< 創世記 42 >
1 ヤコブ、エジプトに穀物あるを見しかばその子等にいひけるは汝等なんぞたがひに面を見あはするや
၁အဲဂုတ္တုပြည်၌ စပါးရှိကြောင်းကို ယာကုပ် ကြားသိလျှင်၊ သင်တို့သည် အဘယ်ကြောင့် တယောက်ကို တယောက် ကြည့်ရှု၍ နေကြသနည်း။
2 ヤコブまたいふ我エジプトに穀物ありと聞り彼處にくだりて彼處より我等のために買きたれ然らばわれら生るを得て死をまぬかれんと
၂အဲဂုတ္တုပြည်၌ စပါးရှိကြောင်းကို ငါကြားရပြီ။ ငါတို့သည်မသေ အသက်ရှင်မည်အကြောင်း၊ ထိုပြည်သို့ သွား၍ ငါတို့အဘို့ကို ဝယ်ကြလော့ဟု မိမိသားတို့အား ဆိုသည်အတိုင်း၊
3 ヨセフの十人の兄弟エジプトにて穀物をかはんとて下りゆけり
၃ယောသပ်၏ အစ်ကိုတကျိပ်တို့သည် စပါးကို ဝယ်ခြင်းငှါ အဲဂုတ္တုပြည်သို့ သွားကြ၏။
4 されどヨセフの弟ベニヤミンはヤコブこれをその兄弟とともに遣さざりきおそらくは災難かれの身にのぞむことあらんと思たればなり
၄ယောသပ်၏ညီ ဗင်္ယာမိန်ကိုကား အစ်ကိုတို့နှင့် အတူ ယာကုပ်သည်မစေမလွှတ်။ အကြောင်းမူကား၊ သူ၌ ဘေးရောက်ကောင်းရောက်လိမ့်မည်ဟု စိုးရိမ်သတည်း။
5 イスラエルの子等穀物を買んとて來る者とともに來る其はカナンの地に饑饉ありたればなり
၅ထိုအခါ ခါနာန်ပြည်၌ အစာခေါင်းပါးသော ကြောင့်၊ အဲဂုတ္တုပြည်သို့ရောက်လာသော သူတို့တွင်၊ ဣသရေလသားတို့သည် စပါးကိုဝယ်ခြင်းငှါ လာကြ၏။
6 時にヨセフは國の總督にして國の凡の人に賣ことをなせりヨセフの兄弟等來りてその前に地に伏て拜す
၆ယောသပ်သည် နိုင်ငံအုပ်ဖြစ်၍ ပြည်သား အပေါင်းတို့အား ရောင်းသောအမှုကို စီရင်လေ၏။ ယော သပ်အစ်ကိုတို့သည်လာ၍ သူ့ရှေ့မှာ ဦးညွှတ်ချကြ၏။
7 ヨセフその兄弟を見てこれを知たれども知ざる者のごとくして荒々しく之にものいふ即ち彼等に汝等は何處より來れるやといへば彼等いふ糧食を買んためにカナンの地より來れりと
၇ယောသပ်သည် အစ်ကိုတို့ကိုမြင်လျှင်သိ၏။ သို့သော်လည်း မသိဟန်ဆောင်၍ ကြမ်းတမ်းစွာ ပြော လျက်၊ သင်တို့သည် အဘယ်ကလာကြသနည်းဟု မေး၏။ သူတို့ကလည်း၊ အစာကိုဝယ်ခြင်းငှါ ခါနာန်ပြည်က လာကြပါသည် ဟုလျှောက်ကြ၏။
8 ヨセフはその兄弟をしりたれども彼等はヨセフをしらざりき
၈ယောသပ်သည် အစ်ကိုတို့ကိုသိသော်လည်း၊ သူတို့သည် ယောသပ်ကို မသိကြ။
9 ヨセフその昔に彼等の事を夢たる夢をを憶いだし彼等に言けるは汝等は間者にして此國の隙を窺はんとて來れるなり
