< Ebhikolwa bhya Jintumwa 10 >
1 Aliga alio munu mulebhe mu musi gwa kaisaria, lisina lyae atogwaga Kornelio, aliga ali munu mukulu owe chise cha abhaitalia.
၁ကဲသရိ မြို့၌ ဣတလိ တပ်ဟု ခေါ်ဝေါ် သော တပ် တွင် လူတရာ ကိုအုပ်ချုပ်သော တပ်မှူး ကော်နေလိ အမည် တွင်သော သူ တစ် ယောက်ရှိ ၏။
2 Aliga Ali munu mulengelesi no kumlamya Nyamuanga na inyumba yae yona; Aliga nasosha jimpilya nyafu ku bhayaudi no kusabhwa ku Nyamuanga nsiku jona.
၂ထိုသူသည် မိမိ အိမ် တွင်ရှိသမျှ သော သူတို့နှင့်တကွ ဘုရားဝတ်၌ မွေ့လျော် ၍ ဘုရားသခင် ကို ကြောက်ရွံ့ ခြင်းရှိသဖြင့် လူ တို့အားများစွာ သော စွန့်ကြဲ ခြင်းကိုပြု ၍ ဘုရားသခင် ကို အစဉ် ဆုတောင်း လေ့ရှိ၏။
3 Mu mwanya gwa saa mwenda ja mumwisi, nalola ebhilolo malaika wa Nyamuanga namujako. Malaika namubhwila, “Kornelio!
၃တစ်နေ့သ၌ နေသုံးချက်တီး အချိန် တွင် ဘုရားသခင် ၏ ကောင်းကင်တမန် သည်၊ ကော်နေလိ ဟု ခေါ် လျက် ရောက်လာ သည်ကို ထိုသူ သည် ထင်ရှား သော ဗျာဒိတ် ရူပါရုံအားဖြင့် မြင် ရ၏။
4 Kornelio namulolela malaika na aliga no bhubha bhwafu mno naika ati,”chinu ni chinuki mukulu”? Malaika namubhwila “Okusabhwa kwao ne bhiyanwa bhyao bhinu ouyanaga abhataka bhyalinyile ingulu kuti bhwichukisho bhwo kubhao kwa Nyamuanga.”
၄ကောင်းကင် တမန်ကို စေ့စေ့ ကြည့်လျှင် ထိတ်လန့် ခြင်းရှိသည် ဖြစ်၍ ၊ သခင် ၊ အဘယ် အခင်းရှိ ပါ သနည်းဟု မေး သော် ၊ ကောင်းကင်တမန်က၊ သင် ပြု သောဆုတောင်း ပဌနာနှင့် စွန့်ကြဲ ပေးကမ်းခြင်းတို့သည် ဘုရားသခင့် ရှေ့ တော်၌ အောက်မေ့ စရာဘို့ တက် ကြပြီ။
5 Mbe woli sila abhanu bhagende ku musi gwa Yafa no kumleta omunu umwi unu katogwa Simoni ne lindi kabhilikilwa Petro.
၅ထိုကြောင့် ယခုပင် ယုပ္ပေ မြို့သို့ လူ တို့ကိုစေလွှတ် ၍ ၊ ပေတရု အမည် သစ်ကိုရသော ရှိမုန် ကိုခေါ်ပင့် လော့။
6 Ekae na unu kayasha jinjai katogwa Simoni unu inyumba yae ili kunjejekela ya inyanja.”
၆ထိုသူ သည်သားရေ လုပ်သမားရှိမုန် ၏ အိမ်၌ တည်း နေ၏။ ထို အိမ် သည် ပင်လယ် နား မှာ ရှိ သည်ဟု ပြောဆို၏။
7 Malaika unu aliga naika nage ejile asokao, Kornelio nabhabhilikila abhakosi bha mu nyumba yae bhabhili, no musilikale unu aliga namulyamya Nyamuanga mu bhasilikale bhanu bhaliga nibhamukolela.
