< 詩篇 27 >

1 ダビデの歌 主はわたしの光、わたしの救だ、わたしはだれを恐れよう。主はわたしの命のとりでだ。わたしはだれをおじ恐れよう。
ထာဝရဘုရား သည် ငါ ၏အလင်း ၊ ငါ့ ကို ကယ်တင် သော အရှင်ဖြစ်တော်မူ၏။ ငါသည် အဘယ် သူကို ကြောက် ရအံ့နည်း။ ထာဝရဘုရား သည် ငါ ၏ အသက် ခိုလှုံ ရာဖြစ်တော်မူ၏။ ငါသည် အဘယ် သူကိုမျှ ကြောက်လန့် ရအံ့နည်း။
2 わたしのあだ、わたしの敵である悪を行う者どもが、襲ってきて、わたしをそしり、わたしを攻めるとき、彼らはつまずき倒れるであろう。
ငါ့ ကိုအငြိုး ထားသော ရန်သူ လူဆိုးတို့သည် ငါ့ အသား ကို ကိုက်စား မည်ဟု လာ ကြသောအခါ ၊ ခြေ တိုက်မိ ၍ လဲ ကြ၏။
3 たとい軍勢が陣営を張って、わたしを攻めても、わたしの心は恐れない。たといいくさが起って、わたしを攻めても、なおわたしはみずから頼むところがある。
ငါ တဘက် ၌ တပ်ချ ကြသော်လည်း ၊ ငါ့ နှလုံး မ ကြောက် တတ်။ စစ်ချီ ၍လာကြသော်လည်း ၊ ထို အမှုတွင် ပင် တည်ကြည် သောစိတ် ရှိလိမ့်မည်။
4 わたしは一つの事を主に願った、わたしはそれを求める。わたしの生きるかぎり、主の家に住んで、主のうるわしきを見、その宮で尋ねきわめることを。
ထာဝရဘုရား ၏ တင့်တယ် ခြင်း အသရေတော် ကို ဖူးမြင် ၍ ၊ ဗိမာန် တော်၌ မွေ့လျော် ခြင်း အလိုငှါ၊ ထာဝရဘုရား ၏ အိမ် တော်မှာ တသက်လုံး နေ ရမည် အကြောင်းတည်းဟူသောအခွင့်တခု ကို ထာဝရဘုရား ၌ ငါဆုတောင်း ပြီ။ ထို အခွင့်ကို ရှာ ရဦးမည်။
5 それは主が悩みの日に、その仮屋のうちにわたしを潜ませ、その幕屋の奥にわたしを隠し、岩の上にわたしを高く置かれるからである。
အကြောင်း မူကား၊ ဘေး အန္တရာယ်ရောက်သည့် ကာလ ၊ တဲ တော်တွင် ငါ့ ကို ကွယ်ကာ တော်မူမည်။ ဗိမာန် တော်အတွင်း အရပ်၌ ၊ ငါ့ ကို ဝှက် ထားတော်မူမည်။ ကျောက် ပေါ် မှာလည်း ငါ့ ကိုတင် ထားတော်မူမည်။
6 今わたしのこうべはわたしをめぐる敵の上に高くあげられる。それゆえ、わたしは主の幕屋で喜びの声をあげて、いけにえをささげ、歌って、主をほめたたえるであろう。
ယခု ပင် ငါ့ ပတ်လည် ၌ရှိသောရန်သူ တို့၏ အပေါ် သို့ ငါ့ ၏ဦးခေါင်း ကို ချီးမြှောက် တော်မူ၏။ ထိုကြောင့်ဗိမာန် တော်မှာ တံပိုး မှုတ်ခြင်းနှင့်တကွယဇ် ပူဇော်ပါမည်။ သီချင်း ဆိုပါမည်။ ထာဝရဘုရား ကို ထောမနာသီချင်း ဆိုပါမည်။
7 主よ、わたしが声をあげて呼ばわるとき、聞いて、わたしをあわれみ、わたしに答えてください。
