< 민수기 27 >

1 요셉의 아들 므낫세 가족에 므낫세의 현손, 마길의 증손, 길르앗의 손자 헤벨의 아들 슬로브핫의 딸들이 나아왔으니 그 딸들의 이름은 말라와, 노아와, 호글라와, 밀가와, 디르사라
ဇ​လော​ဖဒ်​သည်​ဟေ​ဖေ​ရ​၏​သား၊ ဟေ​ဖေ​ရ သည်​ဂိ​လဒ်​၏​သား၊ ဂိ​လဒ်​သည်​မာ​ခိ​ရ​၏​သား၊ မာ​ခိ​ရ​သည်​မ​နာ​ရှေ​၏​သား၊ မ​နာ​ရှေ​သည် ယော​သပ်​၏​သား​ဖြစ်​သည်။ ဇ​လော​ဖဒ်​၏​သ​မီး များ​ဖြစ်​ကြ​သော​မာ​လာ၊ နော​အာ၊ ဟော​ဂ​လာ၊ မိ​လ​ကာ​နှင့်​တိ​ရ​ဇာ​တို့​သည်၊-
2 그들이 회막 문에서 모세와 제사장 엘르아살과 족장들과 온 회중앞에 서서 가로되
တဲ​တော်​တံ​ခါး​ဝ​သို့​လာ​ရောက်​၍​မော​ရှေ၊ ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ ခေါင်း​ဆောင်​များ နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့ ရှေ့​တွင်​ရပ်​လျက်၊-
3 `우리 아버지가 광야에서 죽었으나 여호와를 거스려 모인 고라의 무리에 들지 아니하고 자기 죄에 죽었고 아들이 없나이다
``ကျွန်​မ​တို့​၏​ဖ​ခင်​သည်​တော​ကန္တာ​ရ​၌ သေ ဆုံး​ခဲ့​ရာ​သား​ယောကျာ်း​ဟူ​၍​တစ်​ယောက်​မျှ မ​ကျန်​ရစ်​ပါ။ ဖ​ခင်​သည်​ထာ​ဝ​ရ​ဘု​ရား အား​ပုန်​ကန်​သော​ကော​ရ​၏​လူ​စု​တွင်​မ​ပါ ဝင်​ခဲ့​ပါ။ သူ​သည်​မိ​မိ​၏​အ​ပြစ်​ကြောင့်​သေ ဆုံး​ခဲ့​ရ​ပါ​သည်။-
4 어찌하여 아들이 없다고 우리 아버지의 이름이 그 가족 중에서 삭제되리이까? 우리 아버지의 형제 중에서 우리에게 기업을 주소서' 하매
သူ​၌​သား​ယောကျာ်း​မ​ထွန်း​ကား​သော​ကြောင့် သူ​၏​နာ​မည်​သည်​ဣ​သ​ရေ​လ​အ​မျိုး​မှ ပျောက်​ကွယ်​သွား​ရ​မည်​လော။ ကျွန်​မ​တို့​ဖ​ခင် ၏​ဆွေ​မျိုး​သား​ချင်း​တို့​အား​မြေ​ခွဲ​ဝေ​ပေး သ​ကဲ့​သို့ ကျွန်​မ​တို့​အား​ခွဲ​ဝေ​ပေး​ပါ'' ဟု​တောင်း​လျှောက်​ကြ​လေ​သည်။
5 모세가 그 사연을 여호와께 품하니라
ထို​အ​ခါ​မော​ရှေ​သည်​သူ​တို့​၏​တောင်း​ဆို ချက်​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တင်​လျှောက် ရာ၊-
6 여호와께서 모세에게 일러 가라사대
ထာ​ဝ​ရ​ဘုရား​က၊
7 슬로브핫 딸들의 말이 옳으니 너는 반드시 그들의 아비의 형제 중에서 그들에게 기업을 주어 얻게 하되 그 아비의 기업으로 그들에게 돌릴지니라
``ဇ​လော​ဖဒ်​၏​သ​မီး​များ​တောင်း​ဆို​ချက်​သည် သင့်​လျော်​သ​ဖြင့်​သူ​တို့​ဖ​ခင်​၏​ဆွေ​မျိုး​သား ချင်း​တို့​အား​မြေ​ခွဲ​ဝေ​ပေး​သ​ကဲ့​သို့ သူ​တို့ အား​ခွဲ​ဝေ​ပေး​လော့။ သူ​တို့​ဖ​ခင်​၏​အ​မွေ ကို​သူ​တို့​ဆက်​ခံ​ကြ​စေ။-
8 너는 이스라엘 자손에게 고하여 이르기를 사람이 죽고 아들이 없거든 그 기업을 그 딸에게 돌릴 것이요
တစ်​စုံ​တစ်​ယောက်​သည်​သား​ယောကျာ်း​မ​ကျန် ရစ်​ဘဲ သေ​ဆုံး​ခဲ့​သည်​ရှိ​သော်​သူ​၏​သ​မီး​သည် ထို​သူ​၏​အ​မွေ​ကို​ဆက်​ခံ​ရ​မည်​ဖြစ်​ကြောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကြား​ပြော လော့။-
9 딸도 없거든 그 기업을 그 형제에게 줄 것이요
