< 다니엘 7 >
1 바벨론 왕 벨사살 원년에 다니엘이 그 침상에서 꿈을 꾸며 뇌 속으로 이상을 받고 그 꿈을 기록하며 그 일의 대략을 진술하니라
၁ဗာဗုလုန် ရှင်ဘုရင် ဗေလရှာဇာနန်းစံ ပဌမ နှစ်တွင်၊ ဒံယေလသည် အိပ်မက်ကို မြင်၍ အိပ်ပျော်စဉ်၊ စိတ်ထဲ၌အာရုံပြုပြီးမှ မြင်မက်သော အရာတို့ကို ရေးထားသော အချက်ကား၊
2 다니엘이 진술하여 가로되 내가 밤에 이상을 보았는데 하늘의 네 바람이 큰 바다로 몰려 불더니
၂ငါ ဒံယေလသည် ညဉ့်အခါ အာရုံပြု၍၊ မိုဃ်း ကောင်းကင်လေးမျက်နှာ၌ လေတို့သည် မဟာသမုဒ္ဒရာ ပေါ်မှာ အချင်းချင်းတိုက်ကြလျှင်၊
3 큰 짐승 넷이 바다에서 나왔는데 그 모양이 각각 다르니
၃သဏ္ဌာန်ချင်းမတူသော သာရဲလေးကောင်တို့ သည် သမုဒ္ဒရာထဲက ထွက်လာကြ၏။ ပဌမသားရဲသည် ခြင်္သေ့နှင့်တူ၏။ ရွှေလင်းတအတောင်လည်း ရှိ၏။
4 첫째는 사자와 같은데 독수리의 날개가 있더니 내가 볼 사이에 그 날개가 뽑혔고 또 땅에서 들려서 사람처럼 두 발로 서게 함을 입었으며 또 사람의 마음을 받았으며
၄ငါ ကြည့်ရှု၍ နေစဉ်၊ သူ၏အတောင်ကို နှုတ်ကြ၏။ မြေမှ ကိုယ်ကို ချီကြွလျက် လူကဲ့သို့ ခြေဖြင့် မတ်တပ်ရပ်၍၊ လူစိတ်သဘောကိုလည်း ရ၏။ ဒုတိယ သားရဲသည် ဝံနှင့်တူ၏။
5 다른 짐승 곧 둘째는 곰과 같은데 그것이 몸 한편을 들었고 그 입의 잇사이에는 세 갈빗대가 물렸는데 그에게 말하는 자가 있어 이르기를 일어나서 많은 고기를 먹으라 하였으며
၅တဘက်၌ ကိုယ်ကိုကိုယ်ချီကြွ၏။ ပစပ်၌ နံရိုး သုံးချောင်းကို ကိုက်လျက်ရှိ၏။ သင်ထလော့။ အသား များကို ကိုက်စားလော့ဟု သူ့အား ပြောကြ၏။
6 그 후에 내가 또 본즉 다른 짐승 곧 표범과 같은 것이 있는데 그 등에는 새의 날개 넷이 있고 그 짐승에게 또 머리 넷이 있으며 또 권세를 받았으며
၆တဖန်ငါကြည့်ရှုပြန်၍၊ ကျားသစ်နှင့်တူသော သားရဲတကောင်သည် ထင်ရှား၏။ ကျောပေါ်မှာ ငှက် အတောင်လေးခုရှိ၏။ ခေါင်းလေးလုံးနှင့်ပြည့်စုံ၏။ အုပ်စိုးရသော အခွင့်လည်းရှိ၏။
7 내가 밤 이상 가운데 그 다음에 본 네째 짐승은 무섭고 놀라우며 또 극히 강하며 또 큰 철 이가 있어서 먹고 부숴뜨리고 그 나머지를 발로 밟았으며 이 짐승은 전의 모든 짐승과 다르고 또 열 뿔이 있으므로
၇ထိုညဉ့်အခါ၊ တဖန်ငါသည် အာရုံပြုစဉ်၊ ကြီးစွာ သော ခွန်အားနှင့်ပြည့်စုံ၍ အလွန်ကြောက်မက်ဘွယ် သော စတုတ္ထသားရဲသည် ထင်းရှား၏။ ကြီးစွာသော သံသွားလည်းရှိ၏။ ကိုက်စားချိုးဖဲ့၍ ကြွင်းသော အရာကို ခြေဖြင့် နင်းချေ၏။ သူသည်အရင်သားရဲရှိသမျှတို့ထက် ထူးခြား၏။ ချိုဆယ်ချောင်းလည်း ရှိ၏။
