< 사도행전 20 >

1 소요가 그치매 바울이 제자들을 불러 권한 후에 작별하고 떠나 마게도냐로 가니라
ဆူ​ပူ​လှုပ်​ရှား​မှု​ရပ်​စဲ​သွား​သော​အ​ခါ ပေါ​လု​သည် တ​ပည့်​တော်​တို့​ကို​ခေါ်​၍​အား ပေး​စ​ကား​ပြော​ကြား​၏။ ထို​နောက်​သူ​တို့ ကို​နှုတ်​ဆက်​ပြီး​လျှင်​မာ​ကေ​ဒေါ​နိ​ပြည် သို့​ထွက်​ခွာ​သွား​လေ​သည်။-
2 그 지경으로 다녀가며 여러 말로 제자들에게 권하고 헬라에 이르러
သူ​သည်​ထို​ဒေ​သ​များ​ကို​လှည့်​လည်​ကာ တ​ပည့်​တော်​တို့​အား အား​ပေး​စ​ကား​များ ပြော​ကြား​ပြီး​နောက်​အ​ခါ​ယ​ပြည်​သို့ သွား​၏။-
3 거기 석 달을 있다가 배 타고 수리아로 가고자 할 그 때에 유대인들이 자기를 해하려고 공모하므로 마게도냐로 다녀 돌아가기를 작정하니
သူ​သည်​ထို​ပြည်​တွင်​သုံး​လ​မျှ​နေ​၏။ ထို နောက်​ရှု​ရိ​ပြည်​သို့​သင်္ဘော​လွှင့်​မည်​အ​ပြု တွင်​သူ​၏​အ​သက်​ကို​ရန်​ရှာ​ရန် ယု​ဒ​အ​မျိုး သား​တို့​လျှို့​ဝှက်​ကြံ​စည်​နေ​ကြ​ကြောင်း​ကို ကြား​သိ​ရ​၏။ သို့​ဖြစ်​၍​သူ​သည်​မာ​ကေ ဒေါ​နိ​ပြည်​ကို​ဖြတ်​၍​ပြန်​ရန်​စိတ်​ပိုင်း​ဖြတ် လိုက်​လေ​သည်။-
4 아시아까지 함께 가는 자는 베뢰아 사람 부로의 아들 소바더와 데살로니가 사람 아리스다고와 세군도와 더베 사람 가이오와 및 디모데와 아시아 사람 두기오와 드로비모라
ဗေ​ရိ​မြို့​သား​ပု​ရု​၏​သား​ဖြစ်​သူ​သော​ပ​တ​ရု၊ သက်​သာ​လော​နိတ်​မြို့​သား​များ​ဖြစ်​ကြ​သော အာ​ရိတ္တာ​ခု​နှင့်​သေ​ကန္ဒု၊ ဒေ​ရ​ဗေ​မြို့​သား​ဖြစ် သူ​ဂါ​ယု၊ အာ​ရှ​နယ်​သား​များ​ဖြစ်​ကြ​သော တု​ခိတ်​နှင့်​တ​ရော​ဖိမ်​တို့​သည်​လည်း​ကောင်း၊ တိ​မော​သေ​သည်​လည်း​ကောင်း​သူ​နှင့်​အ​တူ လိုက်​သွား​ကြ​၏။-
5 그들은 먼저 가서 드로아에서 우리를 기다리더라
ထို​သူ​တို့​သည်​ကြို​တင်​သွား​နှင့်​ကြ​ပြီး နောက်​ကျွန်ုပ်​တို့​အား တ​ရော​မြို့​တွင်​စောင့် နေ​ကြ​၏။-
6 우리는 무교절 후에 빌립보에서 배로 떠나 닷새 만에 드로아에 있는 그들에게 가서 이레를 머무니라
ကျွန်ုပ်​တို့​မူ​ကား​တ​ဆေး​မဲ့​မုန့်​ပွဲ​လွန်​သော အ​ခါ ဖိ​လိပ္ပု​မြို့​မှ​သင်္ဘော​လွှင့်​၍​လာ​ရာ​ငါး ရက်​ကြာ​သော် သူ​တို့​ရှိ​ရာ​တ​ရော​မြို့​သို့ ရောက်​၍​ထို​မြို့​တွင်​ခု​နစ်​ရက်​မျှ​နေ​ကြ​၏။
7 안식 후 첫날에 우리가 떡을 떼려 하여 모였더니 바울이 이튿날 떠나고자 하여 저희에게 강론할 새 말을 밤중까지 계속하매
