< 사도행전 19 >
1 아볼로가 고린도에 있을 때에 바울이 윗지방으로 다녀 에베소에 와서 어떤 제자들을 만나
၁အာပေါလုသည် ကောရိန္တုမြို့၌နေစဉ်၊ ပေါလုသည်အထက် အရပ်များကို ရှောက်သွားပြီးမှ ဧဖက်မြို့သို့ရောက်၍၊ တပည့်တော် အချို့တို့ကိုတွေ့လျှင်၊
2 가로되 `너희가 믿을 때에 성령을 받았느냐?' 가로되 `아니라 우리는 성령이 있음도 듣지 못하였노라'
၂သင်တို့သည် ယုံကြည်သည်နောက်၊ သန့်ရှင်း သော ဝိညာဉ်တော် ကိုခံကြပြီဟု မေးသည်ရှိသော်၊ သန့်ရှင်းသော ဝိညာဉ်တော်သက်ရောက်သည်ကို အကျွန်ုပ်တို့မသိပါဟု ပြောဆိုကြ၏။
3 바울이 가로되 그러면 너희가 무슨 세례를 받았느냐? 대답하되 요한의 세례로라
၃ပေါလုကလည်း၊ သို့ဖြစ်လျှင်၊ သင်တို့သည် အဘယ်မည်သော ဗတ္တိဇံကို ခံကြသနည်းဟု မေးလျှင်၊ ယောဟန်၏ဗတ္တိဇံကိုခံပါသည်ဟု ပြောဆိုကြ၏။
4 바울이 가로되 `요한이 회개의 세례를 베풀며 백성에게 말하되 내 뒤에 오시는 이를 믿으라 하였으니 이는 곧 예수라' 하거늘
၄ပေါလုကလည်း၊ ယောဟန်က၊ ငါ့နောက်ကြွလာသောသူကို ယုံကြည်ရမည်ဟု လူများတို့အား ပြောဆို လျက်၊ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံကိုပေး၏။ ထိုသို့ဆိုရာ၌ ယေရှုခရစ်ကို ဆိုလိုသည်။
5 저희가 듣고 주 예수의 이름으로 세례를 받으니
၅ဟူသောစကားကို ကြားလျှင်၊ ထိုသူတို့သည် သခင်ယေရှု၏ နာမ၌ဗတ္တိဇံကို ခံကြ၏။
6 바울이 그들에게 안수하매 성령이 그들에게 임하시므로 방언도 하고 예언도 하니
၆ပေါလုသည်လည်း၊ သူတို့အပေါ်၌ လက်ကိုတင်လျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ဆင်းသက်တော် မူသဖြင့်၊ ထိုသူတို့သည် အမျိုးမျိုးသော ဘာသာစကားကို ပြော၍ ပရောဖက်ပြုကြ၏။
၇ထိုသူတို့သည် အရေအတွက်အားဖြင့် တကျိပ် နှစ်ယောက်မျှ လောက်ရှိသတည်း။
8 바울이 회당에 들어가 석 달 동안을 담대히 하나님 나라에 대하여 강론하며 권면하되
၈ထိုနောက်မှ ပေါလုသည် တရားစရပ်သို့ဝင်၍ သုံးလပတ်လုံး ဘုရားသခင်၏ နိုင်ငံတော်အကြောင်း များကို ဆွေးနွေးနှီးနှော၍ ဖြားယောင်းသွေးဆောင်သဖြင့် ရဲရင့်စွာ ဟောပြောလေ၏။
9 어떤 사람들은 마음이 굳어 순종치 않고 무리 앞에서 이 도를 비방하거늘 바울이 그들을 떠나 제자들을 따로 세우고 두란노 서원에서 날마다 강론하여
၉အချို့သောသူတို့သည် ခိုင်မာသောစိတ်ရှိ၍ မယုံကြည်ဘဲ နေလျက်၊ လူများရှေ့မှာ ထိုဘာသာကို ကဲ့ရဲ့သောအခါ၊ ပေါလုသည် သူတို့အထဲမှထွက်သွား၍ တပည့်တော်တို့ကို အသီးအခြားခွဲထားပြီးမှ၊
