< 열왕기하 16 >
1 르말랴의 아들 베가 십 칠년에 유다 왕 요담의 아들 아하스가 왕이 되니
၁ရေမလိသား ပေကာနန်းစံဆယ်ခုနစ်နှစ်တွင် ယုဒရှင်ဘုရင် ယောသံသားအာခတ်သည် အသက် နှစ်ဆယ်ရှိသော် နန်းထိုင်၍၊
2 아하스가 위에 나아갈 때에 나이 이십세라 예루살렘에서 십 륙년을 치리하였으나 그 조상 다윗과 같지 아니하여 그 하나님 여호와 보시기에 정직히 행치 아니하고
၂ယေရုရှလင်မြို့၌ ဆယ်ခြောက်နှစ်စိုးစံလေ၏။ ထိုမင်းသည် အဘဒါဝိဒ်ကဲ့သို့မကျင့်၊ ထာဝရဘုရား ရှေ့တော်၌ တရားသော အမှုကို မပြု၊
3 이스라엘 열왕의 길로 행하며 또 여호와께서 이스라엘 자손 앞에서 쫓아내신 이방 사람의 가증한 일을 본받아 자기 아들을 불 가운데로 지나가게 하며
၃ဣသရေလရှင်ဘုရင်တို့ လိုက်သောလမ်းသို့ လိုက်၍၊ ထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့ ရှေ့မှ၊ နှင်ထုတ်တော်မူသော တပါးအမျိုးသားတို့၏ ရွံရှာဘွယ် ထုံးစံအတိုင်း၊ မိမိသားကို မီးဖြင့်ပူဇော်၏။
4 또 산당과 작은 산 위와 모든 푸른 나무 아래서 제사를 드리며 분향하였더라
၄မြင့်သောအရပ်၊ တောင်ပေါ်၊ သစ်ပင်အောက် တို့၌ပူဇော်၍ နံ့သာပေါင်းကို မီးရှို့တတ်၏။
5 이 때에 아람 왕 르신과 이스라엘 왕 르말랴의 아들 베가가 예루살렘에 올라와서 싸우려 하여 아하스를 에워쌌으나 이기지 못하 니라
၅ထိုအခါ ရှုရိရှင်ဘုရင် ရေဇိန်နှင့် ဣသရေလ ရှင်ဘုရင် ရေမလိသားပေကာသည် ယေရုရှလင်မြို့သို့ စစ်ချီ၍ အာခတ်မင်းကို ဝိုင်းထားသော်လည်း မနိုင်ရ။
6 당시에 아람 왕 르신이 엘랏을 회복하여 아람에 돌리고 유다 사람을 엘랏에서 쫓아내었고 아람 사람이 엘랏에 이르러 거하여 오늘날까지 이르렀더라
၆သို့ရာတွင်၊ ရှုရိရှင်ဘုရင် ရေဇိန်သည် ဧလတ်မြို့ ကို ရှုရိနိုင်ငံ သို့သွင်းပြန်၍၊ ယုဒလူတို့ကို နှင်ထုတ်သဖြင့်၊ ရှုရိလူတို့သည်လာ၍ ယနေ့တိုင်အောင် ဧလတ်မြို့၌ နေကြ၏။
7 아하스가 앗수르 왕 디글랏 빌레셀에게 사자를 보내어 이르되 나는 왕의 신복이요 왕의 아들이라 이제 아람 왕과 이스라엘 왕이 나를 치니 청컨대 올라와서 나를 그 손에서 구원하소서 하고
၇ထိုကြောင့်အာခတ်သည် အာရှုရိရှင်ဘုရင် တိဂလတ်ပိလေသာထံသို့ သံတမန်ကို စေလွှတ်၍၊ ကျွန်ုပ်သည် ကိုယ်တော်သား၊ ကိုယ်တော်ကျွန်ဖြစ်ပါ၏။ လာပါ။ ကျွန်ုပ်ကို ရန်ဘက်ပြုသော ရှုရိရှင်ဘုရင်နှင့် ဣသရေလ ရှင်ဘုရင်လက်မှ ကယ်ယူပါဟု တောင်းပန်၏။
8 여호와의 전과 왕궁 곳간에 있는 은금을 취하여 앗수르 왕에게 예물로 보내었더니
၈တဖန်ဗိမာန်တော်၌၎င်း၊ နန်းတော်ဘဏ္ဍာတိုက် ၌၎င်း ရှိသော ရွှေငွေကို ယူ၍ အာရှုရိရှင်ဘုရင်ထံသို့ လက်ဆောင်ပေးလိုက်လေ၏။
9 앗수르 왕이 그 청을 듣고 곧 올라와서 다메섹을 쳐서 취하여 그 백성을 사로잡아 길로 옮기고 또 르신을 죽였더라
၉အာရှုရိရှင်ဘုရင်သည် နားထောင်၍ ဒမာ သက်မြို့သို့ စစ်ချီ၍ တိုက်ယူပြီးလဆင်၊ ပြည်သားတို့ကို ကိရမြို့သို့ သိမ်းသွား၏။ ရေဇိန်မင်းကိုလည်း သတ်၏။
10 아하스왕이 앗수르 왕 디글랏 빌레셀을 만나러 다메섹에 갔다가 거기 있는 단을 보고 드디어 그 구조와 제도의 식양을 그려 제사장 우리야에게 보내었더니
၁၀အာခတ်မင်းကြီးသည် အာရှုရိရှင်ဘုရင်ကို ခရီး ဦးကြိုပြုခြင်းငှါ ဒမာသက်မြို့သို့သွား၏။ ထိုမြို့မှာရှိသော ယဇ်ပလ္လင်ကိုမြင်လျှင်၊ ပလ္လင်ပုံ၊ အတိုင်းအရှည်၊ တန်ဆာ ရှိသမျှကိုရေး၍ ယဇ်ပုရောဟိတ်ဥရိယထံသို့ ပေးလိုက်၏။
