< ಯೆಶಾಯನು 66 >

1 ಯೆಹೋವ ದೇವರು ಹೇಳುವುದೇನೆಂದರೆ: “ಆಕಾಶವೇ ನನ್ನ ಸಿಂಹಾಸನ, ಭೂಮಿಯೇ ನನ್ನ ಪಾದ ಪೀಠ, ನೀವು ನನಗೋಸ್ಕರ ಕಟ್ಟುವ ಮನೆ ಎಲ್ಲಿ? ನನ್ನ ವಿಶ್ರಾಂತಿಯ ಸ್ಥಳವು ಎಲ್ಲಿ?
ထာ​ဝ​ရ​ဘု​ရား​က``ကောင်း​ကင်​ဘုံ​သည်​ငါ ၏​ရာ​ဇ​ပလ္လင်​ဖြစ်​၍​ကမ္ဘာ​မြေ​ကြီး​သည် ငါ ၏​ခြေ​တင်​ခုံ​ဖြစ်​၏။ ထို​ကြောင့်​သင်​တို့​သည် ငါ​၏​အ​တွက်​အ​ဘယ်​သို့​သော​ဗိ​မာန်၊ ငါ ကျိန်း​ဝပ်​ရန်​အ​တွက်​အ​ဘယ်​သို့​သော အ​ဆောက်​အ​ဦး​ကို​တည်​ဆောက်​နိုင်​ကြ ပါ​မည်​နည်း။-
2 ಇವುಗಳನ್ನೆಲ್ಲಾ ನಿರ್ಮಿಸಿದ್ದು ನನ್ನ ಕೈಯೇ. ಹೌದು, ನನ್ನ ಕೈಯಿಂದಲೇ ಇವುಗಳೆಲ್ಲಾ ಉಂಟಾದವು,” ಎಂದು ಯೆಹೋವ ದೇವರು ಹೇಳುತ್ತಾರೆ. “ನಾನು ಕಟಾಕ್ಷಿಸುವವನು ಎಂಥವನೆಂದರೆ: ದೀನನೂ, ಮನಮುರಿದವನೂ, ನನ್ನ ಮಾತಿಗೆ ಭಯಪಡುವವನೂ ಆಗಿರುವವನೇ.
ငါ​သည်​စ​ကြ​ဝ​ဠာ​တစ်​ခု​လုံး​ကို​ဖန်​ဆင်း တော်​မူ​ခဲ့​၍ ဤ​အ​ရာ​များ​ပေါ်​ပေါက်​လာ ရ​သည်​မ​ဟုတ်​လော။ စိတ်​နှ​လုံး​နှိမ့်​ချ​၍ နောင်​တ​ရ​သူ​များ​နှင့်​ငါ့​ကို​ကြောက်​ရွံ့ ရို​သေ​ကာ ငါ​၏​စ​ကား​ကို​နား​ထောင်​သူ များ​ကို​ငါ​နှစ်​သက်​၏။
3 ಎತ್ತನ್ನು ಕೊಂದುಹಾಕುವವನು ಮನುಷ್ಯನನ್ನು ಹತ್ಯೆ ಮಾಡುವವನ ಹಾಗಿದ್ದಾನೆ. ಕುರಿಮರಿಯನ್ನು ಬಲಿ ಕೊಡುವವನು, ನಾಯಿಯ ಕುತ್ತಿಗೆಯನ್ನು ಕಡಿಯುವವನ ಹಾಗಿದ್ದಾನೆ. ಕಾಣಿಕೆಯನ್ನು ಅರ್ಪಿಸುವವನು, ಹಂದಿಯ ರಕ್ತವನ್ನು ಅರ್ಪಿಸುವವನ ಹಾಗಿದ್ದಾನೆ. ಧೂಪವನ್ನು ಹಾಕುವವನು, ವಿಗ್ರಹವನ್ನು ಪೂಜಿಸುವವನ ಹಾಗಿದ್ದಾನೆ. ಹೀಗೆ, ಅವರು ಸ್ವಂತ ಮಾರ್ಗಗಳನ್ನು ಆಯ್ದುಕೊಂಡಿದ್ದಾರೆ. ಅವರ ಪ್ರಾಣವು ಅವರ ಅಸಹ್ಯಗಳಲ್ಲಿ ಹರ್ಷಿಸುತ್ತವೆ.
