< 4 Mose 21 >
1 Hagi Kenani kumate kinia Arati kumate Negevi nemania kini ne'mo antahiama Israeli vahe'mo'za Atarimi karanka neaze hazankema nentahino'a, ha' ome huzamanteno mago'a Israeli vahera kina huzamanteno zamavareno vu'ne.
၁ဣသရေလအမျိုးသည် အသရိမ်လမ်းဖြင့် လာကြသည်သိတင်းကို တောင်မျက်နှာ၌နေသော ခါနာန် အမျိုး အာရဒ်မင်းကြီးကြားလျှင်၊ ဣသရေလအမျိုးကို စစ်တိုက်၍ လူအချို့တို့ကို ဘမ်းဆီးသိမ်းသွားလေ၏။
2 Anante Israeli vahe'mo'za Ra Anumzamofonte huvempa ke hu'za, Kagrama ana vahe'ma tagri tazampi zamavarentesanketa rankumazmia eri haviza hugahune.
၂ဣသရေလအမျိုးကလည်း၊ ကိုယ်တော်သည် ဤလူမျိုးကို အကျွန်ုပ်တို့လက်သို့ အပ်တော်မူလျှင်၊ သူတို့ မြို့များကို ရှင်းရှင်းဖျက်ဆီးပါမည်ဟု ထာဝရဘုရားအား သစ္စာဂတိပြုလေ၏။
3 Hagi Ra Anumzamo'a Israeli vahe'mokizmi ke antahizamino Kenani vahera avrezamigeno, kumazmine, ana kumapi vahera zamahe fanane hu'naze. Ana hu'negu ana kuma'mofo agi'a Homae nehaze.
၃ထာဝရဘုရားသည်လည်း၊ ဣသရေလအမျိုး၏ စကားကို နားထောင်၍၊ ထိုခါနာန်အမျိုးသားတို့ကို အပ်တော်မူ၏။ သူတို့နှင့် သူတို့မြို့များကို ဣသရေလ လူတို့သည် ရှင်းရှင်းဖျက်ဆီး၍၊ ထိုအရပ်ကို ဟော်မာ အမည်ဖြင့် သမုတ်ကြ၏။
4 Hagi Israeli vahe'mo'za Hori agona atre'za koranke hagerintega nevaza kantega, Idomu mopa rugagi'za vu'naze. Hianagi rama'a vahe'mo'za zaza ka nevu'za, zamavaresragu hu'naze.
၄ဟောရတောင်မှ ထွက်၍ ဧဒုံပြည်ကို ဝိုင်းခြင်းငှါ၊ ဧဒုံကင်လယ်လမ်းဖြင့် ချီသွားကြစဉ်၊ အသွားခက်သော ကြောင့်၊ လူများတို့သည် စိတ်အားလျော့ကြ၍၊
5 Hagi ana vahe'mo'za Anumzamofone Mosesenena ke ha'reneznante'za anage hu'naze, Nahigeta Isipitira tavreta ama hagege kokampina frisunegura e'na'e? Bretima ne'zana omanegeno, tima ne'zana omanegeta ama kefozama hu'nea mana nezankura tavresra hie!
၅သင်သည် ငါတို့ကို ဤတော၌ သေစေခြင်းငှါ၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ မုန့်မရှိ၊ ရေလည်းမရှိ၊ ဤပေါ့ပျက်သောစားစရာကိုလည်း ငါတို့သည် အလွန်ရွံရှာ၏ဟု ဘုရားသခင်နှင့် မောရှေကို ဆန့်ကျင်ဘက်ပြု၍ ဆိုကြ၏။
6 Anage hazageno Ra Anumzamo'a ha' osifave huntegeno rama'a vahe zamaprige'za fri'naze.
၆ထိုအခါ ထာဝရဘုရားသည်၊ ဣသရေလအမျိုး သားတို့တွင် မီးမြွေများကို စေလွှတ်တော်မူ၍၊ လူအများ တို့သည် အကိုက်ခံရသဖြင့် သေကြ၏။
7 Hagi Israeli vahe'mo'za Mosesente e'za anage hu'naze, kagri'ene Ra Anumzamofonema huhavizama hunte'nonana, hago kumi hu'none. Hagi nunamu hugeno Ra Anumzamo'a osifavea tagripintira avretreno. Anage hazageno Mosese'a ana vahera nunamuna huzamante'ne.