၇ထိုသို့ ပြောဆို သော ကောင်းကင်တမန် သွား ပြီးမှ ၊ ကော်နေလိသည် မိမိငယ်သား နှစ် ယောက်နှင့်တကွ မိမိ ထံ၌မပြတ်ခစား သောလူစုအဝင်၊ ဘုရားဝတ်၌ မွေ့လျော် သော စစ်သူရဲ တစ်ယောက်ကိုခေါ် ၍ ၊
8 Mbe Kornelio abhabhwilie gona ganu gabhonekene no kubhasila Yafa.
၈ထိုအကြောင်းအရာအလုံးစုံ တို့ကို ကြားပြော ပြီးမှယုပ္ပေ မြို့သို့ စေလွှတ် ၏။
9 olusiku lunu lwalubhie kuti mwanya gwa saa mukaga bhali mulugendo Mbe nibhalebhelela mu musi, Mbe Petro nalinya ingulu mulusala najo okusabhwa.
၉နက်ဖြန် နေ့၌ ထိုသူ တို့သည် သွား ၍ ယုပ္ပေမြို့ အနီး သို့ ရောက်ကြသောအခါ ၊ နှစ်ချက်တီးအချိန် တွင် ပေတရု သည် ဆုတောင်း ခြင်းငှာအိမ်မိုး ပေါ်သို့ တက် လေ ၏။
10 Mbe nabha no omweko nakena echinu cho kulya, nawe mu mwanya ogwo abhanu bhaliga nibhateka ebilyo nelesibwa ebhilolo,
၁၀ဆာမွတ် ၍ အစာ အာဟာရကို အလိုရှိ လျှင် သူတစ်ပါးတို့သည် အစာအာဟာရကို ပြင်ဆင် ကြစဉ်အခါပေတရုသည် ဘဝင် ဖြစ်၍နေသဖြင့်၊
11 Nalola olwile nilwiguka nechinu chilebhe kuti ngubho nene ni ika emwalo ansi ku nsonde jayo jona enna.
၁၁ကောင်းကင် ဖွင့်လှစ် သည်ကို၎င်း ၊ ခြုံထည် ကဲ့သို့ လေး ထောင့် ချုပ်၍ မြေ သို့ ချ လွှတ်သော တန်ဆာ သည် မိမိဆီသို့ဆင်းသက် လာသည် ကို၎င်းမြင် လေ၏။
12 Mbe munda yacho bhyaliga bhilimo bhinu bhyafu bhya bhuli nyami jilimo jityanyi ja magulu gana na bhinu ebhikwesa ansi, na jinyonyi ja mulutumbha.
၁၂ထို တန်ဆာထဲ၌ သားရဲ မှစ၍ မြေ ၌ကျင်လည်သောသားမျိုး၊ တွား တတ်သော တိရစ္ဆာန်မျိုး၊ မိုဃ်း ကောင်းကင်၌ ကျင်လည်သော ငှက် မျိုး တို့သည်ရှိ ကြ၏။
13 Obhulaka nibhwaika lindi ku mwene “imuka, Petro ubhage na ulye.”
၁၃စကား အသံသည်လည်း ၊ ပေတရု ထ ၍ သတ် စား လော့ဟု လာ ၏။
14 Mbe nawe Petro naika,” atalikutyo Latabugenyi kulwo kubha nichaliga kulya chinu chona chona chinu chili chibhibhi na chijabhi.”
၁၄ပေတရု ကလည်း ၊ မ ဖြစ်နိုင်ပါသခင် ။ ညစ်ညူး သောအရာ နှင့် မ စင်ကြယ်သောအရာကို အကျွန်ုပ်သည် တရံတစ်ခါ မျှမစား ဘူးပါဟု ပြောဆို ၏။
15 Mbe nawe Obhulaka nibhuja ku mwene lindi lwa kabhili ati, “chinu osishe Nyamuanga wasinga chitoga chibhibhi amwi chijabhi.”