၉ယောသပ်သည် သူတို့အကြောင်းနှင့် မြင်ရသော အိပ်မက်တို့ကို အောက်မေ့လျက်၊ သင်တို့သည် သူလျှို ဖြစ်ကြ၏။ ပြည်တော်၌ အားနည်းသောအရပ်ကို ကြည့်ရှု ခြင်းငှါ လာကြပြီဟုဆိုလျှင်၊
10 彼等之にいひけるはわが主よ然らず唯糧食をかはんとて僕等は來れるなり
၁၀သူတို့က၊ မဟုတ်ပါသခင်။ ကိုယ်တော်၏ကျွန်တို့ သည် အစာကို ဝယ်ခြင်းငှါသာ လာကြပါ၏။
11 我等はみな一箇の人の子にして篤實なる者なり僕等は間者にあらず
၁၁ကျွန်တော်တို့သည် တယောက်တည်းသောသူ၏ သားဖြစ်ကြပါ၏။ ဖြောင့်မတ်သောသူလည်း ဖြစ်ကြပါ၏။ ကိုယ်တော်၏ကျွန်တို့သည် သူလျှိုမဟုတ်ပါဟု လျှောက် ကြ၏။
12 ヨセフ彼等にいひけるは否汝等は此地の隙を窺はんとて來れるなり
၁၂ယောသပ်ကလည်း၊ မဟုတ်ဘူး။ ပြည်တော်၌ အားနည်းသော အရပ်ကိုကြည့်ရှုခြင်းငှါ လာကြပြီဟု ဆိုပြန်၏။
13 彼等いひけるは僕等は十二人の兄弟にしてカナンの地の一箇の人の子なり季子は今日父とともにをる又一人はをらずなりぬ
၁၃သူတို့ကလည်း၊ ကိုယ်တော်ကျွန်တို့သည် ခါနာန် ပြည်၌ တယောက်တည်းသောသူ၏သား၊ ညီအစ်ကို တကျိပ်နှစ်ယောက် ဖြစ်ကြပါ၏။ အငယ်ဆုံးသောသူကား အဘနှင့်အတူ ယခုရှိရစ်ပါ၏။ တယောက်ကားမရှိပါဟု လျှောက်ပြန်လျှင်၊
14 ヨセフかれらにいひけるはわが汝等につげて汝等は間者なりといひしはこの事なり
၁၄ယောသပ်က၊သင်တို့သည် သူလျှိုဖြစ်ကြ၏ဟု ငါဆိုသည်အရာမှာ၊
15 汝等斯してその眞實をあかすべしパロの生命をさして誓ふ汝等の末弟ここに來るにあらざれば汝等は此をいづるをえじ
၁၅သင်တို့ကို အဘယ်သို့ စုံစမ်းရမည်နည်းဟူမူ ကား၊ အငယ်ဆုံးသောညီ မလာလျှင်၊ ဖါရောဘုရင် အသက်ရှင်တော်မူသည်အတိုင်း သင်တို့သည် ဤအရပ်မှ မထွက်မသွားရ။
16 汝等の一人をやりて汝等の弟をつれきたらしめよ汝等をば繋ぎおきて汝等の言をためし汝らの中に眞實あるや否をみんパロの生命をさして誓ふ汝等はかならず間者なりと
၁၆သင်တို့စကား မှန်သည်မမှန်သည်ကို စုံစမ်း၍ သိစေခြင်းငှါ သင်တို့တွင် တယောက်သောသူကို စေလွှတ် ၍ ညီကိုဆောင်ခဲ့စေ။ ကြွင်းသောသူတို့ကို ထောင်ထဲမှာ ချထားမည်။ သို့မဟုတ် ဖါရောဘုရင် အသက်ရှင်တော် မူသည်အတိုင်း၊ အကယ်စင်စစ် သင်တို့သည် သူလျှို ဖြစ်ကြ၏ဟုဆိုပြီးလျှင်၊
၁၇အစ်ကိုအပေါင်းတို့ကို သုံးရက်ချုပ်ထားလေ၏။
18 三日におよびてヨセフ彼等にいひけるは我神を畏る汝等是なして生命をえよ
