< Waebrania 4 >
1 Henu twilondeka kujha makini ili kwamba kati jha muenga asijhi hata mmonga j'haibetakubhonekana kusindwa kufikila ahadi endelevu jha kujhingila mu lip'om'os'eku lya K'yara.
၁ငြိမ်ဝပ်ချမ်းသာခံစားခွင့်ကိုငါတို့အား ဘုရားသခင်ပေးတော်မူမည်ဟုကတိ တော်ရှိ၏။ သင်တို့အနက်တစ်စုံတစ်ယောက် မျှ ယင်းငြိမ်ဝပ်ရာချမ်းသာကိုလက်မလွတ် စေရန်သတိပြုကြလော့။-
2 Kwani tuj'hele ni habari jhinofu kuhusu p'omos'eku lya K'yara lyalyatangasibhu kwa tete kama Bhaisraeli kyabhaj'he nakhu, lakini ujumbe obhu ghwabhatangatili lepi bhala ambabho bhaup'eliki bila kuunganisya imani kwa e'lu.
၂ငါတို့သည်ရှေးခေတ်လူတို့နည်းတူသတင်း ကောင်းကိုကြားကြရ၏။ သို့ရာတွင်ထိုသူ တို့ကြားရသည့်သတင်းကောင်းသည် သူတို့ အတွက်အကျိုးမရှိချေ။ အဘယ်ကြောင့် ဆိုသော် သူတို့သည်သတင်းကောင်းကိုကြား ရသော်လည်း ယုံကြည်ခြင်းဖြင့်လက်မခံ ကြသောကြောင့်ဖြစ်၏။-
3 Kwa tete, ambabho tukyeriri-tete ndo miongoni bha bhabhibetakujhingila mu lela lip'omoseku, kama kyajhijobha, “Kama kyanilapili kwa ligoga lya nene, Bhibetalepi kujhingila mu lip'omos'eku lya nene.” Ajobhili e'le, ingabhwa mbombo syoha syaasitengenisi syajhele simalili kukamilika kuhomela kubhwandelu bhwa ulimwengu.
၃သို့ဖြစ်၍ယုံကြည်သူငါတို့သည် ဘုရား သခင်ကတိထားတော်မူသောငြိမ်ဝပ်ရာ ချမ်းသာကိုရရှိကြပေသည်။ ``ငါသည်အမျက်ထွက်၍ကျိန်ဆိုလျက် ထိုသူတို့အား ငြိမ်ဝပ်ရာချမ်းသာရရှိရန်ပြည်တော်သို့ ဝင်ခွင့်ကို အဘယ်အခါ၌မျှပေးလိမ့်မည်မဟုတ်'' ဟုဘုရားသခင်မိန့်တော်မူခဲ့သည့်အတိုင်း ပင်ဖြစ်၏။ လောကကိုဖန်ဆင်းတော်မူချိန်မှ စ၍ ကိုယ်တော်သည်မိမိလုပ်ဆောင်ရန်အမှု ကိစ္စများပြီးဆုံးသွားသော်လည်းဤစကား ကိုမိန့်တော်မူပေသည်။-
4 Kwani amalili kujobha sehemu fulani kuhusu ligono lya saba, “K'yara ap'omos'iki ligono lya saba mu ghoha ghaabhombili.”
၄ကျမ်းစာတော်တွင်ခုနစ်ရက်မြောက်သော နေ့နှင့်ပတ်သက်၍``ဘုရားသခင်သည်သတ္တမ နေ့၌ မိမိပြုစရာရှိသမျှသောအမှုကိစ္စ များပြီးစီး၍ ငြိမ်ဝပ်စွာနေတော်မူ၏။'' ဟု ဖော်ပြပါရှိ၏။-
