရင် အမှုကို ဆောင်ရွက် ကြလော့။ သို့ပြုလျှင် ၊ ချမ်းသာ ရကြလိမ့်မည်။
10 나는 미스바에 거하여 우리에게로 오는 갈대아인을 섬기리니 너희는 포도주와 여름 실과와 기름을 모아 그릇에 저축하고 너희의 얻은 성읍들에 거하라 하니라
၁၀ငါ မူကား၊ လာ လတံ့သော ခါလဒဲ လူတို့စကားကို နားထောင် ခြင်းငှါ မိဇပါ မြို့မှာ နေ မည်။ သင် တို့မူကား ၊ စပျစ်ရည် ကို၎င်း ၊ နွေ ကာလအသီးကို၎င်း ၊ ဆီ ကို၎င်း သိမ်း ၍ အိုး ၌ သိုထား ကြလော့။ ယခု ဝင် ပြန်သော မြို့ ရွာ တို့၌ နေ ကြလော့ဟူ၍၊ ထိုသူ တို့အား သစ္စာ ပြုလေ၏။
11 모압과 암몬 자손 중과 에돔과 모든 지방에 있는 유다인도 바벨론 왕이 유다에 사람을 남겨 둔 것과 사반의 손자 아히감의 아들그다랴를 그들의 위에 세웠다 함을 듣고
၁၁ဗာဗုလုန် ရှင် ဘုရင်သည် ယုဒ ပြည်၌ လူအချို့တို့ ကို ကျန် ကြွင်းစေ၍ ၊ ရှာဖန် ၏သား ဖြစ်သော အဟိကံ ၏ သား ဂေဒလိ ကိုမင်း အရာ၌ ခန့် ထားကြောင်းကို၊ မောဘ ပြည်၊ အမ္မုန် ပြည်၊ ဧဒုံ ပြည်အစ ရှိသော အတိုင်းတိုင်း အပြည်ပြည်တို့၌ ရှိသော ယုဒ လူအပေါင်း တို့သည် ကြား သိကြသောအခါ ၊
12 그 모든 유다인이 쫓겨났던 각처에서 돌아와 유다 땅 미스바 그다랴에게 이르러 포도주와 여름 실과를 심히 많이 모으니라
၁၂နှင်ထုတ် ရာပြည် အရပ်ရပ် တို့မှ ပြန် လာ၍ ၊ ယုဒ ပြည် ၊ ဂေဒလိ ရှိရာ မိဇပါ မြို့သို့ ရောက် သဖြင့် ၊ များ စွာသော စပျစ်ရည် နှင့် နွေ ကာလအသီးကို သိမ်းယူ ကြ၏။
13 가레아의 아들 요하난과 들에 있던 군대장관들이 미스바 그다랴에게 이르러
၁၃ထို နောက်မှ၊ ကာရာ သား ယောဟနန် သည် တော ၌ ရှိသော တပ်မှူး များနှင့်တကွ၊ ဂေဒလိ ရှိရာမိဇပါ မြို့ သို့ လာ ၍ ၊
14 그에게 이르되 암몬 자손의 왕 바알리스가 네 생명을 취하려 하여 느다냐의 아들 이스마엘을 보낸 줄 네가 아느냐 하되 아히감의 아들 그다랴가 믿지 아니한지라
၁၄ကိုယ်တော် ကို သတ် စေခြင်းငှါ ၊ အမ္မုန် ရှင်ဘုရင် ဗာလိတ် သည် နာသနိ သား ဣရှမေလ ကို စေလွှတ် ကြောင်း ကို အမှန်သိ ပါ၏လောဟု မေး လျှောက်သော်လည်း ၊ ထိုစကားကို အဟိကံ သား ဂေဒလိ သည်မ ယုံ ။
15 가레아의 아들 요하난이 미스바에서 그다랴에게 비밀히 말하여 가로되 청하노니 나로 가서 사람이 모르게 느다냐의 아들 이스마엘을 죽이게 하라 어찌하여 그로 네 생명을 취케 하여 네게 모인 모든 유다인으로 흩어지며 유다의 남은 자로 멸망을 당케 하랴
၁၅ထိုအခါ ကာရာ သား ယောဟနန် ကလည်း၊ အကျွန်ုပ်သွား ၍ နာသနိ သား ဣရှမေလ ကိုသတ် ရသောအခွင့်ကိုပေး ပါလော့။ အဘယ် သူမျှမ သိ ရ။ သူသည် ကိုယ်တော် ကိုသတ် ၍ ၊ ကိုယ်တော် ထံ ၌ စုဝေး သောယုဒ လူ အပေါင်း တို့သည် အရပ်ရပ်သို့ကွဲပြား သဖြင့် ၊ ယုဒ ပြည်၌ ကျန်ကြွင်း သောသူတို့ သည် အဘယ်ကြောင့် ပျက်စီး ရ ကြပါမည်နည်းဟု၊ မိဇပါ မြို့၌ ဂေဒလိ ကို တိတ်ဆိတ် စွာ လျှောက် သော်လည်း၊
16 그러나 아히감의 아들 그다랴가 가레아의 아들 요하난에게 이르되 네가 이 일을 행치 말 것이니라 너의 이스마엘에 대한 말은 진정이 아니니라 하니라
၁၆အဟိကံ သား ဂေဒလိ က၊ သင်သည်ထို သို့မ ပြု ရ။ ဣရှမေလ ၌ မ မှန်သောစကားကိုပြန်ပြော ပြီဟု၊ ကာရာ သား ယောဟနန် အား ပြန်ပြော လေ၏။