< ヨハネの黙示録 5 >
1 第二款 羔及び七封印の巻物 我又玉座の上に坐し給ふものの右の御手の上に、内外に文字ありて七の印を以て封ぜられたる巻物を見、
၁ထိုအခါတဘက်တချက်၌ အက္ခရာတင်၍ တံဆိပ်ခုနစ်ချက် ခတ်သော စာစောင်ကို ပလ္လင်တော်ပေါ် မှာ ထိုင်တော်မူသောသူ၏ လက်ျာလက်၌ငါမြင်၏။
2 又一の強き天使の聲高く、巻物を開きて其封印を解くに堪ふる者は誰ぞ、と布告するを見たり。
၂အားကြီးသောကောင်းကင်တမန်တပါးက၊ ထိုစာစောင်ကိုဖွင့်၍ တံဆိပ်တို့ကိုခွါခြင်းငှါ အဘယ်သူထိုက် သနည်းဟု ကြီးသောအသံနှင့် ကြွေးကြော်လျက်ရှိသည်ကို ငါမြင်၏။
3 而も天にも地上にも地下にも、巻物を開きて之を眺むる事だに能くする者なかりき。
၃ထိုစာစောင်ကိုဖွင့်၍ကြည့်ခြင်းငှါ ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၌ အဘယ်သူမျှမတတ်နိုင်။ ထိုစာစောင်ကိုဖွင့်၍ ကြည့်ထိုက်သောသူ တယောက်ကိုမျှ ရှာ၍မတွေ့သောကြောင့်၊ ငါသည် များစွာငိုကြွေးလေ၏။
4 斯て誰も巻物を開きて見るにすら堪へたりと認めらるる者なきにより、我大いに泣き居たりしかば、
၄ထိုအခါအသက်ကြီးသောသူတပါးက၊ မငိုကြွေးနှင့်၊ ယုဒအမျိုး ခြင်္သေ့သတည်းဟူသော ဒါဝိဒ်၏။ အမြစ်သည် ထိုစာစောင်ကို၎င်း၊
5 翁の一人我に謂ひけるは、泣く勿れ、看よやユダ族の獅子ダヴィドの萌蘗、勝利を得て巻物を開き、其七封印を解くを得給ふと。
၅တံဆိပ် ခုနစ် ချက်တို့ကို၎င်း၊ ဖွင့်ခြင်းငှါ အောင်မြင်လေပြီဟု ငါ့ကို ပြောဆို၏။
6 我見たるに、折しも玉座と四の動物との中央、翁等の中央に屠られたるが如き羔立ちて、是に七の角あり、又全世界に遣られし神の七霊なる七の眼あり。
၆ထိုအခါပလ္လင်တော်မှစသော သတ္တဝါလေးပါး နှင့်အသက်ကြီး သူတို့အလယ်၌၊ အသေသတ်ပြီးသကဲ့သို့ သော သိုးသငယ်သည် ရပ်လျက်ရှိသည်ကို ငါမြင်၏။ ထိုသိုးသငယ်သည် မြေကြီးတပြင်လုံး၌ လွှတ်သော ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးတည်းဟူသော မျက်စိ ခုနစ်လုံးနှင့် ချိုခုနစ်ချောင်းရှိ၏။
7 羔來りて玉座に坐し給ふものの右の御手より巻物を受けしが、
၇သူသည်လာ၍ ပလ္လင်တော်ပေါ်မှာထိုင်တော်မူသော သူ၏ လက်ျာလက်မှစာစောင်ကို ခံယူလေ၏။
8 其巻物を受くるや、四の動物と廿四人の翁とは羔の前に平伏し、各琴[の如きもの]又聖人等の祈なる香の充ちたる金の香炉を持ちて、
၈ထိုစာစောင်ကိုခံယူသောအခါ၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူနှစ်ဆယ်လေးပါးတို့သည်၊ သန့်ရှင်းသူတို့၏ ပဌနာတည်းဟူသောမီးရှို့ရာ နံ့သာပေါင်းနှင့် ပြည့်သော ရွှေဖလားတို့ကို၎င်း၊ စောင်းတို့ကို၎င်း၊ အသီးသီးကိုင်၍ သိုးသငယ်ရှေ့၌ပြပ်ဝပ်လျက်၊
