< 사도행전 11 >

1 유대에 있는 사도들과 형제들이 이방인들도 하나님 말씀을 받았다 함을 들었더니
လူ​မျိုး​ခြား​များ​သည်​လည်း​ဘု​ရား​သ​ခင်​၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ခံ​ယူ​ကြ​ကြောင်း ယု​ဒ​ပြည်​ရှိ​တ​မန်​တော်​များ​နှင့်​ညီ​အစ်​ကို များ​ကြား​သိ​ကြ​၏။-
2 베드로가 예루살렘에 올라갔을 때에 할례자들이 힐난하여
ယေ​ရု​ရှ​လင်​မြို့​သို့​ပေ​တ​ရု​ရောက်​လာ​သော အ​ခါ လူ​မျိုး​ခြား​တို့​အား​အ​ရေ​ဖျား​လှီး မင်္ဂ​လာ​ပေး​ခြင်း​ကို​လို​လား သူ​တို့​သည် ပေ​တ​ရု​နှင့်​ဆွေး​နွေး​ငြင်း​ခုံ​ကြ​၏။-
3 가로되 `네가 무할례자의 집에 들어가 함께 먹었다' 하니
သူ​တို့​က ``သင်​သည်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ ကို မ​ခံ​မ​ယူ​သူ​လူ​မျိုး​ခြား​များ​ထံ​လည် ပတ်​၍ သူ​တို့​နှင့်​အ​တူ​စား​သောက်​ပါ​သည် တ​ကား'' ဟု​ဆို​ကြ​၏။-
4 베드로가 저희에게 이 일을 차례로 설명하여
သို့​ဖြစ်​၍​ပေ​တ​ရု​သည်​သူ​တို့​အား ဖြစ်​ပျက် ခဲ့​သ​မျှ​သော​အ​ကြောင်း​အ​ရာ​တို့​ကို​အ​စ မှ​အ​ဆုံး​တိုင်​အောင်​ရှင်း​လင်း​ပြော​ပြ​၏။
5 가로되 `내가 욥바 성에서 기도 할 때에 비몽사몽간에 환상을 보니 큰 보자기 같은 그릇을 네 귀를 매어 하늘로부터 내리워 내 앞에까지 드리우거늘
ပေ​တ​ရု​က ``ငါ​သည်​ယုပ္ပေ​မြို့​တွင်​ဆု​တောင်း ပတ္ထ​နာ​ပြု​လျက်​နေ​စဉ် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို မြင်​ရ​၏။ ရွက်​ထည်​ကြီး​နှင့်​တူ​သော​အ​ရာ တစ်​ခု​ကို​ထောင့်​လေး​ထောင့်​မှ​ကိုင်​၍ မိုး ကောင်း​ကင်​မှ​ချ​ပေး​သည်​ကို​မြင်​ရ​၏။-
6 이것을 주목하여 보니 땅에 네 발 가진 것과 들짐승과 기는 것과 공중에 나는 것들이 보이더라
ထို​အ​ရာ​သည်​ငါ့​အ​နီး​သို့​ရောက်​ရှိ​လာ​၏။ သေ​ချာ​စွာ​ကြည့်​ရှု​လိုက်​သော​အ​ခါ​ခြေ​လေး ချောင်း​သတ္တ​ဝါ​များ၊ သား​ရဲ​များ၊ တွား​တတ် သော​သတ္တ​ဝါ​များ​နှင့်​ကောင်း​ကင်​ငှက်​များ ကို​မြင်​ရ​၏။-
7 또 들으니 소리 있어 내게 이르되 베드로야 일어나 잡아 먹으라 하거늘
ထို​နောက် `ပေ​တ​ရု​ထ​လော့၊ သတ်​စား​လော့' ဟု ဆို​သော​အ​သံ​ကို​ငါ​ကြား​ရ​၏။-
8 내가 가로되 `주여 그럴 수 없나이다 속되거나 깨끗지 아니한 물건은 언제든지 내 입에 들어간 일이 없나이다' 하니
သို့​ရာ​တွင်​ငါ​က `သ​ခင်​ဘု​ရား၊ အ​ဘယ်​နည်း နှင့်​မျှ​မ​ဖြစ်​နိုင်​ပါ။ အ​ကျွန်ုပ်​သည်​ညစ်​ညမ်း သော​အ​ရာ၊ သို့​မ​ဟုတ်​မ​သန့်​စင်​သော​အ​ရာ ကို​အ​ဘယ်​အ​ခါ​၌​မျှ​မ​စား​ဘူး​ပါ' ဟု ပြန်​၍​လျှောက်​၏။-
9 또 하늘로부터 두 번째 소리 있어 내게 대답하되 하나님이 깨끗하게 하신 것을 네가 속되다 말라 하더라