၁၅နောက်တစ်ဖန် စကား သံကား၊ ဘုရားသခင် စင်ကြယ် စေတော်မူသောအရာ ကို ညစ်ညူး သည်မ ထင် နှင့်ဟု လာပြန်၏။
16 Gunu gwabhonekene kwiya ngendo esatu, ne chinu echo nichigegwa lindi mulutumbha.
၁၆ထိုသို့ သုံး ကြိမ်မြောက်အောင်လာ ပြီးလျှင်၊ ထိုတန်ဆာ ကို ကောင်းကင် ထဲသို့ သိမ်းရုပ် ပြန်လေ၏။
17 No mwanya ogwo Petro nasusana no musasi ingulu ye bhilolo ebhyo bhili na bhugajulo -ki, nalola, abhanu bhanu bhaliga bhatumilwe na Kornelio nibhemelegulu imbhele ya lilango, nibhabhusha injila yo kuja mu nyumba.
၁၇ပေတရု သည် မိမိမြင် ရသော ဗျာဒိတ် ရူပါရုံ ကား၊ အဘယ်သို့ ဆိုလို သနည်းဟု တွေးတော ဆင်ခြင်၍ နေစဉ်တွင်၊ ကော်နေလိ စေလွှတ် သောသူ တို့သည် ရှိမုန် အိမ် ကို မေးမြန်း ရှာဖွေ၍ တံခါး ရှေ့မှာ ရပ် လျက်၊
18 Mbe nibhabhilikila no kubhusha alabha Simoni unu abhilikiywe Petro labha aliga ekae alia.
၁၈ပေတရု အမည် သစ်ကိုရသော ရှိမုန် သည် ဤမှာတည်း နေပါ သလောဟု မေးမြန်း ဟစ်ခေါ် ကြ၏။
19 Mu mwanya ogwo Petro anu aliga neganilisha ingulu ye bhilolo, Mwoyo naika nage,”Lola abhanu bhasatu abhakuyenja.
၁၉ပေတရုသည်ထိုဗျာဒိတ် ရူပါရုံကို ဆင်ခြင် ၍နေစဉ်တွင် ဝိညာဉ် တော်က၊ လူ သုံး ယောက်တို့သည် သင့် ကိုရှာ ကြ၏။
20 Imuka wike emwalo na ugende nabho. Wasiga kubaya ugende nabho, kulwo kubha nibhatumile.”
၂၀ထ ၍ဆင်း လော့။ တွေးတော ခြင်းမ ရှိဘဲ ထိုသူ တို့နှင့်အတူ လိုက် သွားလော့။ အကြောင်းမူကား ၊ ထိုသူ တို့သည် ငါ စေလွှတ် သော သူဖြစ်ကြသည်ဟု မိန့်တော်မူလျှင်၊
21 Petro neka emwalo ku bhene no kwaika “Anye nanye uliya unu omuyenja. Kubhaki mwaja?”
၂၁ပေတရု သည်ဆင်း ၍ ၊ ငါ ကား၊ သင်တို့ရှာ သော သူ ဖြစ် ၏။ အဘယ် အကြောင်း ရှိ၍ လာ ကြသနည်းဟု ထိုသူ တို့အား မေး ၏။
22 Nibhaika, “mukulu umwi wa bhasilikale lisina lyae Kornelio, ni munu we chimali na endele muno okumulamya Nyamuanga, na abhanu abhamwaika kisi mwiyanga lyona elya bhayaudi, nabhwilwa na malaika wa Nyamuanga okukutuma koleleki ugende ku nyumba yae, koleleki ugwe emisango okusoka kwawe”.
၂၂ထိုသူတို့ကလည်း ဘုရားသခင် ကိုကြောက်ရွံ့ ၍ ၊ ယုဒ လူ အပေါင်း တို့တွင် အသရေ ရှိသော သူတော်ကောင်း တည်းဟူသောတပ်မှူး ကော်နေလိ သည်၊ ကိုယ်တော် ကို မိမိ အိမ် သို့ ခေါ်ပင့် ၍ ကိုယ်တော် ၏ စကား ကို နားထောင် ရမည်အကြောင်း၊ သန့်ရှင်း သော ကောင်းကင်တမန် အားဖြင့် ဗျာဒိတ် တော်ကို ခံရပါသည်ဟု ပြန်ပြော ကြ၏။
23 Petro nabhafogesha okwingila munju no kwinyanja amwi nage. Katondo inu yalubhiye nemuka nagenda amwi nage, na bhaili batoto kusoka Yafa nibhabha amwi nage.