လူ​တို့​သည်​မိ​မိ​တို့​စိတ်​အ​လို​ဆန္ဒ​အ​တိုင်း ပြု​ကျင့်​တတ်​ကြ​၏။ သူ​တို့​အ​တွက်​နွား​ကို သတ်​၍​ယဇ်​ပူ​ဇော်​ခြင်း​သည်​လူ​ကို​သတ်​၍ ပူ​ဇော်​ခြင်း​နှင့်​အ​တူ​တူ​ဖြစ်​၏။ သိုး​ကို​ပူ ဇော်​ခြင်း​နှင့်​ခွေး​ကို​ပူ​ဇော်​ခြင်း​အ​တူ​တူ ဖြစ်​၏။ သီး​နှံ​ပူ​ဇော်​သ​ကာ​သည်​ဝက်​သွေး ပူ​ဇော်​သ​ကာ​နှင့်​တူ​၏။ နံ့​သာ​ပေါင်း​ကို​မီး ရှို့​ပူ​ဇော်​ခြင်း​သည်​ရုပ်​တု​ရှေ့​တွင်​ဆု​တောင်း ခြင်း​နှင့်​အ​တူ​တူ​ပင်​ဖြစ်​သည်။ သူ​တို့​သည် စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​ကောင်း​သည့်​အ​ရာ​များ ၌​မွေ့​လျော်​တတ်​ကြ​၏။-
4 ಅದಕ್ಕೆ ತಕ್ಕಂತೆ ನಾನು ಇವರಿಗೋಸ್ಕರ ಕುತಂತ್ರಗಳನ್ನು ಆರಿಸಿಕೊಂಡು, ಇವರು ಅಂಜುತ್ತಿದ್ದ ವಿಪತ್ತುಗಳನ್ನು ಬರಮಾಡುವೆನು. ಏಕೆಂದರೆ ನಾನು ಕೂಗಿದಾಗ, ಯಾರು ಉತ್ತರ ಕೊಡಲಿಲ್ಲ. ನಾನು ಹೇಳಿದಾಗ, ಇವರು ಕೇಳಲಿಲ್ಲ. ನನ್ನ ಚಿತ್ತಕ್ಕೆ ವಿರುದ್ಧವಾದದ್ದನ್ನು ನಡೆಸಿ, ನನಗೆ ಇಷ್ಟವಲ್ಲದ್ದನ್ನು ಆರಿಸಿಕೊಂಡರು.”
ထို့​ကြောင့်​ငါ​သည်​သူ​တို့​ကြောက်​လန့်​လျက် ရှိ​သည့်​ဘေး​အန္တရာယ်​ဆိုး​ကို​ပင်​သူ​တို့​အ​ပေါ် သို့​သက်​ရောက်​စေ​တော်​မူ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​ငါ​ခေါ်​သော​အ​ခါ​အ​ဘယ်​သူ​မျှ မ​ထူး​ကြ။ ငါ​ပြော​သော​အ​ခါ​၌​လည်း အ​ဘယ်​သူ​မျှ​နား​မ​ထောင်​ကြ​သော ကြောင့်​ဖြစ်​၏။ သူ​တို့​သည်​ငါ့​စ​ကား​ကို နား​မ​ထောင်၊ ဒု​စ​ရိုက်​မှု​ပြု​ရန်​ကို​သာ ရွေး​ချယ်​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။
5 ಯೆಹೋವ ದೇವರ ಮಾತಿಗೆ ಭಯಪಡುವವರೇ, ಆತನ ಮಾತನ್ನು ಕೇಳಿರಿ! “ನನ್ನ ಹೆಸರಿನ ನಿಮಿತ್ತ ನಿಮ್ಮನ್ನು ದ್ವೇಷಿಸಿ ಬಹಿಷ್ಕರಿಸಿದ ನಿಮ್ಮ ಸಂಬಂಧಿಗಳು, ‘ಯೆಹೋವ ದೇವರು ಮಹಿಮೆಪಡಲಿ, ನಿಮಗಾಗುವ ಉತ್ಸಾಹವನ್ನು ನೋಡೋಣ’ ಎಂದು ಹೇಳಿದ್ದಾರಲ್ಲಾ. ಅವರಿಗಂತೂ ಅವಮಾನವಾಗುವುದು.
