< 역대하 7 >
1 솔로몬이 기도를 마치매 불이 하늘에서부터 내려와서 그 번제물과 제물들을 사르고 여호와의 영광이 그 전에 가득하니
၁ထိုသို့ရှောလမုန်မင်းပတ္ထနာပြုပြီးသောအခါ မိုးကောင်းကင်မှမီးလျှံကျ၍ ပူဇော်သကာ တို့ကိုကျွမ်းလောင်သွားစေ၏။ ထိုနောက်ဗိမာန် တော်သည်ထာဝရဘုရား၏တောက်ပသော ဘုန်းအသရေတော်ဖြင့်ပြည့်လေ၏။-
2 여호와의 영광이 여호와의 전에 가득하므로 제사장이 그 전에 능히 들어가지 못하였고
၂သို့ဖြစ်၍ယဇ်ပုရောဟိတ်တို့သည်ထာဝရ ဘုရား၏ဗိမာန်တော်ထဲသို့မဝင်နိုင်ကြ။-
3 이스라엘 모든 자손은 불이 내리는 것과 여호와의 영광이 전에 있는 것을 보고 박석 깐 땅에 엎드려 경배하며 여호와께 감사하여 가로되 선하시도다 그 인자하심이 영원하도다 하니라
၃ဣသရေလအမျိုးသားတို့သည်မိုးကောင်းကင် မှမီးလျှံကျလာ၍ ဗိမာန်တော်သည်တောက်ပ သောဘုန်းအသရေတော်ဖြင့်ပြည့်လာသည် ကိုမြင်သောအခါကြမ်းပြင်ပေါ်တွင်ပျပ်ဝပ် ရှိခိုးလျက်``ကိုယ်တော်သည်ကောင်းမြတ်တော် မူ၍မေတ္တာတော်သည်ထာဝစဉ်တည်၏'' ဟု ထာဝရဘုရားအားထောမနာပြုကြ၏။-
4 이에 왕과 모든 백성이 여호와 앞에 제사를 드리니
၄ထိုနောက်ရှောလမုန်မင်းနှင့်ပြည်သူအပေါင်း တို့သည်ထာဝရဘုရားအားယဇ်များကို ပူဇော်ကြ၏။-
5 솔로몬 왕의 드린 제물이 소가 이만 이천이요 양이 십 이만이라 이와 같이 왕과 모든 백성이 하나님의 전의 낙성식을 행하니라
၅မင်းကြီးသည်နွားကောင်ရေနှစ်သောင်းနှစ်ထောင် နှင့် သိုးကောင်ရေတစ်သိန်းနှစ်သောင်းကိုမိတ် သဟာယယဇ်အဖြစ်ပူဇော်တော်မူ၏။ ဤ နည်းအားဖြင့်ဘုရင်နှင့်ပြည်သူအပေါင်း တို့သည် ထာဝရဘုရားအားဝတ်ပြုကိုး ကွယ်ရာဗိမာန်တော်ကိုအနုမောဒနာ ပြုကြလေသည်။-
6 때에 제사장들은 직분대로 모셔서고 레위 사람도 여호와의 악기를 가지고 섰으니 이 악기는 전에 다윗 왕이 레위 사람으로 여호와를 찬송하려고 만들어서 여호와의 인자하심이 영원함을 감사케하던 것이라 제사장은 무리 앞에서 나팔을 불고 온 이스라엘은 섰더라
၆ယဇ်ပုရောဟိတ်များသည်မိမိတို့အတွက် သတ်မှတ်ထားသည့်နေရာတွင်ရပ်လျက်နေ ကြ၏။ လေဝိအနွယ်ဝင်တို့သည်ယဇ်ပုရော ဟိတ်တို့နှင့်မျက်နှာချင်းဆိုင်ရပ်လျက် ဒါဝိဒ် မင်းပြုလုပ်ခဲ့သောတူရိယာများဖြင့် ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်း၍ ဒါဝိဒ်မင်းစီမံခဲ့သည့်အတိုင်း``ကိုယ်တော် ၏မေတ္တာတော်သည်ထာဝစဉ်တည်၏'' ဟူ သောဋ္ဌမ္မသီချင်းကိုသီဆိုကြလေသည်။ လူအပေါင်းတို့ရပ်လျက်နေစဉ်ယဇ်ပုရော ဟိတ်တို့သည်တံပိုးခရာများကိုမှုတ်ကြ၏။
7 솔로몬이 또 여호와의 전 앞뜰 가운데를 거룩히 구별하고 거기서 번제물과 화목제의 기름을 드렸으니 이는 솔로몬의 지은 놋단이 능히 그 번제물과 소제물과 기름을 용납할 수 없음이더라