၇ထိုကြောင့် လူများတို့သည် မောရှေထံသို့ လာ၍ အကျွန်ုပ်တို့သည် ထာဝရဘုရားနှင့် ကိုယ်တော်ကို ဆန့် ကျင်လျက် ပြောဆို၍ ပြစ်မှားပါပြီ။ ထာဝရဘုရားသည် မြွေများကို အကျွန်ုပ်တို့မှ ပယ်ရှားတော်မူမည်အကြောင်း ဆုတောင်းပါဟု လျှောက်လျှင်၊ မောရှေသည် လူများအဘို့ ဆုတောင်းလေ၏။
8 Hagi Ra Anumzamo'a Mosesena anage huno asami'ne. Mago ha' osifave bronsireti trohunka zaza zafare hantintenege'za osifavemo'ma zamaprisia vahe'mo'za ana osifavema kesga hu'za kesamo'za ofri'za manigahaze.
၈ထာဝရဘုရားကလည်း၊ မီးမြွေရုပ်ကိုလုပ်၍ တိုင်ပေါ်မှာ မြှောက်ထားလော့။ အကိုက်ခံရသော သူတိုင်း ကြည့်ရှုလျှင် အသက်ချမ်းသာရလိမ့်မည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊
9 Anage huno asamigeno Mosese'a bronsireti mago osifave tro huno za'za zafare ahekamarente'ne.
၉မောရှေသည် ကြေးဝါဖြင့် မြွေကို လုပ်၍ တိုင် ပေါ်မှာ မြှောက်ချီထားပြီးလျှင်၊ မြွေကိုက်သောသူမည် သည်ကား၊ ကြေးဝါမြွေကို ကြည့်ရှုသောအခါ အသက် ချမ်းသာရကြ၏။
10 Israeli vahe'mo'za vu'za Oboti kumate seli nonkumara omeki'za mani'naze.
၁၀တဖန် ဣသရေလအမျိုးသားတို့သည် နေရာ ပြောင်း၍ ဩဗုတ်အရပ်၌ စားခန်းချကြ၏။
11 Hagi Oboti kumatetira atre'za vu'za Moapu mopamofo kama zage hanati kaziga hagege kokampi Ia-abarim seli nonkumara ome ki'za mani'naze.
၁၁ဩဗုတ်အရပ်မှ ပြောင်းပြန်၍၊ နေထွက်ရာ ဘက်၊ မောဘပြည်ရှေ့တွင်ရှိသော တောမှာ၊ ဣဇာဗာရိမ် အရပ်၌ စားခန်းချကြ၏။
12 Anantetira vu'za Wadi Zere agupofi seli nonkumara omeki'za mani'naze.
၁၂ထိုအရပ်မှ ပြောင်း၍၊ ဇာရက် ချောင်းနား၌ စားခန်းချကြ၏။
13 Hagi anantetira rugitagiza vu'za kantu kaziga Arnoni timofo Amori vahe'mokizmi hagage mopamofo agentega seli nonkumara ome ki'za mani'naze. Na'ankure Moapu vahe'mokizmi mopane, Amori vahe'mokizmi mopa Arnoni timo refko hu'nere seli nonkumara omeki'za mani'naze.
၁၃ထိုအရပ်မှ တဖန်ပြောင်းပြန်၍၊ အာမောရိပြည် နယ်နှင့် စပ်သော တော၌ရှိသော အာနုန်ချောင်းနား တဘက်တချက်၌ စားခန်းချကြ၏။ အာနုန်ချောင်းကား၊ မောဘပြည်၊ အာမောရိပြည်စပ်ကြားအပိုင်းအခြား ဖြစ်သတည်း။
14 E'ina hu'negu Ra Anumzamofo hapinema hu'nea avontafemo'a huno, Wahepu Safa kaziga me'nea kumaku'ene tinkrahoku Arnoni tinku hu'ne.