5 Kabhele amali kujobha, “Bhibetalepi kujhingila mu lip'omos'eku kya nene.”
၅တစ်ဖန်ဤအကြောင်းအရာနှင့်ပတ်သက် ၍``ထိုသူတို့သည်ငြိမ်ဝပ်ရာချမ်းသာရရှိ ရန် ပြည်တော်သို့အဘယ်အခါ၌မျှဝင် ကြရလိမ့်မည်မဟုတ်'' ဟုဆို၏။-
6 Kwandabha ejhu, kuhomela lip'o'mos'eku lya K'yara lyakona ni akiba kwandabha jha baadhi kujhingila kwandabha jha kutokutii,
၆သတင်းကောင်းကိုဦးစွာပထမကြားရ သူတို့သည် ထိုသတင်းကောင်းကိုမယုံကြည် သဖြင့် ငြိမ်ဝပ်ရာချမ်းသာခံစားခွင့်မရ ကြ။ သို့ဖြစ်၍ထိုငြိမ်ဝပ်ရာချမ်းသာကို အခြားသူတို့ရရှိကြပေသည်။-
7 K'yara abhekili kabhele ligono fulani jhajhikutibhwa, “Lelu.” Muene ajhongisi ligono e'le pa alongili kup'etela Daudi, ambajhe aj'hobhili kwa muda bhutari baada jha ghajobhibhu kubhwandelu, “Lelu kama mwibetakup'eleka sauti jha muene, musibhombi mioyo ghya muenga kujha minonono.”
၇ယင်းသို့ရရှိကြကြောင်းကို``ယနေ့'' ဟု နာမည်တွင်သောနေ့ရက်တစ်ရက်ကို ဘုရား သခင်သတ်မှတ်ပေးတော်မူသည့်အချက်က သက်သေပြ၏။ ကိုယ်တော်သည်ကျမ်းစာတော် တွင်ဖော်ပြပြီးသည့်အတိုင်း နှစ်ပေါင်းများ စွာကြာသောအခါဒါဝိဒ်မင်းအားဖြင့် ထိုနေ့ရက်ကိုအကြောင်းပြု၍ ``သင်တို့သည်ဘုရားသခင်၏အသံတော်ကို ယနေ့ကြားရလျှင်ခေါင်းမမာကြနှင့်'' ဟုမိန့်တော်မူသည်။
8 Kwani kama Yoshua abhapelili lip'omoseku, K'yara ngaalijobhililepi panani pa ligono l'enge.
၈အကယ်၍ယောရှုပေးသည့်ငြိမ်ဝပ်ရာချမ်း သာမှာ ဘုရားသခင်ကတိထားတော်မူသည့် ငြိမ်ဝပ်ရာချမ်းသာဖြစ်ပါမူ ဘုရားသခင် သည်အခြားနေ့ရက်တစ်ရက်အကြောင်းကို မိန့်ကြားတော်မူမည်မဟုတ်။-
9 Henu kwakona kujha Sabato jha lip'om'os'eku jhajhitunzibhu kwandabha jha bhanu bha K'yara.
၉သို့ဖြစ်၍သတ္တမနေ့၌ဘုရားသခင်ငြိမ် ဝပ်စွာနေတော်မူသကဲ့သို့ ကိုယ်တော်၏ လူစုတော်အတွက်ငြိမ်ဝပ်စွာနေရန်နေ့ ရက်တစ်ရက်ရှိသေး၏။-
10 Kwani jhaijhingila mu lip'omoseku lya K'yara muene kabhele ap'om'osiki kutokana ni matendo gha muene, kama K'yara kya abhombili kwa ndabha jha muene.
၁၀အဘယ်ကြောင့်ဆိုသော်ဘုရားသခင်ကတိ ထားတော်မူသောငြိမ်ဝပ်ရာချမ်းသာကိုရရှိ သူသည် ဘုရားသခင်နည်းတူမိမိအလုပ်မှ ငြိမ်ဝပ်စွာနေမည်ဖြစ်သောကြောင့်တည်း။-
11 Henu tujhelayi ni shauku jha kujhingila mu lip'om'oseku lela, ili kwamba asijhi jhaibetakubina mu aina jha uasi bhwa bhabhombili.
၁၁သို့ဖြစ်၍မယုံကြည်သဖြင့်ငြိမ်ဝပ်ရာချမ်း သာကိုမရရှိသောသူတို့ကဲ့သို့ မည်သူမျှ မဖြစ်စေဘဲငြိမ်ဝပ်ရာချမ်းသာကိုရရှိ နိုင်ရန်ငါတို့သည်အစွမ်းကုန်ကြိုးစား ကြစို့။
12 Kwa ndabha lilobhi lya K'yara likeka na lijhele ni nghofu na lijhele ni ukali kuliko bhupanga bhwobhuoha bhwabhunolibhu kubhele. Na wihoma haat kufikila kugabhwanyika kutenganisya nafsi ni roho, ni fiungo mu bhuboho. Na libhwesya kumanya fikra sya muoyo nia jhiake.
