< ヨハネの黙示録 17 >
1 それから、七つの鉢を持つ七人の御使のひとりがきて、わたしに語って言った、「さあ、きなさい。多くの水の上にすわっている大淫婦に対するさばきを、見せよう。
၁ထိုနောက်ဖလားခုနစ်လုံးကိုကိုင်ထားသော ကောင်းကင်တမန်ခုနစ်ပါးအနက် တစ်ပါး သည်ငါ့ထံသို့လာ၍``လာလော့။ မြစ်များအနီး တွင်တည်ရှိသည့်မြို့ကြီးတည်းဟူသော ပြည့်တန် ဆာမကြီးခံရသည့်အပြစ်ဒဏ်ကိုသင့်အား ငါပြမည်။-
2 地の王たちはこの女と姦淫を行い、地に住む人々はこの女の姦淫のぶどう酒に酔いしれている」。
၂ကမ္ဘာပေါ်ရှိရှင်ဘုရင်များသည်ထိုအမျိုးသမီး နှင့်ကာမဂုဏ်ခံစားခဲ့ကြ၏။ ကမ္ဘာသူကမ္ဘာသား တို့သည်လည်းသူ၏ကာမဂုဏ်ခံစားမှုတည်း ဟူသောစပျစ်ရည်ဖြင့်မူးယစ်ခဲ့ကြ၏'' ဟု ဆို၏။
3 御使は、わたしを御霊に感じたまま、荒野へ連れて行った。わたしは、そこでひとりの女が赤い獣に乗っているのを見た。その獣は神を汚すかずかずの名でおおわれ、また、それに七つの頭と十の角とがあった。
၃ထိုနောက်ကောင်းကင်တမန်သည်ဝိညာဉ်တော်အား ဖြင့် ငါ့အားတောကန္တာရသို့ဆောင်ယူသွား၏။ ထို အရပ်တွင်သားရဲနီပေါ်၌ထိုင်နေသောအမျိုး သမီးတစ်ယောက်ကိုငါမြင်ရ၏။ သားရဲ၏ ကိုယ်တစ်ကိုယ်လုံးပေါ်တွင်ဘုရားသခင်၏ အသရေတော်ကိုရှုတ်ချသည့်အမည်နာမ များကို အနှံ့အပြားရေးသားထား၏။ သူ့ မှာဦးခေါင်းခုနစ်လုံးနှင့်ဦးချိုဆယ်ချောင်း ရှိ၏။-
4 この女は紫と赤の衣をまとい、金と宝石と真珠とで身を飾り、憎むべきものと自分の姦淫の汚れとで満ちている金の杯を手に持ち、
၄အမျိုးသမီးသည်အနီနှင့်မရမ်းစေ့ရောင် အဝတ်များကိုဝတ်လျက်ရွှေတန်ဆာ၊ ငွေတန် ဆာ၊ ကျောက်မျက်ရတနာတန်ဆာ၊ ပုလဲတန် ဆာများကိုဆင်ယင်ထား၏။ သူသည်ကာမ ဂုဏ်လိုက်စားမှုဆိုင်ရာစက်ဆုပ်ရွံရှာဖွယ် ကောင်းသောညစ်ညမ်းမှုများနှင့်ပြည့်နေ သည့်ရွှေဖလားကိုကိုင်ထား၏။-
5 その額には、一つの名がしるされていた。それは奥義であって、「大いなるバビロン、淫婦どもと地の憎むべきものらとの母」というのであった。
၅သူ၏နဖူးပေါ်တွင်``ပြည့်တန်ဆာအပေါင်းနှင့် လောက၌စက်ဆုပ်ဖွယ်ရာများ၏မိခင်၊ ဗာဗု လုန်မြို့ကြီး'' ဟူ၍လျှို့ဝှက်သည့်အနက်ရှိ သောကမ္ပည်းကိုရေးထိုးထား၏။-
6 わたしは、この女が聖徒の血とイエスの証人の血に酔いしれているのを見た。この女を見た時、わたしは非常に驚きあやしんだ。
၆ထိုအမျိုးသမီးသည်ဘုရားသခင်လူစုတော် ၏သွေးကိုလည်းကောင်း၊ သခင်ယေရှုကိုသစ္စာ ရှိသဖြင့် အသတ်ခံရသူတို့၏သွေးကိုလည်း ကောင်းသောက်၍ယစ်မူးလျက်ရှိသည်ကိုငါ တွေ့မြင်ရ၏။ သူ့ကိုမြင်ရသောအခါငါသည်လွန်စွာ အံ့သြ၍နေ၏။-
