< 3 Mose 17 >

1 Ra Anumzamo'a Mosesena asamino,
တဖန်မောရှေအား ထာဝရဘုရားက၊
2 Aronine, mofavre naga'ane, maka Israeli vahera Ra Anumzamo'a amanage hie hunka zamasamio,
သင်သည် အာရုန်နှင့် သူ၏သား၊ - ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
3 Mago Israeli vahe'mo'ma bulimakao afupi, sipisipifi afu'ma, meme afu'ma kuma agu'afino, fegu'ama aheno'ma kresramna nevuno,
ဣသရေလအမျိုးသား တစုံတယောက်သည် သိုး၊ ဆိတ်၊ နွားကို တပ်ထဲမှာ သတ်သည်ဖြစ်စေ၊ တပ်ပြင်မှာ သတ်သည်ဖြစ်စေ၊
4 ana bulimakao afupi, sipisipi afupi, meme afuma erino atruhu seli mono nomofo kafante'ma Ra Anumzamofo avugama omesiana, e'inahu vahe'mo'a kora eritagino kumi hu'neankino, kuma agu'afintira ahenatitregahie.
ထာဝရဘုရား၏ တဲတော်ရှေ့တွင် ထာဝရဘုရားအား ပူဇော်သက္ကာ ပြုခြင်းငှါ ပရိသတ်စည်းဝေးရာ တဲတော်တံခါးသို့ မဆောင်ခဲ့လျှင်၊ ထိုသူသည် အသက်သတ်သော အပြစ်ရှိသည်ဟု မှတ်ရမည်။ အသက်သတ်သော ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်းရမည်။
5 Ama'na agafare ana zana hugahaze, Israeli vahe'mo'za amane megi'a kokampi ofazimia kresramna nevazankiza, menina kresramna vu ofazimia eri'za atruhu seli mono nomofo kafante Ra Anumzamofo avuga pristi vahete esageno, agra erino arimpa fru ofa Ra Anumzamonarega hugahie.
ဣသရေလအမျိုးသားတို့သည် တော၌ ပူဇော်သောယဇ်တို့ကို၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါး ရှေ့တွင် ထာဝရဘုရားထံတော်မှာ ယဇ်ပုရောဟိတ်ရှေ့သို့ ဆောင်ခဲ့၍၊ ထာဝရဘုရားအား မိဿ ဟာယယဇ် ပူဇော်စေခြင်းငှါ ထိုသို့ စီရင်ရသတည်း။
6 Hagi atruhu seli mono nomofo kafante'ma kresramna vunte itama Ra Anumzamofo avugama me'nere, pristi vahe'mo ana korana rutri tri hunenteno afova'a tevefi kresigeno Ra Anumzamo'na mna'a nentahina musena hugahue.
ယဇ်ပုရောဟိတ်သည်၊ ထိုယဇ်ကောင်အသွေးကို ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၌ရှိသော ထာဝရဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ ဖြန်း၍၊ ဆီဥကိုလည်း ထာဝရဘုရားအား မွှေးကြိုင်ရာဘို့ မီးရှို့ရမည်။
7 Zamagra meme afu havi anumzante kresramna vunente'za, a'ne'mo'za savari hu'za monko avu'ava nehazankna osugahaze. Hagi ama'i mevava trake me'nena henkama fore hunante anante'ma hanaza Israeli vahe'mo'za amage antegahaze.
သူတို့သည် အထက်က မှားယွင်းသကဲ့သို့ နောက်တဖန် နတ်ဆိုးတို့အား ယဇ်မပူဇော်ရ။ ဤပညတ် သည် သူတို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော် ဖြစ်သတည်း။
8 Anantera anage hunka zamasamio, Israeli vahepintiro ru vahe'ma tamagranema emani'nenaza vahe'mo'zama ofama nehu'za,
ဣသရေလအမျိုးသားချင်း ဖြစ်စေ၊ သင်တို့တွင် တည်းနေသော တပါး အမျိုးသားဖြစ်စေ၊ မီးရှို့ရာ ယဇ် အစရှိသော အခြားသောယဇ် တစုံတခုကို ပူဇော်သောအခါ၊-
9 atruhu seli mono nomofo kafante Ra Anumzamofonte'ma eme kresramna ovanimofona, Israeli vahepintira ahenatitregahaze.
ထာဝရဘုရားအား ပူဇော်သက္ကာပြုခြင်းငှါ၊ ပရိသတ်စည်းဝေးရာ တံခါးသို့ မဆောင်ခဲ့လျှင်၊ ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်းရမည်ဟု သူတို့အား ဆင့်ဆိုရမည်။
10 Israeli vahepintiro rurega vahe'ma enemanisia vahe'mo'zo korama nesage'na, Nagra anama korama nesia vahera namefi hunemi'na vahe'niafintira ahenatitregahue.