၁၄ထိုသို့နှင့်အညီ၊ ထာဝရဘုရားစစ်တိုက်စာ၌ကား၊ ဇာရက်အရပ်၊ သုပအရပ်၊ အာနုန်ချောင်းတို့၊
15 Hagi ana karahomo'a Ari kumateti vuno, Moapu vahe kumate ome atre'ne.
၁၅အာရပြည်သို့ စီး၍ မောဘပြည်အနား၌ ရှောက်သွားသော ချောင်းအသွယ်သွယ်ဟု လာသတည်း။
16 Anantetira mago'ane vu'za Beri tava'onte me'nea tin kerire vazageno Ra Anumzamo'a Mosesena asamino, vahetamina kehutru huge'na tina zami'neno.
၁၆အာနုန်ချောင်းမှ ဗေရရေတွင်းသို့ ခရီးသွားကြ၏။ ထိုရေတွင်းကား အခြားမဟုတ်၊ ထာဝရဘုရားက၊ လူများကို စုဝေးစေလော့၊ ရေကို ငါပေးမည်ဟု မောရှေအား မိန့်တော်မူရာ၌ ရည်ဆောင်သော ရေတွင်းဖြစ် သတည်း။
17 E'i anante Israeli vahe'mo'za anage hu'za zagamera hu'naze, henami ti kerimoka hanatinka marerio, tinkerimoka! Zgame hugantone!
၁၇ထိုအခါ ဣသရေလအမျိုးက၊ အိုတွင်းရေ၊ ထွက် လော့။ ထွက်အောင် သီခြင်းဆိုကြလော့။
18 E'ina tinkeria ranra kva vahe'mo'za kafinte'naze. Hagi rankva vahe'mo'za avame'za me'nea azompareti'ene kama vanoma nehaza azompareti anankeria hanagati'za kafinte'naze. Ana hagege kokampintira Israeli vahe'mo'za atre'za Matana kumate vu'naze.
၁၈တရားမင်းစီရင်သည်အတိုင်း၊ မှူးမတ်တို့သည် ရေတွင်းကို တူးကြပြီ။ လူတို့တွင် အကဲအမှူးတို့သည် တောင်ဝေးတို့နှင့် ရေတွင်းကို တူးကြပြီဟု သီခြင်း ဆိုလေ၏။
19 Hagi Matanatira Nahaliel vute'za, Nahalielitira Bamota vu'naze.
၁၉ထိုတောမှ မတ္တနာအရပ်သို့၎င်း၊ မတ္တနာအရပ်မှ နဟာလျေလအရပ်သို့၎င်း၊ နဟာလျေလအရပ်မှ ဗာမုတ် အရပ်သို့၎င်း၊
20 Hagi Bamotitira Moapu kaziga me'nea agupofi Piska agonamo'ma hagege kokantega avugosama hunte'nerega e'naze.
၂၀ဗာမုတ်အရပ်မှ မောဘချိုင့်သို့၎င်း၊ ယေရှိမုန်မြို့ကို မျက်နှာပြုသော ပိသဂါတောင်ထိပ်သို့၎င်း ခရီးသွား ကြ၏။
21 Israeli vahe'mo'za amanage hu'za Amori kini ne' Sihonintega kea atrente'naze,
၂၁ထိုအခါ ဣသရေလအမျိုးသားတို့သည်၊ အာ မောရိရှင်ဘုရင် ရှိဟုန်မင်းထံသို့ သံတမန်တို့ကို စေလွှတ် လျက်၊
22 Tatregeta mopakafina rugitagita vamaneno. Hagi tagra hoza tamifino, waini hozatamifina ovuta, agentega nevuta, tinkeri tamifintira tina oneta kinimofo rankantega nevuta, mopaka'a agatereta vugahune.
၂၂အကျွန်ုပ်တို့သည် မင်းကြီးပြည်အလယ်၌ ရှောက်၍ သွားပါရစေ။ လယ်ယာသို့၎င်း၊ စပျစ်ဥယျာဉ် သို့၎င်း မဝင်ပါ။ တွင်းရေကိုလည်း မသောက်ပါ။ မင်းကြီး ပြည်ကို မလွန်မှီတိုင်အောင်၊ မင်းလမ်းသို့သာ ရှောက် လိုက်ပါမည်ဟု အခွင့်တောင်းကြ၏။
23 Hianagi Sihoni'a Israeli vahe'mo'zama mopa'afima rugitagiza evu'zankura i'o huno hunezmanteno, sondi'a vahe'a kehu atru hige'za, ana hagege kokampi vu'za Israeli vahe'mokizmia Jehasi kumate hara eme huzamante'naze.
