< 에스겔 31 >
1 제 십 일년 삼월 초 일일에 여호와의 말씀이 내게 임하여 가라사대
၁ငါတို့ပြည်နှင်ဒဏ်ခံသော တစ်ဆယ့်တစ်နှစ် မြောက်၊ တတိယလ၊ လဆန်းတစ်ရက်နေ့၌ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
2 인자야 너는 애굽 왕 바로와 그 무리에게 이르기를 네 큰 위엄을 뉘게 비하랴
၂ကိုယ်တော်က``အချင်းလူသား၊ အီဂျစ်ဘုရင် နှင့်သူ၏ပြည်သူတို့အားဆင့်ဆိုရမည်မှာ သင်တို့သည်လွန်စွာတန်ခိုးကြီးကြပါ ပေသည်။ သင်တို့အားအဘယ်သို့နှိုင်းယှဉ်၍ပြရ မည်နည်း။
3 볼지어다 앗수르 사람은 가지가 아름답고 그늘은 삼림의 그늘 같으며 키가 높고 꼭대기가 구름에 닿은 레바논 백향목이었느니라
၃အာရှုရိလူမျိုးတို့ကိုကြည့်လော့။ သူတို့ သည် လေဗနုန်တောမှအာရစ်ပင်နှင့်တူကြ၏။ ထိုအပင်သည်မိုးတိမ်ထိအောင်မြင့်မား၍ ဝေဆာသောအကိုင်းအခက်များဖြင့် လှပတင့်တယ်၏။
4 물들이 그것을 기르며 깊은 물이 그것을 자라게 하며 강들이 그 심긴 곳을 둘러 흐르며 보의 물이 들의 모든 나무에까지 미치매
၄ရေကိုကောင်းစွာရရှိသဖြင့်အပင်ကြီး ထွားလာနိုင်၏။ မြေအောက်စမ်းများမှလည်းရေကိုရရှိ၏။ ထိုမြစ်တို့သည်အာရစ်ပင်ပေါက်ရာအရပ်သို့ စီးပြီးလျှင် သစ်တောထဲရှိအခြားသောအပင်များသို့ ချောင်းများဖြင့်ရေကိုပို့ဆောင်ပေး၏။
5 그 나무가 물이 많으므로 키가 들의 모든 나무보다 높으며 굵은 가지가 번성하며 가는 가지가 길게 빼어났고
၅အာရစ်ပင်သည်ရေအလုံအလောက်ရရှိ သဖြင့် အခြားသစ်ပင်များထက်ပိုမိုမြင့်မား၏။ အကိုင်းအခက်များသည်လည်းရှည်လျား၏။
6 공중의 모든 새가 그 큰 가지에 깃들이며 들의 모든 짐승이 그 가는 가지 밑에 새끼를 낳으며 모든 큰 나라가 그 그늘 아래 거하였었느니라
၆ထိုအကိုင်းအခက်များတွင်ငှက်အမျိုးမျိုး တို့ အသိုက်လုပ်ကြ၏။ တောတိရစ္ဆာန်များကသစ်ပင်အောက်တွင် သားဖွားကြ၏။ ကမ္ဘာပေါ်ရှိလူမျိုးတကာတို့သည်လည်း ထိုအပင်၏အရိပ်တွင်နားနေကြ၏။
7 그 뿌리가 큰 물가에 있으므로 그 나무가 크고 가지가 길어 모양이 아름다우매
၇ထိုအာရစ်ပင်သည်လွန်စွာလှပတင့်တယ်၏။ ရှည်လျားသောအကိုင်းအခက်များရှိ၍ အလွန်မြင့်မား၏။ ယင်း၏အမြစ်တို့သည်လည်းမြေအောက် စမ်းချောင်းများတိုင်အောင်ထိုးဆင်းသွားကြ၏။
8 하나님의 동산의 백향목이 능히 그를 가리우지 못하며 잣나무가 그 굵은 가지만 못하며 단풍나무가 그 가는 가지만 못하며 하나님의 동산의 아무 나무도 그 아름다운 모양과 같지 못하였도다
၈ဘုရားသခင်၏ဥယျာဉ်တော်မှအာရစ်ပင်တို့ ပင်လျှင် ထိုအပင်ကိုမယှဉ်ပြိုင်နိုင်။ အဘယ်ထင်းရှူးပင်၌မျှဤသို့သော အကိုင်းအခက်များမရှိ။ အဘယ်သဖန်းပိုးစာပင်၌မျှဤသို့သော အခက်အလက်ကြီးများမရှိ။ ဥယျာဉ်တော်၌ပင်ဤသို့လှပတင့်တယ်သော သစ်ပင်မရှိ။