အိုထာဝရဘုရား ၊ အကျွန်ုပ် အော်ဟစ်သော အသံ ကိုနား ထောင်တော်မူပါ။ အကျွန်ုပ် ကို သနား ၍ ထူး တော်မူပါ။
8 あなたは仰せられました、「わが顔をたずね求めよ」と。あなたにむかって、わたしの心は言います、「主よ、わたしはみ顔をたずね求めます」と。
ငါ ၏မျက်နှာ ကို ရှာ ကြလော့ဟူသောအမိန့် တော်ကို ရှေ့တော်၌ အကျွန်ုပ် သည် သတိ ပြုလျက်၊ အိုထာဝရဘုရား ၊ ကိုယ်တော် ၏ မျက်နှာ ကို ရှာ ပါမည်။
9 み顔をわたしに隠さないでください。怒ってあなたのしもべを退けないでください。あなたはわたしの助けです。わが救の神よ、わたしを追い出し、わたしを捨てないでください。
အကျွန်ုပ် ကို မျက်နှာ လွှဲ တော်မ မူပါနှင့်။ အမျက်ထွက် ၍ ကိုယ်တော် ၏ ကျွန် ကိုပယ် တော်မ မူပါနှင့်။ အကျွန်ုပ် ကို ကယ်တင် တော်မူသောဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ကို မစ တော်မူဘူးသည်ဖြစ် ၍ ၊ အကျွန်ုပ် ကို စွန့်ပစ် တော်မ မူပါနှင့်။
10 たとい父母がわたしを捨てても、主がわたしを迎えられるでしょう。
၁၀ကိုယ် မိဘ တို့သည် အကျွန်ုပ် ကိုစွန့် သော်လည်း ၊ ထာဝရဘုရား သည် အကျွန်ုပ် ကို ချီ ယူတော်မူမည်။
11 主よ、あなたの道をわたしに教え、わたしのあだのゆえに、わたしを平らかな道に導いてください。
၁၁အိုထာဝရဘုရား ၊ ကိုယ်တော် ၏လမ်း ကို အကျွန်ုပ် အား ပြသ သွန်သင်တော်မူပါ။ အကျွန်ုပ် ၏ ရန်သူ တို့ ကြောင့် ဖြောင့် သောလမ်း ထဲ ၌အကျွန်ုပ် ကို ပို့ဆောင် တော်မူပါ။
12 わたしのあだの望むがままに、わたしを引き渡さないでください。偽りのあかしをする者がわたしに逆らって起り、暴言を吐くからです。
၁၂မ မှန်သောသက်သေ ကို ခံသောသူတို့နှင့် ညှဉ်းဆဲခြင်းငှါ၊ ပြင်းစွာ အသက်ရှူ သောသူတို့ သည် အကျွန်ုပ် တဘက် ၌ ထ ကြသည်ဖြစ်၍ ၊ ရန်သူ တို့အလို သို့ အကျွန်ုပ် ကို အပ်နှံ တော်မ မူပါနှင့်။
13 わたしは信じます、生ける者の地でわたしは主の恵みを見ることを。
၁၃အကယ်စင်စစ်အသက် ရှင်သောသူတို့၏ နေရာ တွင် ၊ ထာဝရဘုရား ၏ ကျေးဇူး တော်ကို ငါ တွေ့ မြင်ပြီဟု ယုံမှတ်စွဲလမ်းခြင်းရှိ၏။
14 主を待ち望め、強く、かつ雄々しくあれ。主を待ち望め。
၁၄ထာဝရဘုရား ကို မြော်လင့် လော့။ အား ယူ၍ ရဲရင့် သော စိတ် နှလုံးရှိလော့။ ထာဝရဘုရား ကို မြော်လင့် လျက်နေလော့။

< 詩篇 27 >