< 에스겔 27 >

1 여호와의 말씀이 내게 임하여 가라사대
ထာ​ဝ​ရ​ဘု​ရား​ငါ့​အား​မိန့်​တော်​မူ​သည်​ကား၊-
2 인자야 너는 두로를 위하여 애가를 지으라
``အ​ချင်း​လူ​သား၊ တု​ရု​မြို့​အ​တွက်​ငို​ချင်း​ကို ဖွင့်​ဆို​လော့။-
3 너는 두로를 향하여 이르기를 바다 어귀에 거하여 여러 섬 백성과 통상하는 자여 주 여호와의 말씀에 두로야 네가 말하기를 나는 온전히 아름답다 하였도다
ထို​မြို့​သည်​ပင်​လယ်​ကမ်း​စပ်​တွင်​ရှိ​၍ ပင်​လယ် ကမ်း​ခြေ​ပေါ်​တွင်​ရှိ​သ​မျှ​သော​မြို့​တို့​နှင့်​ကုန် သွယ်​ဘက်​ဖြစ်​၏။ သူ့​အား​အ​ရှင်​ထာ​ဝရ​ဘု​ရား အ​ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို​ဤ​သို့​ဆင့်​ဆို လော့။ ``အ​ချင်း​တု​ရု​မြို့၊ သင်​သည်​အ​ပြစ်​ဆို​ဖွယ် မ​ရှိ​အောင်​လှ​ပ​တင့်​တယ်​သည့်​အ​တွက်​ဝါ ကြွား​တတ်​၏။
4 네 지경이 바다 가운데 있음이여 너를 지은 자가 네 아름다움을 온전케 하였도다
ပင်​လယ်​သည်​သင်​နေ​ထိုင်​ရာ​အ​ရပ်​ဖြစ်​၏။ သင်​၏​ဗိ​သု​ကာ​တို့​သည်​သင့်​အား​လှ​ပ​စွာ တည်​ဆောက်​ထား​ကြ​၏။
5 스닐의 잣나무로 네 판자를 만들었음이여 너를 위하여 레바논 백향목을 가져 돛대를 만들었도다
သူ​တို့​သည်​ဟေ​ရ​မုန်​တောင်​မှ ထင်း​ရှူး​ပင်​များ​ကို​ပျဉ်​အ​တွက်၊ လေ​ဗ​နုန်​တော​မှ​အာ​ရစ်​ပင်​ကို ရွက်​တိုင်​အ​တွက်​အ​သုံး​ပြု​ကြ​၏။
6 바산 상수리나무로 네 노를 만들었음이여 깃딤섬 황양목에 상아로 꾸며 갑판을 만들었도다
လှော်​တက်​များ​ကို​ပြု​လုပ်​ရန်​ဗာ​ရှန်​တော​မှ ဝက်​သစ်​ချ​ပင်​များ​ကို​ယူ​ဆောင်​လာ​ကြ​၏။ သင်​၏​ကုန်း​ပတ်​ကို​ကု​ပ​ရု​ကျွန်း​မှ​ရ​သော ထင်း​ရှူး​ဖြင့်​ပြု​လုပ်​ကာ​ဆင်​စွယ်​များ​ဖြင့် ချယ်​လှယ်​ထား​ကြ​၏။
7 애굽의 수 놓은 가는 베로 돛을 만들어 기를 삼았음이여 엘리사 섬의 청색 자색 베로 차일을 만들었도다
သင်​၏​ရွက်​များ​ကို​အီ​ဂျစ်​ပြည်​မှ​ရ​သော ပန်း​ထိုး​ထည် ပိတ်​ချော​ဖြင့်​ပြု​လုပ်​ထား​ကြောင်း​အ​ဝေး​က​ပင် အ​လံ​သ​ဖွယ်​အ​လွယ်​တ​ကူ​သိ​နိုင်​၏။ သင်​၏​နေ​ရောင်​ကာ​များ​သည်​ဧ​လိ​ရှ​ကျွန်း မှ​ရ​ရှိ​သော မ​ရမ်း​စေ့​ရောင်​အ​ကောင်း​စား​ပိတ်​ချော​ဖြင့် ပြု​လုပ်​ထား​၏။
