< 출애굽기 35 >
1 모세가 이스라엘의 온 회중을 모으고 그들에게 이르되 `여호와께서 너희에게 명하사 행하게 하신 말씀이 이러하니라
၁မောရှေသည် ဣသရေလအမျိုးသားအ ပေါင်းတို့ကိုစုရုံးစေ၍``သင်တို့လိုက်နာရန် ထာဝရဘုရား ဤသို့ပညတ်တော်မူသည်။-
2 엿새 동안은 일하고 제 칠일은 너희에게 성일이니 여호와께 특별한 안식일이라 무릇 이날에 일하는 자를 죽일지니
၂သင်တို့သည်ရက်သတ္တတစ်ပတ်တွင်ခြောက်ရက် အလုပ်လုပ်နိုင်၏။ သို့ရာတွင်သတ္တမနေ့သည်၊ ငါထာဝရဘုရားအတွက်ဆက်ကပ်သော၊ ထူးမြတ်သည့်နားရက်ဖြစ်ရမည်။ ထို့နေ့တွင် အလုပ်လုပ်သောသူကိုသေဒဏ်စီရင်ရ မည်။-
3 안식일에는 너희의 모든 처소에서 불도 피우지 말지니라!'
၃ဥပုသ်နေ့တွင်သင်တို့၏နေအိမ်များ၌မီးကို ပင်မမွေးရ'' ဟုဆင့်ဆို၏။
4 모세가 이스라엘 자손의 온 회중에게 고하여 가로되 `여호와의 명하신 일이 이러하니라 이르시기를
၄တစ်ဖန်မောရှေက ဣသရေလအမျိုးသား အပေါင်းတို့အား``သင်တို့အားထာဝရဘုရား ဤသို့မိန့်တော်မူသည်။-
5 너희의 소유 중에서 너희는 여호와께 드릴 것을 취하되 무릇 마음에 원하는 자는 그것을 가져다가 여호와께 드릴지니 곧 금과 은과 놋과
၅သင်တို့သည်ထာဝရဘုရားအား အလှူဝတ္ထု ဆက်သရမည်။ ထာဝရဘုရားအားအလှူ ဝတ္ထုဆက်ကပ်လိုသူတို့သည်ရွှေ၊ ငွေ၊ ကြေးဝါ၊-
6 청색, 자색, 홍색실과, 가는 베실과, 염소털과
၆ပိတ်ချော၊ အပြာရောင်သိုးမွေး၊ ခရမ်းရောင် သိုးမွေး၊ အနီရောင်သိုးမွေး၊ ဆိတ်မွေးအထည်၊-
7 붉은 물 들인 수양의 가죽과, 해달의 가죽과, 조각목과
၇အနီဆိုးသောသိုးထီးသားရေ၊ သားရေ ချော၊ အကာရှသစ်သား၊-
8 등유와, 및 관유에 드는 향품과, 분향할 향을 만드는 향품과
၈မီးထွန်းရန်ဆီ၊ ဘိသိက်ဆီနှင့်နံ့သာပေါင်း အတွက်အမွှေးအကြိုင်၊-
9 호마노며, 에봇과, 흉패에 물릴 보석이니라
၉ယဇ်ပုရောဟိတ်မင်း၏သင်တိုင်းနှင့်ရင်ဖုံး အဝတ်တို့တွင်စီချယ်သည့်မဟူရာကျောက် နှင့်အခြားကျောက်မျက်ရတနာများကို ယူဆောင်ခဲ့ရမည်'' ဟုဆင့်ဆို၏။
10 무릇 너희 중 마음이 지혜로운 자는 와서 여호와의 명하신 것을 다 만들지니
၁၀``သင်တို့တွင်ရှိသောအတတ်ပညာရှင် အပေါင်းတို့သည် ထာဝရဘုရားမိန့်မှာတော် မူသည့်အတိုင်းလာ၍လုပ်ဆောင်ရကြမည်။-
