< 출애굽기 33 >

1 여호와께서 모세에게 이르시되 너는 네가 애굽 땅에서 인도하여 낸 백성과 함께 여기서 떠나서 내가 아브라함과 이삭과 야곱에게 맹세하기를 네 자손에게 주마 한 그 땅으로 올라가라
ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား ``သင်​သည် အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော​သူ​တို့​နှင့် အ​တူ ဤ​အ​ရပ်​မှ​ထွက်​၍၊ ငါ​သည်​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​နှင့်​သူ​တို့​၏​အ​ဆက်​အ​နွယ် တို့​အား​ပေး​မည်​ဟု​က​တိ​ထား​ခဲ့​သော ပြည်​သို့​သွား​လော့။-
2 내가 사자를 네 앞서 보내어 가나안 사람과, 아모리 사람과, 헷 사람과, 브리스 사람과, 히위 사람과, 여부스 사람을 쫓아내고
သင်​တို့​အား​လမ်း​ပြ​ရန်​ကောင်း​ကင်​တ​မန် ကို​ငါ​စေ​လွှတ်​မည်။ ခါ​နာန်​အ​မျိုး​သား၊ အာ မော​ရိ​အ​မျိုး​သား၊ ဟိတ္တိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား၊ ယေ​ဗု​သိ အ​မျိုး​သား​တို့​ကို​ငါ​နှင်​ထုတ်​မည်။-
3 너희로 젖과 꿀이 흐르는 땅에 이르게 하려니와 나는 너희와 함께 올라가지 아니하리니 너희는 목이 곧은 백성인즉 내가 중로에서 너희를 진멸할까 염려함이니라 하시니
သင်​တို့​ကို​အ​စာ​ရေ​စာ​ပေါ​များ​၍​မြေ သြ​ဇာ​ထက်​သန်​သော​ပြည်​သို့​ပို့​ဆောင်​မည်။ သို့​ရာ​တွင်​သင်​တို့​သည်​ခေါင်း​မာ​သော​လူ​မျိုး ဖြစ်​၍၊ လမ်း​ခ​ရီး​၌​သင်​တို့​ကို​ငါ​သေ​ကြေ ပျက်​စီး​စေ​မည်​စိုး​သော​ကြောင့် ငါ​ကိုယ်​တိုင် သင်​တို့​နှင့်​အ​တူ​ခ​ရီး​မ​သွား'' ဟု​မိန့် တော်​မူ​၏။
4 백성이 이 황송한 말씀을 듣고 슬퍼하여 한 사람도 그 몸을 단장하지 아니하니
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထို​သို့​မိန့် တော်​မူ​သည်​ကို​ကြား​သိ​ရ​သော​အ​ခါ၊ ဝမ်း နည်း​ပူ​ဆွေး​လျက်​လက်​ဝတ်​တန်​ဆာ​များ ကို​မ​ဝတ်​ဆင်​ကြ​တော့​ချေ။-
5 여호와께서 모세에게 이르시기를 이스라엘 자손에게 이르라 너희는 목이 곧은 백성인즉 내가 순식간이라도 너희 중에 행하면 너희를 진멸하리니 너희 단장품을 제하라! 그리하면 내가 너희에게 어떻게 할 일을 알겠노라 하셨음이라
ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား``သင်​တို့ သည်​ခေါင်း​မာ​သော​လူ​မျိုး​ဖြစ်​၏။ သင်​တို့ နှင့်​အ​တူ​ခ​ဏ​မျှ​ဖြစ်​စေ​ငါ​သည်​ခ​ရီး သွား​ရ​လျှင်၊ သင်​တို့​အား​တစ်​ယောက်​မျှ မ​ကျန်​သေ​ကျေ​ပျက်​စီး​စေ​မည်။ ယ​ခု ပင်​လျှင်​သင်​တို့​၏​လက်​ဝတ်​တန်​ဆာ​များ ကို​ချွတ်​လော့။ ထို​နောက်​မှ​ငါ​သည်​သင်​တို့ အား​အ​ဘယ်​သို့​စီ​ရင်​ရ​မည်​ကို​ဆုံး​ဖြတ် မည်'' ဟု​မိန့်​တော်​မူ​၏။-
6 이스라엘 자손이 호렙 산에서부터 그 단장품을 제하니라
ထို့​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သိ​နာ​တောင်​မှ​ထွက်​ခွာ​ပြီး​သည်​နောက်၊ လက် ဝတ်​တန်​ဆာ​များ​ကို​မည်​သည့်​အ​ခါ​မျှ မ​ဝတ်​ကြ​တော့​ချေ။
7 모세가 항상 장막을 취하여 진 밖에 쳐서 진과 멀리 떠나게 하고 회막이라 이름하니 여호와를 앙모하는 자는 다 진 바깥 회막으로 나아가며
ဣ​သ​ရေ​လ​အ​မျိုး​သား​များ​စ​ခန်း​ချ သည့်​အ​ခါ​တိုင်း၊ မော​ရှေ​သည်​တဲ​တော်​ကို စ​ခန်း​အ​ပြင်​ဘက်​ခပ်​လှမ်း​လှမ်း​အ​ကွာ နေ​ရာ​တွင်​ဆောက်​လေ့​ရှိ​၏။ တဲ​တော်​ကို ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် ဟူ​၍​နာ​မည်​မှည့်​ခေါ်​၏။ ထာ​ဝ​ရ​ဘု​ရား ၏​အ​လို​တော်​ကို​သိ​လို​သူ​သည် ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​သို့​သွား ရ​သည်။-
8 모세가 회막으로 나아갈 때에는 백성이 다 일어나 자기 장막문에 서서 모세가 회막에 들어가기까지 바라보며
တဲ​တော်​သို့​မော​ရှေ​သွား​သည့်​အ​ခါ​တိုင်း၊ လူ​များ​သည် မိ​မိ​တို့​တဲ​ရှေ့​တွင်​ရပ်​လျက်၊ မော​ရှေ​တဲ​တော်​သို့​ဝင်​သွား​သည့်​အ​ထိ စောင့်​ကြည့်​လေ့​ရှိ​ကြ​၏။-
9 모세가 회막에 들어갈 때에 구름 기둥이 내려 회막문에 서며 여호와께서 모세와 말씀하시니
မော​ရှေ​တဲ​တော်​ထဲ​သို့​ဝင်​သော​အ​ခါ၊ မိုး တိမ်​တိုက်​သည်​ဆင်း​သက်​လာ​၍၊ တဲ​ဝ​တွင် ရပ်​တန့်​လျက်​နေ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် တိမ်​တိုက်​ထဲ​မှ​မော​ရှေ​အား​မိန့်​ကြား တော်​မူ​၏။-
10 모든 백성이 회막문에 구름 기둥이 섰음을 보고 다 일어나 각기 장막문에 서서 경배하며
၁၀လူ​အ​ပေါင်း​တို့​သည်၊ တဲ​တော်​ဝ​၌​တိမ် တိုက်​ကို​မြင်​ရ​လျှင်၊ ဦး​ညွှတ်​ရှိ​ခိုး​ကြ​၏။-
11 사람이 그 친구와 이야기함 같이 여호와께서는 모세와 대면하여 말씀하시며 모세는 진으로 돌아오나 그 수종자 눈의 아들 청년 여호수아는 회막을 떠나지 아니하니라