8 시돈과 아르왓 거민들이 네 사공이 되었음이여 두로야 네 가운데 있는 박사가 네 선장이 되었도다
သင်​၏​လှော်​တက်​ကိုင်​သ​မား​များ​မှာ​ဇိ​ဒုန် မြို့​သား​နှင့် အာ​ဝဒ်​မြို့​သား​များ​ဖြစ်​၏။ လေ့​ကျင့်​မှု​ရှိ​သူ​တု​ရု​မြို့​သား​များ​က သင်္ဘော​သား​များ​ဖြစ်​ကြ​၏။
9 그발의 노인과 박사들이 네 가운데서 배의 틈을 막는 자가 되었음이여 바다의 모든 배와 그 사공들은 네 가운데서 무역하였도다
သင်္ဘော​ကို​ပြု​ပြင်​ဖာ​ထေး​ရန်​လိုက်​ပါ​သည့် ကျွမ်း​ကျင်​သူ​လက်​သ​မား​ဆ​ရာ​များ​သည် ဂေ​ဗ​လ​မြို့​မှ​ဖြစ်​ကြ​၏။ ပင်​လယ်​ကူး​သင်္ဘော​မှန်​သ​မျှ​မှ​သင်္ဘော​သား​တို့​သည် သင်​နှင့်​ရောင်း​ဝယ်​ဖောက်​ကား​မှု​ကို​ပြု​ကြ​၏။
10 바사와 룻과 붓이 네 군대 가운데서 병정이 되었음이여 네 가운데서 방패와 투구를 달아 네 영광을 나타내었도다
၁၀``ပေ​ရ​သိ​ပြည်၊ လု​ဒ​ပြည်၊ ဖု​တ​ပြည်​တို့​မှ​စစ် သူ​ရဲ​များ​သည်​သင်​၏​တပ်​မ​တော်​တွင်​အ​မှု ထမ်း​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​၏​ဒိုင်း​လွှား များ​နှင့်​သံ​ခ​မောက်​များ​ကို​သင်​၏​စစ်​တန်း လျား​များ​တွင်​ဆွဲ​ချိတ်​ထား​ကြ​၏။ သူ​တို့ သည်​ကား​သင်​၏​ဂုဏ်​အ​သ​ရေ​ကို​တိုး​စေ သူ​များ​ဖြစ်​ကြ​၏။-
11 아르왓 사람과 네 군대는 네 사면 성 위에 있었고 용사들은 네 여러 망대에 있었음이여 네 사면 성 위에 방패를 달아 네 아름다움을 온전케 하였도다
၁၁အာ​ဝဒ်​မြို့​မှ​စစ်​သူ​ရဲ​များ​က​သင်​၏​မြို့​ရိုး များ​ကို​လည်း​ကောင်း၊ ဂမ္မ​ဒိမ်​မြို့​သား​တို့​က သင်​၏​ပြ​အိုး​တို့​ကို​လည်း​ကောင်း​စောင့်​ကြပ် ပေး​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​၏​ဒိုင်း​လွှား များ​ကို​သင်​တို့​၏​မြို့​ရိုး​တွင်​ဆွဲ​ချိတ်​ထား ကြ​၏။ သင့်​အား​လှ​ပ​တင့်​တယ်​စေ​သူ​များ ကား​ထို​သူ​တို့​ပင်​ဖြစ်​သ​တည်း။
12 다시스는 각종 보화가 풍부하므로 너와 통상하였음이여 은과 철과 상납과 납을 가지고 네 물품을 무역하였도다