ထို​နောက်​ကောင်း​ကင်​အ​သံ​တော်​က`ဘု​ရား​သ​ခင် သန့်​စင်​သည်​ဟု​ဆို​သည့်​အ​ရာ​ကို သင်​သည်​ညစ် ညမ်း​သည်​ဟု​မ​ဆို​ရ' ဟူ​၍​မိန့်​တော်​မူ​၏။-
10 이런 일이 세 번 있은 후에 모든 것이 다시 하늘로 끌려 올라가더라
၁၀ဤ​သို့​သုံး​ကြိမ်​တိုင်​တိုင်​ဖြစ်​ပျက်​ပြီး​နောက် ထို​အ​ရာ​ခပ်​သိမ်း​တို့​ကို​မိုး​ကောင်း​ကင်​သို့ ပြန်​လည်​ရုပ်​သိမ်း​သွား​လေ​၏။-
11 마침 세 사람이 내 우거한 집 앞에 섰으니 가이사랴에서 내게로 보낸 사람이라
၁၁ထို​နောက်​ငါ​ရှိ​ရာ​အိမ်​သို့​လူ​သုံး​ယောက် ရုတ်​တ​ရက်​ရောက်​ရှိ​လာ​၏။ သူ​တို့​သည် ကဲ​သ​ရိ​မြို့​မှ​ငါ့​ထံ​သို့​စေ​လွှတ်​လိုက် သူ​များ​ဖြစ်​၏။-
12 성령이 내게 명하사 아무 의심 말고 함께 가라 하시매 이 여섯 형제도 나와 함께 가서 그 사람의 집에 들어가니
၁၂ဝိ​ညာဉ်​တော်​က​ထို​သူ​တို့​နှင့်​အ​တူ​မ​ဆိုင်း မ​တွ​လိုက်​သွား​ရန် ငါ့​အား​အ​မိန့်​ရှိ​တော်​မူ​၏။ ယုပ္ပေ​မြို့​မှ​ညီ​အစ်​ကို​ခြောက်​ယောက်​တို့​သည်​လည်း ငါ​နှင့်​အ​တူ​လိုက်​ခဲ့​ကြ​၏။ ငါ​တို့​အား​လုံး ပင်​ကော်​နေ​လိ​၏​အိမ်​သို့​ဝင်​ကြ​၏။-
13 그가 우리에게 말하기를 천사가 내 집에 서서 말하되 네가 사람을 욥바에 보내어 베드로라 하는 시몬을 청하라
၁၃ကော်​နေ​လိ​က​မိ​မိ​၏​အိမ်​တွင်​ကောင်း​ကင် တ​မန်​တစ်​ပါး​ရပ်​လျက်`ယုပ္ပေ​မြို့​သို့​လူ​လွှတ် ၍​ရှိ​မုန်​ပေ​တ​ရု​ဟု​ခေါ်​သော​သူ​ကို​ပင့် ဖိတ်​လော့။-
14 그가 너와 네 온 집의 구원 얻을 말씀을 네게 이르리라 함을 보았다 하거늘
၁၄ထို​သူ​သည်​သင်​နှင့်​အိမ်​သူ​အိမ်​သား​များ​အား ကယ်​တင်​ခြင်း​ရ​ရာ​ရ​ကြောင်း​တရား​စ​ကား များ​ကို​ဟော​ပြော​လိမ့်​မည်' ဟူ​၍​မြွက်​ဆို ကြောင်း​ကို​ငါ​တို့​အား​ပြော​ကြ​၏။-
15 내가 말을 시작할 때에 성령이 저희에게 임하시기를 처음 우리에게 하신 것과 같이 하는지라
၁၅ထို​နောက်​ငါ​သည်​စ​၍​စ​ကား​ပြော​သော​အ​ခါ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည်​အ​ထက်​က​ငါ တို့​အ​ပေါ်​သို့​သက်​ရောက်​တော်​မူ​သည်​နည်း​တူ ထို​သူ​တို့​အ​ပေါ်​သို့​လည်း​သက်​ရောက်​တော် မူ​၏။-
16 내가 주의 말씀에 요한은 물로 세례를 주었으나 너희는 성령으로 세례 받으리라 하신 것이 생각났노라
၁၆ထို​အ​ခါ `ယော​ဟန်​သည်​ရေ​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ ကို​ပေး​၏။ သို့​ရာ​တွင်​သင်​တို့​သည်​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ခံ​ရ​ကြ​လိမ့် မည်' ဟူ​သော​သ​ခင်​ဘု​ရား​၏​စ​ကား​တော် ကို​ငါ​သည်​ပြန်​၍​သ​တိ​ရ​၏။-
17 그런즉 하나님이 우리가 주 예수 그리스도를 믿을 때에 주신 것과 같은 선물을 저희에게도 주셨으니 내가 누구관대 하나님을 능히 막겠느냐!' 하더라