ကိုယ်​တော်​အား​ကြောက်​ရွံ့​ရို​သေ​ကာ​စ​ကား တော်​ကို​ကြား​နာ​ကြ​သူ​တို့၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကို​နား ထောင်​ကြ​လော့။ သင်​တို့​သည်​ငါ့​အား​သစ္စာ စောင့်​ကြ​သည်​ဖြစ်​၍​သင်​တို့​အ​မျိုး​သား အ​ချို့​တို့​သည်​သင်​တို့​ကို​မုန်း​၍​ဝိုင်း​ပယ် ကြ​၏။ သူ​တို့​သည်​သင်​တို့​အား​ပြောင်​လှောင် ကာ``ငါ​တို့​သည်​သင်​တို့​ရွှင်​လန်း​ဝမ်း​မြောက် သည်​ကို​မြင်​လို​ပါ​၏။ သို့​ဖြစ်​၍​ထာ​ဝ​ရ ဘု​ရား​သည်​ကြီး​မြတ်​သည့်​တန်​ခိုး​တော် ကို​ပြ​၍​ကယ်​တော်​မူ​ပါ​လေ​စေ'' ဟု​ဆို ကြ​၏။ သို့​ရာ​တွင်​ထို​သူ​တို့​သည်​အ​ရှက် ကွဲ​ကြ​ရ​မည့်​သူ​များ​ဖြစ်​ပေ​သည်။-
6 ಪಟ್ಟಣದೊಳಗಿನ ಗದ್ದಲದ ಶಬ್ದವು ದೇವಾಲಯದೊಳಗಿಂದ ಸ್ವರವು ತನ್ನ ಶತ್ರುಗಳಿಗೆ ಮುಯ್ಯಿಗೆ ಮುಯ್ಯಿ ತೀರಿಸುವ ಯೆಹೋವ ದೇವರ ಸ್ವರವಾಗಿದೆ.
နား​ထောင်​ကြ​လော့။ မြို့​ထဲ​မှ​အုတ်​အုတ်​ကျက် ကျက်​ဖြစ်​နေ​သော​အ​သံ၊ ဗိ​မာန်​တော်​ထဲ​မှ အ​သံ​သည်​ရန်​သူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား အ​ပြစ်​ဒဏ်​ခတ်​နေ​သော​အ​သံ​ပင်​ဖြစ်​ပါ သည်​တကား။
7 “ಅವಳಿಗೆ ನೋವು ಆಗುವುದಕ್ಕಿಂತ ಮುಂಚೆಯೇ ಹೆತ್ತಳು. ವೇದನೆ ಬರುವುದಕ್ಕಿಂತ ಮುಂಚೆಯೇ ಗಂಡು ಕೂಸು ಪಡೆದಳು.
ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သည့်​မြို့​တော်​သည် သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို​လုံး​ဝ​မ​ခံ​ရ ဘဲ ရုတ်​တ​ရက်​သား​ရ​တ​နာ​ကို​ဖွား​မြင် သည့်​မိ​ခင်​နှင့်​တူ​၏။-
8 ಇಂಥ ಸುದ್ದಿಯನ್ನು ಯಾರು ಕೇಳಿದ್ದಾರೆ? ಇಂಥ ಸಂಗತಿಯನ್ನು ಕಂಡವರಾರು? ಒಂದೇ ದಿನದಲ್ಲಿ ದೇಶ ಒಂದು ಹುಟ್ಟೀತೇ? ಕ್ಷಣಮಾತ್ರದಲ್ಲಿ ರಾಷ್ಟ್ರವನ್ನು ಹೆರಲಿಕ್ಕಾದೀತೇ? ಆದರೂ ಪ್ರಸವವೇದನೆ ತೊಡಗಿದೊಡನೆ ಚೀಯೋನೆಂಬಾಕೆ ಮಕ್ಕಳನ್ನು ಹೆತ್ತಿದ್ದಾಳೆ.
ဤ​သို့​သော​အ​မှု​မျိုး​မြင်​ဖူး​ကြား​ဖူး​သူ တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​သ​လော။ တိုင်း​နိုင်​ငံ တစ်​ခု​သည်​တစ်​နေ့​ခြင်း​တွင်​ပေါ်​ပေါက်​လာ ဖူး​ပါ​သ​လော။ ဇိ​အုန်​မြို့​သည်​ဣ​သ​ရေ​လ နိုင်​ငံ​မ​ပေါ်​ထွန်း​မီ​ကြာ​ရှည်​ဆင်း​ရဲ​ဒုက္ခ ရောက်​ရ​လိမ့်​မည်​မ​ဟုတ်။-
9 ನಾನು ಪ್ರಸವಕ್ಕೆ ತಂದಮೇಲೆ ಹೆರಿಗೆಯಾಗದಂತೆ ತಡೆಯುವೆನೋ?” ಎಂದು ಯೆಹೋವ ದೇವರು ಹೇಳುತ್ತಾನೆ. “ನಾನು ಪ್ರಸವಕ್ಕೆ ತಂದಮೇಲೆ, ಪ್ರಸವವಾಗದೆ ಇರಲು ಗರ್ಭ ಮುಚ್ಚಿಬಿಡುವೆನೇ?” ಎಂದು ನಿನ್ನ ದೇವರು ಕೇಳುತ್ತಾನೆ.