ကျွန်ုပ်​တို့​သည်​စ​နေ​နေ့​ည​နေ​၌​မိတ်​သ​ဟာ ယ​စား​ပွဲ​ဝင်​ရန်​အ​တွက်​စု​ဝေး​ကြ​၏။ ပေါ​လု သည်​နောက်​တစ်​နေ့​တွင်​ထို​မြို့​မှ​ထွက်​ခွာ​သွား ရန်​အ​ကြံ​ရှိ​သ​ဖြင့် သန်း​ခေါင်​အ​ချိန်​တိုင် အောင်​လူ​တို့​အား​ဟော​ပြော​လျက်​နေ​၏။-
8 우리의 모인 윗 다락에 등불을 많이 켰는데
ကျွန်ုပ်​တို့​စု​ဝေး​ရာ​အ​ထက်​ခန်း​တွင်​ထွန်း​ညှိ ထား​သော​မီး​ခွက်​အ​မြောက်​အ​မြား​ရှိ​၏။-
9 유두고라 하는 청년이 창에 걸터 앉았다가 깊이 졸더니 바울이 강론하기를 더 오래 하매 졸음을 이기지 못하여 삼층 누에서 떨어지거늘 일으켜 보니 죽었는지라
ဥ​တု​ခု​ဆို​သူ​လူ​ငယ်​လူ​ရွယ်​တစ်​ယောက်​သည် ပြူ​တင်း​ပေါက်​ဘောင်​ပေါ်​တွင်​ထိုင်​လျက်​နေ​၏။ ပေါ​လု​ဆက်​၍​ဟော​ပြော​နေ​စဉ်​သူ​သည်​ငိုက် မြည်း​လာ​ပြီး​လျှင် နောက်​ဆုံး​၌​အိပ်​ပျော်​သွား ကာ​အိမ်​၏​တ​တိ​ယ​အ​ထပ်​မှ​မြေ​သို့​လိမ့် ကျ​လေ​သည်။ လူ​တို့​သည်​သူ့​ကို​ပွေ့​ချီ​လိုက် ရာ​သေ​နေ​သည်​ကို​တွေ့​ကြ​၏။-
10 바울이 내려가서 그 위에 엎드려 그 몸을 안고 말하되 `떠들지 말라 생명이 저에게 있다' 하고
၁၀သို့​ရာ​တွင်​ပေါ​လု​သည်​အောက်​သို့​ဆင်း​လာ ကာ ထို​သူ​၏​အ​ပေါ်​၌​မှောက်​လှဲ​ဖက်​ယမ်း ပြီး​နောက်​လူ​တို့​အား ``မ​စိုး​ရိမ်​ကြ​နှင့်၊ သူ သည်​အ​သက်​ရှင်​လျက်​ပင်​ရှိ​သေး​သည်'' ဟု ဆို​၏။-
11 올라가 떡을 떼어 먹고 오래 동안 곧 날이 새기까지 이야기하고 떠나니라
၁၁ပေါ​လု​သည်​အိမ်​ပေါ်​သို့​ပြန်​တက်​ပြီး​လျှင် တ​ပည့်​တော်​တို့​နှင့်​အ​တူ​မိတ်​သ​ဟာ​ယ စား​ပွဲ​ဝင်​၏။ အ​စား​အ​စာ​သုံး​ဆောင်​ပြီး သော်​သူ​သည်​အ​ရုဏ်​တက်​သည်​တိုင်​အောင် ထို သူ​တို့​နှင့်​ကြာ​မြင့်​စွာ​စ​ကား​ပြော​လျက် နေ​လေ​သည်။ ထို​နောက်​ထို​မြို့​မှ​ထွက်​ခွာ သွား​၏။-
12 사람들이 살아난 아이를 데리고 와서 위로를 적지 않게 받았더라
၁၂တ​ပည့်​တော်​တို့​သည်​အ​သက်​ရှင်​လျက်​ရှိ​သည့် လူ​ငယ်​ကို သူ​၏​အိမ်​သို့​ခေါ်​ဆောင်​သွား​ပြီး မှ​များ​စွာ​စိတ်​သက်​သာ​ရာ​ရ​ကြ​၏။
13 우리는 앞서 배를 타고 앗소에서 바울을 태우려고 그리로 행선하니 이는 자기가 도보로 가고자 하여 이렇게 정하여 준 것이라
၁၃ကျွန်ုပ်​တို့​သည်​သင်္ဘော​သို့​အ​လျင်​သွား​၍​အ​ဿု မြို့​သို့​လွှင့်​ကြ​၏။ အ​ဿု​မြို့​သို့​ရောက်​မှ​ပေါ​လု အား​သင်္ဘော​စီး​စေ​ရန်​ဖြစ်​၏။ ပေါ​လု​သည်​ထို မြို့​သို့​ကုန်း​ကြောင်း​ဖြင့်​သွား​ရန်​စီ​စဉ်​ထား ခြင်း​ဖြစ်​ပေ​သည်။-