10 이같이 두 해 동안을 하매 아시아에 사는 자는 유대인이나 헬라인이나 다 주의 말씀을 듣더라
၁၀တုရန္နုအမည်ရှိသောသူ၏ စာသင်စရပ်၌ နှစ်နှစ်ပတ်လုံး နေ့တိုင်းဟောပြောသောအားဖြင့်၊ အာရှိ ပြည်သားဖြစ်သော ယုဒလူ၊ ဟေလသလူ အပေါင်းတို့ သည် သခင်ယေရှု၏ နှုတ်ကပတ်တရားတော်ကို ကြားရကြ၏။
11 하나님이 바울의 손으로 희한한 능을 행하게 하시니
၁၁ဘုရားသခင်သည် ပေါလုလက်ဖြင့် အလွန် တရာ ထူးဆန်းသော တန်ခိုးများကိုပြတော်မူသည်ဖြစ်၍၊
12 심지어 사람들이 바울의 몸에서 손수건이나 앞치마를 가져다가 병든 사람에게 얹으면 그 병이 떠나고 악귀도 나가더라
၁၂ပေါလုသုံးသောပဝါ၊ ခါးပန်းတခုခုကို အနာရောဂါရှိသောသူ တို့ဆီသို့၊ ပေးလိုက်၍၊ သူတို့သည် အနာရောဂါနှင့်ကင်းလွတ်ကြ၏။ နတ်ဆိုးတို့လည်း ထွက်သွားကြ၏။
13 이에 돌아다니며 마술하는 어떤 유대인들이 시험적으로 악귀 들린 자들에게 대하여 주 예수의 이름을 불러 말하되 `내가 바울의 전파하는 예수를 빙자하여 너희를 명하노라' 하더라
၁၃ထိုအခါအရပ်ရပ်သို့လှည့်လည်၍ ဓိဋ္ဌာန်သစ္စာ ပေးတတ်သော ယုဒလူအချို့တို့က၊ ပေါလုဟောပြော သော ယေရှုကို ငါတိုင်တည်၍ သင်တို့ကို ဓိဋ္ဌာန်သစ္စာ ပေး၏ဟုဆိုလျက်၊ နတ်ဆိုးစွဲသော သူတို့၏အပေါ်၌ သခင်ယေရှု၏နာမတော်ကို မြွက်စမ်းကြ၏။
14 유대의 한 제사장 스게와의 일곱 아들도 이 일을 행하더니
၁၄သကေဝအမည်ရှိသော ယဇ်ပုရောဟိတ်မင်း၏ သားခုနစ်ယောက်တို့သည် ထိုသို့ပြုကြ၏။
15 악귀가 대답하여 가로되 `예수도 내가 알고 바울도 내가 알거니와 너희는 누구냐?' 하며
၁၅နတ်ဆိုးကလည်း၊ ယေရှုကိုငါသိ၏။ ပေါလုကို လည်း ငါသိ၏။ သင်တို့ကား၊ အဘယ်သူနည်းဟု ပြောဆိုပြီးလျှင်၊
16 악귀 들린 사람이 그 두사람에게 뛰어올라 억제하여 이기니 저희가 상하여 벗은 몸으로 그 집에서 도망하는지라
၁၆နတ်ဆိုးစွဲသောသူသည် ထိုသူတို့အပေါ်သို့ ခုန်တက်၍နိုင်သဖြင့် လုယက်နှိပ်စက်သောကြောင့်၊ ထိုအိမ်မှအဝတ်မပါဘဲအနာများနှင့် ထွက်ပြေးစေ၏။
17 에베소에 거하는 유대인과 헬라인들이 다 이 일을 알고 두려워하며 주 예수의 이름을 높이고
၁၇ထိုအကြောင်းအရာကို ဧဖက်မြို့၌နေသော ယုဒလူနှင့် ဟေလသလူအပေါင်းတို့သည် ကြားသိလျှင်၊ ကြောက်ရွံ့ခြင်းသို့ရောက်၍ သခင်ယေရှု၏ နာမတော် ကိုချီးမွမ်းကြ၏။
18 믿은 사람들이 많이 와서 자복하여 행한 일을 고하며
၁၈ယုံကြည်သောသူအများတို့သည်လည်း လာ၍ မိမိတို့အကျင့်ကို ဘော်ပြလျက်တောင်းပန်ကြ၏။
