< 사무엘하 24 >
1 여호와께서 다시 이스라엘을 향하여 진노하사 저희를 치시려고 다윗을 감동시키사 가서 이스라엘과 유다의 인구를 조사하라 하신지라
၁နောက် တဖန်ထာဝရဘုရား သည် ဣသရေလ အမျိုးကို အမျက် ထွက် တော်မူလျှင် ၊ စာတန်သည် ရန်ဘက်ပြု၍ ဣသရေလ လူနှင့် ယုဒ လူတို့ကို ရေတွက် စေခြင်းငှါ ဒါဝိဒ် ကိုတိုက်တွန်း လေ၏။
2 왕이 이에 그 곁에 있는 군대 장관 요압에게 이르되 `너는 이스라엘 모든 지파 가운데로 다니며 단에서부터 브엘세바까지 인구를 조사하여 그 도수를 내게 알게 하라'
၂ရှင် ဘုရင်ကလည်း ၊ လူ ပေါင်း မည်မျှရှိသည်ကို ငါသိ မည်အကြောင်း ၊ ဒန် မြို့မှ သည် ဗေရရှေဘ မြို့ တိုင်အောင် ဣသရေလ ခရိုင် ရှိသမျှ တို့ကို ရှောက်သွား ၍ ၊ လူ တို့ကို ရေတွက် လော့ဟု အထံ တော်၌ရှိသော ဗိုလ်ချုပ် မင်းယွာဘ အား မိန့် တော်မူ၏”
3 요압이 왕께 고하되 `이 백성은 얼마든지 왕의 하나님 여호와께서 백배나 더하게 하사 내 주 왕의 눈으로 보게 하시기를 원하나이다 그런데 내 주 왕은 어찌하여 이런 일을 기뻐하시나이까' 하되
၃ယွာဘ ကလည်း ၊ ကိုယ်တော် ၏ဘုရား သခင်ထာဝရဘုရား သည် လူ တို့ကို ထပ်၍ အဆ တရာ တိုးပွါးစေသဖြင့် ၊ ကျွန်တော် သခင် အရှင်မင်းကြီး မြင် မည် အကြောင်းပြုတော်မူပါစေသော။ သို့ရာတွင် ကျွန်တော် သခင် အရှင် မင်းကြီးသည် ဤ အမှု ကို အဘယ်ကြောင့် နှစ်သက် တော်မူသနည်းဟု ရှင်ဘုရင် အား လျှောက် လေ ၏”
4 왕의 명령이 요압과 군대 장관들을 재촉한지라 요압과 장관들이 이스라엘 인구를 조사하려고 왕의 앞에서 물러나서
၄သို့သော်လည်း အမိန့် တော်သည် ယွာဘ စကား နှင့် ဗိုလ် များ စကားကို နိုင် သဖြင့် ၊ ယွာဘ နှင့် ဗိုလ် များ တို့သည် လူ တို့ကိုရေတွက် အံ့သောငှါ အထံ တော်မှ ထွက်သွား ကြ၏။
5 요단을 건너 갓 골짜기 가운데 성읍 아로엘 우편 곧 야셀 맞은편에 이르러 장막을 치고
၅ယော်ဒန် မြစ်ကိုကူး ၍ ဂဒ် ချိုင့် ၌ ရှိသော အာရော် မြို့အရှေ့ဘက်၊ ယာဇာ မြို့အနား မှာ တပ်ချ ကြ၏။
6 길르앗에 이르고 닷딤홋시 땅에 이르고 또 다냐안에 이르러서는 시돈으로 돌아서
၆ဂိလဒ် ပြည်၊ နောက် သိမ်းသောပြည် ၊ ဒန်ယန် ပြည်တို့ကို လွန်ပြီးမှ ဇိဒုန် ပြည်သို့ ဝိုင်း သွား ၍၊
7 두로 견고한 성에 이르고 히위 사람과 가나안 사람의 모든 성읍에 이르고 유다 남편으로 나와서 브엘세바에 이르니라
၇တုရု ရဲတိုက် သို့၎င်း ၊ ဟိဝိ မြို့ များ၊ ခါနာနိ မြို့များ အလုံးစုံ တို့သို့၎င်း ရောက် ၍ ၊ ယုဒ ပြည်တောင် ပိုင်း၊ ဗေရရှေဘ မြို့၌ လက်စသတ် ကြ၏။
8 저희 무리가 국중을 두루 돌아 아홉달 스무날만에 예루살렘에 이르러
