< 이사야 9 >

1 전에 고통하던 자에게는 흑암이 없으리로다 옛적에는 여호와께서 스불론 땅과 납달리 땅으로 멸시를 당케 하셨더니 후에는 해변길과 요단 저편 이방의 갈릴리를 영화롭게 하셨느니라
မြေ​ထဲ​ပင်​လယ်​မှ​သည်​အ​ရှေ့​သို့​လား​သော် ယော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း​နှင့်​ဂါ​လိ​လဲ ပြည်​တိုင်​အောင် ရောက်​ရှိ​သည့်​ဇာ​ဗု​လုန်​နှင့် န​ဿ​လိ​သား​ချင်း​စု​တို့​၏​နယ်​မြေ​တည်း ဟူ​သော​လူ​မျိုး​ခြား​တို့​နေ​ထိုင်​ရာ​အ​ရပ် သည် ယ​ခင်​က​အ​သ​ရေ​ပျက်​ခဲ့​သော်​လည်း နောင်​အ​ခါ​၌​အ​သ​ရေ​ရှိ​လိမ့်​မည်။
2 흑암에 행하던 백성이 큰 빛을 보고 사망의 그늘진 땅에 거하던 자에게 빛이 비취도다
အ​မှောင်​တွင်​သွား​လာ​နေ​သူ​တို့​သည် ကြီး​စွာ​သော​အ​လင်း​ကို​မြင်​ရကြ​၏။ သူ​တို့​သည်​သေ​မင်း​၏​အ​ရိပ်​လွှမ်း​မိုး​ရာ​ပြည်​တွင် နေ​ထိုင်​ခဲ့​ရ​သော်​လည်း၊ ယ​ခု​အ​ခါ​သူ​တို့​အပေါ်​သို့​အ​လင်း​ရောင် ကျ​ရောက်​လာ​လေ​ပြီ။
3 주께서 이 나라를 창성케 하시며 그 즐거움을 더하게 하셨으므로 추수하는 즐거움과 탈취물을 나누는 때의 즐거움 같이 그들이 주의 앞에서 즐거워하오니
အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည်​သူ​တို့ အား လွန်​စွာ​အား​ရ​ရွှင်​လန်း​မှု​ကို​ပေး​တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​ဝမ်း​မြောက် စေ​တော်​မူ​ပါ​ပြီ။ လူ​တို့​သည်​အ​သီး​အ​နှံ​ရိတ်​သိမ်း​ချိန်​၌​လည်း​ကောင်း၊ တိုက်​ရာ​ပါ​ပစ္စည်း​များ​ကို​ခွဲ​ဝေ​ယူ​ချိန်​၌​လည်း​ကောင်း၊ ဝမ်း​မြောက်​ကြ​သ​ကဲ့​သို့ သူ​တို့​သည်​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော အ​မှု​တော်​အ​တွက်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ ပါ​၏။
4 이는 그들의 무겁게 멘 멍에와 그 어깨의 채찍과 그 압제자의 막대기를 꺾으시되 미디안의 날과 같이 하셨음이니이다
အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် သူ​တို့​ထမ်း​ပိုး​နှင့် သူ​တို့​အား​ရိုက်​သည့်​တုတ်​ကို​ချိုး​ပစ် တော်​မူ​သော​ကြောင့်​ဖြစ်​၏။ ရှေး​အ​ခါ​က​ကိုယ်​တော်​သည်​မိ​ဒျန်​အ​မျိုး​သား တို့​အား​နှိမ်​နင်း​တော်​မူ​ခဲ့​သည့်​နည်း​တူ၊ ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​နှိပ်​စက်​ညှဉ်း​ဆဲ ကြ​သည့် လူ​မျိုး​အား​နှိမ်​နင်း​တော်​မူ​ပါ​ပြီ။
5 어지러이 싸우는 군인의 갑옷과 피묻은 복장이 불에 섶 같이 살라지리니