19 또 마술을 행하던 많은 사람이 그 책을 모아 가지고 와서 모든 사람 앞에서 불사르니 그 책 값을 계산한 즉 은 오만이나 되더라
၁၉နတ်ဝိဇ္ဇာအတတ်ကိုသုံးဆောင်သော သူအများတို့သည်လည်း မိမိတို့စာစောင်ကိုယူခဲ့၍ လူအပေါင်းတို့ ရှေ့မှာမီးရှို့ကြ၏။ စာစောင် အဘိုးကိုချင့်တွက်သော်၊ ငွေအသပြာ ငါးသောင်းထိုက်သည်ကို သိကြ၏။
20 이와 같이 주의 말씀이 힘이 있어 흥왕하여 세력을 얻으니라
၂၀ထိုသို့သခင်ဘုရား၏သာသနာတော်သည် တန်ခိုးနှင့်တိုးပွား၍ အောင်မြင်လေ၏။
21 이 일이 다 된 후 바울이 마게도냐와 아가야로 다녀서 예루살렘에 가기를 경영하여 가로되 내가 거기 갔다가 후에 로마도 보아야 하리라 하고
၂၁ထိုနောက်မှပေါလုက၊ ငါသည်မာကေဒေါနိပြည်နှင့် အခါယပြည် ကိုရှောက်သွားပြီးလျှင်၊ ယေရုရှလင်မြို့ သို့သွားမည်။ ထိုမြို့သို့ ရောက်ပြီးသည်နောက်၊ ရောမမြို့ကိုမြင်ရမည်ဟုစိတ်ထဲ၌ အကြံရှိသည်ဖြစ်၍၊
22 자기를 돕는 사람 중에서 디모데와 에라스도 두 사람을 마게도냐로 보내고 자기는 아시아에 얼마간 더 있으니라
၂၂မိမိအားလုပ်ကျွေးသော သူနှစ်ယောက်၊ တိမောသနှင့် ဧရတ္တု တို့ကို မာကေဒေါနိပြည်သို့ စေလွှတ်ပြီးမှ မိမိသည် အာရှိပြည်၌ခဏ နေသေး၏။
23 그 때쯤 되어 이 도로 인하여 적지 않은 소동이 있었으니
၂၃ထိုအခါဘာသာတရားကြောင့် ရောက်သော အမှုကြီးဟူမူကား၊
24 즉 데메드리오라 하는 어떤 은장색이 아데미의 은감실을 만들어 직공들로 적지 않은 벌이를 하게 하더니
၂၄ဒေမေတရိအမည်ရှိသော ပန်းထိမ်သမားတယောက်သည် အာတေမိနတ်သမီး၏ ငွေဗိမာန်ငယ် တို့ကို လုပ်သဖြင့်၊ ပန်းထိမ်သမား တို့အားစီးပွားများ ကိုပြုတတ်၏။
25 그가 그 직공들과 이러한 영업하는 자들을 모아 이르되 `여러분도 알거니와 우리의 유족한 생활이 이 업에 있는데
၂၅ထိုသူသည်ပန်းထိမ်သမားတို့နှင့် ထိုသို့သော အတတ်သမား များကိုစုရုံးစေပြီးလျှင်၊ အချင်းလူတို့၊ ဤ အတတ်ကိုသင်တို့သိကြ၏။
26 이 바울이 에베소뿐 아니라 거의 아시아 전부를 통하여 허다한 사람을 권유하여 말하되 사람의 손으로 만든 것들은 신이 아니라하니 이는 그대들도 보고 들은 것이라
၂၆ယခုတွင် ထိုပေါလုက၊ လူလက်ဖြင့် လုပ်သမျှ တို့သည် ဘုရားမဟုတ်ဟုဆိုသဖြင့်၊ ဧဖက်မြို့မှစ၍ အာရှိပြည် တရှောက်လုံးကုန် မတတ်၊ လူအပေါင်းတို့ကို ဖြားယောင်းသွေးဆောင်သည်ကို သင်တို့သည် မြင်လျက်၊ ကြားလျက်ရှိကြ၏။
27 우리의 이 영업만 천하여질 위험이 있을 뿐 아니라 큰 여신 아데미의 전각도 경홀히 여김이 되고 온 아시아와 천하가 위하는 그의 위엄도 떨어질까 하노라' 하더라