9 내가 그 가지로 많게 하여 모양이 아름답게 하였더니 하나님의 동산 에덴에 있는 모든 나무가지가 다 투기하였느니라
၉ငါသည်ထိုအပင်ကိုဝေဆာသော အကိုင်းအခက်များဖြင့် လှပတင့်တယ်အောင်ပြုလုပ်ထားသဖြင့် ဧဒင်အရပ်၊ဘုရားသခင်၏ဥယျာဉ်တော် မှ သစ်ပင်တကာတို့ကပင်မနာလိုဖြစ် ကြ၏။''
10 그러므로 나 주 여호와가 말하노라 그의 키가 높고 꼭대기가 구름에 닿아서 높이 빼어났으므로 마음이 교만하였은즉
၁၀``သို့ဖြစ်၍ထိုအပင်အဘယ်သို့ဖြစ်မည် ကိုသင့်အား ငါအရှင်ထာဝရဘုရားဖော်ပြ အံ့။ အာရစ်ပင်သည်သစ်ကိုင်းသစ်ခက်များ အထက် မိုးတိမ်တိုင်အောင်မြင့်မားလာ၏။ ယင်းသည်ဤသို့မြင့်မားလာလေလေပို၍ မာန်မာနထောင်လွှားလေလေဖြစ်၏။-
11 내가 열국의 능한 자의 손에 붙일지라 그가 임의로 대접할 것은 내가 그의 악을 인하여 쫓아 내었음이라
၁၁ထို့ကြောင့်ငါသည်ထိုအပင်ကိုပစ်ပယ်ကာ လူမျိုးခြားဘုရင်တစ်ပါး၏လက်သို့ပေး အပ်မည်။ သူသည်ထိုအပင်အားယင်း၏ဆိုး ယုတ်မှုနှင့်ထိုက်လျောက်ရာအပြစ်ကိုပေး လိမ့်မည်။-
12 열국의 강포한 다른 민족이 그를 찍어버렸으므로 그 가는 가지가 산과 모든 골짜기에 떨어졌고 그 굵은 가지가 그 땅 모든 물가에 꺽어졌으며 세상 모든 백성이 그를 버리고 그 그늘 아래서 떠나매
၁၂ရက်စက်ကြမ်းကြုတ်သောလူမျိုးခြားတို့ သည် ထိုအပင်ကိုခုတ်လှဲ၍ပစ်ထားခဲ့ကြ လိမ့်မည်။ ယင်း၏အကိုင်းအခက်များနှင့် ကျိုးပဲ့ကုန်သောအခက်အလက်ကြီးများ သည်တစ်ပြည်လုံးရှိတောင်များ၊ ချောင်းများ၊ ချိုင့်ဝှမ်းများအပေါ်သို့လဲကျကြလိမ့် မည်။ ထိုအပင်၏အရိပ်တွင်ခိုလှုံနေ ကြသောလူမျိုးအပေါင်းတို့သည်လည်း ထွက်ခွာသွားကြလိမ့်မည်။-
13 공중의 모든 새가 그 넘어진 나무에 거하며 들의 모든 짐승이 그 가지에 있으리니
၁၃ငှက်တို့သည်လာ၍လဲနေသောအပင်တွင် နားကြလိမ့်မည်။ တောရဲတိရစ္ဆာန်တို့သည် ယင်း၏အကိုင်းအခက်များကိုကျော်နင်း ကြလိမ့်မည်။-
14 이는 물 가에 있는 모든 나무로 키가 높다고 교만치 못하게 하며 그 꼭대기로 구름에 닿지 못하게 하며 또 물 대임을 받는 능한 자로 스스로 높아 서지 못하게 함이니 그들을 다 죽는데 붙여서 인생 중 구덩이로 내려가는 자와 함께 지하로 내려가게 하였음이니라
၁၄သို့ဖြစ်၍မည်မျှပင်ရေရရှိစေကာမူယခု မှအစပြု၍ အဘယ်အပင်မျှထိုအာရစ် ပင်ကဲ့သို့သစ်ကိုင်းသစ်ခက်များအထက်တွင် မြင့်မားရတော့မည်မဟုတ်။ ယင်းတို့၏ထိပ်ဖျား များသည်မိုးတိမ်သို့ရောက်သည့်တိုင်အောင်မြင့် တက်ရကြတော့မည်မဟုတ်။ ထိုသစ်ပင်အား လုံးပင်လူသားများနှင့်အတူ မြေကြီးပေါ် တွင်သေကြေပျက်စီးကာမရဏာနိုင်ငံသို့ ဆင်းသက်ရကြပေတော့အံ့'' ဟုမိန့်တော် မူ၏။