ချင်း​နင်း​ဝင်​ရောက်​လာ​သော​ရန်​သူ​စစ်​သည် တို့​၏ ဖိ​နပ်​များ​နှင့်​သွေး​စွန်း​လျက် ရှိ​သည့်​အ​ဝတ်​အ​စား​များ​သည်​မီး​ရှို့ ဖျက်​ဆီး​ခြင်း ကို​ခံ​ရ​ကြ​လိမ့်​မည်။
6 이는 한 아기가 우리에게 났고 한 아들을 우리에게 주신바 되었는데 그 어깨에는 정사를 메었고 그 이름은 기묘자라 모사라 전능하신 하나님이라 영존하시는 아버지라 평강의 왕이라 할것임이라
ငါ​တို့​အ​ဖို့​သူ​ငယ်​ကို​ဖွားမြင်​၏။ ငါ​တို့​အား​သား​ကို​ပေး​သ​နား​တော်​မူ​ပါ​၏။ သူ​သည်​ငါ​တို့​ကို​အုပ်​စိုး​လိမ့်​မည်။ ``သူ​၏​နာ​မ​တော်​ကို​အံ့​သြ​ဖွယ်၊'' ``တိုင်​ပင်​ဘက်'' ``တန်​ခိုး​ကြီး​သော​ဘု​ရား'' ``ထာ​ဝ​ရ​အ​ဖ'' ``ငြိမ်း​ချမ်း​ရေး​အ​ရှင်'' ဟူ​၍​နာ​မည်​တွင် လိမ့်​မည်။
7 그 정사와 평강의 더함이 무궁하며 또 다윗의 위에 앉아서 그 나라를 굳게 세우고 자금 이후 영원토록 공평과 정의로 그것을 보존하실 것이라 만군의 여호와의 열심이 이를 이루시리라
သူ​၏​ရာ​ဇ​အာ​ဏာ​သည်​ဆက်​လက်​တိုး တက်​လျက် သူ​၏​နိုင်​ငံ​တော်​သည်​လည်း၊အ​စဉ်​အ​မြဲ ငြိမ်း​ချမ်း​သာ​ယာ​လိမ့်​မည်။ သူ​သည်​ဒါ​ဝိဒ်​မင်း​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​ကာ ယ​ခု​မှ​စ​၍​ကပ်​ကာ​လ​ကုန်​ဆုံး​ချိန်​တိုင်​အောင် တ​ရား​တော်​နှင့်​အ​ညီ​မျှ​တ​စွာ​အုပ်​စိုး​လိမ့်​မည်။ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဤ အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​အား​ဖြစ်​ပျက်​စေ ရန်​သန္နိ​ဋ္ဌာန်​ချ​မှတ်​တော်​မူ​ပြီး​ဖြစ်​သ​တည်း။
8 주께서 야곱에게 말씀을 보내시며 그것을 이스라엘에게 임하게 하셨은즉
ထာ​ဝ​ရ​ဘု​ရား​သည်​ယာ​ကုပ်​၏​သား​မြေး များ​အ​ပေါ်​နှင့် ဣ​သ​ရေ​လ​ပြည်​အ​ပေါ်​၌ တ​ရား​စီ​ရင်​ချက်​ချ​မှတ်​တော်​မူ​လေ​ပြီ။-
9 모든 백성 곧 에브라임과 사마리아 거민이 알 것이어늘 그들이 교만하고 완악한 마음으로 말하기를
ယင်း​သို့​ပြု​တော်​မူ​ကြောင်း​ကို​ရှ​မာ​ရိ​မြို့ တွင်​နေ​ထိုင်​သူ​မှန်​သ​မျှ​နှင့်​ဣ​သ​ရေ​လ အမျိုး​သား​မှန်​သ​မျှ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ယ​ခု​အ​ခါ​သူ​တို့​သည်​မာန်​မာ​န​ထောင်​လွှား လျက်​စိတ်​ကြီး​ဝင်​လျက်​နေ​ကြ​၏။ သူ​တို့​က၊-
10 벽돌이 무너졌으나 우리는 다듬은 돌로 쌓고 뽕나무들이 찍혔으나 우리는 백향목으로 그것을 대신하리라 하도다
၁၀``အုတ်​တိုက်​များ​ပြို​ကျ​ပြီ​ဖြစ်​သော်​လည်း ယင်း​တို့​ကို​ငါ​တို့​သည်​ဆစ်​ကျောက်​များ​ဖြင့် အ​စား​ထိုး​တည်​ဆောက်​ကြ​ကုန်​အံ့။ သ​ဖန်း သား​ယက်​မ​များ​ကို​ခုတ်​ဖြတ်​ပစ်​ကြ​သော် လည်း၊ ငါ​တို့​သည်​ယင်း​တို့​ကို​အ​ကောင်း​ဆုံး အာ​ရစ်​သား(သစ်​က​တိုး​သား) ဖြင့်​အ​စား​ထိုး ကြ​ကုန်​အံ့'' ဟု​ဆို​ကြ​၏။