8 내가 그 뿔을 유심히 보는 중 다른 작은 뿔이 그 사이에서 나더니 먼저 뿔 중에 셋이 그 앞에 뿌리까지 뽑혔으며 이 작은 뿔에는 사람의 눈 같은 눈이 있고 또 입이 있어 큰 말을 하였느니라
၈ထိုချိုတို့ကို ငါကြည့်ရှုစဉ်၊ ချိုများအလယ်၌ ချိုငယ်တချောင်းသည် ပေါက်ပြန်၏။ ထိုချိုငယ်ရှေ့မှာ အရင်ချိုသုံးချောင်းကို အမြစ်နှင့်တကွ နှုတ်လေ၏။ ထိုချိုငယ်သည် လူမျက်စိကဲ့သို့သော မျက်စိနှင့်၎င်း၊ ကြီးစွာသော စကားကို ပြောတတ်သော နှုတ်နှင့်၎င်း ပြည့်စုံ၏။
9 내가 보았는데 왕좌가 놓이고 옛적부터 항상 계신 이가 좌정하셨는데 그 옷은 희기가 눈 같고 그 머리털은 깨끗한 양의 털같고 그 보좌는 불꽃이요 그 바퀴는 붙는 불이며
၉ထိုအခါ ငါကြည့်ရှုစဉ်၊ ရာဇပလ္လင်များကို တည်ထားလျက်ရှိ၍၊ အသက်ကြီးသော သူတဦးသည် ထိုင်တော်မူ၏။ အဝတ်တော်သည် မိုဃ်းပွင့်ကဲ့သို့ဖြူ၏။ ဆံပင်တော်သည် ဖြူသော သိုးမွှေးနှင့်တူ၏။ ပလ္လင် တော်သည် မီးလျှံဖြစ်၏။ ပလ္လင်တော်အောက်၌ မီးစက် လှည်းဘီးရှိ၏။
10 불이 강처럼 흘러 그 앞에서 나오며 그에게 수종하는 자는 천천이요 그 앞에 시위한 자는 만만이며 심판을 베푸는데 책들이 펴 놓였더라
၁၀မျက်နှာတော်မှာ မီးရောင်ခြည်ထွက်လေ၏။ အတိုင်းမသိ များစွာသော သူတို့သည် အမှုတော်ကို ဆောင်ရွက်၍၊ ကုဋေသင်္ချေမက ရှေ့တော်၌ ခစား၍ နေကြ၏။ တရားစီရင်ခြင်းငှါ ပြင်ဆင်၍ စာစောင်များ ကိုဖွင့်ထားကြ၏။
11 그 때에 내가 그 큰 말하는 작은 뿔의 목소리로 인하여 주목하여 보는 사이에 짐승이 죽임을 당하고 그 시체가 상한 바 되어 붙는 불에 던진 바 되었으며
၁၁ထိုအခါ ချိုငယ်ပြောသော စကားကြီး အသံ ကြောင့် ငါကြည့်ရှု၍ နေစဉ်၊ ထိုသားရဲအသက်ကို သတ်ပြီးလျှင် သူ၏ ကိုယ်ကိုမီးရှို့၍ ဖျက်ဆီးကြ၏။
12 그 남은 모든 짐승은 그 권세를 빼았겼으나 그 생명은 보존되어 정한 시기가 이르기를 기다리게 되었더라
၁၂အခြားသော သားရဲမူကား၊ အစိုးရသော အခွင့် တန်းခိုးရှုံးသော်လည်း၊ ချိန်းချက်သော ကာလပတ်လုံး အသက်ရှင်ရကြ၏။
13 내가 또 밤 이상 중에 보았는데 인자 같은 이가 하늘 구름을 타고 와서 옛적부터 항상 계신 자에게 나아와 그 앞에 인도되매
၁၃ထိုညဉ့်အခါ ငါသည် အာရုံပြု၍၊ လူသားနှင့် တူသောသူတဦးသည် မိုဃ်းတိမ်ကိုစီးလျက်၊ အသက်ကြီး သော သူ၏အထံတော်သို့ ရောက်လာ၏။ ထိုသူကို အထံတော်ပါးသို့သွင်းကြ၏။
14 그에게 권세와 영광과 나라를 주고 모든 백성과 나라들과 각 방언하는 자로 그를 섬기게 하였으니 그 권세는 영원한 권세라 옮기지 아니할 것이요 그 나라는 폐하지 아니할 것이니라
