< 시편 127 >
1 (솔로몬의 시. 곧 성전에 올라가는 노래) 여호와께서 집을 세우지 아니하시면 세우는 자의 수고가 헛되며 여호와께서 성을 지키지 아니하시면 파숫군의 경성함이 허사로다
၁အကယ်၍ထာဝရဘုရားသည်အိမ်ကို ဆောက်တော်မမူလျှင်ဆောက်လုပ်သူတို့၏ လုပ်ဆောင်ချက်သည်အချည်းနှီးဖြစ်၏။ ထာဝရဘုရားသည်မြို့ကိုစောင့်တော်မမူ လျှင် ကင်းစောင့်တို့၏စောင့်ကြပ်မှုသည်အချည်းနှီးဖြစ်၏။
2 너희가 일찌기 일어나고 늦게 누우며 수고의 떡을 먹음이 헛되도다 그러므로 여호와께서 그 사랑하시는 자에게는 잠을 주시는도다
၂အသက်မွေးဝမ်းကျောင်းမှုအတွက် နံနက်စောစောထ၍ ညဥ့်နက်သည်တိုင်အောင်ပင်ပန်းစွာအလုပ် လုပ်ရခြင်းသည်အချည်းနှီးဖြစ်၏။ အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် မိမိချစ်တော်မူသောသူတို့အိပ်စက်နေစဉ် သူတို့လိုအပ်သောအရာများကို ပေးသနားတော်မူသောကြောင့်ဖြစ်၏။
3 자식은 여호와의 주신 기업이요 태의 열매는 그의 상급이로다
၃သားသမီးများသည်ထာဝရဘုရားပေး သော ဆုလာဘ်များဖြစ်ကြ၏။ သူတို့သည်ကောင်းချီးမင်္ဂလာအစစ်အမှန် ဖြစ်ကြ၏။
4 젊은 자의 자식은 장사의 수중의 화살 같으니
၄အသက်ပျိုရွယ်စဉ်အခါရသော သားသမီးများသည်စစ်သူရဲ၏လက်တွင်ရှိသော မြားများနှင့်တူကြ၏။
5 이것이 그 전통에 가득한 자는 복되도다 저희가 성문에서 그 원수와 말할 때에 수치를 당치 아니하리로다
၅ဤသို့သောမြားမြောက်မြားစွာရှိသူသည် မင်္ဂလာရှိ၏။ သူသည်ရန်သူများနှင့်တရားရုံးတွင် ရင်ဆိုင်သောအခါအရေးရှုံးနိမ့်လိမ့်မည် မဟုတ်။