7 すると、御使はわたしに言った、「なぜそんなに驚くのか。この女の奥義と、女を乗せている七つの頭と十の角のある獣の奥義とを、話してあげよう。
၇ကောင်းကင်တမန်ကအဘယ်ကြောင့်အံ့သြ သနည်း။ ထိုအမျိုးသမီး၏လျှို့ဝှက်သည့် အနက်အဋ္ဌိပ္ပါယ်ကိုလည်းကောင်း၊ သူထိုင်နေ သောဦးခေါင်းခုနစ်လုံးနှင့်ဦးချိုဆယ်ချောင်း ရှိသည့်သားရဲ၏လျှို့ဝှက်သည့်အနက်အဋ္ဌိပ္ပါယ် ကိုလည်းကောင်းငါပြောပြမည်။-
8 あなたの見た獣は、昔はいたが、今はおらず、そして、やがて底知れぬ所から上ってきて、ついには滅びに至るものである。地に住む者のうち、世の初めからいのちの書に名をしるされていない者たちは、この獣が、昔はいたが今はおらず、やがて来るのを見て、驚きあやしむであろう。 (Abyssos )
၈သင်မြင်ရသည့်သားရဲသည်အခါတစ်ပါးက အသက်ရှင်ခဲ့သော်လည်း ယခုအသက်မရှင် တော့ပေ။ သူသည်တွင်းနက်ကြီးထဲမှတက်လာ ပြီးလျှင် ဖျက်ဆီးခြင်းခံရပေတော့မည်။ ကမ္ဘာ လောကကိုဖန်ဆင်းတော်မမူမီကပင်လျှင် အသက်စာစောင်စာရင်းတွင်မပါဝင်သူ ကမ္ဘာသူကမ္ဘာသားတို့သည် ထိုသားရဲကို မြင်သောအခါအံ့သြကြလိမ့်မည်။ သူသည် အခါတစ်ပါးကအသက်ရှင်ခဲ့၏။ ယခု အသက်မရှင်တော့သော်လည်းနောက်တစ်ဖန် အသက်ရှင်၍လာဦးမည်။ (Abyssos )
9 ここに、知恵のある心が必要である。七つの頭は、この女のすわっている七つの山であり、また、七人の王のことである。
၉``ဤအမှုအရာနှင့်ပတ်သက်၍ဉာဏ်ပညာနှင့် အသိတရားရှိရန်လိုပေသည်။ ဦးခေါင်းခုနစ် လုံးသည်အမျိုးသမီးထိုင်နေသည့်တောင်ခုနစ် လုံးကိုဆိုလို၏။ ရှင်ဘုရင်ခုနစ်ပါးကိုလည်း ဆိုလို၏။-
10 そのうちの五人はすでに倒れ、ひとりは今おり、もうひとりは、まだきていない。それが来れば、しばらくの間だけおることになっている。
၁၀ရှင်ဘုရင်ငါးပါးကားကျဆုံးသွားလေပြီ။ တစ်ပါးသည်အသက်ရှင်လျက်ရှိ၏။ အခြား တစ်ပါးမှာမပေါ်ထွန်းသေးပေ။ ပေါ်ထွန်း လာလျှင်လည်းခဏမျှသာအုပ်စိုးရလိမ့်မည်။-
11 昔はいたが今はいないという獣は、すなわち第八のものであるが、またそれは、かの七人の中のひとりであって、ついには滅びに至るものである。
၁၁အခါတစ်ပါးကအသက်ရှင်ခဲ့၍ယခု အသက်မရှင်တော့သည့်သားရဲသည်အဋ္ဌမ မြောက်ဘုရင်ဖြစ်၏။ သူသည်ဘုရင်ခုနစ်ပါး တို့တွင်အပါအဝင်ဖြစ်၏။ သူသည်ကား သေကျေပျက်စီးရမည့်သူဖြစ်သတည်း။
12 あなたの見た十の角は、十人の王のことであって、彼らはまだ国を受けてはいないが、獣と共に、一時だけ王としての権威を受ける。