၇ရှောလမုန်သည်ဗိမာန်တော်ရှေ့၌ရှိသောအလယ် တံတိုင်းကိုဆက်ကပ်ပြီးနောက် ထိုနေရာ၌တစ် ကောင်လုံးမီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ မိတ်သဟာယယဇ်မှဆီဥတို့ကိုပူဇော်တော် မူ၏။ ဤသို့ပြုတော်မူရခြင်းမှာမင်းကြီး တည်ဆောက်ထားသည့်ကြေးဝါယဇ်ပလ္လင်သည် ထိုပူဇော်သကာအားလုံးတို့အတွက်အလွန် သေးငယ်သောကြောင့်ဖြစ်လေသည်။
8 그때에 솔로몬이 칠일동안 절기를 지켰는데 하맛 어귀에서부터 애굽 하수까지의 온 이스라엘의 심히 큰 회중이 모여 저와 함께 하였더니
၈ရှောလမုန်မင်းနှင့်မြောက်ဘက်ဟာမတ်တောင် ကြားမှတောင်ဘက်အီဂျစ်ပြည်နယ်စပ်တိုင် အောင် အရပ်ရပ်မှလာရောက်ကြသောဣသရေလ ပြည်သူအပေါင်းတို့သည် သစ်ခက်တဲနေပွဲ တော်ကိုခုနစ်ရက်တိုင်တိုင်ကျင်းပပြီးနောက်၊-
9 제 팔일에 무리가 한 성회를 여니라 단의 낙성식을 칠일 동안 행한 후 이 절기를 칠일 동안 지키니라
၉အဋ္ဌမနေ့၌ဋ္ဌမ္မအစည်းအဝေးကိုကျင်းပ ကြ၏။ ယဇ်ပလ္လင်ကိုအနုမောဒနာပြုသည် မှာခုနစ်ရက်၊ ပွဲတော်ကျင်းပသည်မှာလည်း ခုနစ်ရက်ဖြစ်၏။-
10 칠월 이십 삼일에 왕이 백성을 그 장막으로 돌려보내매 백성이 여호와께서 다윗과 솔로몬과 그 백성 이스라엘에게 베푸신 은혜를 인하여 기뻐하며 마음에 즐거워하였더라
၁၀သတ္တမလနှစ်ဆယ့်သုံးရက်နေ့၌ရှောလမုန် သည်ပြည်သူတို့အား မိမိတို့နေရပ်သို့ပြန် စေတော်မူ၏။ ထာဝရဘုရားသည်မိမိ၏ လူမျိုးတော်ဣသရေလအမျိုးသားတို့နှင့် ဒါဝိဒ်မင်းနှင့်ရှောလမုန်မင်းအားပြုတော် မူသောကျေးဇူးတော်ကြောင့်လူတို့သည် အားရဝမ်းမြောက်စွာပြန်ကြကုန်၏။
11 솔로몬이 여호와의 전과 왕궁을 필역하고 무릇 그 심중에 여호와의 전과 자기의 궁궐에 어떻게 만들고자 한 것을 다 형통하게 이루니라
၁၁ရှောလမုန်သည်ဗိမာန်တော်နှင့် နန်းတော်တည် ဆောက်မှုကိုမိမိ၏စီမံချက်နှင့်အညီထ မြောက်၍အပြီးသတ်သောအခါ၊-
12 밤에 여호와께서 솔로몬에게 나타나사 이르시되 내가 이미 네 기도를 듣고 이 곳을 택하여 내게 제사하는 전을 삼았으니
၁၂ထာဝရဘုရားသည်ညဥ့်အခါရှောလမုန်ထံ သို့ကြွလာတော်မူ၍``သင်၏ဆုတောင်းပတ္ထနာ ကိုငါကြားပြီ။ သို့ဖြစ်၍ဤဗိမာန်တော်ကို ငါ့အားယဇ်ပူဇော်ရာဌာနအဖြစ်ဖြင့်ငါ လက်ခံ၏။-
13 혹 내가 하늘을 닫고 비를 내리지 아니하거나 혹 메뚜기로 토산을 먹게 하거나 혹 염병으로 내 백성 가운데 유행하게 할 때에
၁၃ငါသည်မိုးကိုခေါင်စေသည့်အခါ၌ဖြစ်စေ၊ ကောက်ပဲသီးနှံများကိုကိုက်ဖျက်ရန်ကျိုင်း ကောင်များကိုစေလွှတ်သည့်အခါ၌ဖြစ်စေ၊ ငါပိုင်ဆိုင်သူများဟုခေါ်ဆိုသမုတ်အပ် သည့်ငါ၏လူမျိုးတော်အားကာလနာ သင့်စေသောအခါ၌ဖြစ်စေ၊-
14 내 이름으로 일컫는 내 백성이 그 악한 길에서 떠나 스스로 겸비하고 기도하여 내 얼굴을 구하면 내가 하늘에서 듣고 그 죄를 사하고 그 땅을 고칠지라
၁၄သူတို့သည်ငါ့ထံသို့ ဆုတောင်းပတ္ထနာပြု ကာနောင်တရ၍မိမိတို့၏ဒုစရိုက်လမ်း ကိုရှောင်ကြဉ်ကြလျှင် ငါသည်ကောင်းကင်ဘုံ မှသူတို့၏ဆုတောင်းပတ္ထနာကိုနားညောင်း မည်။ သူတို့၏အပြစ်များကိုဖြေလွှတ်၍ သူတို့၏ပြည်ကိုတစ်ဖန်ပြန်လည်ဝပြော သာယာလာစေမည်။-
