< Tiuteronomi Kasege 8 >
1 Ama maka kasegema menima neramuana kegavahu so'e huta avaririho. E'i anama hanutma vahera kase hakare nehuta, Ra Anumzana tamagri Anumzamo'ma tamagehe'ima huhampri zmante'nea mopa omerita mani avitegahaze.
၁သင်သည် အသက်ရှင် ၍ များပြား မည်အကြောင်း ၊ ထာဝရဘုရား သည် သင် ၏ဘိုးဘေး တို့အား ကျိန်ဆို တော်မူ သော ပြည် သို့ သွား ၍ ဝင်စား မည်အကြောင်း၊ ယနေ့ ငါ မှာထား သော ပညတ် အလုံးစုံ တို့ကို ကျင့်ဆောင် အံ့သောငှာ သတိပြု ရမည်။
2 Hagi ana nehuta Ra Anumzana tamagri Anumzamo'ma anteramino'ma mani avu'ava'ma hutamaveri hunaku'ma 40'a kafufima hagage kokampima tamavreno'ma ne-eno, kasege'a avaririgahazafi ovaririgahaze huno'ma reramaheno'ma ke'nea zankura tamagera okaniho.
၂သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင့် ကို နှိမ့်ချ စုံစမ်း ၍ ၊ ပညတ် တော်တို့ကို ကျင့် ချင်သောစိတ် ရှိသည် မ ရှိသည်ကို သိ မည်အကြောင်း ၊ လွန်ခဲ့ပြီး သော အနှစ် လေးဆယ် ပတ်လုံးတော ၌ ပို့ဆောင် တော်မူသော လမ်း ခရီးတရှောက်လုံး ကို အောက်မေ့ ရမည်။
3 Hagi anteramino'ma mani avu'ava'ma hu tamaveri hunakura tamatregeta tamagakura nehazageno, tamafahe'mo'ene tamagranena neta onke'naza ne'zana mana tamami'ne. E'i ana'ma hu'nea avu'avamo'a huno, vahe'mo'za bretige nene'za zmasimura eri'za nomanizanki, Ra Anumzamofo agipinti'ma atirami'nia nanekereti'ene vahe'mo'za zamasimura eri'za manigahaze huta antahisagu anara hu'ne.
၃ထိုသို့ သင့် ကိုနှိမ့်ချ ၍ အငတ် အမွတ်ခံစေတော်မူ သောအခါ ၊ သင် သည် ကိုယ်တိုင်မ သိ ၊ သင် ၏ဘိုးဘေး မ သိ ဘူးသော မန္န နှင့် ကျွေးမွေး တော်မူသဖြင့် ၊ လူ သည် မုန့် အားဖြင့် သာ အသက် ကို မွေးရသည်မ ဟုတ်။ ဘုရားသခင် မိန့် တော်မူသမျှ အားဖြင့် အသက် မွေးရသည် ကို သိ စေတော်မူ၏။
4 Hagi 40'a kafufima ka'ma mopafima e'nazana, kukenatamimo'a tamavufgaretira tagatora huoramigeno, tamagamo'enena zoreno prora osu'ne.
၄လွန်ခဲ့ပြီးသော အနှစ် လေးဆယ် ပတ်လုံးသင် ဝတ်သောအဝတ် မ ဟောင်း မနွမ်း၊ သင့် ခြေ လည်း မ ပွန်း မရောင်။
5 Tamagrama antahisazana, arera afa'ma mofavre'ama aheno azeri fatgo nehiankna huno, Ra Anumzana tamagri Anumzamo'a tamazeri fatgo nehie.
၅အဘ သည် သား ကိုဆုံးမ သကဲ့သို့ ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင့် အား ဆုံးမ တော်မူသည် ကို စိတ် ထဲမှာ အောက်မေ့ ရမည်။
6 E'ina hu'negu Ra Anumzana tamagri Anumzamofonku koro hunteta agoraga'a nemanita, avu'ava'a nevaririta, kasege'a avaririho.
