< Waebrania 4 >

1 Henu twilondeka kujha makini ili kwamba kati jha muenga asijhi hata mmonga j'haibetakubhonekana kusindwa kufikila ahadi endelevu jha kujhingila mu lip'om'os'eku lya K'yara.
ထို့ကြောင့် ၊ ဘုရားသခင်၏ ချမ်းသာ ထဲသို့ ဝင် ရသောအခွင့်ကို ပေးသော ဂတိ တော်သည် ငါတို့၌ရှိ ရစ် လျက်နှင့်၊ သင် တို့တွင် အချို့ တို့သည် မ မှီဘဲနေမည်ကို စိုးရိမ် ကြကုန်အံ့
2 Kwani tuj'hele ni habari jhinofu kuhusu p'omos'eku lya K'yara lyalyatangasibhu kwa tete kama Bhaisraeli kyabhaj'he nakhu, lakini ujumbe obhu ghwabhatangatili lepi bhala ambabho bhaup'eliki bila kuunganisya imani kwa e'lu.
ငါတို့သည် ဝမ်းမြောက်စရာသိတင်း ကို ထိုသူ တို့ကဲ့သို့ ကြားရကြပြီ။ သို့ရာတွင် သူ တို့ကြား ရသော တရား စကားသည်၊ ကြား ရသောသူ တို့အထဲ၌ ယုံကြည် ခြင်းနှင့် မ ရောနှော သောကြောင့် အကျိုး ကိုမ ပေး
3 Kwa tete, ambabho tukyeriri-tete ndo miongoni bha bhabhibetakujhingila mu lela lip'omoseku, kama kyajhijobha, “Kama kyanilapili kwa ligoga lya nene, Bhibetalepi kujhingila mu lip'omos'eku lya nene.” Ajobhili e'le, ingabhwa mbombo syoha syaasitengenisi syajhele simalili kukamilika kuhomela kubhwandelu bhwa ulimwengu.
ငါတို့မူကား ၊ ယုံကြည် သောသူ ဖြစ်၍ဘုရားသခင်၏ ချမ်းသာ ထဲသို့ ဝင် ကြရ၏။ ထိုသို့နှင့်အညီဗျာဒိတ် တော်ကား၊ သူတို့သည် ငါ ၏ချမ်းသာ ထဲသို့ မဝင်ရ ကြဟု အမျက်ထွက် ၍ ငါ ကျိန်ဆို သည်ဟု လာ၏။ ချမ်းသာဟုဆိုသော်၊ ကမ္ဘာ ဦး ကပင် အမှုအရာ တို့ကို ပြီးစီး ၍ ငြိမ်ဝပ်တော်မူရာ ချမ်းသာဟု ဆိုလိုသတည်း
4 Kwani amalili kujobha sehemu fulani kuhusu ligono lya saba, “K'yara ap'omos'iki ligono lya saba mu ghoha ghaabhombili.”
ခုနစ် ရက်မြောက်သောနေ့ကို အကြောင်း ပြု၍ ကျမ်းစာတ ချက်၌ လာသည်ကား၊ ဘုရားသခင် သည် မိမိ အမှုအရာ အလုံးစုံ တို့ကို ပြီးစီး၍ ခုနစ် ရက်မြောက်သောနေ့ ၌ ငြိမ်ဝပ် စွာနေတော်မူ၏ဟု လာ သတည်း
5 Kabhele amali kujobha, “Bhibetalepi kujhingila mu lip'omos'eku kya nene.”
ထို ကျမ်းစာ၌ တဖန် လာသည်ကား၊ သူတို့သည် ငါ ၏ ချမ်းသာ ထဲသို့ မ ဝင်ရ ကြဟုလာသတည်း
6 Kwandabha ejhu, kuhomela lip'o'mos'eku lya K'yara lyakona ni akiba kwandabha jha baadhi kujhingila kwandabha jha kutokutii,
ထိုကြောင့် ၊ အချို့ တို့သည် ဝင် ရကြ၏။ ဝမ်းမြောက် စရာ သိတင်းကို ရှေ့ဦးစွာ ကြားရသော သူ တို့ သည် မယုံကြည် သောကြောင့် မ ဝင် ရကြပြီ
7 K'yara abhekili kabhele ligono fulani jhajhikutibhwa, “Lelu.” Muene ajhongisi ligono e'le pa alongili kup'etela Daudi, ambajhe aj'hobhili kwa muda bhutari baada jha ghajobhibhu kubhwandelu, “Lelu kama mwibetakup'eleka sauti jha muene, musibhombi mioyo ghya muenga kujha minonono.”
တဖန်တုံ ၊ ယနေ့ တွင် သင်တို့သည် ဗျာဒိတ်တော်အသံ ကို ကြား လျက်ရှိသည်ဖြစ်၍ ခိုင်မာ စိတ် နှလုံး မ ရှိကြနှင့်ဟုဆို သည်ဖြစ်၍ ၊ ဤမျှလောက် ကာလ ကြာပြီးမှ ၊ ယနေ့ ဟု ဒါဝိဒ် ကျမ်းစာ၌ လာသောအခါ၊ တစ်စုံတစ်ခု သော နေ့ရက် ကို သေချာစွာမှတ်သား သတည်း
8 Kwani kama Yoshua abhapelili lip'omoseku, K'yara ngaalijobhililepi panani pa ligono l'enge.
ယောရှု သည် ထိုသူ တို့ကို ချမ်းသာ ပေးသည် မှန် လျှင် ၊ ထိုနောက် အခြား သောနေ့ရက် ကို အဘယ် ဆို ဘွယ်ရှိသနည်း
9 Henu kwakona kujha Sabato jha lip'om'os'eku jhajhitunzibhu kwandabha jha bhanu bha K'yara.
ထိုကြောင့် ၊ ဘုရားသခင် ၏လူ တို့အဘို့အလိုငှာ ငြိမ်ဝပ် ခြင်း ချမ်းသာတမျိုးသည် ကျန်ရစ် သေး၏
10 Kwani jhaijhingila mu lip'omoseku lya K'yara muene kabhele ap'om'osiki kutokana ni matendo gha muene, kama K'yara kya abhombili kwa ndabha jha muene.