14 바울이 앗소에서 우리를 만나니 우리가 배에 올리고 미둘레네에 가서
၁၄ကျွန်ုပ်​တို့​သည်​သူ့​ကို​အ​ဿု​မြို့​တွင်​တွေ့​ဆုံ​၍ သူ့​အား သင်္ဘော​ပေါ်​သို့​ခေါ်​တင်​ပြီး​လျှင်​မိ​တု လင်​မြို့​သို့​လွှင့်​ကြ​၏။-
15 거기서 떠나 이튿날 기오 앞에 오고 그 이튿날 사모에 들리고 또 그 다음날 밀레도에 이르니라
၁၅နောက်​တစ်​နေ့​၌​ခိ​အု​ကျွန်း​အ​နီး​သို့​ရောက် ကြ​၏။ နောက်​တစ်​ရက်​ကြာ​သော်​သာ​မု​ကျွန်း သို့​ရောက်​၍ နောက်​တစ်​ရက်​အ​ကြာ​တွင်​မိ​လက် မြို့​သို့​ရောက်​ကြ​၏။-
16 바울이 아시아에서 지체치 않기 위하여 에베소를 지나 행선하기로 작정하였으니 이는 될 수 있는 대로 오순절 안에 예루살렘에 이르려고 급히 감이러라
၁၆ပေါ​လု​သည်​အာ​ရှ​နယ်​တွင်​အ​ချိန်​မ​ကုန်​စေ လို​သ​ဖြင့် ဧ​ဖက်​မြို့​အ​နီး​မှ​ဖြတ်​၍​သင်္ဘော လွှင့်​ရန်​စိတ်​ပိုင်း​ဖြတ်​ထား​၏။ ဖြစ်​နိုင်​ပါ​က ပင်​တေ​ကုတ္တေ​ပွဲ​တော်​အ​မီ​ယေ​ရု​ရှ​လင်​မြို့ သို့​ရောက်​ရှိ​ရန် သူ​သည်​အ​လျင်​အ​မြန်​ခ​ရီး ပြု​လျက်​နေ​၏။
17 바울이 밀레도에서 사람을 에베소로 보내어 교회 장로들을 청하니
၁၇သို့​ရာ​တွင်​ပေါ​လု​သည်​ဧ​ဖက်​မြို့​အ​သင်း​တော် လူ​ကြီး​တို့​အား မိ​မိ​နှင့်​လာ​ရောက်​တွေ့​ဆုံ​ရန် မိ​လက်​မြို့​မှ​လူ​လွှတ်​အ​ကြောင်း​ကြား​လိုက်​၏။-
18 오매 저희에게 말하되 `아시아에 들어온 첫날부터 지금까지 내가 항상 너희 가운데서 어떻게 행한 것을 너희도 아는 바니
၁၈ထို​သူ​တို့​ရောက်​ရှိ​ကြ​သော​အ​ခါ​ပေါ​လု​က ``ငါ သည်​အာ​ရှ​နယ်​သို့​ရောက်​သည့်​နေ့​မှ​စ​၍ သင်​တို့ နှင့်​အ​တူ​ရှိ​နေ​သည့်​အ​ချိန်​ကာ​လ​တစ်​လျှောက် လုံး​တွင် မည်​သို့​ပြု​မူ​ကျင့်​ကြံ​ခဲ့​သည်​ကို​သင် တို့​အ​သိ​ပင်​ဖြစ်​၏။-
19 곧 모든 겸손과 눈물이며 유대인의 간계를 인하여 당한 시험을 참고 주를 섬긴 것과
၁၉ယု​ဒ​အ​မျိုး​သား​တို့​၏​မ​သ​မာ​သော​အ​ကြံ အ​စည်​များ​ကြောင့်​ဆင်း​ရဲ​ဒုက္ခ​ရောက်​လျက် ရှိ​ချိန်​တွင် ငါ​သည်​မျက်​ရည်​ကျ​လျက်​စိတ် နှ​လုံး​နှိမ့်​ချ​ကာ သ​ခင်​ဘု​ရား​၏​အ​စေ​ခံ အ​ဖြစ်​ဖြင့်​အ​မှု​တော်​ကို​ထမ်း​ဆောင်​ခဲ့​၏။-
20 유익한 것은 무엇이든지 공중 앞에서나 각 집에서나 꺼림이 없이 너희에게 전하여 가르치고