အ​ကယ်​၍​ထို​သူ​၌​သ​မီး​လည်း​မ​ကျန်​ရစ် ခဲ့​လျှင် သူ​၏​ညီ​အစ်​ကို​တို့​သည်​သူ​၏​အ​မွေ ကို​ဆက်​ခံ​ရ​မည်။-
10 형제도 없거든 그 기업을 그 아비의 형제에게 줄 것이요
၁၀အ​ကယ်​၍​ထို​သူ​၌​ညီ​အစ်​ကို​များ​လည်း မ​ကျန်​ရစ်​လျှင်​သူ​၏​ဘ​ကြီး၊ ဘ​ထွေး​တို့ က​အ​မွေ​ကို​ဆက်​ခံ​ရ​မည်။-
11 그 아비의 형제도 없거든 그 기업을 가장 가까운 친족에게 주어 얻게 할지니라 하고 나 여호와가 너 모세에게 명한 대로 이스라엘 자손에게 판결의 율례가 되게 할지니라
၁၁ထို​သူ​၌​ညီ​အစ်​ကို​သို့​မ​ဟုတ်​ဘ​ကြီး​ဘ​ထွေး များ​မ​ကျန်​ရစ်​ခဲ့​လျှင် အ​နီး​စပ်​ဆုံး​ဆွေ​မျိုး အား​အ​မွေ​ကို​ဆက်​ခံ​သိမ်း​ပိုက်​စေ​ရ​မည်။ ငါ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား​မိန့်​မှာ​တော် မူ​သည့်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​ဤ​စီ​ရင်​ထုံး​ဖွဲ့​ချက်​ကို​လိုက်​နာ​ဆောင် ရွက်​ကြ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
12 여호와께서 모세에게 이르시되 너는 이 아바림 산에 올라가서 내가 이스라엘 자손에게 준 땅을 바라보라
၁၂တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား``အာ​ဗ ရိမ်​တောင်​ပေါ်​သို့​တက်​၍​ဣသ​ရေ​လ​အ​မျိုး​သား တို့​အား ငါ​ပေး​မည့်​ပြည်​ကို​မျှော်​ကြည့်​လော့။-
13 본 후에는 네 형 아론의 돌아간 것같이 너도 조상에게로 돌아가리니
၁၃အာ​ရုန်​အ​နိစ္စ​ရောက်​သ​ကဲ့​သို့​သင်​သည် ထို ပြည်​ကို​မျှော်​ကြည့်​ပြီး​သော​အ​ခါ​၌ အ​နိစ္စ​ရောက်​လိမ့်​မည်။-
14 이는 신 광야에서 회중이 분쟁할 제 너희가 내 명을 거역하고 그 물 가에서 나의 거룩함을 그들의 목전에 나타내지 아니하였음이니라 이 물은 신 광야 가데스의 므리바 물이니라
၁၄အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​နှစ်​ဦး​စ​လုံး သည် ဇိ​န​တော​ကန္တာ​ရ​၌​ငါ​၏​အ​မိန့်​ကို​ဖီ​ဆန် သော​ကြောင့်​ဖြစ်​၏။ မေ​ရိ​ဘ​အ​ရပ်​တွင်​ဣ​သ ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ငါ့​အား အ​ပြစ်​တင်​၍​ညည်း​တွား​ကြ​သော​အ​ခါ သင် တို့​သည်​သူ​တို့​ရှေ့​တွင်​ငါ​၏​တန်​ခိုး​တော်​ကို မ​ထီ​လေး​စား​ပြု​မူ​ခဲ့​ကြ​၏'' ဟု​မိန့်​တော် မူ​သည်။ (မေ​ရိ​ဘ​သည်​ဇိ​န​တော​ကန္တာ​ရ​ရှိ ကာ​ဒေ​ရှ​အ​ရပ်​၌​တည်​ရှိ​သော​စမ်း​ရေ ပေါက်​ကို​ဆို​လို​သည်။)
15 모세가 여호와께 여짜와 가로되
၁၅ထို​အ​ခါ​မော​ရှေ​က​ထာ​ဝ​ရ​ဘု​ရား​အား၊
16 `여호와 모든 육체의 생명의 하나님이시여! 원컨대 한 사람을 이 회중 위에 세워서
၁၆``အ​သက်​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရှင်၊ ကိုယ်​တော် ၏​လူ​မျိုး​တော်​သည်​သိုး​ထိန်း​မ​ရှိ​သော​သိုး များ​ကဲ့​သို့ အား​ကိုး​ရာ​မဲ့​မ​ဖြစ်​စေ​ခြင်း​ငှာ သူ​တို့​ကို​ခေါင်း​ဆောင်​၍၊-
17 그로 그들 앞에 출입하며 그들을 인도하여 출입하게 하사 여호와의 회중으로 목자없는 양과 같이 되지 않게 하옵소서!'
