< 출애굽기 30 >

1 너는 분향할 단을 만들지니 곧 조각목으로 만들되
တနည်းကား၊ နံ့သာ ပေါင်းကို မီးရှို့ စရာ ယဇ်ပလ္လင် ကို အကာရှ သား နှင့် လုပ် ရမည်။
2 장이 일 규빗, 광이 일 규빗으로 네모 반듯하게 하고 고는 이 규빗으로 하며 그 뿔을 그것과 연하게 하고
ထိုပလ္လင်သည် အလျား တတောင် ၊ အနံ တတောင် ၊ စတုရန်း လေးထောင့်ဖြစ်၍ ၊ အမြင့် နှစ်တောင် ရှိ ရမည်။ ဦးချို တို့ကိုလည်း အကာရှသား ဖြင့် ပြီး စေရမည်။
3 단 상면과 전후 좌우면과 뿔을 정금으로 싸고 주위에 금테를 두를지며
ပလ္လင်ထိပ် ၊ နံရံ ၊ ဦးချို တို့ကို ရွှေ စင် နှင့် မွမ်းမံ ၍ ၊ အပေါ်နားပတ်လည် ၌ ကွပ်သော ရွှေ တန်ဆာ ကိုလည်း လုပ် ရမည်။
4 금테 아래 양편에 금고리 둘을 만들되 곧 그 양편에 만들지니 이는 단을 메는 채를 꿸 곳이며
ရွှေတန်ဆာ အောက်၊ ပလ္လင် တဘက် တချက်ထောင့်၌ ရွှေ ကွင်း နှစ် ကွင်းကို လုပ် ၍၊ ပလ္လင် ထမ်း စရာ ထမ်းဘိုး နေရာ ဖြစ် ရမည်။
5 그 채를 조각목으로 만들고 금으로 싸고
ထမ်းဘိုး တို့ကို အကာရှ သား နှင့် လုပ် ၍ ရွှေ နှင့်မွမ်းမံ ရမည်။
6 그 단을 증거궤 위 속죄소 맞은편 곧 증거궤 앞에 있는 장 밖에 두라 그 속죄소는 내가 너와 만날 곳이며
ငါသည် သင် နှင့် တွေ့ ရာအရပ် ၊ သက်သေခံ ချက် ထားသောသေတ္တာ ကို၊ ကာသော ကုလားကာ ရှေ့ ၌ ထိုပလ္လင် ကို ထား ရမည်။
7 아론이 아침마다 그 위에 향기로운 향을 사르되 등불을 정리할 때에 사를지며
အာရုန် သည် နံနက် တိုင်း မီးခွက် တို့ကို ပြင်သောအခါ၊ ထိုပလ္လင်ပေါ်မှာ မွှေး သော နံ့သာ ပေါင်းကို ရှို့ ရမည်။
8 또 저녁때 등불을 켤때에 사를지니 이향은 너희가 대대로 여호와앞에 끊지 못할지며
ညဦး ယံ၌ လည်း မီးခွက် တို့ကို ထွန်း သောအခါ ၊ ထိုပလ္လင်ပေါ်မှာ နံ့သာ ပေါင်းကို ရှို့ ရမည်။ ထိုသို့ သင် တို့သား စဉ်မြေးဆက်တို့သည် ထာဝရဘုရား ရှေ့ တော်၌ အစဉ်အမြဲ ပြုရသော နံ့သာပေါင်းရှို့ခြင်း ဖြစ်သတည်း။
9 너희는 그 위에 다른 향을 사르지 말며 번제나 소제를 드리지 말며 전제의 술을 붓지 말며
ထိုပလ္လင် ပေါ် မှာ ထူးခြား သော နံ့သာ ပေါင်းကို မရှို့ရ။ မီးရှို့ သော ယဇ်ကို မပြုရ။ ဘောဇဉ်ပူဇော်သက္ကာ ကိုလည်း မပြုရ။ သွန်းလောင်း ရာ ပူဇော်သက္ကာကိုလည်း မ ပြု ရ။
10 아론이 일년 일차씩 이 향단 뿔을 위하여 속죄하되 속죄제의 피로 일년 일차씩 대대로 속죄할지니라! 이 단은 여호와께 지극히 거룩하니라