၂၀လူ​ပ​ရိ​သတ်​ရှေ့​တွင်​လည်း​ကောင်း၊ သင်​တို့ အိမ်​များ​တွင်​လည်း​ကောင်း ငါ​ဟော​ပြော​သွန် သင်​သော​အ​ခါ​သင်​တို့​အား​အ​ကျိုး​ရှိ​စေ မည့်​စ​ကား​များ​ကို​အ​ဘယ်​အ​ခါ​၌​မျှ ချန်​လှပ်​၍​မ​ထား​ခဲ့။-
21 유대인과 헬라인들에게 하나님께 대한 회개와 우리 주 예수 그리스도께 대한 믿음을 증거한 것이라
၂၁နောင်​တ​ရ​၍​ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း ကပ်​ကြ​စေ​ရန်​နှင့် ငါ​တို့​၏​သ​ခင်​ယေ​ရှု​ကို ယုံ​ကြည်​ကြ​စေ​ရန် ငါ​သည်​ယု​ဒ​အ​မျိုး​သား များ​အား​လည်း​ကောင်း၊ ဂ​ရိ​အ​မျိုး​သား​အား လည်း​ကောင်း​လေး​နက်​စွာ​သ​တိ​ပေး​ခဲ့​၏။-
22 보라, 이제 나는 심령에 매임을 받아 예루살렘으로 가는데 저기서 무슨 일을 만날는지 알지 못하노라
၂၂ယ​ခု​မှာ​ငါ​သည်​ဝိ​ညာဉ်​တော်​၏​အ​မိန့်​ကို နာ​ခံ​၍ ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရ​မည်။ ထို မြို့​တွင်​အ​ဘယ်​သို့​ဖြစ်​မည်​ကို​ငါ​မ​သိ။-
23 오직 성령이 각 성에서 내게 증거하여 결박과 환난이 나를 기다린다 하시나
၂၃သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က `သင်​သည်​ချည် နှောင်​ခြင်း​နှင့်​ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​ရ​လိမ့်​မည်' ဟူ ၍​မြို့​တိုင်း​တွင် ငါ့​အား​ကြို​တင်​သ​တိ​ပေး သည်​ကို​သာ​လျှင်​ငါ​သိ​၏။-
24 나의 달려갈 길과 주 예수께 받은 사명 곧 하나님의 은혜의 복음 증거하는 일을 마치려 함에는 나의 생명을 조금도 귀한 것으로 여기지 아니하노라
၂၄သို့​သော်​ငါ့​အ​တွက်​သတ်​မှတ်​ထား​သည့်​အ​လုပ် တာ​ဝန်​ကို​လည်း​ကောင်း၊ သ​ခင်​ယေ​ရှု​ပေး​အပ် တော်​မူ​သည့်​အ​မှု​တော်​ကို​လည်း​ကောင်း၊ ပြီး​ဆုံး အောင်​ဆောင်​ရွက်​နိုင်​မှု​သာ​လျှင်​ပ​ဋ္ဌာ​န​ဖြစ် သ​ဖြင့် ငါ​သည်​မိ​မိ​၏​အ​သက်​ကို​နှ​မြော ခြင်း​မ​ရှိ။ ကိုယ်​တော်​ပေး​အပ်​တော်​မူ​သည့် အ​မှု​တော်​ကား ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​အ​ကြောင်း​သ​တင်း​ကောင်း​ကို​ကြေ​ညာ ရန်​ပင်​ဖြစ်​သ​တည်း။''
25 보라, 내가 너희 중에 왕래하며 하나님 나라를 전파하였으나 지금은 너희가 다 내 얼굴을 다시 보지 못할 줄 아노라