၁၄အရပ်ရပ်တို့၌နေ၍ အသီးသီးအခြားခြားသော ဘာသာစကားကို ပြောသောလူမျိုးတကာတို့ကို အုပ်စိုးစေခြင်းငှာ၊ ထိုသူသည် နိုင်ငံနှင့် တကွ အာဏာစက်တန်ခိုးကိုရ၏။ အာဏာစက်တော် သည် ကမ္ဘာအဆက်ဆက်တည်၏။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့ မရောက်နိုင်ရာ။
15 나 다니엘이 중심에 근심하며 내 뇌 속에 이상이 나로 번민케 한지라
၁၅ငါဒံယေလသည် ကိုယ်ခန္ဓာတုန်လှုပ်၍၊ ထိုရူပါရုံ ကြောင့် စိတ်ပူပန်ခြင်းရှိလျှင်
16 내가 그 곁에 모신 자 중 하나에게 나아가서 이 모든 일의 진상을 물으매 그가 내게 고하여 그 일의 해석을 알게 하여 가로되
၁၆အနား၌ ရပ်နေသော သူတယောက်ထံသို့ သွား၍ ယခုမြင်သမျှကား၊ အဘယ်သို့ဆိုလိုသနည်းဟု မေးမြန်သော်၊
17 그 네 큰 짐승은 네 왕이라 세상에 일어날 것이로되
၁၇ထိုသူက၊ ဤသားရဲလေးကောင်တို့သည် မြေကြီး ပေါ်မှာ ပေါ်လတံ့သော နိုင်ငံလေးပါးဖြစ်၏။
18 지극히 높으신 자의 성도들이 나라를 얻으리니 그 누림이 영원하고 영원하고 영원하리라
၁၈သို့သော်လည်း၊ အမြင့်ဆုံးသော ဘုရား၏ သန့် ရှင်းသူတို့သည် နိုင်ငံကိုသိမ်းယူ၍ ကမ္ဘာအဆက်ဆက် စံစား ကြလတံ့ဟု အနက်အဓိပ္ပါယ်ကို ကြားပြော၏။
19 이에 내가 네째 짐승의 진상을 알고자 하였으니 곧 그것은 모든 짐승과 달라서 심히 무섭고 그 이는 철이요 그 발톱은 놋이며 먹고 부숴뜨리고 나머지는 발로 밟았으며
၁၉ထိုအခါ အခြားသော သားရဲထက်ထူးခြား၍ အလွန်ကြောက်မက်ဘွယ်ဖြစ်လျက်၊ သံသွားနှင့်၎င်း၊ ကြေး ဝါလက်သည်းခြေသည်းနှင့်၎င်း ပြည့်စုံသဖြင့်၊ ကိုယ်စား ချိုးဖဲ့၍ ကြွင်းသမျှကို ခြေဖြင့်နင်းချေတတ်သော စတုတ္ထသားရဲကား၊ အဘယ်သို့ဆိုလိုသည်ကို၎င်း၊
20 또 그것의 머리에는 열 뿔이 있고 그 외에 또 다른 뿔이 나오매 세 뿔이 그 앞에 빠졌으며 그 뿔에는 눈도 있고 큰 말하는 입도 있고 그 모양이 동류보다 강하여 보인 것이라
၂၀သူ၏ခေါင်း၌ရှိသော ချိုဆယ်ချောင်းကား၊ အဘယ်သို့ဆိုလိုသည်ကို၎င်း၊ နောက်ပေါက်၍ အရင်ချို သုံးချောင်းကိုနှုတ်၍၊ ကြီးစွာသော စကားကို ပြောတတ် သော နှုတ် နှင့် မျက်စိရှိသဖြင့်၊ မိမိအဘော်တို့ ထက်သာ၍ ရဲရင့်သော မျက်နှာအဆင်းရှိသော ချိုတချောင်းကား၊ အဘယ်သို့ ဆိုလို သည်ကို၎င်း သိခြင်းငှါ ငါအလိုရှိ၏။
21 내가 본즉 이 뿔이 성도들로 더불어 싸워 이기었더니
၂၁ငါကြည့်ရှုစဉ်တွင် အသက်ကြီးသောသူသည် ရောက်လာလျှင်၊ အမြင့်ဆုံးသော ဘုရား၏ သန့်ရှင်းသော သူတို့အား စီရင်ရသော အခွင့်ကို ပေး၍၊
22 옛적부터 항상 계신 자가 와서 지극히 높으신 자의 성도를 위하여 신원하셨고 때가 이르매 성도가 나라를 얻었더라