၂၃ပေတရုသည်လည်းထိုသူ တို့ကို အိမ်ထဲသို့ခေါ် ၍ ဧည့်သည် ဝတ်ကိုပြုလေ၏။ နက်ဖြန် နေ့၌ ထ ၍ ထိုသူ တို့ နှင့်အတူ သွား သဖြင့်၊ ယုပ္ပေ မြို့သားဖြစ်သော ညီအစ်ကို အချို့ တို့သည် လိုက် ကြ၏။
24 olunaku lunu lwalubhie bhejile Kaisaria. Mbe Kornelio aliga abhategelee; na aliga abhabhilikie amwi na bhaili bhae na bhasani bhae abhayei.
၂၄ထိုနောက် တနေ့ ၌ ကဲသရိ မြို့သို့ ဝင် ကြ၍၊ ကော်နေလိ သည် မိမိ အဆွေအမျိုး မိတ် ခင်ပွန်းများတို့ကို စုဝေး စေပြီးလျှင်၊ ထိုသူ တို့ကို မြော်လင့် လျက်နေ ကြ၏။
25 mu mwanya ogwo Petro engie munda, Kornelio namulamila no kumfukamila kukinga ansi ku magulu gae kwe chibhalo.
၂၅ပေတရု ရောက်လာ သောအခါ ကော်နေလိ သည် ခရီးဦးကြိုပြု ၍၊ ပေတရု၏ခြေ ရင်း၌ ပြပ်ဝပ် လျက် ကိုးကွယ် လေ၏။
26 . Mbe nawe Petro namwinamusha no kwaika “imelegulu; anye omwene nili mwana munu.”
၂၆ပေတရု သည် သူ့ ကိုချီပင့် လျက်၊ ထ လော့။ ငါ ကိုယ်တိုင်လူ ဖြစ် သည်ဟုဆို ၏။
27 Mu mwanya ogwo Petro naika nage, engie munda nasanga abhanu bhekofyanyishe amwi.
၂၇ထိုသို့နှုတ်ဆက် ၍ ဝင် လေသော် စုဝေး လျက်ရှိ ကြသော လူများ ကိုတွေ့ လျှင်၊
28 Nabhabhwila, “emwe abhene mu menyele ati chitali chilagilo cha bhayaudi ati bhabhe bhumwi no kulibhatilwa no munu unu atali we Yanga linu. Nawe Nyamuanga amalile okunyelesha anye ati kutanyi ile okumubhilikila omunu wona wona ati ni mubhibhi amwi mujabi.
၂၈ပေတရုက၊ ယုဒ လူ ဖြစ် သောသူတို့သည် တစ်ပါး အမျိုးသားတို့နှင့် မပေါင်းဘော် မချည်းကပ် အပ်သည်ကို သင် တို့သိ ကြ၏။ သို့သော်လည်းညစ်ညူး သည် မ စင်ကြယ်ဟု အဘယ်သူ ကိုမျှ မခေါ် ရမည်အကြောင်း၊ ဘုရားသခင် သည်၊ ငါ့ အားဆုံးမပြသ တော်မူပြီ။
29 Niyo insonga nijile kubhambala uli, natumilwe kulwa injuno eyo. kulwejo nibhabhushe kulwaki mwatumilwe kulwa injuno yani.”