၁၀ဘုရားသခင် သည် မိမိ အမှုအရာတို့ကို ပြီးစီး၍ ငြိမ်ဝပ်စွာ နေတော်မူသည် နည်းတူ ၊ ထိုချမ်းသာ ထဲသို့ ဝင် ရသောသူ သည်လည်း မိမိ အမှုအရာ တို့ကို ပြီးစီး၍ ငြိမ်ဝပ် စွာနေရ၏
11 Henu tujhelayi ni shauku jha kujhingila mu lip'om'oseku lela, ili kwamba asijhi jhaibetakubina mu aina jha uasi bhwa bhabhombili.
၁၁ထို့ကြောင့်၊ ဣသရေလလူတို့သည် မယုံကြည် သော စိတ်ရှိသဖြင့် လဲ သကဲ့သို့ ငါတို့သည်မ လဲ၊ ထို ချမ်းသာ ထဲသို့ ဝင် ရမည် အကြောင်း ကြိုးစား အားထုတ်ကြကုန်အံ့
12 Kwa ndabha lilobhi lya K'yara likeka na lijhele ni nghofu na lijhele ni ukali kuliko bhupanga bhwobhuoha bhwabhunolibhu kubhele. Na wihoma haat kufikila kugabhwanyika kutenganisya nafsi ni roho, ni fiungo mu bhuboho. Na libhwesya kumanya fikra sya muoyo nia jhiake.
၁၂ဘုရားသခင် ၏နှုတ်ကပတ် တရားတော်သည် အသက် ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင် ခြင်း၊ သန်လျက် တကာ တို့ထက် ထက် ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ ၊ အသက် နှင့် စိတ် ဝိညာဉ်ကို၎င်း၊ အရိုးဆစ် နှင့် ခြင်ဆီ ကို၎င်း ပိုင်းခြား ထုတ်ချင်းခွင်း တတ်၏။ စိတ် နှလုံးအကြံအစည် များကိုလည်း သိမြင် တတ်၏
13 Kijhelepi kyakibhombiki kyakifighili pa mihu pa K'yara. Badala jhiake, khila khenu ndo dhahiri ni bhuasi kwa mihu gha mmonga ambajhe ndo lazima tupisiajhi hesabu.
၁၃ငါ တို့ကိုစစ်ကြော စီရင်တော်မူသော သူ ရှေ့ ၌ မ ထင်ရှားသော အရာ တစ်စုံတစ်ခု မျှမရှိ ၊ ခပ်သိမ်း သော အရာတို့သည် အကွယ်အကာ မရှိဘဲ၊ မျက်မှောက် တော်၌ လှန် ထားလျက် ရှိကြ၏
14 Baadajhe kujha ni kuhani mbaha jhaajhingili mu mbingu, Yesu Mwana ghwa K'yara, kwa bhuimara tukamulilayi imani sya j'holu.
၁၄ယခုမူကား၊ ကောင်းကင် ဘုံထဲသို့ကြွဝင် တော်မူသော ယဇ်ပုရောဟိတ် မင်းအကြီး တည်းဟူသောဘုရားသခင် ၏ သား တော်ယေရှု သည် ငါတို့၌ ယဇ်ပုရောဟိတ်မင်း ဖြစ် တော်မူသောကြောင့် ၊ ငါတို့သည် ဝန်ခံ ခဲ့ပြီးသောအရာ၌ တည်ကြည် ကြကုန်အံ့
15 Kwa kujha tujhelepi ni kuhani mbaha ambajhe libhuesya lepi kuhisi ke'sa kwa ndabha jha bhudhaifu bhwa jhotu, lakini muene ambajhe kwa njela syoha ajhele ijaribibhwa kama tete, isipokujha muene ambajhe ajhelepi ni dhambi.
၁၅ငါ တို့ယဇ်ပုရောဟိတ် မင်းသည် ငါတို့ခံရ သော ဆင်းရဲ ဒုက္ခများကြောင့် မ ကြင်နာ နိုင် သောသူမ ဟုတ်။ ငါတို့ခံရသည်နည်းတူ ၊ အမျိုးမျိုး သော စုံစမ်း နှောင့်ရှက်ခြင်းတို့ကို ခံဘူးသောသူဖြစ်တော်မူ၏။ သို့ရာတွင် ၊ ဒုစရိုက် အပြစ်နှင့် ကင်းလွတ် တော်မူ၏
16 Na tuhidayi bila bhuogha mu kiti kya enzi kya neema, ili kwamba tujhambelelayi rehema ni kukabha neema jha kutusaidila wakati bhwa kalondekelu.
၁၆ထို့ကြောင့် ၊ ငါတို့သည် သနား ခြင်းကရုဏာကို၎င်း ၊ တော်လျော် သောမစ ခြင်း ကျေးဇူး တော်ကို၎င်း ခံရ မည်အကြောင်း ၊ ရဲရင့် သောစိတ်နှင့် ကျေးဇူး ပလ္လင် တော်သို့ တိုးဝင် ချဉ်းကပ်ကြကုန်အံ့။

< Waebrania 4 >