11 곧 성막과, 그 막과, 그 덮개와, 그 갈고리와, 그 널판과, 그 띠와, 그 기둥과, 그 받침과,
၁၁တဲတော်နှင့်အမိုးအကာ၊ တဲတော်ချိတ်များ၊ ဘောင်ခွေများ၊ ကန့်လန့်ကျင်များ၊ တိုင်များနှင့် အောက်ခြေစွပ်များ၊-
12 증거궤와, 그 채와, 속죄소와, 그 가리는 장과,
၁၂ပဋိညာဉ်သေတ္တာတော်နှင့်ထမ်းပိုးတန်းများ၊ သေတ္တာတော်အဖုံး၊ သေတ္တာတော်ကိုကာရံ ထားသောကန့်လန့်ကာ၊-
13 상과, 그 채와, 그 모든 기구와, 진설병과,
၁၃စားပွဲနှင့်ထမ်းပိုးတန်းများ၊ စားပွဲနှင့်ဆိုင် သောပစ္စည်းများ၊ ရှေ့တော်ဆက်မုန့်၊-
14 불 켜는 등대와, 그 기구와, 그 등잔과, 등유와,
၁၄ဆီမီးခုံနှင့်ဆီမီးခုံပစ္စည်းများ၊ မီးခွက် များနှင့်မီးထွန်းရန်ဆီ၊-
15 분향단과, 그 채와, 관유와, 분향할 향품과, 성막문의 장과,
၁၅နံ့သာပေါင်းမီးရှို့ရာပလ္လင်နှင့် ထမ်းပိုးတန်း များ၊ ဘိသိက်ဆီ၊ မွှေးကြိုင်သောနံ့သာပေါင်း၊ တဲတော်တံခါးဝကန့်လန့်ကာ၊-
16 번제단과, 그 놋 그물과, 그 채와, 그 모든 기구와, 물두멍과, 그 받침과,
၁၆ယဇ်ပူဇော်ရာပလ္လင်နှင့်ကြေးဝါဆန်ခါ၊ ပလ္လင် အတွက်ထမ်းပိုးတန်းနှင့်ဆိုင်ရာပစ္စည်းအားလုံး၊ အင်တုံနှင့်အောက်ခြေ၊-
17 뜰의 포장과, 그 기둥과, 그 받침과, 뜰문의 장과,
၁၇တဲတော်ဝင်းကန့်လန့်ကာများနှင့်တိုင်များ၊ ခြေစွပ်များ၊ ဝင်းပေါက်ကန့်လန့်ကာ၊-
18 장막 말뚝과, 뜰의 포장 말뚝과, 그 줄과,
၁၈တဲတော်အတွက်ကြက်ဆူးများ၊ တဲတော်နှင့် တဲတော်ဝင်းအတွက်ကြိုးများ၊-
19 성소에서 섬기기 위하여 공교히 만든 옷 곧 제사 직분을 행할 때에 입는 제사장 아론의 거룩한 옷과 그 아들들의 옷이니라
၁၉ယဇ်ပုရောဟိတ်အာရုန်နှင့်သူ၏သားများ သန့်ရှင်းရာဌာနတော်တွင်အမှုထမ်းဆောင် စဉ်ဝတ်ဆင်ရန်၊ ထည်ဝါခန့်ညားသောအဝတ် အထည်များစသည်တို့အတွက်စီမံ ဆောင်ရွက်ရကြမည်'' ဟုဆင့်ဆိုလေ၏။
20 이스라엘 자손의 온 회중이 모세 앞에서 물러갔더니
၂၀ဣသရေလအမျိုးသားအပေါင်းတို့သည် မောရှေထံမှထွက်ခွာသွားကြလေ၏။-
21 무릇 마음이 감동된 자와 무릇 자원하는 자가 와서 성막을 짓기 위하여 그 속에서 쓸 모든 것을 위하여, 거룩한 옷을 위하여 예물을 가져 여호와께 드렸으니