15 나 주 여호와가 말하노라 그가 음부에 내려가던 날에 내가 그를 위하여 애곡하게 하며 깊은 바다를 덮으며 모든 강을 쉬게 하며 큰 물을 그치게 하고 레바논으로 그를 위하여 애곡하게 하며 들의 모든 나무로 그로 인하여 쇠잔하게 하였느니라 (Sheol )
၁၅အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား``မရ ဏာနိုင်ငံသို့အာရစ်ပင်သက်ဆင်းသောနေ့၌ ငါသည်မြေအောက်ရှိမြစ်များကိုငိုကြွေး မြည်တမ်းသည့်လက္ခဏာဖြင့်ဖုံးလွှမ်းစေမည်။ ငါသည်မြစ်များကိုရပ်တန့်စေ၍ချောင်း များကိုရေမစီးစေဘဲထားမည်။ ထိုအာရစ် ပင်သေပြီဖြစ်သောကြောင့် ငါသည်လေဗနုန် တောင်တွင်မှောင်မိုက်ကျစေ၍ တောအတွင်း ရှိသစ်ပင်အပေါင်းကိုညှိုးနွမ်းခြောက်သွေ့ သွားစေမည်။- (Sheol )
16 내가 그로 구덩이에 내려가는 자와 함께 음부에 떨어뜨리던 때에 열국으로 그 떨어지는 소리를 인하여 진동하게 하였고 물 대임을받은 에덴의 모든 나무 곧 레바논의 뛰어나고 아름다운 나무들로 지하에서 위로를 받게 하였느니라 (Sheol )
၁၆ထိုအာရစ်ပင်ကိုမရဏာနိုင်ငံသို့ငါဆင်း သက်စေသောအခါ ယင်းပြိုလဲသည့်အသံ ကြောင့်လူမျိုးတကာတို့သည်တုန်လှုပ်သွား ကြလိမ့်မည်။ ထိုအခါမြေအောက်ကမ္ဘာသို့ ရောက်ရှိနေကြသောဧဒင်ဥယျာဉ်မှ သစ်ပင် ရှိသမျှနှင့်လေဗနုန်တောမှရေအဝသောက် ရသောအကောင်းဆုံးလက်ရွေးစင်သစ်ပင် များသည်နှစ်ထောင်းအားရကြလိမ့်မည်။- (Sheol )
17 그러나 그들도 그와 함께 음부에 내려 칼에 살륙을 당한 자에게 이르렀나니 그들은 옛적에 그의 팔이 된 자요 열국 중에서 그 그늘 아래 거하던 자니라 (Sheol )
၁၇ယင်းတို့သည်ယခင်ကပြိုလဲသွားကြသည့် အပင်များနှင့်ပေါင်းဆုံမိကြရန် အာရစ်ပင် နှင့်အတူမရဏာနိုင်ငံသို့သက်ဆင်းကြ လိမ့်မည်။ ထိုအာရစ်ပင်၏အရိပ်တွင်ခိုလှုံ ခဲ့ကြသူအပေါင်းတို့နှင့် လူမျိုးတကာ မိတ်ဆွေတို့သည်လည်းအတူသက်ဆင်း ကြလိမ့်မည်'' ဟူ၍တည်း။ (Sheol )
18 너의 영화와 광대함이 에덴 모든 나무 중에 어떤 것과 같은고 그러나 네가 에덴 나무와 함께 지하에 내려갈 것이요 거기서 할례 받지 못하고 칼에 살륙 당한 자 중에 누우리라 이들은 바로와 그 모든 군대니라 나 주 여호와의 말이니라 하라
၁၈အရှင်ထာဝရဘုရားက``အာရစ်ပင်ကား အီဂျစ်ဘုရင်နှင့်သူ၏ပြည်သူတို့ဖြစ်၏။ ဧဒင်ဥယျာဉ်ထဲမှသစ်ပင်များပင်လျှင် ထို အပင်လောက်မမြင့်မားမခန့်ညားကြ။ သို့ ရာတွင်ထိုအပင်သည်ဧဒင်ဥယျာဉ်မှ သစ်ပင်များကဲ့သို့ပင် မရဏာနိုင်ငံသို့ ဆင်းသက်ကာအရေဖျားလှီးမင်္ဂလာ မခံရသူများ၊ စစ်ပွဲတွင်ကျဆုံးသူ များနှင့်ပေါင်းဆုံရပေတော့အံ့။ ဤကား ငါမိန့်တော်မူသောစကားဖြစ်၏'' ဟု မိန့်တော်မူ၏။