၈ထိုသို့ တပြည်လုံး ရှောက်သွား ၍ ကိုး လ နှင့် အရက် နှစ် ဆယ်လွန် မှ ယေရုရှလင် မြို့သို့ ရောက် ကြ၏။
9 요압이 인구 도수를 왕께 고하니 곧 이스라엘에서 칼을 빼는 담대한 자가 팔십만이요, 유다 사람이 오십만이었더라
၉ယွာဘ သည်လည်း လူ ပေါင်း စာရင်း ကို ရှင်ဘုရင် အား ဆက် ၍ ၊ ဣသရေလ အမျိုး၌ ထား ကိုင် သူရဲ ရှစ် သိန်း၊ ယုဒ အမျိုး ၌ ငါး သိန်းရှိ ကြ၏။
10 다윗이 인구 수를 조사한 후에 그 마음에 자책하고 여호와께 아뢰되 `내가 이 일을 행함으로 큰 죄를 범하였나이다 여호와여, 이제 간구하옵나니 종의 죄를 사하여 주옵소서 내가 심히 미련하게 행하였나이다' 하니라
၁၀ဒါဝိဒ် သည် လူ တို့ကို ရေတွက် ပြီးမှ နောင်တ ရ၍ ၊ အကျွန်ုပ်ပြု မိသော အမှု၌ အလွန် ပြစ်မှား ပါပြီ။ အိုထာဝရ ဘုရား ၊ ကိုယ်တော် ကျွန် ၏အပြစ် ကို ဖြေရှင်း တော်မူပါ။ အကျွန်ုပ်သည် အလွန် မိုက် သောအမှုကို ပြုမိပါပြီဟု ထာဝရဘုရား အား တောင်းပန် လေ၏”
11 다윗이 아침에 일어날 때에 여호와의 말씀이 다윗의 선견자 된 선지자 갓에게 임하여 가라사대
၁၁ဒါဝိဒ် သည် နံနက် အချိန်၌ ထ သောအခါ ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဒါဝိဒ် ၏ ပရောဖက် ဂဒ် သို့ ရောက်လာ ၍၊
12 가서 다윗에게 말하기를 여호와의 말씀에 내가 네게 세가지를 보이노니 너는 그 중에서 하나를 택하라! 내가 그것을 네게 행하리라 하셨다 하라
၁၂ဒါဝိဒ် ထံ သို့သွား လော့။ အရာသုံး ပါးကိုသင့် အား ငါ ပြ ၏။ သင် ၌ ငါပြု စရာဘို့ တပါးပါး ကိုရွေး ရမည်ဟု ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆိုလော့ဟု မိန့် တော်မူသည်အတိုင်း၊
13 갓이 다윗에게 이르러 고하여 가로되 `왕의 땅에 칠년 기근이 있을 것이니이까 혹시 왕이 왕의 대적에게 쫓겨 석달을 그 앞에서 도망하실 것이니이까 혹시 왕의 땅에 삼일동안 온역이 있을 것이니이까 왕은 생각하여 보고 나를 보내신 이에게 대답하게 하소서'
၁၃ဂဒ် သည် ဒါဝိဒ် ထံ သို့သွား ၍ ၊ ပြည် တော်၌ သုံးနှစ်ပတ်လုံးအစာအာဟာရ ခေါင်းပါး စေရမည်လော။ သို့မဟုတ် ရန်သူ တို့သည် သုံး လ ပတ်လုံးလိုက် ၍ ကိုယ်တော် ပြေး တော်မူရမည်လော။ သို့မဟုတ် ပြည် တော်၌ သုံး ရက် ပတ်လုံးကာလနာ ရောက် စေရမည်လော။ အကျွန်ုပ် ကို စေလွှတ် တော်မူသောသူအား အကျွန်ုပ်သည် အဘယ်သို့ ပြန် လျှောက်ရမည်ကို စဉ်းစား ဆင်ခြင်တော်မူပါဟု လျှောက် လေ၏”
14 다윗이 갓에게 이르되 `내가 곤경에 있도다 여호와께서는 긍휼이 크시니 우리가 여호와의 손에 빠지고 내가 사람의 손에 빠지지 않기를 원하노라'