၆သို့ဖြစ်၍ သင် ၏ ဘုရားသခင် ထာဝရဘုရား စီရင်တော်မူသောလမ်း သို့ လိုက် ၍ ၊ ကိုယ်တော် ကို ကြောက်ရွံ့ သဖြင့် ပညတ် တော်တို့ကို စောင့်ရှောက် ရမည်။
7 Na'ankure Ra Anumzana tamagri Anumzamo'a rama'a tinkagomu megeno, agonafine agupofinena rama'a ti kampui hanatino enevia knare mopafi tamavreno unefre.
၇အကြောင်း မူကား၊ သင် ၏ ဘုရား သခင်ထာဝရဘုရား သည် ကောင်း သောပြည် ၊ ချိုင့် ထဲ ၊ တောင် ထဲက ပေါက် သောမြစ် ၊ ချောင်း၊ စမ်းရေတွင်း၊ ရေကန်များနှင့် ပြည့်စုံသောပြည်၊
8 Hagi ana mopa witima, balima, waini ragama, fiki zafaramima, pomegreneti zafa rgaramima, olivi zafane, tumerimo'ma avite'nea mope.
၈ဂျုံ ၊ မုယော ၊ စပျစ် ပင်၊ သင်္ဘော သဖန်းပင်၊ သလဲ ပင်နှင့် ပြည့်စုံသောပြည် ၊ သံလွင် ဆီ ၊ ပျားရည် နှင့် ပြည့်စုံသောပြည်၊
9 Hagi ana mopafina ne'zamo'a avitegeno, ne'zanku atupa osu mope. Ana nehigeno ainima e'neri'za havemo'ene kopama e'neri'za havemo'a agonaramimpina me'neankita kafita erigahaze.
၉ဘာမျှ မ လို ဘဲဝစွာ စား ရသောပြည် ၊ သံ ကျောက် နှင့် ပြည့်စုံ၍၊ တောင် ထဲက ကြေးနီ ကို တူး ရသောပြည် သို့ သင့်ကို ဆောင်သွားတော်မူ၏။
10 Hagi tamagrama ne'zama neramu'ma nehanuta, Ra Anumzana tamagri Anumzamofo agi'a erisga hiho. Na'ankure Agra knare mopa tami'ne.
၁၀ထို ကောင်းမွန် သော ပြည် ကိုပေး သနားတော်မူသည် ဖြစ်၍၊ သင်သည် ဝ စွာစား ရသောအခါ ၊ သင် ၏ ဘုရား သခင်ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ရမည်။
11 Hianagi Ra Anumzana tamagri Anumzamofo kasegene tra kenema menima amage'ma antesazegu'ma neramasmua kema tamage'ma akanita rutagre zankura kva hiho.
၁၁ယနေ့ ငါ ဆင့်ဆို သော စီရင် ထုံးဖွဲ့ချက်၊ ပညတ် တရားတော်တို့ကို သင်သည် မ စောင့် ၊ သင် ၏ ဘုရား သခင် ထာဝရဘုရား ကို မေ့လျော့ သောအပြစ်ကို သတိ နှင့်ရှောင်လော့။
12 Hagi knare nompi mani'neta hakare ne'za nenesnageno tamura nehina,
၁၂သင်သည် ဝ စွာစား ၍ ကောင်း သောအိမ် ကို ဆောက် လျက် နေ ရစဉ်၊
13 bulimakao afu'mo'zane sipisipi afu'mo'zanena anentara kase hakare nehanageta, silvane golinena rama nenteta maka fenoma antesaza fenomo'a ome rama'a hugahie.
၁၃သင် ၏ သိုး နွား ၊ ရွှေ ငွေ အစ ရှိသော ဥစ္စာမျိုး များပြား စဉ်အခါ၊
14 Hagi ana zankura musena huta tamavufga ra nehuta, Ra Anumzana tamagri Anumzamo'ma Isipima kazokazo eri'zama e'nerita mani'nazageno tamazama huno tamavreno'ma atirami'nea Ra Anumzankura tamagera okaniho.
၁၄သင် သည် မာန ထောင်လွှားခြင်းသို့ ရောက်၍ ၊ အထက် ကျွန် ခံနေရာ အဲဂုတ္တု ပြည် မှ ကယ်နှုတ်ဆောင် ယူခဲ့ တော်မူထသော၊
15 Agrama vugota huramanteno hagage huno tusi amuho hu'nea ka'ma kokampima ha' osifavemo'zane ha' segintavemo'zanena hakare hu'nefi nevuno, havefinti'ma tima erifore'ma hurami'nea zanku'enena tamagera okaniho.
