< Sams-Zgame 64 >

1 Anumzamoka narimpa havizama hu'zama huama'ma hanuana antahi nenaminka, ha' vahe'mo'za nazeri koro ke nehu'za, nahe'za nehazanki kegava hunanto.
အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​ဒုက္ခ​ရောက်​လျက်​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ရန်​သူ​များ​ကို​ကြောက်​လန့်​၍ နေ​ပါ​၏။ ကျွန်​တော်​မျိုး​၏​အ​သက်​ကို​ကယ်​တော်​မူ​ပါ။
2 Kefo avu'ava'ma nehaza vahe'mo'za nahenaku nanekea oku'a retro nehazanki, nazeri franekinka, ranke rankema nehaza kefo vahe'mokizmi zamavureti nazeri frakio.
သူ​ယုတ်​မာ​တို့​၏​လျှို့​ဝှက်​ကြံ​စည်​မှု​များ မှ​လည်း​ကောင်း၊ ဆိုး​ညစ်​သူ​လူ​စု​လူ​ဝေး​တို့​၏​ဘေး​မှ​လည်း ကောင်း ကွယ်​ကာ​တော်​မူ​ပါ။
3 Zamagra ana vahe'mo'za bainati kazin kume'ma kaneaza hu'za, zamagefu'na kumera negane'za, nanekema hazana, kefo nanekezmimo'a kevema ahetrazaza nehaze.
သူ​တို့​သည်​မိ​မိ​တို့​၏​လျှာ​ကို​ဋ္ဌား​သ​ဖွယ် သွေး​ကြ​ပါ​၏။ သ​နား​ကြင်​နာ​ခြင်း​ကင်း​မဲ့​သော​စ​ကား များ​ဖြစ်​သော မြား​များ​ကို​ချိန်​ရွယ်​ကြ​၏။
4 Ana vahe'mo'za kafoma ante'nazafinti kezmima omane vahera kevea nezmahe'za, antri hazaza hu'za korora osu tusiza hu'za hara hunezmantaze.
သူ​တို့​သည်​အ​ရှက်​ကင်း​မဲ့​စွာ​မိ​မိ​တို့​၏ မု​သား​စ​ကား​များ​ကို​လျင်​မြန်​စွာ​ပျံ့​နှံ့​စေ ကြ​၏။ သူ​တို့​သည်​စက်​ဆုတ်​ဖွယ်​ကောင်း​သော ဂုံး​ချော​စ​ကား​များ​ပြော​ဆို​ကာ သူ​တော်​ကောင်း​တို့​၏​အ​သ​ရေ​ကို​ဖျက်​ကြ​၏။
5 Zamagra kefo avu'avazama hunakura kea huganti hugama hu'za zamazeri hankaveneti'za, vahe krifuma anagintesagura oku'a keaga retro nehaze. Ana nehu'za mago vahe'mo'a onketfa hugahie hu'za nehaze.
သူ​တို့​သည်​ဆိုး​ညစ်​သည့်​အ​မှု​များ​ကို​ကြံ​စည် ရာ​တွင် အ​ချင်း​ချင်း​အား​ပေး​ကြ​၏။ သူ​တို့​သည်​ထောင်​ချောက်​များ​ထား​ရန်​နေ​ရာ​ကို တိုင်​ပင်​ပြီး​နောက် ``ဤ​ထောင်​ချောက်​များ​ကို​အ​ဘယ်​သူ​မျှ​တွေ့​မြင် နိုင်​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​ကြ​၏။
6 Hazenkema hu' kema retroma nehu'za amanage nehaze, knare antahintahirafa retro hune hu'za nehaze. Vahe'mofo agu'afine antahintahifina vahe'ma revatga huzamoke avite'neankinka keamara osutfa hugahane.
သူ​တို့​သည်​ဆိုး​ညစ်​သည့်​အ​မှု​များ​ကို​ကြံ​စည် ပြီး​လျှင် ``လွန်​စွာ​ပါး​နပ်​လိမ္မာ​သည့်​အ​မှု​ကို​ငါ​တို့​ကြံ​စည်​၍ ပြီး​လေ​ပြီ'' ဟု​ဆို​ကြ​၏။ လူ​၏​စိတ်​နှ​လုံး​နှင့်​အ​ကြံ​အ​စည်​ကို​သိ​ရှိ​ရန် လွန်​စွာ​ပင်​ခက်​ခဲ​နက်​နဲ​လှ​ပါ​သည်​တ​ကား။
7 Hianagi Anumzamo'a Agra kevea zamahe'nige'za, ame hu'za hazenkea erigahaze.
သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ထို​သူ​တို့​အား မြား​တော်​ဖြင့်​ပစ်​တော်​မူ​၍​ချက်​ချင်း​ပင် ဒဏ်​ရာ​ရ​စေ​တော်​မူ​၏။
8 Zamagri zamagefu'namo zamazeri haviza hanige'za, zamagesaza vahe'mo'za zamagena neru'za, kiza zokago kea huzmantegahaze.
သူ​တို့​ပြော​ဆို​သည့်​စ​ကား​များ​ကြောင့်​ပင်​လျှင် ကိုယ်​တော်​သည်​သူ​တို့​အား​သေ​ကြေ​ပျက်​စီး စေ​တော်​မူ​လိမ့်​မည်။ သူ​တို့​ကို​တွေ့​မြင်​သူ​အ​ပေါင်း​တို့​သည် ဦး​ခေါင်း​ကို​ခါ​ကြ​လိမ့်​မည်။
9 Ana hanige'za maka vahe'mo'za koro nehu'za, Anumzamo'ma kaguvazama hia zankura huama nehu'za, maka avu'avazama eri fore'ma hia zamofonkura antahintahia huvava hugahaze.
ထို​သူ​အ​ပေါင်း​တို့​သည်​ကြောက်​လန့်​လျက် ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​သော​အ​မှု​ကို ဆင်​ခြင်​ကာ ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​တော်​များ အ​ကြောင်း​ကို ပြော​ကြား​ကြ​လိမ့်​မည်။
10 Anumzamofoma amage'ma nentaza vahe'mo'za Ra Anumzamofonkura muse nehu'za, Agri turunapinka manigahaze. Ana nehanage'za fatgo zamavuzmava'ma nehaza vahe'mo'za, muse nehu'za agi'a ahentesga hugahaze.
၁၀ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​တော်​ကြောင့် သူ​တော်​ကောင်း​အ​ပေါင်း​တို့​သည်​ရွှင်​လန်း ဝမ်း​မြောက်​ကြ​လိမ့်​မည်။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​တွင် ခို​လှုံ​ကြ​လိမ့်​မည်။ စိတ်​နှ​လုံး​ဖြူ​စင်​ဖြောင့်​မတ်​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။

< Sams-Zgame 64 >