၁၂``သင်​သည်​မိ​မိ​၏​များ​မြောင်​သော​ကုန်​စည် တို့​ကို​တာ​ရှု​မြို့​တွင် ငွေ၊ သံ၊ သံ​ဖြူ၊ ခဲ​တို့ နှင့်​လဲ​လှယ်​ကာ​ကုန်​သွယ်​မှု​ကို​ပြု​၏။-
13 야완과 두발과 메섹은 네 장사가 되었음이여 사람과 놋그릇을 가지고 네 상품을 무역하였도다
၁၃ယာ​ဝန်​မြို့၊ တု​ဗ​လ​မြို့​နှင့်​မေ​ရှက်​မြို့​တို့ တွင်​သင်​၏​ကုန်​စည်​များ​ကို​ကျွန်​များ၊ ကြေး နီ​အိုး​များ​နှင့်​လဲ​လှယ်​၏။-
14 도갈마 족속은 말과 전마와 노새를 가지고 네 물품을 무역하며
၁၄တော​ဂါ​မ​မြို့​မှ​လာ​သော​ခိုင်း​မြင်း၊ စီး​မြင်း နှင့်​လား​များ​ကို​သင်​သည်​မိ​မိ​၏​ကုန်​စည် များ​နှင့်​လဲ​လှယ်​၏။-
15 드단 사람은 네 장사가 되었음이여 여러 섬이 너와 통상하여 상아와 오목을 가져 네 물품을 무역하였도다
၁၅ဒေ​ဒန်​မြို့​သား​တို့​သည်​လည်း​သင်​နှင့်​ကုန်​သွယ် မှု​ကို​ပြု​ကြ​၏။ ပင်​လယ်​ကမ်း​ခြေ​အ​မြောက် အ​မြား​မှ​လူ​တို့​သည် ဆင်​စွယ်​နှင့်​အ​နက်​ရောင် ရှိ​သော​သစ်​သား​များ​ကို​သင်​၏​ကုန်​ပစ္စည်း များ​နှင့်​လဲ​လှယ်​ကြ​၏။-
16 너의 제조품이 풍부하므로 아람은 너와 통상하였음이여 남보석과 자색 베와 수 놓은 것과 가는 베와 산호와 홍보석을 가지고 네 물품을 무역하였도다
၁၆ရှု​ရိ​ပြည်​သား​တို့​သည်​သင်​ထုတ်​လုပ်​သည့် ကုန်​ပစ္စည်း​အ​မျိုး​မျိုး​ကို​ဝယ်​ယူ​ကာ ယင်း တို့​၏​တန်​ဖိုး​ကို​မြ၊ ကျောက်​နီ၊ မ​ရမ်း​စေ့ ရောင်​အ​ထည်​အ​လိပ်၊ ပန်း​ထိုး​ထည်၊ ပိတ်​ချော၊ သန္တာ​နှင့်​ပတ္တမြား​တို့​ဖြင့်​ပေး​ချေ​ကြ​၏။-
17 유다와 이스라엘 땅 사람이 네 장사가 되었음이여 민닛 밀과 과자와 꿀과 기름과 유향을 가지고 네 물품을 무역하였도다
၁၇ယု​ဒ​ပြည်​နှင့်​ဣသ​ရေ​လ​ပြည်​တို့​က​သင်​၏ ကုန်​စည်​များ​ကို​မင်း​နစ်​မြို့​မှ​ဂျုံ​စ​ပါး၊ ပျား ရည်၊ သံ​လွင်​ဆီ၊ အ​မွှေး​အ​ကြိုင်​အ​မျိုး​မျိုး ပေး​၍​ဝယ်​ယူ​ကြ​၏။-
18 너의 제조품이 많고 각종 보화가 풍부하므로 다메섹이 너와 통상하였음이여 헬본 포도주와 흰 양털을 가지고 너와 무역하였도다