၂၃ထိုပြည်အလယ်၌ ရှောက်သွားရသော အခွင့်ကို၊ ရှိဟုန်မင်းသည် ဣသရေလအမျိုးသားတို့အား မပေး။ မိမိလူအပေါင်းတို့ကို စုဝေးစေ၍၊ ဣသရေလအမျိုးသား တို့ကို ဆီးတားခြင်းငှါ၊ သူတို့ရှိရာတောသို့ ထွက်၍ ယာဟတ်မြို့သို့ ရောက်ပြီးလျှင် စစ်တိုက်လေ၏။
24 Hianagi Israeli naga'mo'za kazinteti hara huzamagatere'za, ana vahe mopama Amoni tinte'ma vuno Jaboku tinteti'ma uhanati'nea mopa'zmia eri'naze. Hagi Amoni vahe'mokizmi mopafina uofre'naze. Na'ankure Amoni vahe'mo'za hanavenentake vihu hu'za mani'naze.
၂၄ထိုမင်းကို၊ ဣသရေလအမျိုးသားတို့သည် ထား နှင့် လုပ်ကြံ၍၊ အာနုန်ချောင်းမှသည် ယဗ္ဗုတ်ချောင်း တိုင်အောင်၎င်း၊ အမ္မုန်အမျိုးသား နေရာတိုင်အောင်၎င်း၊ ထိုမင်းပိုင်သော မြေကို သိမ်းယူကြ၏။ အမ္မုန်အမျိုးသား နေရာ နယ်စပ်ကား အားကြီး၏။
25 Hu'negu Israeli vahe'mo'za ana mopafima me'nea ranra kuma'ene, neone kumara eri'za ana kumatamimpi mani'naze.
၂၅ထိုသို့ ဣသရေလအမျိုးသားတို့သည်၊ ဟေရှဘုန် မြို့မှစ၍ အာမောရိအမျိုးသားနေသော မြို့ရွာရှိသမျှ တို့ကို သိမ်းယူ၍ နေကြ၏။
26 Na'ankure Hesboni rankumara Amori kini ne' Sihoni nemania rankumare. Hagi ana mopa korapara Moapu kini ne'mo kegava hu'nea mopa aheno hanare'neankino, ana mopamo'a meno Arnoni uhanati'ne.
၂၆ဟေရှဘုန်မြို့ကား၊ မောဘပြည်ကို အစိုးရသော အရင်ရှင်ဘုရင်နှင့် စစ်တိုက်၍ အာနုန်ချောင်းတိုင် အောင် ပြည်ကို လုယူသော အာမောရိရှင်ဘုရင် ရှိဟုန် မင်းနေသောမြို့ ဖြစ်သတည်း။
27 E'ina agafare zagamema hazafina hu'za, enketa Hesboni kumara negita, Sihoni kumara erigafa hamaneno hu'za nehaze.
၂၇ထိုအကြောင်းကို ရည်ဆောင်၍ လင်္ကာဆရာတို့ က၊ ဟေရှဘုန်မြို့သို့ သွား၍ တဖန်တည်ကြစို့။ ရှိဟုန် ဘုရင်နေသောမြို့ကို ပြင်ဆင်ကြစို့။
28 Na'ankure Hesboni rankumateti tevea reno nevie. Teve anefara Sihoni kumateti huno nevuno, Moapu mopafima Ar kumama me'neana tefanane nehuno, teno vuno Arnoni tintegama marerinerega ome atre'ne.
၂၈ရှိဟုန်ဘုရင်နေရာ ဟေရှဘုန်မြို့မှ မီးလျှံထွက် ၍ မောဘပြည်အာရမြို့နှင့်တကွ၊ အာနုန်ချောင်းနား၊ မြင့်သောအရပ်၌ အစိုးရသော မင်းတို့ကို လောင်လေပြီ။
29 Moapu vahe'moka nasunku hugantoe! Kemosi havi anumzamofo vahe'mota haviza haze! Ne'mofavretami zamazeri haviza hige'za fre'za vano nehu'za hazanke erinentazageno, mofanezmia Amori kini ne' Sihoni'ma zamavareno kina huzmanteankna nehaze.