9 新しき賛美歌を謳ひ、主よ汝は巻物を受けて其封印を解くに堪へ給へり、其は屠られ給ひて、御血を以て、神の為に諸族、諸語、諸民、諸國の中より人々を贖ひ、
၉ကိုယ်တော်သည် အသေသတ်ခြင်းကို ခံတော် မူသောအားဖြင့်၊ အသီးအသီးဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ အကျွန်ုပ်တို့ကိုယူ၍၊ အသွေးတော်နှင့် ဘုရား သခင်အဘို့ ရွေးနှုတ်တော်မူ၏။
10 之を我等の神の為に王たらしめ司祭たらしめ給ひたればなり、彼等は地上を統治すべし、と言ひ居れり。
၁၀အကျွန်ုပ်တို့၏ ဘုရားသခင်ရှေ့မှာ၊ ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ်အရာ၌၎င်း၊ ခန့်ထား၍၊ မြေကြီးပေါ်မှာ စိုးစံရသော အခွင့်ကိုပေးတော်မူ၏။ ထိုကြောင့်၊ ကိုယ်တော်သည် စာစောင်ကို ခံယူ၍တံဆိပ်တို့ကို ဖွင့်ထိုက်တော်မူ၏ဟု အသစ်သောသီချင်းကိုသီ၍ လျှောက်ဆိုကြ၏။
11 我尚見たるに、玉座と動物と翁等との周圍に在る、多くの天使の聲を聞けり、其數萬々億々にして、
၁၁ထိုအခါ ငါကြည့်၍ ပလ္လင်တော်မှစသော သတ္တဝါတို့နှင့် အသက်ကြီးသူတို့၏ ပတ်ဝန်းကျင်၌ ကုဋေ သင်္ချေမကအတိုင်းမသိ များစွာသော ကောင်းကင်တမန် တို့၏ အသံကို ငါကြား၏။
12 聲高く言ひけるは、屠られ給ひし羔は、権威と富有と、叡智と能力と、尊貴と光榮と祝福とを受くるに堪へ給ふものなり、と。
၁၂ထိုသူတို့ကလည်း၊ အသေသတ်ခြင်းကိုခံခဲ့ပြီးသော သိုးသငယ်သည်၊ တန်ခိုး၊ စည်းစိမ်၊ ပညာ၊ အစွမ်း သတ္တိ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ ကောင်းကြီး မင်္ဂလာကိုခံထိုက်တော်မူ၏ဟု ကြီးသောအသံနှင့် ပြောဆိုကြ၏။
13 又天にも、地上にも地下にも、海上にも何處にも、被造物の悉く言へるを聞けり、玉座に坐し給ふものと羔とに、祝福と尊貴と、光榮と権能と、世々に限なし、と。 (aiōn )
၁၃ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၊ သမုဒ္ဒရာအထဲ၊ အရပ်ရပ်တို့၌ရှိရှိသမျှသော ဝေနေယျသတ္တဝါ အပေါင်းတို့က၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူနှင့် သိုးသငယ်သည် ကမ္ဘာအဆက်ဆက် ကောင်းကြီး မင်္ဂလာ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ အစွမ်းသတ္တိရှိ တော်မူစေသတည်းဟု ပြောဆိုကြသည်ကို ငါကြား လေ၏။ (aiōn )
14 而して四の動物はアメンと言ひ、廿四人の翁は平伏して、世々に限なく活き給ふものを禮拝し奉れり。
၁၄သတ္တဝါလေးပါးတို့ကလည်း အာမင်ဟုခေါ်ဝေါ်ကြ၏။ အသက်ကြီးသူတို့သည်လည်း ပြပ်ဝပ်၍ ကိုးကွယ်ကြ၏။