၁၀အာရုန် သည် တနှစ် တခါ အပြစ် ဖြေ ရာယဇ် ကောင်အသွေး ကိုယူ၍၊ ထိုပလ္လင် ၏ ဦးချို တို့၌ အပြစ် ဖြေခြင်း မင်္ဂလာကို ပြုရမည်။ သင် တို့သား စဉ်မြေးဆက်တို့သည် တနှစ် တခါ ထိုသို့ ပြုရ ကြမည်။ ထာဝရဘုရား အား အလွန်သန့်ရှင်း သော ယဇ်ပလ္လင်ဖြစ်သည်။
11 여호와께서 모세에게 일러 가라사대
၁၁တဖန် ထာဝရဘုရား သည်၊ မောရှေ အား မိန့် တော်မူသည်ကား၊
12 네가 이스라엘 자손의 수효를 따라 조사할 때에 조사 받은 각 사람은 그 생명의 속전을 여호와께 드릴지니 이는 그 계수할 때에 그들 중에 온역이 없게 하려 함이라
၁၂ဣသရေလ အမျိုးသား တို့ကို ရေတွက် ၍ စာရင်းယူသောအခါ ၊ ဘေး လွတ် မည်အကြောင်းရှိသမျှတို့ သည် အသီးအသီးမိမိ အသက် ရွေးရန် အဘိုး ကို ထာဝရဘုရား အား ဆက်ကပ် ရမည်။
13 무릇 계수 중에 드는 자마다 성소에 세겔대로 반 세겔을 낼지니 한 세겔은 이 십 게라라 그 반 세겔을 여호와께 드릴지며
၁၃ရေတွက် ၍ စာရင်းဝင် သော သူအပေါင်း တို့သည် အကျပ် တော်အလိုက် ၊ ငွေအကျပ် တဝက် စီ ထာဝရဘုရား အား ဆက်ကပ် ရမည်။ အကျပ်ကား၊ ဂေရ နှစ်ဆယ် ဖြစ်သတည်း။
14 무릇 계수 중에 드는 자 곧 이십세 이상 된 자가 여호와께 드리되
၁၄အသက် နှစ်ဆယ် မှစ၍ ၊ ပိုလွန် သောသူ အပေါင်း တို့သည် စာရင်း ဝင်၍၊ ထိုသို့သော ပူဇော် သက္ကာကို ထာဝရဘုရား အားပြု ရမည်။
15 너희의 생명을 속하기 위하여 여호와께 드릴 때에 부자라고 반 세겔에서 더 내지 말고, 가난한 자라고 덜 내지 말지며
၁၅ကိုယ် အသက် ကို ရွေး ခြင်းငှါ ၊ ထာဝရဘုရား အား ပူဇော် သက္ကာကို ပြု သောအခါ၊ ငွေ ရတတ်သောသူတို့ သည် မ ပို ၊ ဆင်းရဲ သောသူတို့ သည် မ လျှော့ ဘဲ၊ လူတိုင်း အကျပ် တဝက် စီ ပေးရမည်။
16 너는 이스라엘 자손에게서 속전을 취하여 회막의 봉사에 쓰라 이것이 여호와 앞에서 이스라엘 자손의 기념이 되어서 너희의 생명을 속하리라
၁၆ဣသရေလ အမျိုးသား တို့၏ အရွေး ငွေ ကို ယူ ၍ သူ တို့အသက် ကို ရွေး ခြင်းငှာ ၊ ထာဝရဘုရား ရှေ့ တော်၌ ဣသရေလ အမျိုးသား တို့၏ သက်သေ ဖြစ် ရမည်အကြောင်း၊ ပရိသတ်စည်းဝေး ရာ တဲ တော်စရိတ် အဘို့ အလိုငှာ ထား ရမည်ဟု မိန့် တော်မူ၏။
17 여호와께서 모세에게 일러 가라사대
၁၇တဖန် ထာဝရဘုရား သည်၊ မောရှေ အား မိန့် တော်မူသည်ကား၊
18 너는 물두멍을 놋으로 만들어 씻게 하되 그것을 회막과 단 사이에 두고 그 속에 물을 담으라
၁၈အာရုန်နှင့် သူ၏သားတို့ လက်ခြေဆေး စရာဘို့ ကြေးဝါ ခြေထောက် ပါသောကြေးဝါ အင်တုံ ကို လုပ် ၍ ၊ ပရိသတ်စည်းဝေး ရာ တဲ တော်နှင့် ယဇ်ပလ္လင် စပ်ကြား ၌ ထား ရမည်။
19 아론과 그 아들들이 그 두멍에서 수족을 씻되
၁၉သူ တို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်သို့ ဝင် သော် ၎င်း၊