၁၈သုံးရက်မြောက်သောနေ့၌ ယောသပ်သည် သူတို့ကိုခေါ်၍၊ ငါသည် ဘုရားသခင်ကို ကြောက်ရွံ့သော သူဖြစ်၏။ သို့ဖြစ်၍ သင်တို့သည် အသက်ချမ်းသာစေ ခြင်းငှါ ပြုရသောအမှုဟူမူကား၊
19 汝等もし篤實なる者ならば汝らの兄弟の一人をしてこの獄に繋がれしめ汝等は穀物をたづさへゆきてなんぢらの家々の饑をすくへ
၁၉သင်တို့သည် ဖြောင့်မတ်သောသူမှန်လျှင်၊ သင်တို့ညီအစ်ကိုတို့တွင် တစုံတယောက်ကို ထောင်အိမ်၌ အချုပ်ခံလျက်နေစေပြီးလျှင်၊ ကြွင်းသော သူတို့မူကား သွားကြလော့။ အိမ်သူအိမ်သားတို့၌ အစာခေါင်းပါး သောကြောင့် စပါးကိုယူ၍သွားကြလော့။
20 但し汝らの末弟を我につれきたるべしさすればなんぢらの言の眞實あらはれて汝等死をまぬかるべし彼等すなはち斯なせり
၂၀အငယ်ဆုံးသောညီကို ငါ့ထံသို့ ဆောင်ခဲ့ကြ လော့။ သို့ပြုလျှင် သင်တို့စကားမှန်လိမ့်မည်။ သင်တို့ အသက်လည်း ချမ်းသာရလိမ့်မည်ဟုဆိုသည်အတိုင်း သူတို့သည်ပြုကြ၏။
21 茲に彼らたがひに言けるは我等は弟の事によりて信に罪あり彼等は彼が我らに只管にねがひし時にその心の苦を見ながら之を聽ざりき故にこの苦われらにのぞめるなり
၂၁ထိုအခါ သူတို့အချင်းချင်းဆိုကြသည်ကား၊ အကယ်စင်စစ် ငါတို့ သည် ညီ၏အမှု၌ အပြစ်ကြီးကြ၏။ သူသည် ငါတို့ကိုတောင်းပန်သောအခါ၊ သူ့စိတ်ဆင်းရဲ ခြင်းကို ငါတို့သည် မြင်လျက်နှင့် နားမထောင်ဘဲနေကြ ၏။ ထိုကြောင့် ဤအမှုသည် ငါတို့အပေါ်မှာ ယခု ရောက်လာပြီဟု တယောက်ကိုတယောက် ပြောဆိုကြ၏။
22 ルベンかれらに對ていひけるは我なんぢらにいひて童子に罪ををかすなかれといひしにあらずや然るに汝等きかざりき是故に視よ亦彼の血をながせし罪をたださると
၂၂ရုဗင်ကလည်း၊ သူငယ်ကို မပြစ်မှားပါနှင့်ဟု ကျွန်ုပ်ဆိုသည်မဟုတ် လော။ သင်တို့သည် နားမထောင် ဘဲ နေကြသောကြောင့် သူ၏အသွေးအတွက် ယခု အစစ်ခံရကြသည်ဟု ပြန်၍ဆို၏။
23 彼等はヨセフが之を解するをしらざりき其は互に通辨をもちひたればなり
၂၃ထိုသို့ မိမိတို့ ပြောဆိုကြသောစကားကို ယော သပ် နားလည်သည်ဟု သူတို့မထင်ကြ။ အကြောင်းမူကား၊ ယောသပ်သည် စကားပြန်နှင့်သူတို့ကို ပြောတတ်သော ကြောင့်တည်း။
24 ヨセフ彼等を離れゆきて哭き復かれらにかへりて之とかたり遂にシメオンを彼らの中より取りその目のまへにて之を縛れり
၂၄ထိုအခါ ယောသပ်သည် သူတို့ထံမှခဏခွါ၍ ငိုလေ၏။ တဖန် လာပြန်၍ နှုတ်ဆက်ပြီးလျှင်၊ ရှိမောင် ကို သူတို့အစုထဲကယူ၍ သူတို့ရှေ့တွင် ချည်နှောင်လေ၏။