၁၇ဘု​ရား​သ​ခင်​သည်​သ​ခင်​ယေ​ရှု​ကို​ယုံ​ကြည်​သူ ငါ​တို့​အား​ပေး​သ​နား​တော်​မူ​သော​ဆု​ကျေး​ဇူး ကို ထို​လူ​မျိုး​ခြား​တို့​အား​လည်း​ပေး​တော်​မူ ကြောင်း​ထင်​ရှား​၏။ သို့​ဖြစ်​၍​ငါ​သည်​အ​ဘယ် သို့​သော​သူ​ဖြစ်​၍​ဘု​ရား​သ​ခင်​ကို​ဆီး​တား နိုင်​ပါ​မည်​နည်း'' ဟု​ဆို​၏။
18 저희가 이 말을 듣고 잠잠하여 하나님께 영광을 돌려 가로되 `그러면 하나님께서 이방인에게도 생명 얻는 회개를 주셨도다' 하니라
၁၈ထို​စ​ကား​ကို​ကြား​သော​အ​ခါ ထို​သူ​တို့​သည် ပြစ်​တင်​ဝေ​ဖန်​မှု​ကို​မ​ပြု​ကြ​တော့​ဘဲ ``ဘု​ရား သ​ခင်​သည်​လူ​မျိုး​ခြား​တို့​အား​လည်း နောင်​တ​ရ ၍​အ​သက်​ရှင်​ခွင့်​ကို​ပေး​တော်​မူ​ပါ​သည်​တ​ကား'' ဟု​ဆို​၍​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး ကြ​၏။
19 때에 스데반의 일로 일어난 환난을 인하여 흩어진 자들이 베니게와 구브로와 안디옥까지 이르러 도를 유대인에게만 전하는데
၁၉သ​ခင်​ယေ​ရှု​ကို​ယုံ​ကြည်​သူ​တို့​သည် သ​တေ​ဖန် အ​သတ်​ခံ​ရ​ချိန်​၌​ဖြစ်​ပေါ်​လာ​သော​နှိပ်​စက် ညှဉ်း​ဆဲ​မှု​ကြောင့် အ​ရပ်​ရပ်​သို့​ကွဲ​လွင့်​သွား ကြ​၏။ ထို​သူ​အ​ချို့​တို့​သည်​ဖိ​နိတ်​ပြည်၊ ကု​ပ​ရု​ကျွန်း၊ အန္တိ​အုတ်​မြို့​သို့​တိုင်​အောင် ရောက်​ရှိ​ကြ​၏။ သူ​တို့​သည်​ဘုရား​သခင်​၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ယု​ဒ​အ​မျိုး သား​တို့​အား​သာ​ဟော​ပြော​ကြ​၏။-
20 그 중에 구브로와 구레네 몇 사람이 안디옥에 이르러 헬라인에게도 말하여 주 예수를 전파하니
၂၀သို့​ရာ​တွင်​သူ​တို့​အ​ထဲ​တွင်​သ​ခင်​ယေ​ရှု ကို​ယုံ​ကြည်​သူ ကု​ပ​ရု​ပြည်​သား​နှင့်​ကု​ရေ နေ​ပြည်​သား​အ​ချို့​ပါ​၏။ သူ​တို့​သည်​အန္တိ အုတ်​မြို့​သို့​သွား​၍ လူ​မျိုး​ခြား​တို့​အား​လည်း သ​ခင်​ယေ​ရှု​၏​အ​ကြောင်း​သ​တင်း​ကောင်း ကို​ဟော​ပြော​ကြေ​ညာ​ကြ​၏။-
21 주의 손이 그들과 함께 하시매 수다한 사람이 믿고 주께 돌아오더라
၂၁သူ​တို့​သည်​သ​ခင်​ဘု​ရား​၏​တန်​ခိုး​တော် ကို​ခံ​ယူ​ရ​သ​ဖြင့် လူ​အ​မြောက်​အ​မြား ပင်​ယုံ​ကြည်​၍​သ​ခင်​ဘု​ရား​ထံ​ပြောင်း​လဲ လာ​ကြ​၏။
22 예루살렘 교회가 이 사람들의 소문을 듣고 바나바를 안디옥까지 보내니
၂၂ဤ​သ​တင်း​ကို​ယေ​ရု​ရှ​လင်​မြို့​ရှိ​အ​သင်း တော်​ကြား​လျှင် ဗာ​န​ဗ​အား​အန္တိ​အုတ်​မြို့ သို့​စေ​လွှတ်​ကြ​၏။-
23 저가 이르러 하나님의 은혜를 보고 기뻐하여 모든 사람에게 굳은 마음으로 주께 붙어 있으라 권하니