20 그들이 회막에 들어갈 때에 물로 씻어 죽기를 면할 것이요 단에 가까이 가서 그 직분을 행하여 화제를 여호와 앞에 사를 때에도 그리할지니라
၂၀အမှုတော် ကို ထမ်း၍ ထာဝရဘုရား အား မီးရှို့ သောယဇ်ကို ပူဇော် ခြင်းငှာ ၊ ယဇ်ပလ္လင် အနားသို့ ချဉ်းကပ် သော် ၎င်း၊
21 이와 같이 그들이 그 수족을 씻어 죽기를 면할지니 이는 그와 그 자손이 대대로 영원히 지킬 규례니라
၂၁သေ ဘေးနှင့် ကင်းလွတ် မည်အကြောင်း ၊ မိမိတို့လက်ခြေကို ဆေး ရမည်။ ထိုသို့သူတို့နှင့် သူတို့အမျိုးအနွယ် အစဉ်အဆက်တို့သည် စောင့်ရသောပညတ်တော်ဖြစ်သတည်းဟု မိန့် တော်မူ၏။
22 여호와께서 모세에게 또 일러 가라사대
၂၂တဖန် ထာဝရဘုရား သည်၊ မောရှေ အား မိန့် တော်မူပြန်သည်ကား၊
23 너는 상등 향품을 취하되 액체 몰약 오백 세겔과, 그 반수의 향기로운 육계 이백 오십세겔과, 향기로운 창포 이백 오십세겔과,
၂၃သင် သည် မြတ်သောနံ့သာ မျိုးကို အကျပ်တော်နှင့်ချိန်လျက်၊ စင်ကြယ် သော မုရန် စေး အကျပ်ငါးရာ ၊ မွှေး သော သစ်ကြံပိုး နှစ်ရာ ငါးဆယ် ၊ မွှေး သောကြံ နှစ်ရာ ငါးဆယ် ၊
24 계피 오백 세겔을 성소의 세겔대로 하고 감람 기름 한 힌을 취하여
၂၄သစ်ကြံပိုး တမျိုးငါးရာ ၊ သံလွင် ဆီ တဟိန် ကို ယူ၍၊
25 그것으로 거룩한 관유를 만들되 향을 제조하는 법대로 향기름을 만들지니 그것이 거룩한 관유가 될지라
၂၅ဆေးသမားအတတ် နှင့် ဖယောင်း ဆီကို ဘော်တတ်သည်အတိုင်း၊ လိမ်း ရန်ဆီ တည်းဟူသောသန့်ရှင်း သော နံ့သာ ဆီကို ဘော် ပြီးမှ ၊
26 너는 그것으로 회막과 증거궤에 바르고
၂၆ပရိသတ်စည်းဝေး ရာ တဲ တော်နှင့် သက်သေခံ ချက်သေတ္တာ ကို၎င်း၊
27 상과 그 모든 기구며 등대와 그 기구며 분향단과
၂၇စားပွဲ နှင့် စားပွဲတန်ဆာ ရှိသမျှ ကို၎င်း၊ မီးခုံ နှင့် မီးခုံတန်ဆာ ကို၎င်း ၊ နံ့သာ ပေါင်းရှို့သောပလ္လင် ၊
28 및 번제단과 그 모든 기구와 물두멍과 그 받침에 발라
၂၈မီးရှို့ ရာ ယဇ်ပူဇော်သောပလ္လင် နှင့် ပလ္လင်တန်ဆာ ရှိသမျှ ကို၎င်း ၊ အင်တုံ နှင့် အင်တုံခြေထောက် ကို၎င်း၊ ထိုနံ့သာ ဆီနှင့် လိမ်း သဖြင့် ၊
29 그것들을 지성물로 구별하라! 무릇 이것에 접촉하는 것이 거룩하리라
၂၉ထို အရာတို့ကို အလွန်သန့်ရှင်း စေ ခြင်းငှာ ၊ ထိုသို့ သန့်ရှင်း စေရမည်။ ထို အရာတို့နှင့် တွေ့ သမျှသော အရာသည် သန့်ရှင်း သောအရာဖြစ်ရမည်။
30 너는 아론과 그 아들들에게 기름을 발라 그들을 거룩하게 하고 그들로 내게 제사장 직분을 행하게 하고