၁၀ဣသရေလအမျိုးသားမှစ၍၊ သင်တို့တွင် တည်းနေသော တပါးအမျိုးသား တစုံတယောက်သည်၊ အသွေး တမျိုးမျိုးကို စားလျှင်၊ ထိုသူကို ငါသည် မျက်နှာထား၍ သူ၏ အမျိုးမှ ပယ်ရှင်းမည်။
11 Na'ankure korampi asimu'ma erino mani'zana me'ne. Ana hu'negu kumite'ma nona huno apasente'zana koranuti Nagritera ofa hugahaze. E'ina hu'neankino koranuti kumimofo nona huno asimura amigahie.
၁၁အကြောင်းမူကား၊ ကိုယ်ခန္ဓာ အသက်သည် အသွေး၌ တည်၏။ သင်တို့ပြုသောအပြစ်ကို ဖြေစေ ခြင်းငှါ၊ ထိုအသွေးကို သင်တို့အား ယဇ်ပလ္လင်ပေါ်မှာ ငါပေးပြီ။ လူအပြစ်ကို ဖြေသောအရာကား၊ အသွေး ဖြစ်သတည်း။
12 E'ina hu'negu Israeli vahe'ene ruregati vahe'ma tamagranema emani'naza vahe'motanena korana oneho hu'na nehue.
၁၂ထိုကြောင့် သင်တို့၌ အဘယ်သူမျှ အသွေးကို မစားရ။ သင်တို့တွင် တည်းနေသော တပါးအမျိုး သားလည်း အသွေးကို မစားရဟု ဣသရေလအမျိုးသားတို့အား ငါ့အမိန့်တော်ရှိ၏။
13 Israeli vahe'mo'zo ruregati vahe'ma tamagranema emani'nesaza vahe'mo'zanema zagagafao namama ahe'za nesu'za, korama'a mopafi tagitre'za mopanu refiteho.
၁၃ဣသရေလအမျိုးသားမှစ၍ သင်တို့တွင် တည်းနေသော တပါးအမျိုးသား တစုံတယောက်သည်၊ မုဆိုးလုပ်၍ စားစရာဘို့ သား၊ ငှက်ကို ဘမ်းမိလျှင်၊ အသွေးကို သွန်၍ မြေနှင့်ဖုံးရမည်။
14 Na'ankure asimu'ma anteno mani'nea zagaramimofona asimura korampi me'ne. E'i ana agafare Israeli vahekura korana oneho hu'noankino, iza'o korama nesimofona Israeli vahepintira ahegasopegahaze.
၁၄အသွေးသည် ခပ်သိမ်းသော ကိုယ်ခန္ဓာ အသက်ရှင်ရာအကြောင်း ဖြစ်၏။ ထိုကြောင့် သင်တို့သည် တစုံတခုသော ကိုယ်ခန္ဓာ၏ အသွေးကို မစားရဟု ဣသရေလအမျိုးသားတို့အား ငါ့အမိန့်တော်ရှိ၏။ ခပ်သိမ်းသော ကိုယ်ခန္ဓာအသက်သည် အသွေး၌ တည်သောကြောင့်၊ အသွေးကို စားသောသူ မည်သည်ကား၊ ပယ်ရှင်းခြင်းကို ခံရမည်။
15 Hagi Israeli vahero, ruregati vahe'ma tamagranema emani'nesaza vahe'mo'zama fri'nesia zagagafao, afi zagagafamo aheno traga hu'nesia zagagafama nesimo'a, kukena'a sese nehuno, timpi ti freteno agru osu mani'nenkeno vuno kinagasenkeno agrua hugahie.
၁၅အလိုလို သေသောအကောင်၊ သားရဲကိုက်၍သေသော အကောင်၏အသားကို စားသော ကိုယ် အမျိုးသား၊ တပါးအမျိုးသား မည်သည်ကား၊ စားလျှင် မိမိအဝတ်ကိုလျှော်၍ ကိုယ်ကို ရေချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။ ထိုနောက် စင်ကြယ်ခြင်းရှိ၏။
16 Ana hu'neanagi kukena'ama sese osuno, timpima tima ofresimo'a, agra'a anazamofo knazana erigahie.
၁၆အဝတ်ကို မလျှော် ရေမချိုးလျှင်၊ ကိုယ်အပြစ်ကို ကိုယ်ခံရမည်ဟု ထာဝရဘုရားသည် ပညတ်တော် မူ၏။

< 3 Mose 17 >