25 而してヨセフ命じてその器に穀物をみたしめ其人々の金を嚢に返さしめ又途の食を之にあたへしむヨセフ斯かれらになせり
၂၅ထိုနောက် သူတို့အိတ်များကို စပါးနှင့်ပြည့်စေ၍၊ သူတို့ငွေကိုလည်း အသီးအသီးအိတ်တို့တွင် ပြန်ထည့်စေ ခြင်းငှါ၎င်း၊ လမ်းခရီး၌ စားစရိတ်ကိုပေးစေခြင်းငှါ၎င်း စီရင်၍ ထိုသို့လျှင်သူတို့၌ပြုလေ၏။
26 彼等すなはち穀物を驢馬におはせて其處をさりしが
၂၆သူတို့သည်လည်း မြည်းများအပေါ်၌ စပါးကို တင်၍ ထွက်သွားကြ၏။
27 其一人旅邸にて驢馬に糧を與んとて嚢をひらき其金を見たり其は嚢の口にありければなり
၂၇စားခန်းသို့ရောက်သောအခါ၊ တယောက်သော သူသည် မြည်းကို အစာကျွေးခြင်းငှါ မိမိအိတ်ကိုဖွင့်လျှင်၊ အိတ်ဝတွင်ရှိသော ငွေကိုမြင်လေ၏။
28 彼その兄弟にいひけるは吾金は返してあり視よ嚢の中にありと是において彼等膽を消し懼れてたがひに神の我らになしたまふ此事は何ぞやといへり
၂၈ညီအစ်ကိုတို့အားလည်း ကျွန်ုပ်ငွေကို ပြန်ထား ပြီ။ ကြည့်ပါ အိတ်ထဲမှာရှိသည်ဟုဆိုသော်၊ သူတို့သည် စိတ်နှလုံးလျော့၍ ကြောက်လန့်လျက်၊ ငါတို့၌ ဘုရား သခင်ပြုတော်မူသော ဤအမှုသည် အဘယ်အမှုဖြစ် ပါလိမ့်မည်နည်းဟု တယောက်ကိုတယောက်ဆိုကြ၏။
29 かくて彼等カナンの地にかへりて父ヤコブの所にいたり其身にありし事等を悉く之につげていひけるは
၂၉ခါနာန်ပြည် အဘယာကုပ်ထံသို့ရောက်လျှင်၊ မိမိတို့၌ဖြစ်လေသမျှတို့ကို ကြားပြောသည်ကား၊
30 彼國の主荒々しく我等にものいひ我らをもて國を偵ふ者となせり
၃၀ထိုပြည်ကိုအုပ်စိုးသောသူသည် ကြမ်းတမ်းစွာ ပြောလျက်၊ ကျွန်ုပ်တို့ကို ထိုပြည်၌ သူလျှိုလုပ်သူဟူ၍ မှတ်လေ၏။
31 我ら彼にいふ我等は篤實なる者なり間者にあらず
၃၁ကျွနုပ်တို့ကလည်း၊ ကျွန်တော်တို့သည် ဖြောင့် မတ်သောသူဖြစ်ကြပါ၏။ သူလျှိုမဟုတ်ပါ။
32 我らは十二人の兄弟にして同じ父の子なり一人はをらずなり季のは今日父とともにカナンの地にありと
၃၂တဘတည်းသား၊ ညီအစ်ကိုချင်း တကျိပ် နှစ်ယောက်ဖြစ်ကြပါ၏။ တယောက်ကားမရှိပါ။ အငယ် ဆုံးသောသူကား ခါနာန်ပြည်၌ အဘနှင့်အတူ ယခုရှိရစ် ပါသည်ဟု လျှောက်သောအခါ၊
33 國の主なるその人われらにいひけるは我かくして汝等の篤實なるをしらん汝等の兄弟の一人を吾もとにのこし糧食をたづさへゆきて汝らの家々の饑をすくへ