၃၀အာရုန် နှင့် သူ ၏သား တို့ကို လိမ်း ၍ ၊ သူ တို့သည် ငါ့ ရှေ့ ၌ ယဇ်ပုရောဟိတ် အမှုကို ဆောင်စေခြင်းငှာ ၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထား ရမည်။
31 이스라엘 자손에게 고하여 이르기를 이것은 너희 대대로 내게 거룩한 관유니
၃၁ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင် တို့သား စဉ်မြေးဆက်အပေါင်းတို့၌ ဤဆီ သည်၊ ငါ့ အဘို့ သန့်ရှင်း သော လိမ်း ရန်ဆီ ဖြစ် ရမည်။
32 사람의 몸에 붓지 말며 이 방법대로 이와 같은 것을 만들지 말라 이는 거룩하니 너희는 거룩히 여기라
၃၂လူ ၏ကိုယ် ပေါ် မှာ မ လောင်း ရ။ ထိုဆီကို ဘော်သည်နည်းတူ ၊ အခြားသောဆီကို မ ဘော် ရ။ သန့်ရှင်းသည်ဖြစ်၍၊ သန့်ရှင်းသည်ဟု သင်တို့သည် မှတ်ရမည်။
33 무릇 이와 같은 것을 만드는 자나 무릇 이것을 타인에게 붓는 자는 그 백성중에서 끊쳐지리라 하라
၃၃ထိုဆီနှင့်တူ အောင် ဘော် သော သူ ၊ မ ဆိုင်သောလူ၌ လိမ်း သောသူ မည်သည်ကား၊ မိမိ အမျိုး မှ ပယ်ရှင်း ခြင်းကိုခံ ရမည်ဟု မိန့် တော်မူ၏။
34 여호와께서 모세에게 이르시되 너는 소합향과, 나감향과, 풍자향의 향품을 취하고 그 향품을 유향에 섞되 각기 동일한 중수로 하고
၃၄တဖန် ထာဝရဘုရား သည်၊ မောရှေ အား မိန့်တော်မူသည်ကား၊ မွှေးသော နံ့သာမျိုးတည်းဟူသောနတပ်စေး ၊ မွှေး သော ငါးခွံ ၊ ဂါလဗန် စေး၊ စင် သော လောဗန် စေးတို့ကို အညီအမျှ ချိန် ယူ၍ ၊
35 그것으로 향을 만들되 향 만드는 법대로 만들고 그것에 소금을 쳐서 성결하게 하고
၃၅ဆေးသမားအတတ် နှင့် နှာဆေးကို ဘော်တတ်သည်နည်းတူရောနှော၍၊ သန့်ရှင်း စင်ကြယ် သော နံ့သာ ပေါင်းကို ဘော် ရမည်။
36 그 향 얼마를 곱게 찧어 내가 너와 만날 회막 안 증거궤 앞에 두라 이 향은 너희에게 지극히 거룩하니라!
၃၆အချို့ ကိုလည်း ညက်ညက်ထောင်း ပြီးမှ ၊ ငါသည် သင် နှင့် တွေ့ ရာအရပ် ၊ ပရိသတ်စည်းဝေး ရာတဲ တော်၌ သက်သေခံ ချက်ရှေ့ မှာ ထား ရမည်။ သင် တို့တွင် အလွန်သန့်ရှင်း ရမည်။
37 네가 만들 향은 여호와를 위하여 거룩한 것이니 그 방법대로 너희를 위하여 만들지 말라!
၃၇ထိုသို့ သောနံ့သာ ပေါင်းကို ဘော် သည်နည်းတူ၊ အခြားသော နံ့သာပေါင်းကို ကိုယ် သုံးဘို့ မ ဘော် ရ။ သင် တို့တွင် ထာဝရဘုရား အဘို့ သန့်ရှင်း ရမည်။
38 무릇 맡으려고 이같은 것을 만드는 자는 그 백성 중에서 끊쳐지리라!
၃၈အကြင် သူ သည် မိမိရှူ စရာဘို့ ထိုနံ့သာပေါင်း နှင့် တူ အောင်ဘော် ၏။ ထိုသူသည် မိမိ အမျိုး မှ ပယ်ရှင်း ခြင်းကိုခံ ရမည်ဟု မိန့် တော်မူ၏။

< 출애굽기 30 >