ငါ​သည်​မီး​ဖွား​ချိန်​တန်​လျက် ဖွား​မြင်​ခွင့်​မ ရ​နိုင်​သည့်​က​လေး​ကဲ့​သို့​ဖြစ်​စေ​လိမ့်​မည်​ဟု သင်​တို့​မ​ထင်​မ​မှတ်​ကြ​နှင့်​ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​တော်​မူ သည့်​စကား​ပင်​ဖြစ်​သ​တည်း။
10 “ಯೆರೂಸಲೇಮಿನ ಸಂಗಡ ನೀವು ಸಂತೋಷಿಸಿರಿ. ಅವಳನ್ನು ಪ್ರೀತಿ ಮಾಡುವವರೆಲ್ಲಾ ಆಕೆಯೊಂದಿಗೆ ಉಲ್ಲಾಸಪಡಿರಿ. ಅವಳಿಗೋಸ್ಕರ ದುಃಖಿಸಿದವರೆಲ್ಲರೂ, ಆಕೆಯ ಸಂತೋಷಕ್ಕಾಗಿ ಆನಂದಪಡಿರಿ.
၁၀ယေ​ရု​ရှ​လင်​မြို့​ကို​ချစ်​မြတ်​နိုး​သူ​အ​ပေါင်း တို့၊ သူ​နှင့်​အ​တူ​အား​ရ​ရွှင်​လန်း​ကြ​လော့။ သူ​၏​အ​တွက်​ဝမ်း​မြောက်​ကြ​လော့။ ထို​မြို့​အ​တွက်​ဝမ်း​နည်း​ကြေ​ကွဲ​နေ​ခဲ့​သူ အ​ပေါင်း​တို့၊ ယ​ခု​ပင်​သူ​နှင့်​အ​တူ​အား​ရ​ရွှင်​လန်း​ကြ​လော့။
11 ಆಕೆಯ ಸಾಂತ್ವನ ಸ್ತನವನ್ನು ಕುಡಿದು ನೀವು ತೃಪ್ತಿಯಾಗಿರುವಿರಿ. ನೀವು ಕುಡಿಯುವಿರಿ ಮತ್ತು ಅದರ ಸಮೃದ್ಧಿಯು ನಿಮ್ಮ ಸಂತೋಷಕ್ಕೆ ಕಾರಣವಾಗಿದೆ.”
၁၁သင်​တို့​သည်​မိ​ခင်​ရင်​ခွင်​ရှိ က​လေး​ငယ်​ကဲ့​သို့၊ ကျေ​နပ်​အား​ရ​လျက်​ယေ​ရု​ရှ​လင်​မြို့​၏ စည်း​စိမ် ချမ်း​သာ​ကို​ခံ​စား​ရကြ​လိမ့်​မည်။
12 ಏಕೆಂದರೆ ಯೆಹೋವ ದೇವರು ಹೀಗೆ ಹೇಳುತ್ತಾರೆ: “ಇಗೋ, ನಾನು ನದಿಯಂತೆ ಸಮಾಧಾನವನ್ನೂ, ಹರಿಯುವ ಹಳ್ಳದಂತೆ ಜನಾಂಗಗಳ ವೈಭವವನ್ನೂ ಆಕೆಯ ಕಡೆಗೆ ಬರಮಾಡುವೆನು. ಆಗ ನೀವು ಪಾನ ಮಾಡುವಿರಿ; ನಿಮ್ಮನ್ನು ಆಕೆಯ ಪಕ್ಕೆಯಲ್ಲಿ ಎತ್ತಿಕೊಂಡುಹೋಗುವರು. ನೀವು ಆಕೆಯ ಮಡಿಲಲ್ಲಿ ನಲಿದಾಡುವಿರಿ.
