< 이사야 8 >

1 여호와께서 내게 이르시되 너는 큰 서판을 취하여 그 위에 통용문자로 마헬살랄하스바스라 쓰라
ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား``စာ​ရေး​သင်​ပုန်း ကြီး​တစ်​ခု​ကို​ယူ​၍`မြန်​မြန်​တိုက်၊ မြန်​မြန်​လု' ဟူ​သည့်​စ​ကား​ရပ်​ကို​စာ​လုံး​ကြီး​ကြီး​နှင့် ရေး​မှတ်​လော့။-
2 내가 진실한 증인 제사장 우리야와 여베레기야의 아들 스가랴를 불러 증거하게 하리라 하시더니
ယုံ​ကြည်​စိတ်​ချ​ရ​သူ​ယဇ်​ပု​ရော​ဟိတ်​ဥ​ရိ​ယ နှင့်​ယေ​ဗ​ရ​ခိ​၏​သား​ဇာ​ခ​ရိ​နှစ်​ယောက်​တို့ အား အ​သိ​သက်​သေ​များ​အ​ဖြစ်​ဖြင့်​ခေါ် ထား​လော့'' ဟု​မိန့်​တော်​မူ​၏။
3 내가 내 아내와 동침하매 그가 잉태하여 아들을 낳은지라 여호와께서 내게 이르시되 그 이름을 마헬살랄하스바스라 하라
ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ငါ​၏ ဇ​နီး​သည်​သည်​ကိုယ်​ဝန်​ဆောင်​ကာ​သား​ယောကျာ်း ကို​ဖွား​မြင်​လေ​သည်။ ထာ​ဝ​ရ​ဘု​ရား​က​လည်း ``ထို​သား​ကို​မြန်​မြန်​တိုက်​မြန်​မြန်​လု​ဟု နာ​မည်​မှည့်​လော့။-
4 이는 이 아이가 내 아빠 내 엄마라 할 줄 알기 전에 다메섹의 재물과 사마리아의 노략물이 앗수르 왕 앞에 옮긴바 될 것임이니라
ထို​သူ​ငယ်​သည်​မေ​မေ၊ ဖေ​ဖေ​ဟူ​၍​ပင်​ခေါ် တတ်​သည့်​အ​ရွယ်​သို့​မ​ရောက်​မီ အာ​ရှု​ရိ ဘု​ရင်​သည် ဒ​မာ​သက်​မြို့​ရှိ​စည်း​စိမ်​ဥစ္စာ မှန်​သ​မျှ​နှင့်​ရှ​မာ​ရိ​မြို့​မှ​တိုက်​ရာ​ပါ ပစ္စည်း​များ​ကို​သိမ်း​ယူ​၍​သွား​လိမ့်​မည်'' ဟု​ငါ့​အား​မိန့်​တော်​မူ​၏။
5 여호와께서 다시 내게 일러 가라사대
ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​နောက်​တစ်​ဖန် မိန့်​တော်​မူ​ပြန်​၏။-
6 이 백성이 천천히 흐르는 실로아 물을 버리고 르신과 르말리야의 아들을 기뻐하나니
ကိုယ်​တော်​က``ဤ​လူ​စု​သည်​ဆိတ်​ငြိမ်​စွာ စီး​ဆင်း​လျက်​နေ​သော ရှိ​လောင်​ချောင်း​ရေ ကို​ပစ်​ပယ်​ကာ​ရေ​ဇိန်​မင်း​နှင့်​ပေ​ကာ​မင်း တို့​၏​ရှေ့​တွင်​တုန်​လှုပ်​လျက်​နေ​သ​ဖြင့်၊-
7 그러므로 주 내가 흉용하고 창일한 큰 하수 곧 앗수르 왕과 그의 모든 위력으로 그들 위에 덮을 것이라 그 모든 곬에 차고 모든 언덕에 넘쳐
ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ရှု​ရိ​ဘု​ရင်​နှင့် သူ​၏​တပ်​သား​များ​အား​ခေါ်​ယူ​၍ ယု​ဒ​ပြည် ကို​တိုက်​ခိုက်​စေ​မည်။ သူ​တို့​သည်​ဥ​ဖ​ရတ် မြစ်​ရေ​လျှံ​သ​ကဲ့​သို့​ကျယ်​ပြန့်​စွာ​ချီ​တတ် လာ​ကြ​လိမ့်​မည်။-