15 이 곳에서 하는 기도에 내가 눈을 들고 귀를 기울이리니
၁၅ငါသည်ဤဗိမာန်တော်ကိုကြည့်ရှုစောင့်ရှောက် မည်။ ဤဗိမာန်တော်တွင်ပြုသမျှသောဆု တောင်းပတ္ထနာများကိုနားညောင်းမည်။-
16 이는 내가 이미 이 전을 택하고 거룩하게 하여 내 이름으로 여기 영영히 있게 하였음이라 내 눈과 내 마음이 항상 여기 있으리라
၁၆ငါသည်ဤဗိမာန်တော်ကိုရွေးချယ်၍ငါ့အား ထာဝစဉ်ဝတ်ပြုကိုးကွယ်ရာဌာနအဖြစ် ဖြင့်သီးသန့်စေပြီ။ ငါသည်ဤဌာနတော် ကိုစောင့်ကြပ်ကြည့်ရှုမည်။ ကာလအစဉ် အဆက်ကာကွယ်စောင့်ရှောက်မည်။-
17 네가 만일 내 앞에서 행하기를 네 아비 다윗 같이 하여 내가 네게 명한 모든 것을 행하여 내 율례와 규례를 지키면
၁၇သင်သည်သင်၏ခမည်းတော်ဒါဝိဒ်ကဲ့သို့ငါ ၏တရားတော်ကိုစောင့်ထိန်း၍ငါပညတ်သမျှ အတိုင်းပြုကျင့်ကာငါ့အားကိုးကွယ်လျှင်၊-
၁၈သင်၏ခမည်းတော်ဒါဝိဒ်အား`ဣသရေလပြည် တွင်အဘယ်အခါ၌မျှသင်၏အမျိုးမင်းရိုး ပြတ်ရလိမ့်မည်မဟုတ်' ဟု ငါပေးခဲ့သည့် ကတိကိုတည်စေမည်။-
19 그러나 너희가 만일 돌이켜 내가 너희 앞에 둔 내 율례와 명령을 버리고 가서 다른 신을 섬겨 숭배하면
၁၉သို့ရာတွင်အကယ်၍သင်နှင့်သင်၏ပြည်သူ တို့သည်ငါ၏ပညတ်တော်များနှင့်အမိန့် တော်တို့ကိုချိုးဖောက်၍အခြားဘုရား များကိုကိုးကွယ်ကြလျှင်မူကား၊-
20 내가 저희에게 준 땅에서 그 뿌리를 뽑아내고 내 이름을 위하여 거룩하게 한 이 전을 내 앞에서 버려 모든 민족 중에 속담거리와 이야기거리가 되게 하리니
၂၀ငါပေးသနားသည့်ပြည်မှသင်တို့ကိုဖယ်ရှား မည်။ ငါ့အားဝတ်ပြုကိုးကွယ်ရာဌာနအဖြစ် ဖြင့် ငါသီးသန့်ထားသည့်ဤဗိမာန်တော်ကို လည်းစွန့်ခွာမည်ဖြစ်၍ အရပ်တကာရှိလူ တို့တွင်အထင်အမြင်သေးခြင်းနှင့်ပြောင် လှောင်ခြင်းဖြစ်စေမည်။
21 이 전이 비록 높을지라도 무릇 그리로 지나가는 자가 놀라 가로되 여호와께서 무슨 까닭으로 이땅과 이 전에 이같이 행하셨는고하면
၂၁``ယခုအခါဗိမာန်တော်သည်များစွာဂုဏ် အသရေရှိသော်လည်း ထိုအခါ၌မူအနီး မှဖြတ်သန်းသွားလာသူအပေါင်းတို့သည် အံ့အားသင့်လျက်`ထာဝရဘုရားသည် အဘယ်ကြောင့်ဤပြည်နှင့်ဤဗိမာန်တော်ကို ဤသို့စီရင်တော်မူပါသနည်း' ဟုမေးမြန်း ကြလိမ့်မည်။-
22 대답하기를 저희가 자기 열조를 애굽 땅에서 인도하여 내신 자기 하나님 여호와를 버리고 다른 신에게 부종하여 그를 숭배하여 섬기므로 여호와께서 이 모든 재앙을 저희에게 내리셨다 하리라 하셨더라
၂၂လူတို့က`ဣသရေလအမျိုးသားတို့သည်မိမိတို့ ဘိုးဘေးများအား အီဂျစ်ပြည်မှထုတ်ဆောင် လာတော်မူသောဘုရားသခင်ထာဝရဘုရား ကိုစွန့်ပစ်ကြသောကြောင့်ဖြစ်၏။ သူတို့သည် အခြားဘုရားများထံတွင်ကျေးဇူးသစ္စာ ခံလျက်ထိုဘုရားတို့ကိုကိုးကွယ်ကြလေ ပြီ။ ထိုကြောင့်ထာဝရဘုရားသည်သူတို့အား ဤဘေးဒဏ်ကိုသင့်စေတော်မူပြီ' ဟုဖြေ ဆိုကြလိမ့်မည်။''