၁၅မီး မြွေ ၊ ကင်းမြီးကောက် များ၍ ၊ ရေ မ ရှိ၊ အငတ် ခံရာအရပ်၊ ကြောက်မက် ဘွယ်သော တော ကြီး အလယ် ၌ သင့် ကို ပို့ဆောင် ၍ မီး ပါကျောက်ထဲက ရေ ကို ထွက် စေတော်မူထသော၊
16 Hagi ka'ma kokampima tamafahe'mo'za ne'za onke'naza ne'za manama tami'neana, anteramino'ma mani avu'ava'zane tamagrama knare huta manisagu reramaheno kenaku anara hu'ne.
၁၆သင့် ကိုနှိမ့်ချ စုံစမ်း ၍ ၊ နောက်ဆုံး ၌ ကျေးဇူး ပြု လိုသောငှာ ၊ သင် ၏ ဘိုးဘေး မ သိ ဘူးသော မန္န နှင့် တော ၌ ကျွေးမွေး တော်မူသောသင် ၏ဘုရားသခင် ထာဝရဘုရား ကို မေ့လျော့ ၍၊
17 Hagi ru tamagra huta tagra hankavereti ama fenona eritru hune hutama huzanku, e'i anara hu'ne.
၁၇ငါ့ တန်ခိုး ၊ ငါ့ လက် သတ္တိ အားဖြင့် ဤ စည်းစိမ် ကို ငါ ရ တတ်သည်ဟုစိတ် ထဲမှာ အောက်မေ့ခြင်းအပြစ်ကို သတိနှင့် ကြဉ်ရှောင်လော့။
18 Hu'neanagi Ra Anumzana tamagri Anumzamo hankavea tami'nigeta feno vahera manigahazanki, tamagera akanionteho. E'i ana'ma haniana tamafahe'ima huvempa huno huhagerafi'nea kea eri knare hugahie.
၁၈သင် ၏ဘုရားသခင် ထာဝရဘုရား ကိုသာ အောက်မေ့ ရမည်။ အကြောင်း မူကား၊ သင် ၏ ဘိုးဘေး တို့ အား ကျိန်ဆို တော်မူသော ပဋိညာဉ် တရားတော်ကို ယနေ့ ကဲ့သို့ တည် စေလိုသောငှာ ၊ စည်းစိမ် ရ တတ်သော အစွမ်း သတ္တိကို ဘုရားသခင်ပေး တော်မူ၏။
19 Hagi Ra Anumzana tamagri Anumzamofoma tamagekani nenteta, havi anumzantamima nevaririta, tamarenareta mono huzmantesazana, Ra Anumzamo'a tamage huno tamahe fanane hugahianki, kva hiho hu'na nehue.
၁၉သင် ၏ ဘုရားသခင် ထာဝရဘုရား ကို သင် သည် မေ့လျော့ သဖြင့် ၊ အခြား တပါးသော ဘုရား တို့ကို ဆည်းကပ် ၍ ဝတ်ပြု ကိုးကွယ် လျှင် ၊ ပျက်စီး ခြင်းသို့ အမှန်ရောက်လိမ့်မည်ဟု ယနေ့ ငါသည် သင့် တဘက် ၌ သက်သေခံ ၏။
20 Hagi Ra Anumzana tamagri Anumzamofo kema ontahisageno'a, tamavugama me'nea mopafi vahe'ma zamahe fananema hu'neaza huno, tamahe fanane hugahie.
၂၀သင် ၏ဘုရား သခင်ထာဝရဘုရား ၏ စကား တော်ကို နား မ ထောင်သောကြောင့် ၊ ထာဝရဘုရား သည် သင့် ရှေ့ မှာ ဖျက်ဆီး တော်မူသောလူမျိုး များကဲ့သို့ ၊ ထိုနည်းတူ သင်သည် ပျက်စီး ခြင်းသို့ ရောက်ရလိမ့်မည်။