၁၂ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင်​တို့​အား တည်​မြဲ​သည့်​စည်း​စိမ်​ချမ်း​သာ​ကို​ပေး​မည်။ လူ​မျိုး​တ​ကာ​တို့​၏​ပစ္စည်း​ဥစ္စာ​များ​သည် အ​ဘယ်​အ​ခါ​၌​မျှ​မ​ခန်း​မ​ခြောက်​သည့် မြစ်​ရေ​ကဲ့​သို့ သင်​တို့​ထံ​သို့​စီး​ဆင်း​လာ လိမ့်​မည်။ သင်​တို့​သည်​မိ​ခင်​ဖြစ်​သူ​က​ချစ် ခင်​ယု​ယ​စွာ​ပိုက်​ပွေ့​လျက်​နို့​တိုက်​ကျွေး သည့်​က​လေး​နှင့်​တူ​လိမ့်​မည်။-
13 ತಾಯಿ ತನ್ನ ಮಗುವನ್ನು ಆದರಿಸುವ ಪ್ರಕಾರವೇ, ನಾನು ನಿಮ್ಮನ್ನು ಆದರಿಸುವೆನು. ಯೆರೂಸಲೇಮಿನ ನಿಮಿತ್ತವೇ, ಆದರಣೆ ಪಡುವಿರಿ.”
၁၃မိ​ခင်​သည်​သား​ငယ်​ကို​နှစ်​သိမ့်​စေ​သ​ကဲ့​သို့​ငါ​သည်​သင်​တို့​အား ယေ​ရု​ရှ​လင်မြို့​တွင်​နှစ်​သိမ့်​စေ​မည်။-
14 ನೀವು ಅದನ್ನು ಕಾಣುವಾಗ, ನಿಮ್ಮ ಹೃದಯವು ಸಂತೋಷಿಸುವುದು. ನಿಮ್ಮ ಎಲುಬುಗಳು ಹಸಿರು ಹುಲ್ಲಿನ ಹಾಗೆ ಚಿಗುರುವುವು. ಯೆಹೋವ ದೇವರ ಕೈ ತಮ್ಮ ಸೇವಕರ ಮೇಲೆಯೂ, ಅವರ ರೌದ್ರವು ತಮ್ಮ ಶತ್ರುಗಳ ಮೇಲೆ ಕಾಣಬರುವುದು.
၁၄ဤ​အ​မှု​အ​ရာ​ကို​မြင်​သော​အ​ခါ​သင်​တို့ သည်​ဝမ်း​မြောက်​ကြ​လျက် ကျန်း​မာ​သန်​စွမ်း ၍​လာ​လိမ့်​မည်။ ထို​နောက်​ထာ​ဝ​ရ​ဘု​ရား သည်​မိ​မိ​၏​စ​ကား​ကို​နား​ထောင်​သူ​တို့ အား​ကူ​မ​တော်​မူ​၍ ရန်​သူ​တို့​ကို​မူ အ​မျက်​တော်​သင့်​စေ​ကြောင်း​ကို​သင်​တို့ သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
15 ಯೆಹೋವ ದೇವರು ಬೆಂಕಿಯೊಡನೆ ಬರುವರು. ಅವರ ರಥಗಳು ಬಿರುಗಾಳಿಯ ಹಾಗೆ ಇರುವುವು. ಕಠಿಣವಾದ ತಮ್ಮ ಕೋಪವನ್ನೂ ಅಗ್ನಿಜ್ವಾಲೆಗಳಿಂದ ತಮ್ಮ ಗದರಿಕೆಯನ್ನೂ ಸಲ್ಲಿಸುವುದಕ್ಕಾಗಿಯೇ ಬರುವರು.
၁၅ထာ​ဝ​ရ​ဘု​ရား​သည်​မီး​လျှံ​ကို​စီး​၍​ကြွ လာ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​မိ​မိ အ​မျက်​ထွက်​သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ် ရန်​လေ​ဗွေ​ရ​ထား​ကို​စီး​၍​ကြွ​လာ​တော် မူ​လိမ့်​မည်။-
16 ಏಕೆಂದರೆ ಬೆಂಕಿಯಿಂದಲೂ ತಮ್ಮ ಖಡ್ಗದಿಂದಲೂ ಯೆಹೋವ ದೇವರು ಮನುಷ್ಯರಿಗೆಲ್ಲಾ ನ್ಯಾಯತೀರಿಸುವರು. ಯೆಹೋವ ದೇವರಿಂದ ಹತರಾಗುವವರು ಅನೇಕರಾಗಿರುವರು.