၁၈ဒ​မာ​သက်​မြို့​က​သင့်​ကုန်​စည်​များ​နှင့်​သင် ထုတ်​လုပ်​သည့်​ပစ္စည်း​အ​သုံး​အ​ဆောင်​များ ကို​ဝယ်​ယူ​ကာ ဥ​ဇ​လ​မြို့​အ​နီး​ရှိ​ဝေ​ဒန် မြို့​နှင့်​ယာ​ဝန်​မြို့​တို့​က​လည်း ပစ္စည်း​အ​သုံး အ​ဆောင်​များ​အ​တွက်​ဟေ​လ​ဗုန်​စ​ပျစ်​ရည်၊ စ​ဟာ​ရ​သိုး​မွေး​တို့​ဖြင့်​ပေး​ချေ​ကြ​၏။ သူ တို့​သည်​သံ​ကြွတ်၊ အ​မွှေး​အ​ကြိုင်​အ​မျိုး မျိုး​နှင့်​လည်း သင်​၏​ကုန်​စည်​များ​ကို​လဲ လှယ်​ကြ​၏။-
19 워단과 야완은 길쌈하는 실로 네 물품을 무역하였음이여 백철과 육계와 창포가 네 상품중에 있었도다
၁၉
20 드단은 네 장사가 되었음이여 탈 때 까는 담으로 너와 무역하였도다
၂၀ဒေ​ဒန်​မြို့​သား​တို့​သည်​သင်​၏​ကုန်​စည် များ​ကို​မြင်း​ကုန်း​နှီး​အ​ခင်း​များ​နှင့် လဲ​လှယ်​ကြ​၏။-
21 그들이 다 너를 위하여 머리털을 밀고 굵은 베로 띠를 띠고 마음이 아프게 슬피 통곡하리로다 아라비아와 게달의 모든 방백은 네 수하에 상고가 되어 어린 양과 수양과 염소들 그것으로 너와 무역하였도다 아라비아와 게달의 모든 방백은 네 수하에 상고가 되어 어린 양과 수양과 염소들 그것으로 너와 무역하였도다 그들이 다 너를 위하여 머리털을 밀고 굵은 베로 띠를 띠고 마음이 아프게 슬피 통곡하리로다
၂၁အာ​ရပ်​သား​များ​နှင့်​ကေ​ဒါ​ဘု​ရင်​တို့ သည်​သင်​၏​ကုန်​စည်​များ​ကို​သိုး​ငယ်၊ သိုး ကြီး​နှင့်​ဆိတ်​များ​ကို​ပေး​၍​ဝယ်​ယူ​ကြ​၏။-
22 스바와 라아마의 장사들도 너의 장사들이 됨이여 각종 상등 향재료와 각종 보석과 황금으로 네 물품을 무역하였도다
၂၂ရှေ​ဘ​နှင့်​ရာ​ဂ​မ​မြို့​များ​မှ​ကုန်​သည်​တို့ သည်​သင်​၏​ကုန်​စည်​များ​ကို​အ​ကောင်း​ဆုံး အ​မွှေး​အ​ကြိုင်​များ၊ ကျောက်​မျက်​ရ​တ​နာ များ​နှင့်​ရွှေ​တို့​ဖြင့်​ဝယ်​ယူ​ကြ​၏။-
23 하란과 간네와 에덴과 스바와 앗수르와 길맛의 장사들도 너의 장사들이라
၂၃ခါ​ရန်​မြို့၊ ကန္နေ​မြို့၊ ဧ​ဒင်​မြို့​တို့​သည်​လည်း ကောင်း၊ ရှေ​ဘ​မြို့၊ အာ​ရှု​ရိ​မြို့​နှင့်​ခိ​လမဒ် မြို့​များ​မှ​ကုန်​သည်​တို့​သည်​လည်း​ကောင်း သင်​နှင့်​ကုန်​သွယ်​မှု​ကို​ပြု​ကြ​၏။-
24 이들이 아름다운 물화 곧 청색 옷과 수놓은 물품과 빛난 옷을 백향목 상자에 담고 노끈으로 묶어 가지고 너와 통상하여 네 물품을 무역하였도다
၂၄သူ​တို့​က​လှ​ပ​သော​အ​ဝတ်​တန်​ဆာ၊ မ​ရမ်း စေ့​ရောင်​အ​ထည်​အ​လိပ်၊ ပန်း​ထိုး​ထည်၊ အ​ရောင် တောက်​ပ​သော​ကော်​ဇော​နှင့်​ခိုင်​ခံ့​အောင်​ကျစ် ထား​သော​ကြိုး​အ​မျိုး​မျိုး​တို့​ကို​ရောင်း​ချ ကြ​၏။-