၂၅``ငါ​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း ကို သင်​တို့​ထံ​သို့​လှည့်​လည်​ဟော​ပြော​ကြေ​ညာ ခဲ့​၏။ သို့​ရာ​တွင်​သင်​တို့​အ​နက်​အ​ဘယ်​သူ​မျှ ငါ့​မျက်​နှာ​ကို​နောက်​တစ်​ဖန်​မြင်​ရ​ကြ​လိမ့် မည်​မ​ဟုတ်​ကြောင်း​ကို​ငါ​သိ​၏။-
26 그러므로 오늘 너희에게 증거하노니 모든 사람의 피에 대하여 내가 깨끗하니
၂၆သို့​ဖြစ်​၍​သင်​တို့​အ​နက်​တစ်​ဦး​တစ်​ယောက် သည် အ​သက်​ဝိ​ညာဉ်​ဆုံး​ရှုံး​ပါ​မူ​ငါ​၏​တာ​ဝန် မ​ဟုတ်​ကြောင်း ယ​နေ့​သင်​တို့​ကို​အ​လေး​အ​နက် ငါ​ပြော​၏။-
27 이는 내가 꺼리지 않고 하나님의 뜻을 다 너희에게 전하였음이라
၂၇အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​ဘု​ရား​သ​ခင် ၏​အ​ကြံ​အ​စည်​တော်​ကို သင်​တို့​အား​အ​ကုန် အ​စင်​ဖော်​ပြ​ပြီး​သော​ကြောင့်​ဖြစ်​၏။-
28 너희는 자기를 위하여 또는 온 양떼를 위하여 삼가라 성령이 저들 가운데 너희로 감독자를 삼고 하나님이 자기 피로 사신 교회를 치게 하셨느니라
၂၈သို့​ဖြစ်​၍​သင်​တို့​သည်​မိ​မိ​တို့​ကို​ကိုယ်​လည်း ကောင်း၊ သင်​တို့​လက်​သို့ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ပေး​အပ်​ထား​သည့်​သိုး​စု​ကို​လည်း​ကောင်း​စောင့် ရှောက်​ကြည့်​ရှု​ကြ​လော့။ ဘု​ရား​သ​ခင်​၏​အ​သင်း တော်​ကို​သိုး​ထိန်း​သ​ဖွယ်​စောင့်​ထိန်း​ကြည့်​ရှု​ကြ လော့။ ကိုယ်​တော်​သည်​မိ​မိ​သား​တော်​အ​သေ​ခံ သော​အား​ဖြင့် ထို​အ​သင်း​တော်​ကို​မိ​မိ​ပိုင်​ဆိုင် ရာ​ဖြစ်​စေ​တော်​မူ​သည်။-
29 내가 떠난 후에 흉악한 이리가 너희에게 들어와서 그 양떼를 아끼지 아니하며
၂၉ငါ​မ​ရှိ​သည့်​နောက်​လူ​အ​ချို့​တို့​သည်​သင်​တို့ ထံ​သို့​ဝင်​ရောက်​၍ ရက်​စက်​ကြမ်း​ကြုတ်​သော ဝံ​ပု​လွေ​များ​ကဲ့​သို့​သိုး​များ​ကို​မ​ညှာ​ဘဲ ပြု​မူ​ကြ​မည်​ဖြစ်​ကြောင်း​ကို​ငါ​သိ​၏။-
30 또한 너희 중에서도 제자들을 끌어 자기를 좇게 하려고 어그러진 말을 하는 사람들이 일어날 줄을 내가 아노니
၃၀သင်​တို့​အ​ထဲ​မှ​အ​ချို့​သော​သူ​တို့​သည်​လိမ် လည်​ပြော​ဆို​ကာ​ယုံ​ကြည်​သူ​များ​ကို သူ​တို့ နောက်​သို့​ဆွဲ​ဆောင်​သွား​သည့်​အ​ချိန်​ကာ​လ ရောက်​ရှိ​လာ​လိမ့်​မည်။-
31 그러므로 너희가 일깨어 내가 삼 년이나 밤낮 쉬지 않고 눈물로 각 사람을 훈계하던 것을 기억하라
၃၁သို့​ဖြစ်​၍​သ​တိ​နှင့်​နေ​ကြ​လော့။ ငါ​သည်​သင် တို့​အ​ပေါင်း​အား​သုံး​နှစ်​ပတ်​လုံး​နေ့​ည​မ​ပြတ် မျက်​ရည်​ကျ​လျက်​ဆုံး​မ​သွန်​သင်​ခဲ့​သည်​ကို သ​တိ​ရ​ကြ​လော့။''