၂၉ထိုကြောင့် ငါ့ကိုခေါ် ကြသောအခါငါသည် မ ငြင်းမခုံဘဲလျက် လာ ၏။ သို့ဖြစ်၍ အဘယ် အကြောင်း ကြောင့် ငါ့ ကိုခေါ် ကြသနည်း၊ ငါမေး လိုသည်ဟု ထိုသူ တို့ အား ပြောဆို ၏။
30 Kornelio naika,”naku enna jinu jatulileo, mu mwanya kuti gunu naliga ninsabhwa mu mwanya gwa saa mwenda mu mwisi nili mu nyumba yani; nindola imbele yani omunu emeleguyu ali nebhifwalo bhyelu,
၃၀ကော်နေလိကလည်း၊ အကျွန်ုပ်သည် ယခု အချိန် နာရီတိုင်အောင် အစာရှောင်၍ သုံးချက်တီး အချိန်တွင် အိမ် ၌ ဆုတောင်း လျက် နေ သည်၊ ယခု လေး ရက် ရှိပါပြီ။ ထိုအချိန်၌ လူ တစ်ယောက်သည် ထွန်းတောက် သောအဝတ်ကို ဝတ် လျက် အကျွန်ုပ် ရှေ့မှောက် ၌ရပ် ၍ ၊
31 Nambhwila, Kornelio lisabhwa lyao lyonguywe na Nyamuanga, ne migemu jao ku bhataka one bhwabhee bhwichukisho imbhele ya Nyamuanga.
၃၁ကော်နေလိ ၊ သင် ပြုသောပဌနာ ကို ဘုရားသခင် သည် ကြား ၍၊ သင် စွန့်ကြဲ ခြင်းကိုလည်း မှတ် တော်မူပြီ။
32 Kulwejo nutume omunu aje Yafa ajo omubhilikila munu umwi unu kabhilikilwa Simoni aje kwawe, ne lindi katogwa Petro. Unu ekae ku munu unu kayasha Jinjai unu katogwa Simoni unu inyumba yae ili kumbali ya Inyanja.
၃၂ထိုကြောင့် ယုပ္ပေ မြို့သို့ စေလွှတ် ၍ ပေတရု အမည် သစ်ကို ရသော ရှိမုန် ကို ခေါ်ပင့် လော့။ ထိုသူ သည် ပင်လယ် နား မှာ သားရေ လုပ်သမားရှိမုန် ၏ အိမ် ၌ တည်း နေ၏။ ထိုသူသည်ရောက်လာလျှင် သင့်အား ဟောပြောလိမ့်မည်ဟုပြောဆို ပါ၏။
33 komelesha: olugobho lunu,”mwenene akaja kaika nemwe”, lutalimo mu maandiko ga kala.
၃၃ထိုကြောင့် အကျွန်ုပ်သည် ကိုယ်တော် ထံသို့ အလျင်အမြန် စေလွှတ် ၍၊ ကိုယ်တော် သည် ကြွလာ သော အားဖြင့်ကောင်းမွန် စွာပြု ပါ ပြီ။ သို့ဖြစ်၍ ဘုရားသခင် သည် ကိုယ်တော် ၌မှာထား တော်မူသမျှ ကို နားထောင် ခြင်းငှာ၊ ယခု အကျွန်ုပ် တို့ရှိသမျှ သည် ဘုရားသခင် ရှေ့ တော်၌ အသင့် နေကြပါသည်ဟု ကော်နေလိ ပြောဆို ၏။
34 Mbe Petro natanya omunwa gwae no kwaika,” Nchimali nekilisha ati Nyamuanga atakutula kubha na solole.
၃၄ထိုအခါပေတရု သည် နှုတ် ကိုဖွင့် ၍ ၊ အကယ်စင်စစ် ဘုရားသခင် သည် လူ မျက်နှာကို မှတ်တော်မ မူ။
35 Kwibhyo ejibhonekana ati, bhuli Eyanga munu wona wona unu kamulamya no kukola ebhikolwa bhye kisi kekilisibhwa kumwene.
၃၅လူ အမျိုးမျိုး တို့တွင် ဘုရားသခင် ကို ကြောက်ရွံ့ ၍ တရား သဖြင့် ကျင့်ဆောင် သောသူ သည် အထံ တော်၌ မျက်နှာ ရသည်ကို ငါသိမြင် ၏။
36 Umenyele emisango jinu asosishe ku bhanu bha Israel, aliga nalasha emisango jo bhwana ejo mulembe gunu ogulabha ku Yesu Masiya unu ali Latabugenyi wa bona.
