< 창세기 13 >

1 아브람이 애굽에서 나올새 그와 그 아내와 모든 소유며 롯도 함께 하여 남방으로 올라가니
အာ​ဗြံ​ဇ​နီး​မောင်​နှံ​တို့​သည်​ပိုင်​သ​မျှ​ပစ္စည်း​တို့​ကို​ယူ​၍ အီ​ဂျစ်​ပြည်​မြောက်​ပိုင်း​မှ​ခါ​နာန်​ပြည်​တောင်​ပိုင်း​သို့​ထွက်​ခွာ​ခဲ့​သည်။ လော​တ​လည်း​လိုက်​ပါ​လာ​ခဲ့​လေ​သည်။-
2 아브람에게 육축과 은, 금이 풍부하였더라
အာ​ဗြံ​သည် သိုး၊ နွား၊ ဆိတ်၊ ရွှေ၊ ငွေ​စ​သည်​တို့​ကို​ပိုင်​သ​ဖြင့်​အ​လွန်​ကြွယ်​ဝ​ချမ်း​သာ​သူ​ဖြစ်​၏။-
3 그가 남방에서부터 발행하여 벧엘에 이르며 벧엘과 아이 사이 전에 장막 쳤던 곳에 이르니
တစ်​ဖန်​ထို​အ​ရပ်​မှ​ထွက်​ခွာ​၍​ခ​ရီး​အ​ဆင့်​ဆင့်​ဆက်​သွား​ပြီး​နောက် ဗေ​သ​လ​မြို့​သို့​ရှေ့​ရှု​လာ​ခဲ့​လေ​သည်။ သူ​သည်​ဗေ​သ​လ​မြို့​နှင့်​အာ​ဣ​မြို့​စပ်​ကြား​အ​ရပ်​သို့​ရောက်​ရှိ​လာ​၏။-
4 그가 처음으로 단을 쌓은 곳이라 그가 거기서 여호와의 이름을 불렀더라
ထို​အ​ရပ်​တွင်​ယ​ခင်​က​စ​ခန်း​ချ​၍​ယဇ်​ပလ္လင်​တည်​ခဲ့​ဖူး​၏။ ထို​အ​ရပ်​၌​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​လေ​သည်။
5 아브람의 일행 롯도 양과 소와 장막이 있으므로
အာ​ဗြံ​နှင့်​အ​တူ​လိုက်​ပါ​လာ​သော​လော​တ​သည်​လည်း သိုး၊ ဆိတ်​စ​သည့်​တိ​ရစ္ဆာန်​တို့​အ​ပြင်​ကျေး​ကျွန်​များ​ကို​ပိုင်​၏။-
6 그 땅이 그들의 동거함을 용납지 못하였으니 곧 그들의 소유가 많아서 동거할 수 없었음이라
သူ​တို့​နှစ်​ဦး​တွင်​တိ​ရစ္ဆာန်​များ​၍​စား​ကျက်​မ​လုံ​လောက်​သည့်​အ​တွက်​ကြောင့် အ​တူ​တူ​နေ​ထိုင်​ရန်​မ​ဖြစ်​နိုင်​တော့​ချေ။-
7 그러므로 아브람의 가축의 목자와 롯의 가축의 목자가 서로 다투고 또 가나안 사람과 브리스 사람도 그 땅에 거하였는지라
သို့​ဖြစ်​၍​အာ​ဗြံ​၏​တိ​ရစ္ဆာန်​များ​ကို​ထိန်း​ကျောင်း​သူ​များ​နှင့် လော​တ​၏​တိ​ရစ္ဆာန်​များ​ကို​ထိန်း​ကျောင်း​သူ​တို့​အ​ချင်း​ချင်း​ခိုက်​ရန်​ဖြစ်​ပွား​ကြ​လေ​သည်။ (ထို​အ​ချိန်​၌​ခါ​နာန်​အ​မျိုး​သား​နှင့်​ဖေ​ရ​ဇိ​အ​မျိုး​သား​တို့​သည်​လည်း ထို​ပြည်​တွင်​နေ​ထိုင်​လျက်​ရှိ​ကြ​သေး​၏။)
8 아브람이 롯에게 이르되 `우리는 한 골육이라 나나, 너나, 내 목자나, 네 목자나 서로 다투게 말자
ထို​အ​ခါ​အာ​ဗြံ​က​လော​တ​အား``ငါ​တို့​သည်​ဆွေ​မျိုး​သား​ချင်း​များ​ဖြစ်​ကြ​၍ သင့်​လူ​စု​နှင့်​ငါ့​လူ​စု​တို့​သည်​ခိုက်​ရန်​ဖြစ်​ပွား​နေ​ရန်​မ​သင့်​ချေ။-
9 네 앞에 온 땅이 있지 아니하냐? 나를 떠나라 네가 좌하면 나는 우하고, 네가 우하면 나는 좌하리라'
ထို့​ကြောင့်​သင်​နှင့်​ငါ​ခွဲ​ခွာ​ကြ​ပါ​စို့။ သင့်​ရှေ့​မှောက်​တွင်​မြေ​တစ်​ပြင်​လုံး​ရှိ​၏။ သင်​ကြိုက်​နှစ်​သက်​ရာ​ကို​ရွေး​ယူ​လော့။ သင်​က​တစ်​ဘက်​သို့​သွား​လျှင်​ငါ​က​တ​ခြား​တစ်​ဘက်​သို့​သွား​မည်'' ဟု​ပြော​လေ​၏။
10 이에 롯이 눈을 들어 요단들을 바라본즉 소알까지 온 땅에 물이 넉넉하니 여호와께서 소돔과 고모라를 멸하시기 전이었는고로 여호와의 동산같고 애굽 땅과 같았더라