၁၂``သင်မြင်ရသည့်ဦးချိုဆယ်ချောင်းတို့သည် မင်း အာဏာစက်ကိုမရသေးသောရှင်ဘုရင်ဆယ် ပါးဖြစ်၏။ သူတို့သည်သားရဲနှင့်အတူတစ် နာရီစီအုပ်စိုးခွင့်ရမည့်သူများဖြစ်သည်။-
13 彼らは心をひとつにしている。そして、自分たちの力と権威とを獣に与える。
၁၃ထိုဘုရင်များတွင်ရည်ရွယ်ချက်တစ်ခုတည်းရှိ ၏။ သူတို့သည်မိမိတို့တန်ခိုးအာဏာများကို သားရဲသို့ပေးအပ်ကြ၏။-
14 彼らは小羊に戦いをいどんでくるが、小羊は、主の主、王の王であるから、彼らにうち勝つ。また、小羊と共にいる召された、選ばれた、忠実な者たちも、勝利を得る」。
၁၄သူတို့သည်သိုးသူငယ်တော်ကိုစစ်တိုက်ကြလိမ့် မည်။ သိုးသူငယ်တော်သည်အရှင်တကာတို့၏ အရှင်၊ ဘုရင်တကာတို့၏ဘုရင်ဖြစ်တော်မူ သောကြောင့်သူတို့ကိုနှိမ်နင်းတော်မူလိမ့်မည်။ ကိုယ်တော်ခေါ်ယူရွေးကောက်တော်မူသောသူ၊ ကိုယ်တော်အားသစ္စာရှိသောသူတို့သည်ကိုယ် တော်နှင့်အတူအောင်ပွဲဝင်ခွင့်ရကြလိမ့် မည်'' ဟုဆို၏။
15 御使はまた、わたしに言った、「あなたの見た水、すなわち、淫婦のすわっている所は、あらゆる民族、群衆、国民、国語である。
၁၅ထိုနောက်ကောင်းကင်တမန်ကငါ့အား``ပြည့် တန်ဆာမထိုင်လျက်နေသည့်ရေသည်တိုင်းနိုင်ငံ များရှိဘာသာစကားအမျိုးမျိုးကိုပြောသော လူမျိုးများ၊ ပြည်သူပြည်သားများဖြစ်၏။-
16 あなたの見た十の角と獣とは、この淫婦を憎み、みじめな者にし、裸にし、彼女の肉を食い、火で焼き尽すであろう。
၁၆သင်မြင်ရသောသားရဲနှင့်ဦးချိုဆယ်ချောင်း တို့သည် ပြည့်တန်ဆာမကိုမုန်းကြလိမ့်မည်။ သူတို့သည်ပြည့်တန်ဆာမထံမှရှိသမျှ ကိုချွတ်ယူလျက်အဝတ်အချည်းစည်းဖြစ် စေကြလိမ့်မည်။ သူ၏အသားကိုစား၍သူ့ ကိုမီးရှို့ကြလိမ့်မည်။-
17 神は、御言が成就する時まで、彼らの心の中に、御旨を行い、思いをひとつにし、彼らの支配権を獣に与える思いを持つようにされたからである。
၁၇သူတို့သည်ဘုရားသခင်မိန့်တော်မူသော စကားများအကောင်အထည်ပေါ်လာသည့် တိုင်အောင် မိမိတို့၏အာဏာကိုသားရဲအား တညီတညွတ်တည်းလွှဲအပ်လိုက်ကြစေရန် ကိုယ်တော်သည်သူတို့၏စိတ်ကိုပြုပြင်တော် မူလျက် သူတို့အားမိမိ၏အကြံအစည် တော်နှင့်အညီလိုက်နာဆောင်ရွက်စေတော် မူ၏။
18 あなたの見たかの女は、地の王たちを支配する大いなる都のことである」。
၁၈သင်မြင်ရသည့်အမျိုးသမီးကားကမ္ဘာပေါ် ရှိရှင်ဘုရင်တို့ကိုအုပ်စိုးသည့်မြို့ကြီးဖြစ် သတည်း'' ဟုဆို၏။