11 그러므로 여호와께서 르신의 대적을 일으켜 그를 치게 하시며 그 원수들을 격동시키시리니
၁၁ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​တိုက်​ခိုက် ကြ​စေ​ရန် ရန်​သူ​တို့​ကို​လှုံ့​ဆော်​တော်​မူ​၏။-
12 앞에는 아람 사람이요 뒤에는 블레셋 사람이라 그들이 그 입을 벌려 이스라엘을 삼키리라 그럴지라도 여호와의 노가 쉬지 아니하며 그 손이 여전히 펴지리라
၁၂အ​ရှေ့​ဘက်​ရှိ​အာ​ရှု​ရိ​ပြည်​နှင့်​အ​နောက် ဘက်​ရှိ​ဖိ​လိတ္တိ​ပြည်​တို့​သည် ဣ​သ​ရေ​လ ပြည်​ကို​ဖျက်​ဆီး​ချေ​မှုန်း​ရန်​အ​သင့်​ပြင် ဆင်​ကြ​ကုန်​၏။ သို့​နှင့်​လည်း​ထာ​ဝ​ရ​ဘု​ရား ၏​အ​မျက်​တော်​သည်​မ​ပြေ။ သူ​တို့​အား​ဆုံး မ​ရန်​ကိုယ်​တော်​သည်​လက်​တော်​ကို​ဆန့်​လျက် ပင်​ရှိ​ထား​တော်​မူ​သေး​၏။
13 이 백성이 오히려 자기들을 치시는 자에게로 돌아오지 아니하며 만군의 여호와를 찾지 아니하도다
၁၃ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​နောင်​တ မ​ရ​ကြ။ မိ​မိ​တို့​အား​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝရ​ဘု​ရား​သည် အ​ပြစ်​ဒဏ်​ခတ်​တော်​မူ ပြီ​ဖြစ်​သော်​လည်း​သူ​တို့​သည်​အ​ထံ​တော် သို့​မ​ပြန်​ကြ။-
14 이러므로 여호와께서 하루 사이에 이스라엘 중에서 머리와 꼬리며 종려가지와 갈대를 끊으시리니
၁၄ထာ​ဝ​ရ​ဘု​ရား​သည်​တစ်​နေ့​တည်း​တွင်​ဣ​သ ရေ​လ​ခေါင်း​ဆောင်​များ​နှင့်​ပြည်​သူ​တို့​အား အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည် သူ​တို့​၏​ခေါင်း​ပိုင်း၊ အ​မြီး​ပိုင်း​တို့​ကို​တစ်​နေ့ တည်း​အ​တွင်း​ဖြတ်​တောက်​ပစ်​တော်​မူ​လိမ့်​မည်။-
15 머리는 곧 장로와 존귀한 자요 꼬리는 곧 거짓말을 가르치는 선지자라
၁၅ခေါင်း​ပိုင်း​သည်​သက်​ကြီး​ဝါ​ကြီး​ဂုဏ်​အ​သ​ရေ ရှိ​သူ​များ​ဖြစ်​၍ အ​မြီး​ပိုင်း​သည်​လိမ်​လည် ဟော​ပြော​တတ်​သူ​ပ​ရော​ဖက်​များ​ဖြစ်​၏။-
16 백성을 인도하는 자가 그들로 미혹케 하니 인도를 받는 자가 멸망을 당하는도다
၁၆ဤ​လူ​တို့​အား​ရှေ့​ဆောင်​လမ်း​ပြ​သူ​တို့​သည် လမ်း​မှား​ကို​ပြ​၍​စိတ်​ရှုပ်​ထွေး​စေ​တတ်​ကြ​၏။-
17 이 백성이 각기 설만하며 악을 행하며 입으로 망령되이 말하니 그러므로 주께서 그 장정을 기뻐 아니하시며 그 고아와 과부를 긍휼히 여기지 아니하시리라 그럴지라도 여호와의 노가 쉬지 아니하며 그 손이 여전히 펴지리라