၁၆အ​ပြစ်​ရှိ​ကြောင်း​တွေ့​ရှိ​ရ​သူ​အ​ပေါင်း​တို့ အား ကိုယ်​တော်​သည်​မီး​အား​ဖြင့်​လည်း​ကောင်း၊ ဋ္ဌား​လက်​နက်​အား​ဖြင့်​လည်း​ကောင်း​ဆုံး​မ တော်​မူ​လိမ့်​မည်။ ထို​သူ​တို့​သည်​လည်း​သေ ကြေ​ရကြ​လိမ့်​မည်။
17 “ತೋಟಗಳಲ್ಲಿ ಒಬ್ಬರ ಹಿಂದೊಬ್ಬರು ಮಧ್ಯದಲ್ಲಿ ತಮ್ಮನ್ನು ಪರಿಶುದ್ಧ ಮಾಡಿಕೊಂಡು, ಪವಿತ್ರ ಮಾಡಿಕೊಳ್ಳುವವರೂ; ಹಂದಿ ಮಾಂಸವನ್ನೂ, ಅಸಹ್ಯವಾದದ್ದನ್ನೂ, ಇಲಿಯನ್ನೂ ತಿನ್ನುವವರು ಒಟ್ಟಾಗಿ ದಹಿಸಿ ಹೋಗುವರು,” ಎಂದು ಯೆಹೋವ ದೇವರು ಹೇಳುತ್ತಾರೆ.
၁၇ထာ​ဝ​ရ​ဘု​ရား​က``ရုပ်​တု​များ​ကို​ဝတ်​ပြု ကိုး​ကွယ်​ရန်​နှင့်​ဥ​ယျာဉ်​နတ်​ကွန်း​များ​သို့ သွား​ရောက်​ရန်​အ​တွက် မိ​မိ​တို့​ကိုယ်​ကို​သန့် စင်​မှု​ပြု​သူ​များ၊ ဝက်​သား​ကြွက်​သား​နှင့် စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​ကောင်း​သည့် အ​စား အ​စာ​များ​ကို​စား​သုံး​သူ​များ​ပျက်​သုဉ်း ရ​မည့်​အ​ချိန်​ကာ​လ​သည်​နီး​ကပ်​လာ​လေ ပြီ။-
18 “ನಾನು ಅವರ ಕ್ರಿಯೆಗಳನ್ನೂ ಅವರ ಆಲೋಚನೆಗಳನ್ನೂ ಬಲ್ಲೆನು. ಎಲ್ಲಾ ಜನಾಂಗಗಳನ್ನೂ ಭಾಷೆಯವರನ್ನೂ ಇನ್ನು ಮುಂದೆ ಒಟ್ಟಿಗೆ ಬರಮಾಡುವೆನು. ಆಗ ಅವರು ಬಂದು ನನ್ನ ಮಹಿಮೆಯನ್ನು ನೋಡುವರು.
၁၈သူ​တို့​၏​အ​ပြု​အ​မူ​အ​ကျင့်​အ​ကြံ​များ​ကို ငါ​သိ​၏။ ငါ​သည်​နိုင်​ငံ​တ​ကာ​မှ​လူ​တို့​ကို စု​သိမ်း​ရန်​ကြွ​လာ​တော်​မူ​မည်။ ထို​သူ​တို့​သည် စု​ဝေး​မိ​သော​အ​ခါ​ငါ​၏​ဘုန်း​တန်​ခိုး​တော် မည်​မျှ​တတ်​စွမ်း​တော်​မူ​ကြောင်း​ကို​မြင်​ရ လိမ့်​မည်။ မိ​မိ​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​သူ မှာ​ငါ​ပင်​ဖြစ်​ကြောင်း​ကို​လည်း​သိ​ရှိ​ကြ လိမ့်​မည်။ သို့​ရာ​တွင်​ငါသည်​အ​ချို့​သော​သူ များ​ကို​ချမ်း​သာ​ပေး​မည်။-
19 “ಅವರ ಮಧ್ಯದಲ್ಲಿ ಗುರುತನ್ನಿಟ್ಟು, ಅವರಲ್ಲಿ ತಪ್ಪಿಸಿಕೊಂಡವರನ್ನು ಜನಾಂಗಗಳಿಗೂ, ತಾರ್ಷೀಷ್, ಪೂಲ್, ಬಿಲ್ಲು ಪ್ರಯೋಗಿಸುವುದರಲ್ಲಿ ಪ್ರವೀಣರಾದ ಲೂದ್, ತೂಬಲ್, ಗ್ರೀಸ್ ಎಂಬ ನಾಡುಗಳಿಗೂ ನನ್ನ ಸಮಾಚಾರವನ್ನು ಕೇಳದ ನನ್ನ ಮಹಿಮೆಯನ್ನು ಕಾಣದೆ ಇರುವ ದೂರ ದ್ವೀಪನಿವಾಸಿಗಳಿಗೂ ಕಳುಹಿಸುವೆನು. ಅವರು ಜನಾಂಗಗಳಲ್ಲಿ ನನ್ನ ಮಹಿಮೆಯನ್ನು ಪ್ರಕಟಿಸುವರು.