၂၂ထိုသူတို့သည် နိုင်ငံကိုသိမ်းယူဝင်စားသော အချိန်ရောက်သည့်တိုင် အောင် ထိုချိုသည် သန့်ရှင်းသူတို့ကို စစ်တိုက်၍ နိုင်လေ ၏။
23 모신 자가 이처럼 이르되 네째 짐승은 곧 땅의 네째 나라인데 이는 모든 나라보다 달라서 천하를 삼키고 밟아 부숴뜨릴 것이며
၂၃ထိုသူကလည်း စတုတ္ထသားရဲသည် မြေကြီးပေါ် မှာ အခြားသော နိုင်ငံရှိသမျှတို့ထက် ထူးခြားသော စတုတ္ထနိုင်ငံရှိသမျှတို့ထက် ထူးခြားသော စတုတ္ထနိုင်ငံ ဖြစ်၏။ ထိုနိုင်ငံသည် မြေကြီးရှိသမျှကို ကိုယ်စားချိုးဖဲ့ နင်းချေလိမ့်မည်။
24 그 열 뿔은 이 나라에서 일어날 열 왕이요 그 후에 또 하나가 일어나리니 그는 먼저 있던 자들과 다르고 또 세 왕을 복종시킬 것이며
၂၄ထိုနိုင်ငံ၌ ပေါက်သော ချိုဆယ်ချောင်းသည် ပေါ်လတံ့သော မင်းကြီးဆယ်ပါးဖြစ်၏။ သူတို့နောက် အခြားသော မင်းကြီးပေါ်လာလိမ့်မည်။ အရင်မင်းကြီး ထက် ထူးခြား၍ သုံးပါးတို့ကို နှိမ့်ချလိမ့်မည်။
25 그가 장차 말로 지극히 높으신 자를 대적하며 또 지극히 높으신 자의 성도를 괴롭게 할 것이며 그가 또 때와 법을 변개코자 할 것이며 성도는 그의 손에 붙인 바 되어 한 때와 두 때와 반 때를 지내리라
၂၅အမြင့်ဆုံးသော ဘုရားကို ဆန့်ကျင်ဘက်ပြု၍၊ ကြီးစွာသော စကားကို ပြောလိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏သန့်ရှင်းသူတို့ကို ညှဉ်းဆဲနှိပ်စက်လိမ့်မည်။ ကာလအချိန်နှင့်ပညတ်တရားတို့ကို ပြောင်းလဲစေခြင်းငှါ ကြံစည်လိမ့်မည်။ တကာလ၊ နှစ်ကာလ၊ ကာလတဝက် ပတ်လုံး သူသည် အခွင့်ရလိမ့်မည်။
26 그러나 심판이 시작된즉 그는 권세를 빼앗기고 끝까지 멸망할 것이요
၂၆ထိုနောက်မှ တရားစီရင်ခြင်း ဖြစ်လိမ့်မည်။ ထိုအခါသူ၏ တန်ခိုးအာဏာကို နှုတ်၍ရှင်းရှင်း ဖျက်ဆီး ကြလိမ့်မည်။
27 나라와 권세와 온 천하 열국의 위세가 지극히 높으신 자의 성민에게 붙인 바 되리니 그의 나라는 영원한 나라이라 모든 권세 있는 자가 다 그를 섬겨 복종하리라 하여
၂၇ကောင်းကင်အောက်၌ နိုင်ငံနှင့်တကွ အာဏာ စက် ဘုန်းတန်ခိုးရှိသမျှကို အမြင့်ဆုံးသော ဘုရား၏ သန့်ရှင်းသော အမျိုးသားတို့သည် ရကြလိမ့်မည်။ ထို ဘုရားသခင်၏ နိုင်ငံတော်သည် ထာဝရနိုင်ငံဖြစ်၏။ မင်းကြီး အပေါင်းတို့သည် တိုးဝင်၍ ကျွန်ခံရကြလိမ့်မည်။
28 그 말이 이에 그친지라 나 다니엘은 중심이 번민하였으며 내 낯 빛이 변하였으나 내가 이 일을 마음에 감추었느니라
၂၈ဤရှေ့ကား အနက်အဓိပ္ပါယ်ပေတည်းဟု ဆိုလေ၏။ ငါဒံယေလသည် စိတ်ပူပန်ခြင်းသို့ရောက်၍ မျက်နှာညှိုးငယ်ခြင်းရှိ၏။ သို့သော်လည်း မြင်ရသော အာရုံများကို စိတ်နှလုံးထဲ၌သိုထား၏။