၁၁မိတ်​ဆွေ​ချင်း​စ​ကား​ပြော​သ​ကဲ့​သို့​ထာ​ဝ​ရ ဘု​ရား​သည် မော​ရှေ​နှင့်​မျက်​နှာ​ချင်း​ဆိုင်​စ​ကား ပြော​တော်​မူ​၏။ ထို​နောက်​မော​ရှေ​သည်​စ​ခန်း သို့​ပြန်​လာ​၏။ သို့​သော်​သူ​၏​လက်​ထောက်​ဖြစ် သူ၊ နုန်​၏​သား၊ လူ​ငယ်​ယော​ရှု​သည်၊ တဲ​တော် တွင်း​၌​နေ​ရစ်​လေ​၏။
12 모세가 여호와께 고하되 `보시옵소서! 주께서 나더러 이 백성을 인도하여 올라가라 하시면서 나와 함께 보낼 자를 내게 지시하지 아니하시나이다 주께서 전에 말씀하시기를 나는 이름으로도 너를 알고 너도 내 앞에 은총을 입었다 하셨사온즉
၁၂မော​ရှေ​က​ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ထား သည်​မှာ``ကိုယ်​တော်​သည်​အ​ကျွန်ုပ်​ကို၊ ဤ​သူ တို့​အား ထို​သို့​ပို့​ဆောင်​ရန်​မိန့်​တော်​မူ​ပြီ။ သို့​ရာ​တွင်​အ​ကျွန်ုပ်​နှင့်​အ​တူ​မည်​သူ့​ကို စေ​လွှတ်​မည်​ဟူ​၍​မ​မိန့်​ကြား​ခဲ့​ပါ။ ကိုယ်​တော် က`သင့်​ကို​ရင်း​နှီး​စွာ​ငါ​သိ​၏။ သင့်​အား နှစ်​သက်​၏' ဟု​မိန့်​တော်​မူ​ပါ​သည်။-
13 내가 참으로 주의 목전에 은총을 입게 하시며 이 족속을 주의 백성으로 여기소서!'
၁၃ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား​နှစ်​သက်​တော် မူ​ပါ​လျှင်၊ အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​အ​မှု တော်​ကို​ထမ်း​ဆောင်​၍၊ စိတ်​တော်​နှင့်​တွေ့​နိုင်​စေ ရန်၊ ကိုယ်​တော်​၏​အ​ကြံ​အ​စည်​တော်​များ​ကို ဖော်​ပြ​တော်​မူ​ပါ။ ဤ​လူ​မျိုး​သည်​ကိုယ်​တော် ရွေး​ချယ်​ထား​သော​လူ​မျိုး​တော်​ဖြစ်​ကြောင်း ကို​လည်း​သ​တိ​ရ​တော်​မူ​ပါ။''
14 여호와께서 가라사대 내가 친히 가리라! 내가 너로 편케 하리라!
၁၄ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင် နှင့်​အ​တူ​ကြွ​သွား​၍၊ သင့်​အား​အောင်​မြင် ခွင့်​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။
15 모세가 여호와께 고하되 `주께서 친히 가지 아니하시려거든 우리를 이곳에서 올려 보내지 마옵소서
၁၅မော​ရှေ​က``ကိုယ်​တော်​သည်​အ​ကျွန်ုပ်​နှင့်​အ​တူ ကြွ​သွား​တော်​မ​မူ​လျှင်၊ အ​ကျွန်ုပ်​တို့​အား ဤ​အ​ရပ်​မှ​မ​ထွက်​ခွာ​စေ​တော်​မူ​ပါ​နှင့်။-
16 나와 주의 백성이 주의 목전에 은총 입은 줄을 무엇으로 알리이까? 주께서 우리와 함께 행하심으로 나와 주의 백성을 천하 만민 중에 구별하심이 아니니이까?'