၁၀ထို​အ​ခါ​လော​တ​သည်​ပတ်​ဝန်း​ကျင်​သို့​လှည့်​ကြည့်​ရာ​ဇော​ရ​မြို့​သို့​တိုင်​အောင် ယော်​ဒန်​မြစ်​ဝှမ်း​တစ်​လျှောက်​လုံး​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဥ​ယျာဉ်​တော် ကဲ့​သို့​လည်း​ကောင်း၊ အီ​ဂျစ်​ပြည်​ကဲ့​သို့​လည်း​ကောင်း​ရေ​ပေါ​များ​ကြောင်း​တွေ့​ရ​လေ​သည်။ (ထာ​ဝ​ရ​ဘု​ရား​သည်​သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​တို့​ကို​မ​ဖျက်​ဆီး​မီ​က​အ​ခြေ​အ​နေ​ဖြစ်​၏။-)
11 그러므로 롯이 요단 온 들을 택하고 동으로 옮기니 그들이 서로 떠난지라
၁၁ထို့​ကြောင့်​လော​တ​သည်​ယော်​ဒန်​မြစ်​ဝှမ်း​တစ်​လျှောက်​လုံး​ကို​ရွေး​ယူ​၍ အ​ရှေ့​ဘက်​သို့​ပြောင်း​ရွှေ့​ခဲ့​လေ​သည်။ ဤ​သို့​အား​ဖြင့်​သူ​တို့​နှစ်​ဦး​ခွဲ​ခွာ​ခဲ့​ကြ​သည်။-
12 아브람은 가나안 땅에 거하였고 롯은 평지 성읍들에 머무르며 그 장막을 옮겨 소돔까지 이르렀더라
၁၂အာ​ဗြံ​သည်​ခါ​နာန်​ပြည်​တွင်​နေ​ထိုင်​သည်။ လော​တ​မူ​ကား​မြစ်​ဝှမ်း​ရှိ​မြို့​များ​နှင့်​ပတ်​ဝန်း​ကျင်​တွင် နေ​ထိုင်​ရန်​ရွေး​ချယ်​လျက်​သော​ဒုံ​မြို့​အ​နီး​တွင်​တဲ​စ​ခန်း​ချ​လေ​၏။-
13 소돔 사람은 악하여 여호와 앞에 큰 죄인이었더라
၁၃သော​ဒုံ​မြို့​သား​တို့​သည်​ဆိုး​သွမ်း​၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌​အ​ပြစ်​များ​သော​သူ​များ​ဖြစ်​ကြ​၏။
14 롯이 아브람을 떠난 후에 여호와께서 아브람에게 이르시되 너는 눈을 들어 너 있는 곳에서 동서남북을 바라보라!
၁၄လော​တ​နှင့်​အာ​ဗြံ​တို့​ခွဲ​ခွာ​သွား​ကြ​ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​က​အာ​ဗြံ​အား``သင်​ရှိ​ရာ​မှ​အ​ရပ်​လေး​မျက်​နှာ​သို့​ကြည့်​ရှု​လော့။-
15 보이는 땅을 내가 너와 네 자손에게 주리니 영원히 이르리라
၁၅သင်​မြင်​သ​မျှ​မြေ​ကို​ငါ​သည်​သင်​၏​အ​ဆက်​အ​နွယ်​တို့​အား​ထာ​ဝ​စဉ်​အ​ပိုင်​စား​ပေး​မည်။ သင်​၏​အ​ဆက်​အ​နွယ်​တို့​ကို​လည်း​မ​ရေ​မ​တွက်​နိုင်​အောင်​များ​ပြား​စေ​မည်။-
16 내가 네 자손으로 땅의 티끌 같게 하리니 사람이 땅의 티끌을 능히 셀수 있을진대 네 자손도 세리라
၁၆မြေ​ကြီး​ပေါ်​ရှိ​မြေ​မှုန့်​ကို​ရေ​တွက်​နိုင်​ပါ​မှ သင်​၏​အ​ဆက်​အ​နွယ်​များ​ကို​ရေ​တွက်​နိုင်​မည်။-
17 너는 일어나 그 땅을 종과 횡으로 행하여 보라! 내가 그것을 네게 주리라
၁၇သင်​သည်​ယ​ခု​ထ​၍​မြေ​တစ်​ပြင်​လုံး​ကို​လှည့်​ပတ်​ကြည့်​ရှု​လော့။ သင်​မြင်​ရ​သ​မျှ​သော​မြေ​ကို​သင့်​အား​ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။-
18 이에 아브람이 장막을 옮겨 헤브론에 있는 마므레 상수리 수풀에 이르러 거하며 거기서 여호와를 위하여 단을 쌓았더라
၁၈ထို့​ကြောင့်​အာ​ဗြံ​သည်​မိ​မိ​၏​စ​ခန်း​မှ ဟေ​ဗြုန်​မြို့​ရှိ​မံ​ရေ​သ​ပိတ်​တော​သစ်​ပင်​များ​အ​နီး​သို့​ပြောင်း​ရွှေ့​နေ​ထိုင်​ပြီး​လျှင် ထို​နေ​ရာ​၌​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရန်​ယဇ်​ပလ္လင်​ကို​တည်​လေ​၏။

< 창세기 13 >