၂၁ထာဝရဘုရားအားလှူဖွယ်ဝတ္ထုဆက်ကပ် ရန် စိတ်စေတနာရှိသူအပေါင်းတို့သည်၊ ထာ ဝရဘုရားစံတော်မူရာတဲတော်အတွက်၊ လှူ ဖွယ်ဝတ္ထုများကိုယူဆောင်လာကြ၏။ သူတို့ သည်ဘုရားဝတ်ပြုရာ၌လိုအပ်သောပစ္စည်း၊ ယဇ်ပုရောဟိတ်တို့၏အဝတ်အထည်များ ပြုလုပ်ရန်ပစ္စည်းများကိုယူဆောင်ခဲ့ကြ၏။-
22 곧 마음에 원하는 남녀가 와서 가슴 핀과, 귀고리와, 가락지와, 목거리와, 여러가지 금품을 가져 왔으되 사람마다 여호와께 금 예물을 드렸으며
၂၂စိတ်စေတနာရှိသောအမျိုးသားနှင့်အမျိုး သမီးတို့သည်ရွှေရင်ထိုး၊ ရွှေနားကွင်း၊ ရွှေလက် စွပ်ရွှေဆွဲကြိုးတို့ကိုအထူးပူဇော်သကာ အဖြစ်ထာဝရဘုရားထံယူဆောင်လာ၍၊
23 무릇 청색, 자색, 홍색실과, 가는 베실과, 염소털과, 붉은 물 들인 수양의 가죽과, 해달의 가죽이 있는 자도 가져 왔으며
၂၃အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး၊ ပိတ်ချော၊ ဆိတ်မွေးထည်၊ အနီဆိုးသိုးထီးသား ရေ၊ သားရေချောပိုင်ရှင်အပေါင်းတို့သည်၊ ထို ပစ္စည်းများကိုယူဆောင်လာကြ၏။-
24 무릇 은과 놋으로 예물을 삼는 자는 가져다가 여호와께 드렸으며 무릇 섬기는 일에 소용되는 조각목이 있는 자는 가져 왔으며
၂၄ငွေသို့မဟုတ်ကြေးဝါလှူနိုင်သူတို့ကထာဝရ ဘုရားအားထိုပစ္စည်းများကိုဆက်ကပ်ကြ၏။ အကာရှသစ်ရှိသူတို့က၊ ဆောက်လုပ်ရာ၌ အသုံးပြုရန်ထိုပစ္စည်းကိုဆက်ကပ်ကြ၏။-
25 마음이 슬기로운 모든 여인은 손수 실을 낳고 그 낳은 청색, 자색, 홍색실과, 가는 베실을 가져 왔으며
၂၅ချည်ငင်ကျွမ်းကျင်သူအမျိုးသမီးအပေါင်းသည်၊ သိုးမွေးချည်အပြာရောင်၊ ခရမ်းရောင်၊ အနီနှင့် ပိတ်ချောချည်၊ ဆိတ်မွေးချည်တို့ကိုဆက်ကပ် ကြ၏။-
26 마음에 감동을 받아 슬기로운 모든 여인은 염소털로 실을 낳았으며
၂၆
27 모든 족장은 호마노와 및 에봇과 흉패에 물릴 보석을 가져 왔으며
၂၇ဣသရေလအမျိုးသားအကြီးအကဲတို့သည် ယဇ်ပုရောဟိတ်တို့၏အဝတ်အထည်များ ဖြစ်သောသင်တိုင်းနှင့်ရင်စည်းအဝတ်တို့ တွင်တပ်ဆင်ရန်၊ ကျောက်နီနှင့်အခြား ကျောက်မျက်ရတနာတို့ကိုလည်းကောင်း၊-
28 등불과, 관유와, 분향할 향에 소용되는 기름과, 향품을 가져 왔으니