၃၆အလုံးစုံ တို့ကို အစိုးရ တော်မူသော သခင်ယေရှု ခရစ် အားဖြင့် ရန်ငြိမ်း ခြင်းတရားတည်းဟူသောဧဝံဂေလိတရားကို ဟော တော်မူလျက်၊ ဣသရေလ အမျိုးသား တို့အား ပေး လိုက်တော်မူသော တရား တော်နှင့်အညီ၊
37 Emwe abhene-la mumenyele, linu lyabhonekene mu Yudea yona na lyambhie Galilaya, bhejile bhamala obhubhatijo bhunu Yohana alasishe.
၃၇ယောဟန် သည် ဗတ္တိဇံ တရားကို ဟော သည် နောက် ဂါလိလဲ ပြည်မှစ၍ ယုဒ ပြည်အရပ်ရပ် တို့၌ နှံ့ပြား သော အကြောင်း အရာကို သင် တို့သည် သိ ကြ၏။
38 okulubhana ne misango ja Masiya Yesu lwa kutyo Nyamuanga amuteleyeko mafuta ga Mwoyo Mwelu kwa managa. Agendele nakola ebhye kisi no kwiulisha bhona bhanu bhaga nibhanyasibwa na shetani, kulwo kubha Nyamuanga aliga ali amwi nage.
၃၈ထိုအကြောင်းအရာဟူမူကား၊ ဘုရားသခင် သည် သန့်ရှင်း သော ဝိညာဉ် တော်နှင့် ၎င်း၊ တန်ခိုး တော်နှင့်၎င်း၊ နာဇရက် မြို့သားယေရှု ကို ဘိသိက် ပေးတော်မူသဖြင့်၊ ထိုသူ သည် ဘုရားသခင် ၏ အခွင့်တော်နှင့် ကျေးဇူး ပြုလျက်၊ မာရ်နတ် ညှဉ်းဆဲ သော သူ အပေါင်း တို့အား ချမ်းသာ ကို ပေးလျက် လှည့်လည် တော်မူ၏။
39 Eswe chili bhabhambhasi bha ganu gone ago akolele mu muchalo cha bhuyaudi na mu Yerusalemu - ati unu niwe Yesu unu bhetile no kumusunga kwiti.
၃၉ငါ တို့သည်လည်း ၊ ယေရုရှလင် မြို့မှစ၍ ယုဒ ပြည် တွင် ပြု တော်မူသောအမှု များတို့၏ သက်သေခံ ဖြစ်ကြ၏။ ထိုသူ ကိုသစ် တိုင်၌ ဆွဲ ၍ ကွပ်မျက် ကြလေ၏။
40 Omunu unu Nyamuanga amusuluye ku lusiku lwa kasatu no kumuyana okumenyekana,
၄၀သုံး ရက်မြောက်သောနေ့ ၌ ဘုရားသခင် သည် ထမြောက် စေတော်မူ၍၊
41 Atali ku bhanu bhona, nawe ni kubhabhambhasi bhanu bhasolelwe ku bhwambhilo na Nyamuanga - Eswe bhona, bhanu chalie nage no kunywa nage anu aliga achali kusuka okusoka mu bhafuye.
၄၁လူ အပေါင်း တို့အား ထင်ရှား စွာပြတော်မ မူ၊ ဘုရားသခင် ခန့်ထား တော်မူနှင့်သော သက်သေခံ တည်းဟူသောငါ တို့အား ထင်ရှားစွာ ပြတော်မူ၏။ သေ ခြင်းမှ ထမြောက် တော်မူသည်နောက် ၊ ထိုသခင် နှင့်အတူငါတို့သည်စား သောက် ရကြ၏။
42 Achilagilie okusimulila abhanu no kubhabhambalila ati unu niwe unu Nyamuanga amusolele kubha mulamusi wa bhaanga na bhafue.
