< 창세기 23 >
1 사라가 일백 이십 칠세를 살았으니 이것이 곧 사라의 향년이라
၁စာရာသည် အသက်တရာနှစ်ဆယ်ခုနစ်နှစ်ရှိ ၏။ ထိုမျှလောက် အသက်ကြီးသော်၊
2 사라가 가나안 땅 헤브론 곧 기럇아르바에서 죽으매 아브라함이 들어가서 사라를 위하여 슬퍼하며 애통하다가
၂ခါနာန်ပြည်၊ ဟေဗြုန်မြို့တည်းဟူသော၊ ကိရယ သာဘမြို့၌ သေလေ၏။ အာဗြဟံသည်လည်း စာရာ ကြောင့် ညည်းတွားငိုကြွေးခြင်းငှါ လာ၏။
3 그 시체 앞에서 일어나 나가서 헷 족속에게 말하여 가로되
၃အာဗြဟံသည် မိမိမယားအသေကောင်ရှေ့က ထ၍၊ ဟေသအမျိုးသားတို့အား၊
4 `나는 당신들 중에 나그네요, 우거한 자니 청컨대 당신들 중에서 내게 매장지를 주어 소유를 삼아 나로 내 죽은 자를 내어 장사하게 하시오'
၄ငါသည် သင်တို့ထံမှာ ဧည့်သည်အာဂန္တုဖြစ်ပါ ၏။ ငါ၏မယားအသေကောင်ကို မျက်ကွယ်မြှုပ်မည် အကြောင်း၊ သင်တို့တွင် သင်္ချိုင်းကို ငါ့အားအခွင့်ပေးပါ လော့ဟု ဆို၏။
၅ဟေသအမျိုးသားတို့က၊ အကျွန်ုပ်တို့သခင်၊ နား ထောင်ပါ။
6 `내 주여, 들으소서 당신은 우리 중 하나님의 방백이시니 우리 묘실 중에서 좋은 것을 택하여 당신의 죽은 자를 장사하소서 우리 중에서 자기 묘실에 당신의 죽은 자 장사함을 금할 자가 없으리이다'
၆ကိုယ်တော်သည်၊ အကျွန်ုပ်တို့တွင်၊ ဘုရားသခင် နှင့်ဆိုင်သောမင်း ဖြစ်ပါ၏။ အကျွန်ုပ်တို့၏သင်္ချိုင်းများ တွင် ရွေး၍၊ ကိုယ်တော်၏မယား အသေကောင်ကို သင်္ဂြိုဟ်ပါလော့။ ကိုယ်တော်၏မယားအသေကောင်ကို မသင်္ဂြိုဟ်စေခြင်းငှါ၊ အကျွန်ုပ်တို့တွင် အဘယ်သူမျှ မိမိ သင်္ချိုင်းကို မပေးဘဲမနေပါဟု၊ အာဗြဟံအား ပြန်ပြောကြ ၏။
7 아브라함이 일어나 그 땅 거민 헷 족속을 향하여 몸을 굽히고
၇အာဗြဟံသည် ထ၍၊ ထိုပြည်သားတည်းဟူသော ဟေသအမျိုးသားများရှေ့မှာ ဦးညွှတ်ချလျက်၊
8 그들에게 말하여 가로되 `나로 나의 죽은 자를 내어 장사하게 하는 일이 당신들의 뜻일진대 내 말을 듣고 나를 위하여 소할의 아들 에브론에게 구하여
၈ငါသည် ငါ၏မယားအသေကောင်ကို မျက်ကွယ် မြှုပ်စေခြင်းငှါ သင်တို့ အလိုရှိလျှင်၊ ငါ့စကားကို နား ထောင်ကြပါလော့။
9 그로 그 밭머리에 있는 막벨라 굴을 내게 주게 하되 준가를 받고 그 굴을 내게 주어서 당신들 중에 내 소유 매장지가 되게 하기를 원하노라
၉သင်တို့တွင် ငါပိုင်ထိုက်သောသင်္ချိုင်းရှိစေခြင်းငှါ၊ ဇောဟာသား ဧဖရုန်သည်၊ မိမိလယ်ပြင်အစွန်း၌ ရှိသော မပ္ပေလပြေတွင်းကို၊ အဘိုးထိုက်သမျှ ငွေနှင့်ငါ့အား ရောင်းစေခြင်းငှါ၊ ငါ့အတွက်သူ့ကို တောင်းပန်ကြပါလော့ ဟု နှုတ်ဆက်၍ ပြောဆို၏။
10 때에 에브론이 헷 족속 중에 앉았더니 그가 헷 족속 곧 성문에 들어온 모든 자의 듣는데 아브라함에게 대답하여 가로되
၁၀ထိုအခါ ဧဖရုန်သည်၊ ဟေသအမျိုးသားတို့တွင် ထိုင်လျက်ရှိ၏။ သို့ဖြစ်၍ မြို့တံခါးသို့ ဝင်သော သူ အပေါင်းတည်းဟူသော ဟေသအမျိုးသား ပရိတ်သတ်၌၊ ဟိတ္တိအမျိုးသားဧဖရုန်က၊ ထိုသို့မဟုတ်ပါ။