8 흘러 유다에 들어와서 창일하고 목에까지 미치리라 임마누엘이여! 그의 펴는 날개가 네 땅에 편만하리라 하셨느니라
အာ​ရှု​ရိ​ဘု​ရင်​နှင့်​တပ်​မ​တော်​တည်း​ဟူ​သော မြစ်​လျှံ​ရေ​တို့​သည် ယု​ဒ​ပြည်​တစ်​လျှောက်​လုံး သို့​ဆင်း​ဝင်​ကာ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​လူ တို့​လည်​မျို​လောက်​တိုင်​အောင်​လွှမ်း​မိုး​ကြ လိမ့်​မည်'' ဟု​ငါ့​အား​မိန့်​တော်​မူ​၏။ အို ဧ​မာ​နွေ​လ​ဘု​ရား​သ​ခင်​သည်​ငါ​တို့​နှင့် အ​တူ​ရှိ​တော်​မူ​ပါ​သည်​တ​ကား။ ကိုယ်​တော် သည်​မိ​မိ​မေတ္တာ​အ​တောင်​တော်​ကို​ဖြန့်​၍ ငါ တို့​ပြည်​ကို​ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။
9 너희 민족들아 훤화하라 필경 패망하리라 너희 먼 나라 백성들아 들을지니라 너희 허리를 동이라 필경 패망하리라 너희 허리에 띠를 따라 필경 패망하리라
အ​ချင်း​နိုင်​ငံ​ခြား​သား​အ​ပေါင်း​တို့​ကြောက်​ရွံ့ လျက်​စု​ဝေး​ကြ​လော့။ ရပ်​ဝေး​ဒေ​သ​မှ​လူ အ​ပေါင်း​တို့၊ နား​ထောင်​ကြ​လော့။ စစ်​တိုက်​ရန် အ​သင့်​ပြင်​ဆင်​ကြ​လော့။ သို့​ရာ​တွင်​ကြောက် လန့်​လျက်​နေ​ကြ​လော့။ သင်​တို့​သည်​ယင်း​သို့ အ​သင့်​ပြင်​ဆင်​ကြ​သော်​လည်း​ကြောက်​လန့် လျက်​နေ​ရ​ကြ​၏။-
10 너희는 함께 도모하라 필경 이루지 못하리라 말을 내어라 시행되지 못하리라 이는 하나님이 우리와 함께 하심이니라
၁၀သင်​တို့​၏​စီ​မံ​ကိန်း​များ​ကို​ရေး​ဆွဲ​ကြ​လော့။ သို့​ရာ​တွင်​ထို​စီ​မံ​ကိန်း​တို့​သည်​အ​ဘယ်​အ​ခါ ၌​မျှ​အောင်​မြင်​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​ပြော လို​သ​မျှ​သော​စ​ကား​များ​ကို​ပြော​ဆို​ကြ​လော့။ သို့​ရာ​တွင်​ယင်း​တို့​သည်​အ​ချည်း​နှီး​သာ​လျှင် ဖြစ်​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​သည်​ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သော ကြောင့်​ဖြစ်​၏။
11 여호와께서 강한 손으로 내게 알게 하시며 이 백성의 길로 행치말 것을 내게 경성시켜 가라사대
၁၁ထာ​ဝ​ရ​ဘု​ရား​သည်​ပြည်​သူ​တို့​လိုက်​သည့် လမ်း​စဉ်​ကို​မ​လိုက်​ရန် ငါ့​အား​ကြပ်​မတ်​စွာ သ​တိ​ပေး​တော်​မူ​၏။ ကိုယ်​တော်​က၊-
12 이 백성이 맹약한 자가 있다 말하여도 너희는 그 모든 말을 따라 맹약한 자가 있다 하지 말며 그들의 두려워하는 것을 너희는 두려워하지 말며 놀라지 말고
