< 디모데전서 2 >
1 그러므로 내가 첫째로 권하노니 모든 사람을 위하여 간구와 기도와 도고와 감사를 하되
၁ငါတို့သည် ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ လျောက်ပတ်စွာ ကျင့်ခြင်းအမျိုးမျိုးကိုပြု၍၊
2 임금들과 높은 지위에 있는 모든 사람을 위하여 하라 이는 우리가 모든 경건과 단정한 중에 고요하고 평안한 생활을 하려 함이니라
၂ငြိမ်ဝပ်ဆိတ်ညံစွာနေရမည်အကြောင်း၊ ရှင်ဘုရင်မှစ၍ မင်းအာဏာရှိသော သူအပေါင်းတို့နှင့် လူ အမျိုးမျိုးတို့အဘို့ ဆုတောင်းပဌာနာပြုခြင်း၊ မေတ္တာပို့ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းကို ရှေ့ဦးစွာ ပြုစေခြင်းငှါ ငါတိုက်တွင်း သွေးဆောင်၏။
3 이것이 우리 구주 하나님 앞에 선하고 받을실 만한 것이니
၃အကြောင်းမူကား၊ ထိုသို့သော အမှုသည် ကောင်းသောအမှုဖြစ်၏။ ငါတို့ကိုကယ်တင်တော်မူသော အရှင်ဘုရားသခင်နှစ်သက် တော်မူသောအမှုလည်းဖြစ်၏။
4 하나님은 모든 사람이 구원을 받으며 진리를 아는데 이르기를 원하시느니라
၄လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှါ၊ ဘုရားသခင်အလိုတော် ရှိ၏။
5 하나님은 한 분이시요 또 하나님과 사람 사이에 중보도 한 분이시니 곧 사람이신 그리스도 예수라
၅ဘုရားသခင် တဆူတည်းရှိတော်မူ၏။ ဘုရားသခင်နှင့် လူတို့၏ စပ်ကြားမှာ၊ လူဖြစ်သော ယေရှုခရစ် တည်းဟူသော အာမခံတဦးတည်းရှိ၏။
6 그가 모든 사람을 위하여 자기를 속전으로 주셨으니 기약이 이르면 증거할 것이라
၆ထိုအာခံသည် လူအပေါင်းတို့ကို ရွေးအံ့သောငှါ ကိုယ်ကိုကိုယ် စွန့်တော်မူပြီ။ ကာလအချိန်တန်မှ သက်သေခံခြင်းရှိ၏။
7 이를 위하여 내가 전파하는 자와 사도로 세움을 입은 것은 참말이요 거짓말이 아니니 믿음과 진리 안에서 내가 이방인의 스승이 되었노라
၇ငါသည်ထိုသက်သေခံသောသူ အရာ၌၎င်း၊ တမန်တော်အရာ၌၎င်း၊ ယုံကြည်ခြင်းတရားနှင့် သမ္မာ တရားကို တပါးအမျိုးသားတို့အား ဟောပြောသောဆရာ အရာ၌၎င်း ခန့်ထားတော်မူသောသူ ဖြစ်သည်ဟု ငါဆိုသော်၊ မုသားစကားကိုမဆို၊ မှန်သောစကားကိုဆို၏။
8 그러므로 각처에서 남자들이 분노와 다툼이 없이 거룩한 손을 들어 기도하기를 원하노라
၈သို့ဖြစ်၍၊ အရပ်ရပ်တို့၌ ယောက်ျားတို့သည် အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်းမရှိဘဲ၊ သန့်ရှင်းသောလက် ကိုချီ၍ ဆုတောင်းစေခြင်းငှါ ငါအလိုရှိ၏။
9 또 이와 같이 여자들도 아담한 옷을 입으며 염치와 정절로 자기를 단장하고 땋은 머리와 금이나 진주나 값진 옷으로 하지 말고
၉ထိုနည်းတူ၊ မိန်းမတို့သည် ကျစ်သောဆံပင်၊ ရွှေတန်ဆာ၊ ကျောက်ပုလဲအဘိုးထိုက်သော အဝတ်နှင့် ကိုယ်ကို မဆင်ဘဲ၊ ရှက်ကြောက်ခြင်း၊ ဣန္ဒြေစောင့်ခြင်းအားဖြင့်၊ လျောက်ပတ်သော အဝတ်နှင့်၎င်း၊
10 오직 선행으로 하기를 원하라 이것이 하나님을 공경한다 하는 자들에게 마땅한 것이니라
၁၀ဘုရားသခင်အားရိုသေလေးမြတ်ခြင်းကို ဝန်ခံပြုစုသော မိန်းမဆင်သင့်သည်အတိုင်း ကောင်းသော အကျင့်နှင့်၎င်း၊ ကိုယ်ကို တန်ဆာဆင်စေခြင်းငှါ ငါအလိုရှိ၏။
၁၁မိန်းမသည်အုပ်စိုးခြင်းကို အစဉ်ဝန်ခံ၍ တိတ်ဆိတ်စွာသင်စေ။
12 여자의 가르치는 것과 남자를 주관하는 것을 허락지 아니하노니 오직 종용할지니라
၁၂မိန်းမသည်ဆုံးမဩဝါဒပေးခြင်း၊ ယောက်ျားကို အစိုးတရပြုစေခြင်း အခွင့်ကိုငါမပေး။ သူသည် တိတ် ဆိတ်စွာ နေအပ်၏။
13 이는 아담이 먼저 지음을 받고 이와가 그 후며
၁၃အကြောင်းမူကား၊ အာဒံကို ရှေ့ဦးစွာ ဖန်ဆင်းတော်မူ၍၊ နောက်မှ ဧဝကိုဖန်ဆင်းတော်မူ၏။
14 아담이 꾀임을 보지 아니하고 여자가 꾀임을 보아 죄에 빠졌음이니라
၁၄ထိုမှတပါး၊ အာဒံသည်လှည့်ဖြားခြင်းကိုမခံ၊ မိန်းမသည် လှည့်ဖြားခြင်းကိုခံ၍ လွန်ကျူး၏။
15 그러나 여자들이 만일 정절로써 믿음과 사랑과 거룩함에 거하면 그 해산함으로 구원을 얻으리라
၁၅သို့သော်လည်း၊ ဣန္ဒြေစောင့်ခြင်းနှင့်တကွ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သန့်ရှင်းခြင်း၌ တည်လျှင်၊ သားဘွားဖြင်းအမှု၌ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။