၁၉ငါ​သည်​သူ​တို့​အား​ငါ​၏​ဂုဏ်​သ​တင်း​ကို မ​ကြား​ဘူး၊ ငါ​၏​ကြီး​မြတ်​သည့်​တန်​ခိုး တော်​ကို​မ​မြင်​ဘူး​သည့်​ရပ်​ဝေး​နိုင်​ငံ​များ ဖြစ်​သော တာ​ရှု​ပြည်​လိ​ဗိ​ယ​ပြည်​နှင့်​ကျွမ်း ကျင်​သူ​လေး​သည်​တော်​များ​ရှိ​ရာ​လု​ဒ ပြည်​သို့​လည်း​ကောင်း၊ တု​ဗ​လ​ပြည်​နှင့် ဂ​ရိတ်​ပြည်​သို့​လည်း​ကောင်း​ငါ​စေ​လွှတ်​မည်။ သူ​တို့​သည်​ထို​ပြည်​များ​မှ​လူ​တို့​အား ငါ​၏​ဘုန်း​တော်​အ​ကြောင်း​ကို​ပြော​ကြား ရ​လိမ့်​မည်။-
20 ಅವರು ನಿಮ್ಮ ಸಹೋದರರನ್ನು ಕುದುರೆಗಳ ಮೇಲೆಯೂ ರಥಗಳಲ್ಲಿಯೂ ಪಲ್ಲಕ್ಕಿಗಳಲ್ಲಿಯೂ ಹೇಸರಗತ್ತೆಗಳ ಮೇಲೆಯೂ ಒಂಟೆಗಳ ಮೇಲೆಯೂ ಸಮಸ್ತ ಜನಾಂಗಗಳೊಳಗಿಂದ ಯೆಹೋವ ದೇವರಿಗೆ ಕಾಣಿಕೆಯಾಗಿ ಇಸ್ರಾಯೇಲರು ಕಾಣಿಕೆಯನ್ನು ಶುದ್ಧಪಾತ್ರೆಯಲ್ಲಿ ಯೆಹೋವ ದೇವರು ಮನೆಗೆ ತರುವ ಪ್ರಕಾರ ನನ್ನ ಪರಿಶುದ್ಧ ಪರ್ವತವಾದ ಯೆರೂಸಲೇಮಿಗೆ ತರುವರೆಂದು ಯೆಹೋವ ದೇವರು ಹೇಳುತ್ತಾರೆ.
၂၀``သူ​တို့​သည်​လူ​မျိုး​တ​ကာ​တို့​ထံ​မှ​သင် တို့​အ​မျိုး​သား​များ​ကို ထာ​ဝ​ရ​ဘု​ရား အ​တွက်​လက်​ဆောင်​ပဏ္ဏာ​အ​ဖြစ်​ခေါ်​ဆောင် လာ​ကြ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​အ​သီး​အ​နှံ​များ​ကို ထုံး​တမ်း​စဉ် လာ​အ​ရ​သန့်​စင်​သည့်​အိုး​ခွက်​များ​တွင် ထည့်​၍ ဗိ​မာန်​တော်​သို့​ယူ​ဆောင်​လာ​ကြ သ​ကဲ့​သို့၊ ထို​သူ​တို့​သည်​အ​ဆို​ပါ​လက် ဆောင်​ပဏ္ဏာ​များ​ကို​မြင်း၊ မြည်း၊ ကု​လား အုပ်​များ​မြင်း​ရ​ထား​နှင့်​လှည်း​များ​နှင့် တင်​၍​ယေ​ရု​ရှ​လင်​မြို့​ရှိ​သန့်​ရှင်း​မြင့် မြတ်​သော​တောင်​တော်​ပေါ်​သို့​ယူ​ဆောင် လာ​ကြ​လိမ့်​မည်။-
21 ಅವರಲ್ಲಿ ಯಾಜಕರಿಗಾಗಿಯೂ ಲೇವಿಯರಿಗಾಗಿಯೂ ಅವರಿಂದ ತೆಗೆದುಕೊಳ್ಳುವೆನು” ಎಂದು ಯೆಹೋವ ದೇವರು ಹೇಳುತ್ತಾರೆ.