၂၇ထိုသို့လူများတို့သည် ငါတို့၏အတတ်ကို ကဲ့ရဲ့သည်သာမက၊ ကြီးမြတ်သောနတ်သမီးအာတေမိ၏ ဗိမာန်တော်ကို ပမာဏမပြုသဖြင့်၊ အာရှိပြည် တရှောက် လုံးမှစ၍ လောကီနိုင်ငံသားတို့ ကိုးကွယ်သောဘုန်း အသရေတော်သည် ပျက်စီးခြင်းသို့ရောက်မည်ကို စိုးရိမ်စရာအကြောင်း ရှိပါသည်ဟု ပြောဆို၏။
28 저희가 이 말을 듣고 분이 가득하여 외쳐 가로되 `크다, 에베소 사람의 아데미여' 하니
၂၈ထိုစကားကိုကြားလျှင်၊ ထိုသူတို့သည် ဒေါသအမျက်နှင့် ပြည့်သဖြင့်၊ ဧဖက်လူတို့၏ အာတေမိသည် ကြီးမြတ်တော်မူ၏ဟု အော်ဟစ်ကြ၏။
29 온 성이 요란하여 바울과 같이 다니는 마게도냐 사람 가이오와 아리스다고를 잡아가지고 일제히 연극장으로 달려들어 가는지라
၂၉တမြို့လုံးရုန်းရင်းခတ်မျှဖြစ်၍၊ ပေါလုနှင့်အတူ ဒေသစာရီ လှည့်လည်သော မာတေဒေါနိလူ ဂါယုနှင့် အာရိတ္တာခုတို့ကို ဆွဲယူပြီးလျှင်၊ ပွဲခံရာစရပ်ထဲသို့ ညီညွတ်စွာ တဟုန်တည်းပြေးဝင်ကြ၏။
30 바울이 백성 가운데로 들어가고자 하나 제자들이 말리고
၃၀ပေါလုသည် လူစုထဲသို့ဝင်ခြင်းငှါ အလိုရှိလျှင် တပည့်တော် တို့သည် မြစ်တားကြ၏။
31 또 아시아 관원 중에 바울의 친구 된 어떤 이들이 그에게 통지하여 연극장에 들어가지 말라 권하더라
၃၁ပေါလု၏အဆွေဖြစ်သော အာရှိပွဲမင်းအချို့ ကလည်း၊ ပွဲခံရာ စရပ်ထဲသို့ကိုယ်ကိုမအပ်ပါနှင့်ဟု သူ့ထံသို့စေလွှတ်၍ တောင်းပန်လေ၏။
32 사람들이 외쳐 혹은 이 말을 혹은 저 말을 하니 모인 무리가 분란하여 태반이나 어찌하여 모였는지 알지 못하더라
၃၂စုဝေးသောလူတို့သည် ရုန်းရင်းခတ်မျှဖြစ်၍၊ တယောက် တခြားစီ အော်ဟစ်သဖြင့်၊ လူအများတို့သည် မိမိတို့စုဝေးရသည် အကြောင်းကိုပင်မိမိတို့မသိကြ။
33 유대인들이 무리 가운데서 알렉산더를 권하여 앞으로 밀어내니 알렉산더가 손짓하며 백성에게 발명하려 하나
၃၃ယုဒလူတို့သည် အာလေဇန္ဒြုကို အခွင့်ပေး၍ သူတပါးတို့သည် လူစုရှေ့သို့ သွားစေသဖြင့်၊ သူသည် လက်နှင့်အမှတ်ပေး၍ အပြစ်ဖြေရာ စကားကို လူများတို့ အား ပြောခြင်းငှါ အလိုရှိ၏။
34 저희는 그가 유대인인 줄 알고 다 한 소리로 외쳐 가로되 `크다 에베소 사람의 아데미여' 하기를 두 시 동안이나 하더니
၃၄သူသည်ယုဒလူဖြစ်သည်ကို သိကြလျှင်၊ ဧဖက်လူတို့၏ အာတေမိသည် ကြီးမြတ်တော်မူ၏ဟု နှစ်နာရီ ခန့်မျှလောက် လူအပေါင်း တို့သည် တသံတည်းနှင့် ဟစ်ကြ၏။
35 서기장이 무리를 안돈시키고 이르되 `에베소 사람들아 에베소 성이 큰 아데미와 및 쓰스에게서 내려온 우상의 전각지기가 된 줄을 누가 알지 못하겠느냐?