၂၉အိုမောဘပြည်၊ သင်သည် အမင်္ဂလာရှိ၏။ အိုခေမုရှတပည့်တို့၊ သင်တို့သည် အကျိုးနည်းကြပြီ။ ပြေး ရသော မိမိသားသမီးတို့ကို အာမောရိရှင်ဘုရင်ရှိဟုန် လက်သို့ ရောက်စေခြင်းငှါ၊ ထိုဘုရားသည် အခွင့်ပေးပြီ တကား။
30 Hianagi Hesboni kumatetima agafa huno vuno Dibonima uhanati'nea kumatamimpi vahera tagra nezamaheta, kumazmia zamazeri haviza hu'none. Hagi Nofa kuma'enena azeri havizantfa huta vuta Medeba kumate uhanati'none.
၃၀တဖန် ငါတို့သည် အာမောရိသားတို့ကို တိုက် ပြန်သောကြောင့်၊ ဟေရှဘုန်ပြည်သည် ဒိဘုန်မြို့တိုင် အောင် ပျက်လေပြီ။ မေဒဘမြို့နှင့် နီးစပ်သော နောဖာ မြို့တိုင်အောင် သူတို့ကို သုတ်သင်ပယ်ရှင်းကြပြီဟု ဆိုသတည်း။
31 E'ina hute'za Israeli vahe'mo'za Amori vahe mopafina mani'naze.
၃၁ထိုသို့ ဣသရေလအမျိုးသားတို့သည် အာမောရိ ပြည်၌ နေရကြ၏။
32 Hagi Jazeri kumama afure'za kesazegu Mosese'a huzmantege'za vute'za ageno, Jazeri kuma tava'onte'ma Amori vahe'ma mani kagi'naza vahera Israeli vahe'mo'za ha'huzamante'za zamahe natitre'naze.
၃၂မောရှေသည်လည်း၊ ယာဇာမြို့ကို စူးစမ်းခြင်းငှါ လူကို စေလွှတ်ပြီးလျှင်၊ ထိုမြို့ရွာတို့ကို သိမ်းယူ၍ အရင် နေသော အာမောရိအမျိုးသားတို့ကို နှင်ထုတ်ကြ၏။
33 Hagi anantetira rukrahe hu'za Basani kaziga karanka mareri'za vu'naze. Hagi nevazageno Basani kini ne' Ogi'a ha'huzamante'naku sondia vahe'a kehutru hige'za Ederi kumate e'naze.
၃၃တဖန် ဣသရေလအမျိုးသားတို့သည် လှည့်၍၊ ဗာရှန်ပြည်သို့ ခရီးသွားကြ၏။ ဗာရှန်ရှင်ဘုရင်ဩဃ သည်၊ မိမိလူအပေါင်းတို့နှင့် ဧဒြိအရပ်မှာ စစ်တိုက်ခြင်းငှါ ချီသွား၏။
34 Hianagi Ra Anumzamo'a anage huno Mosesena asmi'ne, Ko agri'ene vahe'ane mopa'anena kagri kazampi avrentoanki korera huonto. Kagra Amori vahe'mokizmi kinima Sihoni'ma Hesboni kumate'ma nemania nete'ma hu'nanaza hugahane.
၃၄ထာဝရဘုရားကလည်း၊ သူ့ကို မကြောက်နှင့်။ သူနှင့်တကွ သူ၏လူအပေါင်းကို၎င်း၊ သူ၏မြေကို၎င်း၊ သင့်လက်၌ ငါအပ်ပေးပြီ။ ဟေရှဘုန်မြို့နေ အာမောရိ ရှင်ဘုရင်ရှိဟုန်ကို ပြုသကဲ့သို့၊ ဤမင်းကိုလည်း ပြုရမည် ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊
35 Hu'negu Israeli vahe'mo'za Ogine ne' mofavre'ane naga'ane vahe'anena ha'huzamante'za zamahe vagarazageno, mago vahere huno ana mopafina omanige'za ana mopa eri'naze.
၃၅ထိုမင်းနှင့်သားများ၊ လူများအပေါင်းတို့ကို တယောက်မျှ မကြွင်းလုပ်ကြံ၍ သူ၏ပြည်ကို သိမ်းယူ ကြ၏။