၁၂``သင်​သည်​ထို​သူ​တို့​နှင့်​ကြံ​ရာ​ပါ​မ​ဖြစ် စေ​နှင့်။ သူ​တို့​ကြောက်​လန့်​သော​အ​ရာ​ကို မ​ကြောက်​နှင့်၊-
13 만군의 여호와 그를 너희가 거룩하다 하고 그로 너희의 두려워하며 놀랄 자를 삼으라
၁၃အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘုရား​သည်​မြင့် မြတ်​သန့်​ရှင်း​တော်​မူ​ကြောင်း​ကို​မ​မေ့​မ​လျော့ နှင့်။ သင်​ကြောက်​ရ​မည့်​သူ​ကား​ငါ​ပင်​တည်း။-
14 그가 거룩한 피할 곳이 되시리라 그러나 이스라엘의 두 집에는 거치는 돌, 걸리는 반석이 되실 것이며 예루살렘 거민에게는 함정, 올무가 되시리니
၁၄ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​မှု​သည်​ထိတ်​လန့်​အံ့​သြ ဖွယ်​ဖြစ်​သ​ဖြင့်၊ ငါ​သည်​လူ​တို့​တိုက်​မိ​၍​လဲ စ​ရာ​ကျောက်​နှင့်​တူ​၏။ ယု​ဒ​ပြည်​သူ​များ၊ ဣ​သ​ရေ​လ​ပြည်​သူ​များ​နှင့်​ယေ​ရု​ရှ​လင် မြို့​သား​တို့​အား ထောင်​ဖမ်း​မည့်​ကျော့​ကွင်း နှင့်​လည်း​တူ​၏။-
15 많은 사람들이 그로 인하여 거칠 것이며 넘어질 것이며 부러질 것이며 걸릴 것이며 잡힐 것이니라
၁၅လူ​အ​များ​ပင်​တိုက်​မိ​၍​လဲ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ယင်း​သို့​လဲ​ကျ​ကာ​ကျိုး​ပဲ့​၍ သွား​ကြ​လိမ့်​မည်။ သူ​တို့​သည်​ကျော့​ကွင်း တွင်​မိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
16 너는 증거의 말씀을 싸매며 율법을 나의 제자 중에 봉함하라
၁၆ငါ​၏​တ​ပည့်​တို့​သည်​ငါ့​အား​ဘု​ရား​သ​ခင် ပေး​တော်​မူ​သော​ဗျာ​ဒိတ်​တော်​များ​ကို စောင့်​ရှောက်​ထိန်း​သိမ်း​ရ​ကြ​ပေ​မည်။-
17 이제 야곱 집에 대하여 낯을 가리우시는 여호와를 나는 기다리며 그를 바라보리라
၁၇ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် အား မျက်​နှာ​တော်​ကို​မ​ပြ​ဘဲ​နေ​တော်​မူ သော်​လည်း၊ ငါ​သည်​ကိုယ်​တော်​ကို​ယုံ​ကြည် အား​ထား​စောင့်​စား​မျှော်​ကိုး​ပါ​မည်။-
18 보라, 나와 및 여호와께서 내게 주신 자녀들이 이스라엘 중에 징조와 예표가 되었나니 이는 시온산에 계신 만군의 여호와께로 말미암은 것이니라