၂၈မီးခွက်များ၊ ဘိသိက်ဆီ၊ မွှေးကြိုင်သောနံ့သာ ပေါင်းအတွက်အမွှေးအကြိုင်နှင့်ဆီတို့ကို လည်းကောင်း၊ ဆက်ကပ်ကြ၏။-
29 마음에 원하는 이스라엘 자손의 남녀마다 여호와께서 모세의 손을 빙자하여 명하신 모든 것을 만들기 위하여 물품을 가져다가 여호와께 즐거이 드림이 이러하였더라
၂၉မောရှေမှတစ်ဆင့်ထာဝရဘုရားစေခိုင်း သောအလုပ်အတွက်အမျိုးသားအမျိုး သမီးအပေါင်းတို့သည်စိတ်စေတနာထက် သန်စွာဖြင့်၊ မိမိတို့လှူဖွယ်ဝတ္ထုများကို ထာဝရဘုရားထံဆက်ကပ်ကြ၏။
30 모세가 이스라엘 자손에게 이르되 `볼지어다 여호와께서 유다 지파 훌의 손자요 우리의 아들인 브사렐을 지명하여 부르시고
၃၀မောရှေက ဣသရေလအမျိုးသားတို့ အား``ထာဝရဘုရားသည်ယုဒအနွယ် ဟုရ၏မိသားစုမှ ဥရိ၏သားဗေဇ လေလကိုရွေးချယ်ထားတော်မူ၏။-
31 하나님의 신을 그에게 충만케 하여 지혜와 총명과 지식으로 여러가지 일을 하게 하시되
၃၁သူသည်ထာဝရဘုရားထံတော်မှတန်ခိုးကို ခံယူရရှိသဖြင့်၊ ရွှေ၊ ငွေ၊ ကြေးဝါတို့ကိုပုံ အမျိုးမျိုးဖော်လုပ်နိုင်သောပညာ၊-
32 공교한 일을 연구하여 금과 은과 놋으로 일하게 하시며
၃၂
33 보석을 깎아 물리며 나무를 새기는 여러가지 공교한 일을 하게 하셨고
၃၃ကျောက်မျက်ကိုသွေး၍စီချယ်သောအတတ်၊ သစ်သားပန်းပုထုသောအတတ်အစရှိ သည့်အနုပညာအတတ်အမျိုးမျိုးကို တတ်ကျွမ်းနားလည်နိုင်စွမ်းရှိပေသည်။-
34 또 그와 단 지파 아히사막의 아들 오홀리압을 감동시키사 가르치게 하시며
၃၄ထာဝရဘုရားသည်သူ့အားလည်းကောင်း၊ ဒန်အနွယ်မှအဟိသမက်၏သားအဟော လျဘအားလည်းကောင်း၊ မိမိတို့၏အတတ် ပညာကိုအခြားသူတို့အားသင်ပေးနိုင် စွမ်းပေးထားတော်မူ၏။-
35 지혜로운 마음을 그들에게 충만하게 하사 여러가지 일을 하게 하시되 조각하는 일과, 공교로운 일과, 청색, 자색, 홍색실과, 가는 베실로 수 놓은 일과 짜는 일과 그 외에 여러가지 일을 하게 하시고 공교로운 일을 연구하게 하셨나니
၃၅သူတို့အားပန်းပုအတတ်၊ ပုံစံထုတ်သော အတတ်၊ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင် သိုးမွေး၊ ပိတ်ချောနှင့်အခြားအထည်တို့ ကိုယက်လုပ်သည့်အတတ်ပညာအမျိုးမျိုး ကိုပေးတော်မူ၏။ သူတို့သည်အတတ်ပညာ အမျိုးမျိုးတို့တွင်ထူးချွန်၍ ပုံစံထုတ် ရာတွင်ပြောင်မြောက်သူများဖြစ်ကြ၏။