11 아하스왕이 다메섹에서 돌아오기 전에 제사장 우리야가 아하스왕이 다메섹에서 보낸 모든 것대로 단을 만든지라
၁၁ထိုသို့ ဒမာသက်မြို့မှ အာခတ်မင်းပေးလိုက် သမျှအတိုင်း၊ ယဇ်ပုရောဟိတ်ဥရိယသည် အာခတ်မင်း မရောက်မှီ လုပ်နှင့်ပြီ။
12 왕이 다메섹에서 돌아와서 단을 보고 단 앞에 나아가 그 위에 제사를 드리되
၁၂ရှင်ဘုရင်သည် ဒမာသက်မြို့မှရောက်လာသော အခါ၊ ထိုယဇ်ပလ္လင်ကို မြင်၍ ချဉ်းကပ်သဖြင့်၊
13 자기의 번제와 소제를 불사르고 또 전제를 붓고 수은제 짐승의 피를 단에 뿌리고
၁၃မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာကို မီးရှို့၏။ သွန်းလောင်းရာ ပူဇော်သက္ကာ ကိုလည်း သွန်းလောင်း၏။ မိဿဟာယယဇ်အသွေးကိုလည်း ယဇ် ပလ္လင်ပေါ်မှာဖြန်းလေ၏။
14 또 여호와의 앞 곧 전 앞에 있던 놋단을 옮기되 새 단과 여호와의 전 사이에서 옮겨다가 그 단 북편에 두니라
၁၄ထာဝရဘုရားရှေ့တော်၌ရှိသော ကြေးဝါယဇ် ပလ္လင်ကို ဗိမာန်တော်ရှေ့၊ ယဇ်ပလ္လင်ကြီးနှင့် ဗိမာန်တော် စပ်ကြားအရပ်မှ ရွေ့၍ ယဇ်ပလ္လင်ကြီး မြောက်ဘက်၌ ထား၏။
15 아하스 왕이 제사장 우리야에게 명하여 가로되 `아침 번제와 저녁소제와 왕의 번제와 그 소제와 모든 국민의 번제와 그 소제와 전제를 다 이 큰 단 위에 불사르고 또 번제물의 피와 다른 제물의 피를 다 그 위에 뿌리고 오직 놋단은 나의 물을 일에 쓰게 하라' 하매
၁၅တဖန်ယဇ်ပုရောဟိတ်ဥရိယကို မှာထားသည် ကား၊ နံနက် မီးရှို့ရာယဇ်နှင့် ညဦးယံဘောဇဉ် ပူဇော် သက္ကာ၊ ရှင်ဘုရင်မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာတို့ကို ယဇ်ပလ္လင်ကြီးပေါ်မှာ မီးရှို့လော့။ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးအသွေးကို လည်း ထိုပလ္လင်ပေါ်မှာဖြန်းလော့။ ကြေးဝါယဇ်ပလ္လင် သည် ငါမေးမြန်းစရာဘို့ ရှိရမည်ဟု၊
16 제사장 우리야가 아하스 왕의 모든 명대로 행하였더라
၁၆အာခက်မင်းကြီးမှာထားသမျှအတိုင်း ယဇ် ပုရောဟိတ်ဥရိယ ပြု၏။
17 아하스 왕이 물두멍 받침의 옆판을 떼어내고 물두멍을 그 자리에서 옮기고 또 놋바다를 놋소 위에서 내려다가 돌판 위에 두며
၁၇အာခတ်မင်းကြီးသည် ကြေးဝါခုံတန်ဆာတို့ကို ပယ်၍ အင်တုံကို လည်းရွေ့၏။ ကြေးဝါရေကန်ကိုလည်း ကြေးဝါနွားတို့အပေါ်ကချ၍ ကျောက်ခင်းပေါ်မှာ တင်ထား၏။
18 또 안식일에 쓰기 위하여 성전에 건축한 낭실과 왕이 밖에서 들어가는 낭실을 앗수르 왕을 인하여 여호와의 전에 옮겨 세웠더라
၁၈ဗိမာန်တော်၌ ဥပုသ်စောင့်စရာဘို့ ဆောက် သောမဏ္ဍပ်ကို၎င်း၊ ရှင်ဘုရင်တက်ရာစောင်းတန်းကို၎င်း၊ အာရှုရိရှင်ဘုရင်ကြောင့် ပယ်၏။
19 아하스의 그 남은 사적은 유다 왕 역대지략에 기록되지 아니하였느냐
၁၉အာခတ်ပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ယုဒရာဇဝင်၌ရေးထားလျက်ရှိ၏။
20 아하스가 그 열조와 함께 자매 다윗성에 그 열조와 함께 장사되고 그 아들 히스기야가 대신하여 왕이 되니라
၂၀အာခတ်သည်ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သူတို့ နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော် ဟေဇကိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။