၁၇တိုက်​ပွဲ​များ​၌​ဦး​စီး​နိုင်​သူ​တစ်​ဦး​ကို​ခန့် ထား​တော်​မူ​ပါ'' ဟု​လျှောက်​ထား​လေ​၏။
18 여호와께서 모세에게 이르시되 눈의 아들 여호수아는 신에 감동된 자니 너는 데려다가 그에게 안수하고
၁၈ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား``နုန်​၏​သား ယော​ရှု​သည်​အ​စွမ်း​သတ္တိ​နှင့်​ပြည့်​စုံ​သူ​ဖြစ် သော​ကြောင့် သူ​၏​ဦး​ခေါင်း​ပေါ်​မှာ​သင့်​လက် ကို​တင်​လော့။-
19 그를 제사장 엘르아살과 온 회중 앞에 세우고 그들의 목전에서 그에게 위탁하여
၁၉ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​နှင့်​လူ​အ​ပေါင်း​တို့ ရှေ့​တွင် သူ့​ကို​ရပ်​စေ​၍​သင့်​ကို​ဆက်​ခံ​သူ အ​ဖြစ်​ကြေ​ညာ​လော့။-
20 네 존귀를 그에게 돌려 이스라엘 자손의 온 회중으로 그에게 복종하게 하라
၂၀ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်​သူ ၏​သြ​ဇာ​ကို​နာ​ခံ​ကြ​စေ​ခြင်း​ငှာ သင်​၏ အာ​ဏာ​အ​ချို့​ကို​သူ့​အား​လွှဲ​အပ်​ပေး​လော့။-
21 그는 제사장 엘르아살 앞에 설 것이요 엘르아살은 그를 위하여 우림의 판결법으로 여호와 앞에 물을 것이며 그와 온 이스라엘 자손 곧 온 회중은 엘르아살의 말을 좇아 나가며 들어올 것이니라
၂၁ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​သည်​ဥ​ရိမ်​နှင့် သု​မိန်​ကို​အ​သုံး​ပြု​၍ ငါ​၏​အ​လို​တော်​ကို သိ​နိုင်​မည်။ သို့​ဖြစ်​၍​ယော​ရှု​သည်​ဧ​လာ​ဇာ ကို​အား​ကိုး​မည်။ ဤ​နည်း​အား​ဖြင့်​ဧ​လာ​ဇာ သည်​ယော​ရှု​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ ပေါင်း​တို့​ကို အ​ရေး​ကိစ္စ​ရှိ​သ​မျှ​တို့​၌​သွန် သင်​လမ်း​ပြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-
22 모세가 여호와께서 자기에게 명하신 대로 하여 여호수아를 데려다가 제사장 엘르아살과 온 회중 앞에 세우고
၂၂မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သ​မျှ​အ​တိုင်း​ဆောင်​ရွက်​လေ​၏။-
၂၃ထို​နောက်​မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည်​အ​တိုင်း ယော​ရှု​၏​ဦး​ခေါင်း​ပေါ် တွင်​လက်​ကို​တင်​၍​မိ​မိ​အား​ဆက်​ခံ​သူ အ​ဖြစ်​ကြေ​ညာ​လေ​၏။

< 민수기 27 >