၃၅မြို့စာရေးသည် လူများကိုတိတ်စေပြီးလျှင်၊ ဧဖက်လူတို့၊ ဧဖက်မြို့သည် ဇုသဘုရားထံမှ ကျသော ရုပ်တုတော်တည်းဟူသော ကြီးမြတ်တော်မူသော အာတေမိကို လုပ်ကျွေးသောဘုရားကျွန်ဖြစ်သည် ကို မသိသော သူတစုံတယောက်ရှိသလော။
36 이 일이 그렇지 않다 할 수 없으니 너희가 가만히 있어서 무엇이든지 경솔히 아니하여야 하리라
၃၆ဤအရာများတို့သည် ငြင်းခုံဘွယ်မရှိသည်ဖြစ် ၍၊ သင်တို့သည် တိတ်ဆိတ်စွာနေသင့်ကြ၏။
37 전각의 물건을 도적질하지도 아니하였고 우리 여신을 훼방하지도 아니한 이 사람들을 너희가 잡아 왔으니
၃၇သတိနှင့်မဆင်ခြင်ဘဲ အဘယ်အမှုကိုမျှ မပြုသင့်ကြ၊ ဗိမာန်တော်ကိုလုယူဖျက်ဆီးခြင်းမရှိ၊ သင်တို့ ၏ ဘုရားကိုမကဲ့ရဲ့သော ဤလူတို့ကို သင်တို့သည် ဆောင်ယူခဲ့ကြပြီတကား။
38 만일 데메드리오와 및 그와 함께 있는 직공들이 누구에게 송사할 것이 있거든 재판 날도 있고 총독들도 있으니 피차 고소할 것이요
၃၈ဒေမေတရိမှစ၍ သူနှင့်အတူရှိသော ပန်းထိမ်သမားတို့သည် တစုံတယောက်သောသူ၌ အမှုရှိလျှင် ရုံးတော်ရှိ၏။ မြို့ဝန်မင်းလည်းရှိ၏။ အမှုသည်ချင်း တရားတွေ့ကြစေ။
39 만일 그 외에 무엇을 원하거든 정식으로 민회에서 결단할지라
၃၉သို့မဟုတ်သင်တို့သည် အခြားအမှုကို အစီရင်ခံ လိုလျှင်၊ တရားသောအစည်းအဝေး၌စီရင်ရလိမ့်မည်။
40 오늘 아무 까닭도 없는 이 일에 우리가 소요의 사건으로 책망 받을 위험이 있고 우리가 이 불법 집회에 관하여 보고할 재료가 없다' 하고
၄၀ယနေ့ရုန်းရင်းခတ်ခြင်းကို ပြုသောကြောင့် အမှုရောက်မည်ဟု စိုးရိမ်စရာရှိ၏။ အကြောင်းမူကား၊ ဤမတရားသောစည်းဝေးခြင်း အကြောင်းကို ပြောစရာ တစုံတခုမျှ မရှိဟု၊
၄၁ဆိုပြီးလျှင် အစည်းအဝေးကိုဖျက်လေ၏။