၂၁ငါ​သည်​ထို​သူ​အ​ချို့​တို့​ကို​ယဇ်​ပု​ရော ဟိတ်​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ​အ​ဖြစ် ခန့်​ထား​မည်။''
22 “ನಾನು ಉಂಟುಮಾಡುವ ಹೊಸ ಆಕಾಶವೂ ಹೊಸ ಭೂಮಿಯೂ ನನ್ನ ಮುಂದೆ ನೆಲೆಯಾಗಿರುವ ಪ್ರಕಾರವೇ, ನಿಮ್ಮ ಸಂತಾನವೂ ನಿಮ್ಮ ಹೆಸರೂ ನೆಲೆಯಾಗುವುದು,” ಎಂದು ಯೆಹೋವ ದೇವರು ಘೋಷಿಸುತ್ತಾರೆ.
၂၂``ကမ္ဘာ​မြေ​ကြီး​သစ်​နှင့်​မိုး​ကောင်း​ကင်​သစ် တို့​သည် ငါ​၏​တန်​ခိုး​တော်​အား​ဖြင့်​တည် မြဲ​လျက်​နေ​သ​ကဲ့​သို့၊ သင်​တို့​နာ​မည်​နာ​မ များ​နှင့်​သား​မြေး​တို့​သည်​တည်​မြဲ​လျက် နေ​လိမ့်​မည်။
23 ಇದಾದ ಮೇಲೆ, “ಪ್ರತಿಯೊಂದು ಅಮಾವಾಸ್ಯೆಯಲ್ಲಿಯೂ ಒಂದೊಂದು ಸಬ್ಬತ್ ದಿನದಲ್ಲಿಯೂ ಮನುಷ್ಯರೆಲ್ಲಾ ನನ್ನ ಮುಂದೆ ಆರಾಧಿಸುವುದಕ್ಕೆ ಬರುವರು” ಎಂದು ಯೆಹೋವ ದೇವರು ಹೇಳುತ್ತಾರೆ.
၂၃``လ​ဆန်း​ပွဲ​တော်​နေ့​များ​နှင့်​ဥ​ပုသ်​နေ့​ကျ ရောက်​သည့်​အ​ခါ​တိုင်း လူ​မျိုး​တ​ကာ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​လာ​၍​ငါ့​အား​ဝတ်​ပြု ကိုး​ကွယ်​ကြ​လိမ့်​မည်'' ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်။-
24 “ಅವರು ಮುಂದೆ ಹೋಗಿ ನನಗೆ ವಿರೋಧವಾಗಿ ದ್ರೋಹಮಾಡಿದ ಮನುಷ್ಯರ ಹೆಣಗಳನ್ನು ನೋಡುವರು. ಅವುಗಳನ್ನು ಕಡಿಯುವ ಹುಳ ಸಾಯುವುದಿಲ್ಲ, ಸುಡುವ ಬೆಂಕಿಯು ಆರುವುದಿಲ್ಲ, ಅವರು ಎಲ್ಲಾ ಮನುಷ್ಯರಿಗೆ ಹೇಸಿಗೆಯಾಗುವರು.”
၂၄``ထို​သူ​တို့​သည်​မိ​မိ​တို့​ပြည်​များ​သို့​ပြန် ကြ​သော​အ​ခါ​ငါ့​ကို​ပုန်​ကန်​သူ​တို့​၏ အ​လောင်း​များ​ကို​တွေ့​မြင်​ကြ​လိမ့်​မည်။ ထို​အ​လောင်း​များ​ကို​ဖျက်​ဆီး​သည့်​လောက် ကောင်​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​သေ​ကြ လိမ့်​မည်​မ​ဟုတ်။ အ​လောင်း​တို့​ကို​လောင် လျက်​နေ​သော​မီး​သည်​လည်း​အ​ဘယ်​အ​ခါ ၌​မျှ​ငြိမ်း​လိမ့်​မည်​မ​ဟုတ်။ လူ​အ​ပေါင်း​တို့ သည်​ထို​အ​ချင်း​အ​ရာ​ကို​မြင်​၍​စက်​ဆုတ် ရွံ​ရှာ​ကြ​လိမ့်​မည်။ ပ​ရော​ဖက်​ဟေ​ရှာ​ယ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။

< ಯೆಶಾಯನು 66 >