၂၃သူ​သည်​ထို​မြို့​သို့​ရောက်​၍​လူ​တို့​အား ဘု​ရား သ​ခင်​အ​ဘယ်​သို့​ကောင်း​ချီး​ပေး​တော်​မူ​သည် ကို​မြင်​သော​အ​ခါ ရွှင်​လန်း​ဝမ်း​မြောက်​သ​ဖြင့် သ​ခင်​ဘု​ရား​အား​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ယုံ​ကြည်​ကိုး​စား​၍ သစ္စာ​စောင့်​ကြ​ရန်​တိုက် တွန်း​နှိုး​ဆော်​လေ​သည်။-
24 바나바는 착한 사람이요 성령과 믿음이 충만한 자라 이에 큰 무리가 주께 더하더라
၂၄ဗာ​န​ဗ​သည်​သူ​တော်​ကောင်း​ဖြစ်​၍​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ ယုံ​ကြည် ခြင်း​နှင့်​လည်း​ကောင်း​ပြည့်​ဝ​သ​ဖြင့်​များ​စွာ သော​သူ​တို့​အား​သ​ခင်​ဘု​ရား​ကို​ယုံ​ကြည် စေ​၏။
25 바나바가 사울을 찾으러 다소에 가서
၂၅ထို​နောက်​ဗာ​န​ဗ​သည်​ရှော​လု​ကို​ရှာ​ရန် တာ​ရှု​မြို့​သို့​သွား​၏။-
26 만나매 안디옥에 데리고 와서 둘이 교회에 일 년간 모여 있어 큰 무리를 가르쳤고 제자들이 안디옥에서 비로소 그리스도인이라 일컫음을 받게 되었더라
၂၆သူ့​ကို​တွေ့​လျှင်​အန္တိ​အုတ်​မြို့​သို့​ခေါ်​ခဲ့​၏။ သူ​တို့ နှစ်​ဦး​သည်​တစ်​နှစ်​ပတ်​လုံး​အ​သင်း​တော်​ဝင်​တို့ နှင့်​တွေ့​ဆုံ​၍ များ​စွာ​သော​လူ​ပ​ရိ​သတ်​တို့​ကို သွန်​သင်​ကြ​၏။ တ​ပည့်​တော်​တို့​သည်​ပ​ထ​မ​ဆုံး အ​ကြိမ်​ခ​ရစ်​ယာန်​ဟု​ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ခံ ကြ​ရ​သည့်​အ​ရပ်​မှာ​အန္တိ​အုတ်​မြို့​ဖြစ်​သ​တည်း။
27 그 때에 선지자들이 예루살렘에서 안디옥에 이르니
၂၇ထို​အ​ခါ​ကာ​လ​၌​ပ​ရော​ဖက်​အ​ချို့​တို့​သည် ယေ​ရု​ရှ​လင်​မြို့​မှ​အန္တိ​အုတ်​မြို့​သို့​လာ​ကြ​၏။-
28 그 중에 아가보라 하는 한 사람이 일어나 성령으로 말하되 `천하가 크게 흉년 들리라' 하더니 글라우디오 때에 그렇게 되니라
၂၈ထို​သူ​တို့​အ​နက်​အာ​ဂ​ဗု​နာ​မည်​ရှိ​သော​သူ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​နှိုး​ဆော်​ချက်​အ​ရ ထ​၍ ကမ္ဘာ​တစ်​ဝှမ်း​လုံး​တွင်​အ​စား​အ​စာ​ငတ် မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ကြီး​သင့်​လိမ့်​မည်​ဟု ဟော​ပြော​လေ​၏။ (ဧ​က​ရာဇ်​ဘု​ရင်​က​လော​ဒိ လက်​ထက်​၌ အ​ကယ်​ပင်​ဤ​သို့​ငတ်​မွတ်​ခေါင်း ပါး​ခဲ့​သ​တည်း။)-
29 제자들이 각각 그 힘대로 유대에 사는 형제들에게 부조를 보내기로 작정하고
၂၉တ​ပည့်​တော်​တို့​သည်​အ​သီး​သီး​တတ်​နိုင်​သ​မျှ အ​တိုင်း ယု​ဒ​ပြည်​ရှိ​ညီ​အစ်​ကို​များ​အား​ကူ​ညီ ထောက်​ပံ့​ရန်​ဆုံး​ဖြတ်​ကြ​၏။-
30 이를 실행하여 바나바와 사울의 손으로 장로들에게 보내니라
၃၀ဤ​သို့​ဆုံး​ဖြတ်​ကြ​ပြီး​နောက်​ထောက်​ပံ့​ငွေ များ​ကို​ဗာ​န​ဗ​နှင့်​ရှော​လု​မှ​တစ်​ဆင့် ယေ​ရု ရှ​လင်​မြို့​အ​သင်း​တော်​လူ​ကြီး​များ​ထံ​သို့ ပေး​ပို့​ကြ​၏။

< 사도행전 11 >