32 지금 내가 너희를 주와 및 그 은혜의 말씀께 부탁하노니 그 말씀이 너희를 능히 든든히 세우사 거룩케 하심을 입은 모든 자 가운데 기업이 있게 하시리라
၃၂``ယ​ခု​သင်​တို့​အား​ဘု​ရား​သ​ခင်​၏​လက် တော်​သို့​လည်း​ကောင်း၊ ကျေး​ဇူး​တော်​တ​ရား သို့​လည်း​ကောင်း​ငါ​အပ်​နှံ​ပါ​၏။ ထို​ကျေး​ဇူး တော်​တ​ရား​သည်​သင်​တို့​ကို​တည်​ဆောက်​၍ ကိုယ်​တော်​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့​အ​တွက် လျာ​ထား​သည့်​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို​သင် တို့​အား​ခံ​စား​စေ​လိမ့်​မည်။-
33 내가 아무의 은이나 금이나 의복을 탐하지 아니하였고
၃၃ငါ​သည်​သူ​တစ်​ပါး​၏​ရွှေ​ငွေ​အ​ဝတ်​အ​စား ကို​လို​ချင်​တပ်​မက်​ခြင်း​မ​ရှိ​ခဲ့။-
34 너희 아는 바에 이 손으로 나와 내 동행들의 쓰는 것을 당하여
၃၄ငါ​သည်​ဤ​လက်​များ​ဖြင့်​အ​လုပ်​လုပ်​၍ ငါ နှင့်​အ​ပေါင်း​ဖော်​များ​၏​လို​အပ်​သည်​များ ကို​ဖြည့်​တင်း​ခဲ့​ကြောင်း​သင်​တို့​ကိုယ်​တိုင် သိ​ကြ​၏။-
35 범사에 너희에게 모본을 보였노니 곧 이같이 수고하여 약한 사람들을 돕고 또 주 예수의 친히 말씀하신 바 주는 것이 받는 것보다 복이 있다 하심을 기억하여야 할지니라'
၃၅ငါ​၏​နည်း​တူ​သင်​တို့​သည်​လည်း​ခပ်​သိမ်း​သော အ​ခြေ​အ​နေ​တွင် အ​လုပ်​ကို​ကြိုး​စား​၍​လုပ် ပြီး​လျှင် နွမ်း​ပါး​သူ​တို့​ကို​ကူ​ညီ​မ​စ​ကြ​ရန် ငါ​ပြ​သ​ခဲ့​ပြီ။ သ​ခင်​ယေ​ရှု​က `စွန့်​ကြဲ​ခြင်း သည်​အ​စွန့်​ကြဲ​ခံ​ခြင်း​ထက်​ပို​၍​မင်္ဂ​လာ​ရှိ​၏' ဟု​မိန့်​တော်​မူ​ခဲ့​သည်​ကို​သ​တိ​ရ​ကြ​လော့'' ဟု​ဆို​၏။
36 이 말을 한 후 무릎을 꿇고 저희 모든 사람과 함께 기도하니
၃၆ထို​နောက်​ပေါ​လု​သည်​ဒူး​ထောက်​၍​ထို​သူ​တို့ နှင့်​အ​တူ​ဆု​တောင်း​လေ​သည်။-
37 다 크게 울며 바울의 목을 안고 입을 맞추고
၃၇သူ​တို့​သည်​ပေါ​လု​ကို​ဖက်​ယမ်း​လျက် ငို​ယို ကာ​နမ်း​ရှုပ်​၍​နှုတ်​ဆက်​ကြ​၏။-
38 다시 그 얼굴을 보지 못하리라 한 말을 인하여 더욱 근심하고 배에까지 그를 전송하니라
၃၈ပေါ​လု​သည်​မိ​မိ​အား​နောက်​တစ်​ဖန်​တွေ့​မြင် ရ​တော့​မည်​မ​ဟုတ်​ဟု​ဆို​သ​ဖြင့် ထို​သူ​တို့​သည် အ​ထူး​ဝမ်း​နည်း​ကြ​၏။ ထို့​နောက်​ပေါ​လု​အား သင်္ဘော​သို့​လိုက်​ပို့​ကြ​၏။

< 사도행전 20 >