၁၄ဒါဝိဒ် ကလည်း ၊ ငါသည် ကျဉ်းမြောင်း ရာသို့ ရောက်လေပြီတကား။ ထာဝရဘုရား ၏ လက် တော်သို့ ရောက် ပါစေ။ ကရုဏာ တော်ကြီးလှ ၏။ လူ လက် သို့ မ ရောက် ပါစေနှင့်ဟု ဂဒ် အား ပြန်ပြော ၏”
15 이에 여호와께서 그 아침부터 정하신 때까지 온역을 이스라엘에게 내리시니 단부터 브엘세바까지 백성의 죽은 자가 칠만인이라
၁၅ထိုနေ့နံနက် မှစ၍ ချိန်းချက် သော အချိန် တိုင်အောင် ထာဝရဘုရား သည် ဣသရေလ အမျိုး၌ ကာလနာ ကို လွှတ်လိုက် တော်မူ၍ ၊ ဒန် မြို့မှ သည် ဗေရရှေဘ မြို့ တိုင်အောင် လူ ခုနစ် သောင်းသေ ကြ၏။
16 천사가 예루살렘을 향하여 그 손을 들어 멸하려 하더니 여호와께서 이 재앙 내림을 뉘우치사 백성을 멸하는 천사에게 이르시되 족하다 이제는 네 손을 거두라! 하시니 때에 여호와의 사자가 여부스 사람 아라우나의 타작 마당 곁에 있는지라
၁၆ကောင်းကင် တမန်သည် ယေရုရှလင် မြို့ကို ဖျက်ဆီး မည်ဟု လက် ကိုဆန့် သောအခါ ၊ ထာဝရဘုရား သည် ထိုဘေး ကြောင့် နောင်တ ရတော်မူ၍ ၊ တန် ပြီ။ သင့် လက် ကို ရုပ်သိမ်း လော့ဟု လူ တို့ကို ဖျက်ဆီး သော ကောင်းကင် တမန်အား မိန့် တော်မူ၏။ ထိုအခါ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ယေဗုသိ လူအရောန ၏ ကောက်နယ် တလင်းအနား မှာ ရှိ ၏။
17 다윗이 백성을 치는 천사를 보고 곧 여호와께 아뢰어 가로되 `나는 범죄하였고 악을 행하였삽거니와 이 양무리는 무엇을 행하였나이까 청컨대 주의 손으로 나와 내 아비의 집을 치소서' 하니라
၁၇လူ တို့ကို ဒဏ်ခတ် သော ကောင်းကင်တမန် ကို ဒါဝိဒ် သည်မြင် သောအခါ ၊ အကျွန်ုပ် ပြစ်မှား ပါပြီ။ ဒုစရိုက် ကို ပြုမိပါပြီ။ ဤ သိုး တို့မူကား အဘယ်သို့ ပြု မိပါ သနည်း။ လက် တော်သည် အကျွန်ုပ် နှင့် အကျွန်ုပ် အဆွေအမျိုး ၌ ရောက် စေတော်မူပါဟု ထာဝရဘုရား အား တောင်းပန် လေ၏။
18 이 날에 갓이 다윗에게 이르러 고하되 `올라가서 여부스 사람 아라우나의 타작마당에서 여호와를 위하여 단을 쌓으소서' 하매
၁၈ထို နေ့ခြင်းတွင် ဂဒ် သည် ဒါဝိဒ် ထံ သို့လာ ၍ ၊ ကိုယ်တော်ကြွ ပါ။ ယေဗုသိ လူအရောန ၏ ကောက်နယ် တလင်း၌ ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် ရမည် ဟု၊
19 다윗이 여호와의 명하신 바 갓의 말대로 올라가니라
၁၉ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆိုသည်အတိုင်း ဒါဝိဒ် သည် သွား လေ၏။
20 아라우나가 바라보다가 왕과 그 신복들이 자기를 향하여 옴을 보고 나가서 왕의 앞에서 얼굴을 땅에 대고 절하며