11 `내 주여, 그리 마시고 내 말을 들으소서 내가 그 밭을 당신께 드리되 내가 내 동족 앞에서 당신께 드리고 그 속의 굴도 내가 당신께 드리되 내가 내 동족 앞에서 당신께 드리오니 당신의 죽은 자를 장사하소서'
၁၁အကျွန်ုပ်သခင်၊ အကျွန်ုပ်စကားကို နားထောင် ပါ။ ထိုလယ်ပြင်ကို၎င်း၊ ကိုယ်တော်အား အကျွန်ုပ်ပေး ပါ၏။ အကျွန်ုပ်အမျိုးသားများ ရှေ့၌၊ ကိုယ်တော်အား အကျွန်ုပ်ပေးပါ၏။ ကိုယ်တော်၏ မယားအသေကောင်ကို သင်္ဂြိုဟ်ပါဟု၊ အာဗြဟံအား ပြန်ပြောလေ၏။
12 아브라함이 이에 그 땅 백성을 대하여 몸을 굽히고
၁၂အာဗြဟံသည်လည်း၊ ထိုပြည်သားများ ရှေ့မှာ ဦးညွှတ်ချလျက်၊ အကယ်၍ ငါ့စကားကို နားထောင်ပါ။
13 그 땅 백성의 듣는데 에브론에게 말하여 가로되 `당신이 합당히 여기면 청컨대 내 말을 들으시오 내가 그 밭값을 당신에게 주리니 당신은 내게서 받으시오 내가 나의 죽은 자를 거기 장사하겠노라'
၁၃ထိုလယ်ပြင်အဘိုးငွေကို ငါပေးမည်။ ငွေကိုယူပါ၊ သို့ဖြစ်လျှင်၊ ထိုအရပ်၌ ငါ၏မယားအသေကောင်ကို ငါသင်္ဂြိုဟ်ပါမည်ဟု ပြည်သား ပရိသတ်တို့ရှေ့မှာ၊ ဧဖရုန် အား ပြောဆို၏။
၁၄ဧဖရုန်ကလည်း၊ အကျွန်ုပ်သခင်၊ နားထောင်ပါ။
15 `내 주여, 내게 들으소서 땅값은 은 사백 세겔이나 나와 당신 사이에 어찌 교계하리이까? 당신의 죽은 자를 장사하소서'
၁၅ထိုမြေသည် ငွေလေးပိဿာအဘိုးထိုက်ပါ၏။ ကိုယ်တော်နှင့် အကျွန်ုပ်၌ အဘယ်အတွက်ရှိသနည်း။ ကိုယ်တော်၏မယား အသေကောင်ကို သင်္ဂြိုဟ်ပါလော့ဟု၊ အာဗြဟံအားပြန်ပြော၏။
16 아브라함이 에브론의 말을 좇아 에브론이 헷 족속의 듣는데서 말한 대로 상고의 통용하는 은 사백 세겔을 달아 에브론에게 주었더니
၁၆အာဗြဟံသည်လည်း၊ ဧဖရုန်စကားကို နားထောင်သည်ဖြစ်၍၊ ကုန်သည်သုံးတတ်သော ငွေမျိုး၊ ဟေသအမျိုးသား ပရိသတ်ရှေ့၊ ဧဖရုန် အဘိုးပြတ်သည် အတိုင်း၊ ငွေလေးပိဿာကို ချိန်၍၊ သူ့အားပေးလေ၏။
17 마므레 앞 막벨라에 있는 에브론의 밭을 바꾸어 그 속의 굴과 그 사방에 둘린 수목을 다
၁၇ထိုသို့မံရေမြို့ရှေ့မှာ၊ မပ္ပေလအရပ်၌ရှိသော ဧဖရုန်၏လယ်ပြင်ကို၎င်း၊ လယ်ပြင်၌ ရှိသောမြေတွင်း နှင့်သစ်ပင်များ၊ ပတ်ဝန်းကျင်သစ်ပင်များကို၎င်း၊
18 성문에 들어온 헷 족속 앞에서 아브라함의 소유로 정한지라
၁၈ဟေသအမျိုးသားပရိတ်သတ်၌၊ မြို့တံခါးသို့ ဝင် သောသူအပေါင်းတို့ရှေ့မှာ၊ အာဗြဟံဥစ္စာဘို့ လုံခြုံစွာ အပ်ပေးလေ၏။
19 그 후에 아브라함이 그 아내 사라를 가나안 땅 마므레 앞 막벨라밭 굴에 장사하였더라 (마므레는 곧 헤브론이라)
၁၉ထိုနောက်မှ အာဗြဟံသည်၊ မံရေမြို့ရှေ့မှာ၊ မပ္ပေလလယ်ပြင် မြေတွင်း၌ မယားစာရာကို သင်္ဂြိုဟ်ရလေ ၏။ ထိုအရပ်ကား၊ ခါနာန်ပြည် ဟေဗြုန်အရပ် ဖြစ်သ တည်း။
20 이와 같이 그 밭과 그 속의 굴을 헷 족속이 아브라함 소유 매장지로 정하였더라
၂၀ထိုလယ်ပြင်နှင့်မြေတွင်းကို၊ အာဗြဟံပိုင်ထိုက် သော သင်္ချိုင်းဖြစ်စေခြင်းငှါ၊ ဟေသအမျိုးသားတို့သည် လုံခြုံစွာ အပ်ပေးကြ၏။