25 다시스의 배는 떼를 지어 네 물화를 실었음이여 네가 바다 중심에서 풍부하여 영화가 극하였도다
၂၅သင်​၏​ထံ​မှ​ကုန်​စည်​များ​ကို​အ​ကြီး​မား ဆုံး​ကုန်​သင်္ဘော​ကြီး​များ​ဖြင့်​သယ်​ဆောင် သွား​ကြ​၏။ ``သင်​သည်​လေး​လံ​သော​ကုန်​စည်​များ​ကို တင်​ဆောင်​ကာ​ပင်​လယ်​ထဲ​သို့​ရောက်​နေ​သော သင်္ဘော​နှင့်​တူ​၏။
26 네 사공이 너를 인도하여 큰 물에 이름이여 동풍이 바다 중심에서 너를 파하도다
၂၆သင့်​အား​လှော်​ခတ်​သူ​တို့​သည်​ပင်​လယ်​ထဲ​သို့ ထုတ်​ဆောင်​လာ​သော​အ​ခါ၊ အ​ရှေ့​လေ​သည်​ပင်​လယ်​ထဲ​၌​သင့်​ကို ပျက်​စီး​သွား​စေ​၏။
27 네 재물과 상품과 무역한 물건과 네 사공과 선장과 네 배의 틈을 막는 자와 네 장사와 네 가운데 있는 모든 용사와 네 가운데 있는 모든 무리가 네 패망하는 날에 다 바다 중심에 빠질 것임이여
၂၇သင်​ချမ်း​သာ​သ​မျှ​ကုန်​စည်​များ၊ သင်​၏​သင်္ဘော​သား​အား​လုံး၊သင်္ဘော​ပြု​ပြင်​သူ လက်​သ​မား​ဆ​ရာ​များ​နှင့်​ကုန်​သည်​များ၊ သင်္ဘော​ပေါ်​ရှိ​စစ်​သူ​ရဲ​များ​နှင့်​ရှိ​ရှိ​သ​မျှ သော လူ​တို့​သည် သင်​၏​သင်္ဘော​ပျက်​သော​အ​ခါ​ပင်​လယ်​ထဲ တွင် နစ်​မြုပ်​သေ​ဆုံး​ကြ​ကုန်​၏။
28 네 선장의 부르짖는 소리에 물결이 흔들리리로다
၂၈ရေ​နစ်​သေ​ဆုံး​ကြ​သည့်​သင်္ဘော​သား​တို့ ဟစ်​အော်​သံ​သည်​ကမ်း​ခြေ​တွင်​ပဲ့​တင်​ထပ် ၍​သွား​၏။
29 무릇 노를 잡은 자와 사공과 바다의 선장들이 다 배에 내려 언덕에 서서
၂၉``သင်္ဘော​သား​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​၏ သင်္ဘော​များ​ကို​စွန့်​ကာ​ကုန်း​ပေါ်​သို့​တက်​ကြ လေ​ပြီ။
30 너를 위하여 크게 소리질러 통곡하고 티끌을 머리에 무릎쓰며 재 가운데 굶이여
၃၀သူ​တို့​သည်​မိ​မိ​တို့​ဦး​ခေါင်း​ပေါ်​သို့​မြေ​မှုန့် များ​ကို မြှောက်​ကြဲ​၍​ပြာ​ထဲ​တွင်​လူး​လှိမ့်​လျက် သင်​၏​အ​တွက်​ပြင်း​ပြ​စွာ​ငို​ကြွေး​မြည် တမ်း​ကြ​၏။
31 그들이 다 너를 위하여 머리털을 밀고 굵은 베로 띠를 띠고 마음이 아프게 슬피 통곡하리로다