၁၆ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ကြွ သွား​တော်​မ​မူ​ပါ​လျှင်၊ ကိုယ်​တော်​သည်​ကိုယ် တော်​၏​လူ​မျိုး​တော်​နှင့်​အ​ကျွန်ုပ်​အား​နှစ် သက်​ကြောင်း​မည်​သို့​သိ​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​နှင့်​အ​တူ​ရှိ​ခြင်း ဖြင့်၊ အ​ကျွန်ုပ်​တို့​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး တ​ကာ​တို့​နှင့်​ခြား​နား​ကြောင်း​ကို​သိ​ရ ပါ​မည်'' ဟု​လျှောက်​လေ​၏။
17 여호와께서 모세에게 이르시되 너의 말하는 이 일도 내가 하리니 너는 내 목전에 은총을 입었고 내가 이름으로도 너를 앎이니라
၁၇ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ငါ​သည် သင့်​ကို​ရင်း​နှီး​စွာ​သိ​၍​နှစ်​သက်​သ​ဖြင့်၊ သင်​တောင်း​လျှောက်​သည့်​အ​တိုင်း​ငါ​ပြု မည်'' ဟု​မိန့်​တော်​မူ​၏။
18 모세가 가로되 `원컨대 주의 영광을 내게 보이소서!'
၁၈ထို​နောက်​မော​ရှေ​က``ကိုယ်​တော်​၏​တောက်​ပ သော​ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြင်​ခွင့်​ပေး တော်​မူ​ပါ'' ဟု​တောင်း​ပန်​လျှောက်​ထား​၏။
19 여호와께서 가라사대 내가 나의 모든 선한 형상을 네 앞으로 지나게 하고 여호와의 이름을 네 앞에 반포하리라 나는 은혜 줄 자에게 은혜를 주고 긍휼히 여길자에게 긍휼을 베푸느니라
၁၉ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​ဂုဏ်​အ​သ​ရေ တော်​ရှိ​သ​မျှ​ကို​သင့်​အား​ပြ​သ​၍၊ ငါ​၏ နာ​မ​တော်​ကို​လည်း​သင့်​အား​ကြေ​ညာ မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ ငါ သ​နား​ကြင်​နာ​လို​သူ​အား​သ​နား​ကြင် နာ​မည်။ ငါ​ကျေး​ဇူး​ပြု​လို​သူ​အား ကျေး​ဇူး​ပြု​မည်။
20 또 가라사대 네가 내 얼굴을 보지 못하리니 나를 보고 살 자가 없음이니라
၂၀ငါ့​ကို​မြင်​သော​သူ​သည်​အ​သက်​မ​ရှင်​နိုင် သော​ကြောင့်၊ သင့်​အား​ငါ​၏​မျက်​နှာ​ကို​ဖူး မြင်​ခွင့်​မ​ပေး။-
21 여호와께서 가라사대 보라 내 곁에 한 곳이 있으니 너는 그 반석 위에 섰으라
၂၁သို့​ရာ​တွင်​ငါ့​အ​နား​တွင်​ရှိ​သော​ကျောက် ဆောင်​ပေါ်​၌​ရပ်​နေ​လော့။-
22 내 영광이 지날 때에 내가 너를 반석 틈에 두고 내가 지나도록 내 손으로 너를 덮었다가
၂၂ငါ​၏​တောက်​ပ​သော​ဘုန်း​အ​သ​ရေ​တော် ဖြတ်​သန်း​သွား​သည့်​အ​ခါ၊ ငါ​သည်​သင့်​အား ကျောက်​ဆောင်​ကြား​တွင်​နေ​စေ​၍၊ ငါ​လွန် သွား​သည်​တိုင်​အောင်​သင့်​ကို​ငါ​၏​လက် တော်​ဖြင့်​ဖုံး​အုပ်​ထား​မည်။-
23 손을 거두리니 네가 내 등을 볼 것이요 얼굴은 보지 못하리라
၂၃ထို​နောက်​မှ​ငါ​၏​လက်​တော်​ကို​ရုပ်​သိမ်း​သ ဖြင့်၊ သင်​သည်​ငါ​၏​ကျော​ကို​ဖူး​မြင်​ရ​မည်။ ငါ​၏​မျက်​နှာ​ကို​မူ​ကား​မ​ဖူး​ရ'' ဟု​မိန့် တော်​မူ​၏။

< 출애굽기 33 >