၁၈ငါ့​အား​ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား​တော် မူ​သော​သား​သ​မီး​များ​နှင့်​အ​တူ ငါ​သည် ဤ​မှာ​ရှိ​ပါ​၏။ ဇိ​အုန်​တောင်​တော်​ပေါ်​တွင် စိုး​စံ​တော်​မူ​သော​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​သည် ငါ​တို့​အား​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​တွက်​ပြန်​ကြား​သည့်​ဗျာ​ဒိတ် တော်​တို့​ကို သ​ရုပ်​ဆောင်​သူ​များ​ဖြစ်​စေ တော်​မူ​လေ​ပြီ။
19 혹이 너희에게 고하기를 지절거리며 속살거리는 신접한 자와 마술사에게 물으라 하거든 백성이 자기 하나님께 구할 것이 아니냐 산 자를 위하여 죽은 자에게 구하겠느냐 하라
၁၉လူ​တို့​သည်​ဖတ်​ရွတ်​သ​ရဇ္စျာယ်​တတ်​သူ​ဗေ​ဒင် ဆ​ရာ​များ​နှင့် နတ်​ဝင်​သည်​တို့​အား​စုံ​စမ်း မေး​မြန်း​ရန်​သင်​တို့​အား​ပြော​ကြ​လိမ့်​မည်။ သူ​တို့​က``လူ​တို့​သည်​အ​သက်​ရှင်​သူ​တို့ ကိုယ်​စား​သေ​သူ​တို့​၏​ဝိ​ညာဉ်​များ​ကို​မေး မြန်း​စုံ​စမ်း​အပ်​သည်'' ဟု​ဆို​ကြ​လိမ့်​မည်။
20 마땅히 율법과 증거의 말씀을 좇을지니 그들의 말하는 바가 이 말씀에 맞지 아니하면 그들이 정녕히 아침 빛을 보지 못하고
၂၀ထို​အ​ခါ​သင်​တို့​က``ထာ​ဝ​ရ​ဘု​ရား​၏ သွန်​သင်​တော်​မူ​ချက်​ကို​နား​ထောင်​ကြ။ သူ တို့​ပြော​ဆို​သော​စ​ကား​များ​သည်​သင်​တို့ အ​တွက်​အ​ကျိုး​မ​ရှိ'' ဟု​ပြန်​ပြော​ကြ လော့။
21 이 땅으로 헤매며 곤고하며 주릴 것이라 그 주릴 때에 번조하여 자기의 왕 자기의 하나님을 저주할 것이며 위를 쳐다보거나
၂၁လူ​တို့​သည်​မိ​မိ​တို့​ပြည်​တွင်​စိတ်​ပျက်​အား လျော့​လျက် ဆာ​လောင်​မွတ်​သိပ်​လျက်​သွား​လာ ရကြ​လိမ့်​မည်။ သူ​တို့​သည်​ဆာ​လောင်​မွတ်​သိပ် မှု​နှင့်​အ​မျက်​ထွက်​မှု​တို့​ကြောင့်​မိ​မိ​တို့​၏ ဘု​ရင်​နှင့် မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ကို​ကျိန် ဆဲ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ကောင်း​ကင်​သို့ မျှော်​ကြည့်​သည့်​အ​ခါ​သော်​လည်း​ကောင်း၊-
22 땅을 굽어보아도 환난과 흑암과 고통의 흑암 뿐이리니 그들이 심한 흑암중으로 쫓겨 들어가리라
၂၂မြေ​ကြီး​သို့​စိုက်​ကြည့်​သည့်​အ​ခါ​သော် လည်း​ကောင်း​ဆင်း​ရဲ​ဒုက္ခ​နှင့်​ကံ​ဆိုး​မိုး​မှောင် မှ​တစ်​ပါး အ​ဘယ်​အ​ရာ​ကို​မျှ​တွေ့​ရကြ လိမ့်​မည်​မ​ဟုတ်။ ထို​သူ​တို့​အ​ပေါ်​သို့​ထိတ် လန့်​ဖွယ်​ရာ​ကံ​ဆိုး​မိုး​မှောင်​ကျ​ရောက်​လာ လိမ့်​မည်။ ဤ​သို့​ဆင်း​ရဲ​ဒုက္ခ​ရောက်​ရာ​ကာ​လ နှင့်​သူ​တို့​ကင်း​လွတ်​ရန်​လမ်း​ရှိ​တော့​မည် မ​ဟုတ်။

< 이사야 8 >