၁၂ဘုရားသခင်၏နှုတ်ကပတ်တော်သည်သက်ရှင် လှုပ်ရှား၍ သန်လျက်တကာတို့ထက်ထက်မြက် ၏။ အသက်နှင့်ဝိညာဉ်တွေ့ဆုံရာအထိလည်း ကောင်း၊ အရိုးဆစ်နှင့်ခြင်ဆီတွေ့ရာအထိ လည်းကောင်းထုတ်ချင်းခွင်းတတ်၏။ လူ၏စိတ် နှလုံးအကြံအစည်နှင့်လိုအင်ဆန္ဒများ ကိုစစ်ဆေးတတ်၏။-
13 Kijhelepi kyakibhombiki kyakifighili pa mihu pa K'yara. Badala jhiake, khila khenu ndo dhahiri ni bhuasi kwa mihu gha mmonga ambajhe ndo lazima tupisiajhi hesabu.
၁၃ဘုရားသခင်၏မျက်မှောက်၌မထင်ရှားသော အရာဟူ၍တစ်စုံတစ်ရာမျှမရှိ။ ဖန်ဆင်း တော်မူသောအရာခပ်သိမ်းသည်မျက်မှောက် တော်၌ထင်ရှားလျက်ရှိ၏။ ငါတို့အားလုံး သည်မိမိတို့ပြုသမျှအတွက် ကိုယ်တော်၏ စစ်ကြောစီရင်ခြင်းကိုခံကြရလိမ့်မည်။
14 Baadajhe kujha ni kuhani mbaha jhaajhingili mu mbingu, Yesu Mwana ghwa K'yara, kwa bhuimara tukamulilayi imani sya j'holu.
၁၄သို့ဖြစ်၍ငါတို့သည်မိမိတို့၏ဘာသာတရား ကိုစွဲမြဲစွာဆုပ်ကိုင်ထားကြကုန်အံ့။ အဘယ် ကြောင့်ဆိုသော်ငါတို့၌ဘုရားသခင်၏သား တော်သခင်ယေရှုတည်းဟူသော ကြီးမြတ်သည့် ယဇ်ပုရောဟိတ်မင်းရှိတော်မူသောကြောင့် ဖြစ်၏။ ထိုအရှင်သည်ဘုရားသခင်ရှေ့ တော်မှောက်သို့ကြွဝင်တော်မူသည်။-
15 Kwa kujha tujhelepi ni kuhani mbaha ambajhe libhuesya lepi kuhisi ke'sa kwa ndabha jha bhudhaifu bhwa jhotu, lakini muene ambajhe kwa njela syoha ajhele ijaribibhwa kama tete, isipokujha muene ambajhe ajhelepi ni dhambi.
၁၅ငါတို့၏ယဇ်ပုရောဟိတ်မင်းသည်ငါတို့၏ အားနည်းချက်များအတွက်မကြင်နာနိုင်သူ မဟုတ်။ ငါတို့နည်းတူစုံစမ်းသွေးဆောင်ခြင်း အမျိုးမျိုးကိုခံခဲ့ရသူဖြစ်တော်မူ၏။ သို့ ရာတွင်ကိုယ်တော်သည်အပြစ်ဒုစရိုက်နှင့် ကင်းလွတ်တော်မူ၏။-
16 Na tuhidayi bila bhuogha mu kiti kya enzi kya neema, ili kwamba tujhambelelayi rehema ni kukabha neema jha kutusaidila wakati bhwa kalondekelu.
၁၆သို့ဖြစ်၍ကူညီရန်လိုအပ်ချိန်၌ကရုဏာ တော်နှင့်ကျေးဇူးတော်ကိုခံစားခြင်းငှာ ငါတို့သည်ရဲရင့်သောစိတ်နှင့်ကျေးဇူးတော် ရှိရာဘုရားသခင်၏ပလ္လင်တော်သို့တိုးဝင် ချဉ်းကပ်ကြစို့။