၃၃ထိုပြည်ကို အုပ်စိုးသောသခင်က၊ သင်တို့သည် ဖြောင့်မတ်သောသူမှန်သည်ကို အဘယ်သို့ ငါသိနိုင်မည် နည်းဆိုသော်၊ သင်တို့ညီအစ်ကိုတို့ တွင် တစုံတယောက်ကို ငါ့ထံ၌ထားရစ်ကြလော့။ သင်တို့အိမ်သူအိမ်သားတို့၌ အစာခေါင်းပါးသောကြောင့် အစာကိုယူ၍သွားကြလော့၊
34 しかして汝らの季の弟をわが許につれきたれ然れば我なんぢらが間者にあらずして篤實なる者たるをしらん我なんぢらの兄弟を汝等に返し汝等をしてこの國にて交易をなさしむべしと
၃၄အငယ်ဆုံးသောညီကို ငါ့ထံသို့ ဆောင်ခဲ့ကြ လော့။ သို့ပြုလျှင် သင်တို့သည် သူလျှိုမဟုတ် ဖြောင့်မတ် သောသူဖြစ်သည်ကို ငါသိလိမ့်မည်။ သင်တို့ညီအစ်ကိုကို လည်း ငါပြန်၍အပ်မည်။ သင်တို့သည် ပြည်တော်၌ ဖေါက်ကားရောင်းဝယ်ရကြမည်ဟု ဆိုကြောင်းကို ကြားပြောကြပြီးမှ၊
35 茲に彼等その嚢を傾たるに視よ各人の金包その嚢のなかにあり彼等とその父金包を見ておそれたり
၃၅မိမိတို့အိတ်များအထဲက စပါးကို ထုတ်သော အခါ၊ အသီးအသီးဆိုင်သော ငွေထုပ်တို့သည် မိမိတို့အိတ် ၌ ရှိကြ၏။ ငွေထုပ်များကို သူတို့နှင့် အဘသည် မြင်သော အခါ ကြောက်လန့်ကြ၏။
36 その父ヤコブ彼等にいひけるは汝等は我をして子を喪はしむヨセフはをらずなりシメオンもをらずなりたるにまたベニヤミンを取んとす是みなわが身にかかるなり
၃၆အဘယာကုပ်ကလည်း၊ သင်တို့သည် ငါ့သား တို့ကို လုယူကြပြီ။ ယောသပ်မရှိ၊ ရှိမောင်မရှိ၊ ဗင်္ယာမိန် ကိုလည်း ယူသွားချင်သည်တကား။ ဤအမှုအလုံးစုံတို့ သည် ငါနှင့်ဆန့်ကျင်ဘက်ဖြစ်သည်တကားဟု သူတို့အား ဆို၏။
37 ルベン父に告ていふ我もし彼を汝につれかへらずば吾ふたりの子を殺せ彼をわが手にわたせ我之をなんぢにつれかへらん
၃၇ရုဗင်ကလည်း၊ ကျွန်ုပ်သည် ဗင်္ယာမိန်ကို အဘ ထံသို့ပြန်၍ မဆောင်ခဲ့လျှင်၊ ကျွန်ုပ်သားနှစ်ယောက်တို့ကို သတ်ပါလော့။သူ့ကိုကျွန်ုပ် လက်၌အပ်ပါ။ ကျွန်ုပ်တဖန် အဘထံသို့ပြန်၍ ဆောင်ခဲ့ပါမည်ဟု အဘအား ဆို၏။
38 ヤコブいひけるはわが子はなんぢらとともに下るべからず彼の兄は死て彼ひとり遺たればなり若なんぢらが行ところの途にて災難かれの身におよばば汝等はわが白髮をして悲みて墓にくだらしむるにいたらん (Sheol )
၃၈အဘကလည်း၊ သင်တို့နှင့်အတူ ငါ့သားမသွား ရ။ သူ၏အစ်ကိုသေပြီ။ သူသည် တယောက်တည်း ကျန် ရစ်၏။ သင်တို့သွားရာလမ်းခရီးတွင် သူ၌ ဘေးရောက် လျှင်၊သင်တို့သည် ငါ့ဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏာနိုင်ငံသို့ သက်ရောက်စေကြလိမ့်မည်ဟု ဆိုလေ ၏။ (Sheol )