၁၇သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဘယ် လူ​ငယ်​လူ​ရွယ်​ကို​မျှ ချမ်း​သာ​ပေး​တော်​မူ လိမ့်​မည်​မ​ဟုတ်။ မု​ဆိုး​မ​များ​နှင့်​မိ​ဘ​မဲ့ သူ​များ​အား​လည်း​က​ရု​ဏာ​ပြ​တော်​မူ လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​လူ အ​ပေါင်း​တို့​သည်​ဘု​ရား​မဲ့​လျက်​ယုတ်​မာ လျက်​ရှိ​ကြ​သည့်​အ​ပြင် ညစ်​ညမ်း​သည့် စ​ကား​ကို​သာ​လျှင်​ပြော​ဆို​ကြ​သော​ကြောင့် ဖြစ်​၏။ ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​အ​မျက် တော်​မ​ပြေ​ဘဲ​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ရန် လက်​တော်​ကို​ဆန့်​တန်း​ချိန်​ရွယ်​လျက်​ပင် ထား​တော်​မူ​၏။
18 대저 악행은 불 태우는것 같으니 곧 질려와 형극을 삼키며 빽빽한 수풀을 살라서 연기로 위로 올라가게 함과 같은 것이라
၁၈လူ​တို့​၏​ယုတ်​မာ​မှု​သည် ဆူး​ပင်​အ​မျိုး​မျိုး ကို​ကျွမ်း​လောင်​စေ​သည့်​မီး​ကဲ့​သို့​တောက် လောင်​တတ်​၏။ တော​မီး​ကဲ့​သို့​တောက်​လောင်​၍ မီး​ခိုး​လုံး​ကြီး​များ​ကို​တက်​စေ​တတ်​၏။-
19 만군의 여호와의 진노로 인하여 이 땅이 소화되리니 백성은 불에 타는 섶나무와 같을 것이라 사람이 그 형제를 아끼지 아니하며
၁၉အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​ထွက်​တော်​မူ​သ​ဖြင့်​ကိုယ်​တော် ပေး​တော်​မူ​သော​အ​ပြစ်​ဒဏ်​သည် တစ်​ပြည် လုံး​တွင်​မီး​သ​ဖွယ်​တောက်​လောင်​ကာ​လူ တို့​အား​သုတ်​သင်​ဖျက်​ဆီး​ပစ်​လိမ့်​မည်။ ထို​အ​ခါ​လူ​တိုင်း​ပင်​ကိုယ်​လွတ်​ရုန်း ကြ​လိမ့်​မည်။-
20 우편으로 움킬지라도 주리고 좌편으로 먹을지라도 배부르지 못하여 각각 자기 팔의 고기를 먹을 것이며
၂၀နေ​ရာ​တ​ကာ​တွင်​လူ​တို့​သည်​မိ​မိ​တို့​ရ​နိုင် သ​မျှ​သော​အ​စား​အ​စာ​များ​ကို​စား​ကြ သော်​လည်း အာ​သာ​မ​ပြေ​ဘဲ​ရှိ​လိမ့်​မည်။ သူ တို့​သည်​မိ​မိ​တို့​၏​သား​သ​မီး​များ​ကို​ပင် ပြန်​၍​စား​ကြ​ပါ​သည်​တ​ကား၊-
21 므낫세는 에브라임을 에브라임은 므낫세를 먹을 것이요 또 그들이 합하여 유다를 치리라 그럴지라도 여호와의 노가 쉬지 아니하며 그 손이 여전히 펴지리라
၂၁မ​နာ​ရှေ​သား​ချင်း​စု​နှင့်​ဧ​ဖ​ရိမ်​သား​ချင်း စု​သည်​အ​ပြန်​အ​လှန်​တိုက်​ခိုက်​ကြ​ပြီး​လျှင် သူ​တို့​နှစ်​ဦး​ပေါင်း​၍​ယု​ဒ​သား​ချင်း​စု​ကို တိုက်​ခိုက်​ကြ​တော့​၏။ သို့​နှင့်​လည်း​ထာ​ဝ​ရ ဘု​ရား​သည်​အ​မျက်​တော်​မ​ပြေ​ဘဲ​အ​ပြစ် ဒဏ်​ခတ်​တော်​မူ​ရန်​လက်​တော်​ကို​ချိန်​ရွယ် လျက်​ပင်​ထား​တော်​မူ​၏။

< 이사야 9 >