၃၁သူ​တို့​သည်​သင်​၏​အ​ဖြစ်​ကို​မြင်​၍ ဦး​ခေါင်း​များ​ကို​ရိတ်​ကာ​ဝမ်း​နည်း​ပူ​ဆွေး သည့် လက္ခ​ဏာ​ဖြင့်​လျှော်​တေ​ကို​ဝတ်​ကြ​၏။ သူ​တို့​သည်​ဝမ်း​နည်း​ပက်​လက်​ဟစ်​အော် ငို​ကြွေး​ကြ​၏။ သူ​တို့​သည်​ငို​ကြွေး​မြည်​တမ်း​လျက်​သင်​နှင့် ဆိုင်​သော ငို​ချင်း​ကို​သီ​ဆို​ကြ​လိမ့်​မည်။
32 그들이 통곡할 때에 너를 위하여 애가를 불러 조상하는 말씀이여 두로 같이 바다 가운데서 적막한 자 누구인고
၃၂`ယ​ခု​အ​ခါ​ပင်​လယ်​ထဲ​၌​ဆိတ်​ငြိမ်​၍ နေ​သော တု​ရု​မြို့​နှင့်​အ​ဘယ်​မြို့​ကို​နှိုင်း​ယှဉ်​နိုင်​ပါ မည်​နည်း။
33 네 물품을 바다로 실어 낼 때에 네가 여러 백성을 풍족하게 하였음이여 네 재물과 무역품이 많으므로 세상 열왕을 풍부케 하였었도다
၃၃သင်​သည်​မိ​မိ​၏​ကုန်​စည်​များ​ကို​နိုင်​ငံ​ခြား​သို့ တင်​ပို့​ရောင်း​ချ​ရာ​တွင် လူ​မျိုး​တ​ကာ​တို့​လို​နေ​သော​အ​ရာ​များ​ကို ဖြည့်​ဆည်း​ပေး​၏။ သင်​၏​များ​ပြား​သော​ကုန်​ပစ္စည်း​များ​က​ဘု​ရင် တို့​ကို ချမ်း​သာ​ကြွယ်​ဝ​စေ​လေ​သည်။
34 네가 바다 깊은데서 파선한 때에 네 무역품과 네 승객이 다 빠졌음이여
၃၄ယ​ခု​မှာ​သင်​သည်​ပင်​လယ်​တွင်​ပျက်​ကာ သ​မုဒ္ဒ​ရာ​နက်​ထဲ​သို့​နစ်​မြုပ်​သွား​လေ​ပြီ။ သင်​၏​ကုန်​စည်​များ​နှင့်​သင်​၏​လုပ်​သား အ​ပေါင်း​တို့​သည်၊ သင်​နှင့်​အ​တူ​ပင်​လယ်​တွင်​ပျောက်​ကွယ်​သွား ကြ လေ​ကုန်​ပြီ' ဟု​ငို​ချင်း​ကို​ဆို​ကြ​၏။
35 섬의 거민들이 너를 인하여 놀라고 열왕이 심히 두려워하여 얼굴에 근심이 나타나도다
၃၅``ပင်​လယ်​ကမ်း​ခြေ​တွင်​နေ​ထိုင်​သူ​အ​ပေါင်း တို့​သည်​သင်​၏​ကံ​ကြမ္မာ​ကို​မြင်​၍​တ​အံ့​တ သြ​ဖြစ်​ကြ​ကုန်​၏။ သူ​တို့​၏​ဘု​ရင်​များ​ပင် လျှင်​ထိတ်​လန့်​တုန်​လှုပ်​ကြ​လျက် မျက်​နှာ​တွင် သွေး​မ​ရှိ​ကြ​တော့​ပေ။-
36 열국의 상고가 다 너를 비웃음이여 네가 경계거리가 되고 네가 영원히 다시 있지 못하리라 하리로다 하셨다 하라
၃၆သင်​သည်​ဆုံး​ပါး​သွား​လေ​ပြီ။ ထာ​ဝစဉ်​ဆုံး ပါး​သွား​လေ​ပြီ။ ကမ္ဘာ​တစ်​ဝှမ်း​လုံး​ရှိ​ကုန် သည်​တို့​သည် သင့်​ကို​ကဲ့​ရဲ့​ဟစ်​ကျွေး​ကြ လိမ့်​မည်'' ဟူ​၍​တည်း။

< 에스겔 27 >