၄၂ထို သခင်သည်လည်း အသက်ရှင် သောသူတို့နှင့် သေ သော သူ တို့ကို တရား စီရင်သောသခင်ဖြစ် စေခြင်းငှာ ၊ ဘုရားသခင် ခန့်ထား တော်မူကြောင်းကို လူ အပေါင်းတို့အား ဟောပြော ကြလော့။ သက်သေခံ ကြ လော့ဟု ငါ တို့အားပညတ် ထားတော်မူ၏။
43 mu mwene abhalagi bhona bhamubhambhalie, ati koleleki buli unu kekilisha mu mwene kabhona okwiswalililwa ebhibhibhi kwo kulabha mwisina lyae.”
၄၃ထိုသခင် ကို ယုံကြည် သောသူရှိသမျှ တို့သည် နာမ တော် အားဖြင့် အပြစ် လွှတ် တော်မူခြင်း ကျေးဇူးကို ခံရကြလတံ့ဟူ၍ပရောဖက် အပေါင်း တို့သည် ထို သခင်၏ သက်သေခံ ဖြစ်ကြသည်ဟု ပေတရုမြွက်ဆို ၏။
44 Mu mwanya ogwo Petro nagendelela okwaika ganu, Mwoyo Mwelu nabhejusha bhona bhanu bhaliga nibhategelesha emisango jae.
၄၄ထို စကား ကို မြွက်ဆို စဉ် ၊ နှုတ်ကပတ် တရား တော်ကို ကြားနာ ရသော သူ အပေါင်း တို့အပေါ်သို့ သန့်ရှင်း သောဝိညာဉ် တော်သည် သက်ရောက် တော်မူ၏။
45 Okulubhana no bhwafu bhwa bhanu bhalya abhekilisha bhanu bhasalilwe- bhona bhanu bhejile na Petro -nibhatang'anga'la kulwa insonga ye chiyanwa cha Mwoyo mwelu chinu chetiliywe ku bhanu bha Maanga.
၄၅တစ်ပါး အမျိုးသားတို့ အပေါ်သို့ သန့်ရှင်း သော ဝိညာဉ် တော်၏ ကျေးဇူး ကိုသွန်းလောင်း သောကြောင့်၊ အရေဖျားလှီး ခြင်းကို ခံသောသူ တည်းဟူသောပေတရု နှင့် ပါ သမျှ သော တပည့် တော်တို့သည် မိန်းမော တွေဝေခြင်းရှိကြ၏။
46 Kwo kubha bhonguywe abha Maanga nibhaika mu ndimi jindi no kumulamya Nyamuanga. Petro nasubhya,
၄၆အကြောင်းမူကား ၊ ထိုသူ တို့သည် အမျိုးမျိုး သော ဘာသာစကား အားဖြင့်ပြော ၍ ၊ ဘုရားသခင် ကို ချီးမွမ်း သည်ကိုကြား ကြလေ၏။
47 “Alio omunu wona wona unu katula okuganya amanji koleleki abhanu bhasige kubhatibhwa, abhanu bhanu bhamulamiye Mwoyo Mwelu lweswe?”
၄၇ထိုအခါ ပေတရု က၊ ငါ တို့ကဲ့သို့ သန့်ရှင်း သော ဝိညာဉ် တော် ကိုခံရ သော ဤ သူ တို့ကို ဗတ္တိဇံ မ ပေးစေခြင်းငှာအဘယ်သူ သည် ရေ ကို မြစ်တား နိုင် သနည်း ဟုဆို လျက်၊
48 Mbe niwo nabhalagilila bhabhatijibhwe Mwisina lya Yesu masiya. Okumala nibhamusabhwa enyanje nabho nsiku nyafuo.
၄၈သခင်ဘုရား၏နာမ ၌ ဗတ္တိဇံ ကို ခံစေမည်အကြောင်းစီရင် လေ၏။ ထိုနောက်မှ ပေတရု သည် ကာလ အတန် အရာနေ ပါမည် အကြောင်းကို ထိုသူတို့ သည် တောင်းပန် ကြ၏။