၂၀ထိုသို့ရှင် ဘုရင်သည် အခြံအရံ တော်နှင့်တကွကြွလာ သည်ကို အရောန သည် ကြည့် ၍ မြင် လျှင် ၊ ပြင်သို့ ထွက် ၍ ရှင်ဘုရင် ရှေ့ တော်၌ ဦးချ ပြပ်ဝပ်လျက်၊
21 가로되 `어찌하여 내 주 왕께서 종에게 임하시나이까' 다윗이 가로되 `네게서 타작 마당을 사서 여호와께 단을 쌓아 백성에게 내리는 재앙을 그치게 하려 함이로라'
၂၁ကျွန်တော် သခင် အရှင် မင်းကြီးသည် ကိုယ်တော် ကျွန် ရှိရာသို့ အဘယ်ကြောင့် ကြွလာ တော်မူသနည်း ဟု မေးလျှောက် လျှင် ၊ ဒါဝိဒ် က၊ လူ တို့တွင် ကာလနာ ဘေးကို ငြိမ်း စေမည်အကြောင်း ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် လို၍၊ သင်၏ကောက်နယ် တလင်းကို ဝယ် အံ့သောငှါ လာသည်ဟု အမိန့် ရှိသော်၊
22 아라우나가 다윗에게 고하되 `원컨대 내 주 왕은 좋게 여기시는 대로 취하여 드리소서 번제에 대하여는 소가 있고 땔 나무에 대하여는 마당질하는 제구와 소의 멍에가 있나이다
၂၂အရောန က၊ ကျွန်တော် သခင် အရှင် မင်းကြီးသည် စိတ်တော်ရှိသည်အတိုင်း ယူ ၍ ပူဇော် တော်မူပါ။ မီး ရှို့ရာယဇ်ဘို့ နွား များရှိပါ၏။ ထင်း ဘို့ ကောက်နယ် တန်ဆာ၊ နွား နှင့်ဆိုင်သော တန်ဆာများရှိပါ၏ဟု ဒါဝိဒ် အား လျှောက် လျက်၊
23 왕이여! 아라우나가 이것을 다 왕께 드리나이다' 하고 또 왕께 고하되 `왕의 하나님 여호와께서 왕을 기쁘게 받으시기를 원하나이다'
၂၃အလုံးစုံ တို့ကို ရှင်ဘုရင် အား ဆက် ၍ ၊ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား သည် ကိုယ်တော် ကို လက်ခံ တော်မူပါစေသောဟု လျှောက် လေ၏။
24 왕이 아라우나에게 이르되 `그렇지 아니하다 내가 값을 주고 네게서 사리라 값 없이는 내 하나님 여호와께 번제를 드리지 아니하리라' 하고 은 오십 세겔로 타작 마당과 소를 사고
၂၄ရှင် ဘုရင်ကလည်း ၊ ထိုသို့ငါမ ယူ ရ။ စင်စစ် အဘိုး ပေး၍ ငါဝယ် မည်။ ကိုယ်ငွေ မကုန်ဘဲငါ ၏ ဘုရား သခင်ထာဝရဘုရား အား မီး ရှို့ရာယဇ်ကို ငါမ ပူဇော်လိုဟု အရောန အား ဆို သဖြင့် ၊ ငွေ အကျပ် ငါး ဆယ်ကိုပေး ၍၊ ထိုကောက်နယ် တလင်းနှင့် နွား တို့ကို ဝယ် ပြီးမှ၊
25 그 곳에서 여호와를 위하여 단을 쌓고 번제와 화목제를 드렸더니 이에 여호와께서 그 땅을 위하여 기도를 들으시매 이스라엘에게 내리는 재앙이 그쳤더라
၂၅ထို အရပ်၌ ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် ၍ မီး ရှို့ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော် လေ၏။ ထာဝရဘုရား သည်လည်း ၊ ဣသရေလ ပြည် အဘို့ ဆုတောင်း သောစကားကို နားထောင်၍ ကာလနာ ဘေးကို ငြိမ်း စေတော်မူ၏။